ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အခုဇာတ္လမ္းေလးဟာ 18+ ပါပါတယ္။ ႀကိဴတင္ၿပီး ေမတၱာရပ္ခံပါတယ္။ သို႔ေသာ္ျငား တကယ္ျဖစ္လို႔ တကယ္ကုခဲ့ရတဲ့အေၾကာင္းကို စာမူ႐ွင္ ဆရာက ဝန္ခံထားပါတယ္။

`` ဆရာေမာင္ေမာင္႐ွိပါသလားခင္ဗ်ား ´´

`` ႐ွိပါတယ္ ဘယ္သူပါလိမ့္ ´´
`` ဟုတ္ကဲ့ဆရာ ကြၽန္ေတာ္ ျမင့္သိန္းပါ
မွတ္မိရဲ႕လားဆရာ ´´ `` ေနေကာင္းတယ္မလား ကိုျမင့္သိန္းကို မမွတ္မိပဲ ႐ွိပါ့မလားဗ်ာ အစြဲေကာင္းေကာင္း ကုေပးခဲ့ရတာကို ၊ ဆိုပါဦးလာရင္းကိစၥေလး လာ ေရေႏြးေသာက္ဗ်ာ ´´

``ေက်းဇူးပါဆရာ အကူညီလိုလာလို႔ဆရာေရ ကြၽန္ေတာ့္ရပ္ကြက္ထဲက ဦးခင္ေအာင္ကို သိလားဆရာ ´´ `` အင္း သိေတာ့ မသိပါဘူး ဆိုပါဦး ´´ `` သူ႔အလုပ္က အၿပိဳင္အဆိုင္မ်ားတယ္ဗ် အခုတေလာ သူ႔အလုပ္ေတြ ႐ွံုးေနတာ မ်ားတယ္တဲ့ လူလည္း က်န္းမာေရး ခ်ဴခ်ာလာတယ္ ေဆးခန္းျပေတာ့လည္း အေကာင္းႀကီးတဲ့ အဲတာ ကြၽန္ေတာ္နဲ႔ ေတြ႔ေတာ့ ဆရာ႐ွိေၾကာင္း ေျပာျပရာမွာ သူက ႐ွိရင္ ကုခ်င္ပါတယ္တဲ့ ေျခတစ္ဖက္ကလည္း ေလျဖတ္သလို စျဖစ္ေနတယ္တဲ့ဗ်ာ  ´´

``သူက ဆႏၵ႐ွိရင္ေတာ့ ေတာင္းဆိုလာရင္ေတာ့ ကုရတာပ ဗ်ာ´´ `` ဆရာအခုအားသလားခင္ဗ် ´´  `` ကြၽန္ေတာ္အခု အိမ္မွာ ေန႔လည္စာ စားဦးမယ္ေလ စားၿပီးသြားတာေပါ့ ကိုျမင့္သိန္းပါတပါတည္းစားလိုက္ ´´ `` ဟာ ဆရာရယ္ သူတို႔အိမ္မွာ အဆင္သင့္ ႐ွိပါတယ္။ သူတို႔က ထမင္းဆိုင္လည္းဖြင့္ထားတယ္ အျခားအလုပ္ေတြလည္းလုပ္တယ္ သူ႔အိမ္ေရာက္မွ စားၾကပါစို႔လားခင္ဗ် ´´ `` ေကာင္းသလိုသာ လုပ္ဗ်ာ ကြၽန္ေတာ္ ေဆးအိတ္ယူလိုက္ဦးမယ္ လိုရမယ္ရပါ ´´

သို႔ႏွင့္ ဆရာေမာင္ေမာင္ႏွင့္ ကိုျမင့္သိန္းတို႔သည္ ဦးခင္ေအာင္ဆီသို႔ ေရာက္ခဲ့ၾကေလသည္။

``မဂၤလာပါဆရာ ကြၽန္ေတာ္ ခင္ေအာင္ပါ ´´
`` မဂၤလာပါဦးခင္ေအာင္ ေမာင္ေမာင္ပါခင္ဗ်ာ ´´
ကုလားထိုင္ေပၚထိုင္ေနေသာ သူသည္ ျပံဳးရႊင္ေသာ မ်က္ႏွာထားျဖင့္ ေဖာ္ေရြစြာ ႏႈတ္ဆက္ေလသည္။

``ကဲ ဆရာကို ထမင္းေကြၽးရေအာင္ သမီးေရ ဆိုင္ကို သြားယူခ်ည္ကြယ္ ´´ `` ေၾသာ္ ေနပါေစဦးခင္ဗ် ေလာေလာဆယ္ မဆာေသးပါဘူး ဦးခင္ေအာင္ကို စစ္ေဆးၾကည့္ပါဦးမယ္ ႐ွိရင္ေတာ့ ပြဲတင္ၾကရေအာင္ ´´ `` ဟုတ္ကဲ့ဆရာ ဒါနဲ႔  မသိလို႔ ေမးပါရေစ တမ်ိဳးမထင္ပါနဲ႔ ´´ ``ေမးပါ ေမးပါ ´´

`` စစ္လို႔ ပေယာဂ႐ွိရင္ ပြဲဝယ္ပါ့မယ္ ။
သိခ်င္တာက ပြဲ မတင္ပဲ ကုလို႔ မရဘူးလား ကြၽန္ေတာ္ ႏွေမ်ာလို႔မဟုတ္ဘူးေနာ္ ´´

`` ပြဲတင္တယ္ဆိုတာက ဒီလိုပါ ။ ကြၽန္ေတာ္တို႔ ပေယာဂ ကုတယ္ဆိုရာမွာ ကြၽန္ေတာ္တို႔ အစြမ္းလို႔ တျခားသူေတြက ထင္ခ်င္ထင္လိမ့္မယ္ဗ် တကယ္က အဘေတြရဲ႕ ေဖးမေစာင့္ေ႐ွာက္မႈေၾကာင့္ ကြၽန္ေတာ္တို႔ဆရာေတြ သတၱ၀ါ ကယ္မ ႏိုင္ေနၾကတာပါ ။ ´´ ``ဟုတ္ကဲ့ဆရာ ´´

`` စစ္တာက ပြဲမပါပဲ စစ္လို႔ သင့္ေတာ္ပါတယ္။ ကုမယ္ဆိုရင္ ပြဲဝယ္လို႔ ရတဲ့ အေျခအေန ႐ွိေနရင္ ဝယ္သင့္ တင္သင့္တာေပါ့ ဒီလိုပါ ပြဲမပါလို႔ ေရာဂါမေပ်ာက္တာမ႐ွိပါဘူး ႐ိုေသေလးစားမႈသေဘာေလးပါ ။ ဥပမာဗ်ာ ေတာထဲေရာက္ေနတယ္ ေႁမြကိုက္လူနာေတြ႕တယ္ ခ်က္ခ်င္းကို ကုရမယ္ဆိုရင္ ပြဲဝယ္ဖို႔ ျပင္ဆင္ေနရင္းနဲ႔ လူနာ အသက္ထြက္ေရာေနမွာပဲ ဟုတ္လား ´´

``ဟုတ္ပါတယ္ဆရာ ဒါနဲ႔ ဆရာရယ္ ပေယာဂ႐ွိမ႐ွိ မိမိကိုယ္တိုင္ ဘယ္လိုသိႏိုင္မလဲဆရာ ကြၽန္ေတာ္က လက္ေတြ႔သမားဆရာရဲ႕ ဆရာ့အေၾကာင္းကို ျမင့္သိန္းက ေျပာေတာ့ ေျပာျပပါတယ္ ။ ကြၽန္ေတာ္က ကိုယ္တိုင္ သိရခ်င္တာေလ  ´´

``မပူပါနဲ႔ ဦးခင္ေအာင္ ကြၽန္ေတာ္က အထက္လမ္းဆရာဆိုေတာ့ စိတ္ဓာတ္ေတြက တပါးသူအခက္အခဲကို မိမိတတ္တဲ့ ပညာနဲ႔ ကယ္ရမွာမဟုတ္လား ။ ကာယကံ႐ွင္ ကိုယ္တိုင္ခံစားသိရတဲ့ ပညာပါဗ် ´´

``ဟုတ္ကဲ့ဆရာ ဝမ္းသာပါတယ္ ကြၽန္ေတာ့္ျဖစ္စဥ္ေလးေတြ ေျပာျပမယ္ ကြၽန္ေတာ္က ထမင္းဆိုင္လည္း ဖြင့္ထားတယ္ အျခားကုန္ေရာင္းကုန္ဝယ္လည္း လုပ္ပါတယ္၊ အၿပိဳင္အဆိုင္မ်ားတယ္ေပါ့ဗ်ာ ´´``ဟုတ္ကဲ့ ´´

`` လြန္ခဲ့တဲ့ ၂ႏွစ္ေလာက္အထိ အေတာ္တိုးတက္လာခဲ့တာဗ် ဒါေပမယ့္ ဒီ၂၀၁၅ ခုေရာက္မွ စီးပြားေရးေရာ က်န္းမာေရးေရာ သိသိသာသာကို ထိုးက်လာတာပါပဲ ေဟာဒီေျခေထာက္ဆိုရင္ ေလျဖတ္သလိုလို အတြင္းက နာသလိုလို အဲတာေဆးခန္းျပေတာ့လည္း အျပစ္မေတြ႔ဘူး ေလျဖတ္ရင္လည္း နာတာကို မသိရဘူးမလား ဆြဲဆိတ္ရင္ သိတယ္ ဒါေပမယ့္ လမ္းေကာင္းေကာင္း ေလွ်ာက္မရလို႔ ထိုင္ေနတာပဲ ၾကည့္ေတာ့ ခဏေနေတာ့ ေလွ်ာက္လို႔ရျပန္ေရာ မနာျပန္ဘူး ´´ `` ဟုတ္ကဲ့ ´´ `` ကဲ စစ္ၾကည့္ရေအာင္ဗ်ာ ဦးခင္ေအာင္ရဲ႕ အသက္ခႏၶာနဲ႔တကြ ပိုင္ဆိုင္သမွ် ပစၥည္း အိမ္ျခံေျမ စီးပြားေရး စတာေတြနဲ႔တကြ ဘဝစြဲ ဘဝဆက္မ်ားပါမက်န္ မေကာင္းတဲ့စက္ေတြ ႐ွိေနခဲ့မယ္ဆိုရင္ စစ္ေဆးဖို႔ အပ္ပါ ´´ ``အပ္ပါတယ္ ´´ ``ကဲလာဗ်ာ ဘုရားစင္ကို ေက်ာေပးေျခဆင္းလိုက္ ´´

ဆရာေမာင္ေမာင္မွ သစၥာဆို၍ ဂိုဏ္းေတာ္မွ ဆရာေတာ္မ်ားကို ပင့္ဖိတ္၍ ေရစင္ေတာ္ ေတာင္းခံသည္။
.................................

!!! ဟဲ့ ခု ဝင္ပူးေနတာ ဘယ္သူလဲကြ ဒီဖက္လွည့္စမ္း !!!!

ဦးခင္ေအာင္မွာ တုန္ရီလာၿပီးေနာက္ ဆရာကို ပမာမခန္႔ ၾကည့္ေလသည္။ ဆရာေမာင္ေမာင္မွထိုသို႔ ၾကည့္လာသူ မိစၦာကို ေစာေစာက ေတာင္းယူထားေသာ ေရစင္ျဖင့္ေတာက္၍ အမိန္႔ေပးသည္။

!!! ေဟ့ ေမးေနတယ္လကြာ မလွည့္ရင္ေမးတာမေျဖရင္ စြဲရင္းအတိုင္း မီးေလာင္ခံေစကြ ဆိုင္ရာပိုင္ရာေတြ ဘုန္းတန္ခိုး ႀကီးပေစ ခ်ဳပ္တုပ္ထားၿပီး ဆရာဖက္ကို ဆြဲလွည့္ေပးလိုက္စမ္း စြဲရင္းကိုေခၚတာ တပည့္မလာခဲ့နဲ႔. ေခါင္ခ်ဳပ္ကိုယ္တိုင္လာစမ္း   !!! ေရစင္ေတာ္ျဖင့္ ေတာက္လိုက္ေသာအခါ
တြန္႔သြားသည္။

``ေရာက္ၿပီ ´´ ေျပာေျပာဆိုဆို ဦးခင္ေအာင္သည္ ဆရာေမာင္ေမာင္ဖက္သို႔ လွည့္၍ ေျခေထာက္ကို တင္ကလင္ခ်ိတ္၍ ထိုင္ေလသည္။

!!! ဟဲ့ ပမာမခန္႔လုပ္ေနတာဆိုရင္ အဲေျခေထာက္ကို ဆိုင္ရာ တုတ္နဲ႔႐ိုက္စမ္း ကိုယ္တိုင္ခံကြ !!!
`` ေဟ့ေရာင္ အိမ္မွာလည္း ငါအဲလိုပဲထိုင္တာကြ ´´ ဝင္ပူးေသာသူက ထိုသို႔ ျပန္ေျပာသည္။

!!! မလိုခ်င္ဘူးကြ ဒါ ဘုရားနဲ႔တကြ အဘဆရာေတာ္ေတြရဲ႕
ေ႐ွ႕မွာ ၊ ငါ့ေ႐ွ႕မွာ အဲလိုမထိုင္ရဘူး !!! `` ေအးပါကြာ မင္းႏိုင္ေတာ့ မင္းေျပာသမွ်ေပါ့ ´´ ဟုဆိုကာ ေျခေထာက္ကို ျပင္ထိုင္ေလသည္။

!!! မင္း ေယာက်ာ္းဟုတ္တယ္မလား !!! `` ဟ ေယာက်ာ္းမို႔
ေယာက်ာ္းလို ထိုင္တာ မင္းမျမင္ဘူးလား ´´ ဝင္ပူးေသာသူမွ
ေျပာသည္။

!!! ဟေကာင္ ဟေကာင္ မင္းငါ့ကို ေဒါသျဖစ္ေအာင္ လာမဆြနဲ႔ ေမးတာကို ေအးေအးေျဖ ခိုင္းတာကို အသာတၾကည္လုပ္ ငါ စိတ္မတိုခင္ အေျပာအဆို ဆင္ျခင္စမ္း !!! ဟု ဆိုကာ
ေရစင္ေတာ္ႏွင့္ လွမ္းေတာက္ေလရာ ဝင္ပူးသူမွာ ထပ္မံ၍ တြန္႔သြားျပန္ေလသည္။ |

``ပူသလားကြ ´´ ဟုေမးရာ ေခါင္းၿငိမ့္ျပသည္။
``ဒါဆို မင္းဘာအဆင့္လဲ သူနဲ႔တကြ က်န္သူအားလံုးကို မင္းဘာလုပ္ထားလဲ ေျဖစမ္း´´

`` ငါက ေအာက္လမ္း သူ႔စီးပြားပ်က္ေအာင္ မက်န္းမာေအာင္ လမ္းမေလွ်ာက္ႏိုင္ေအာင္လုပ္ထားတယ္။
ေဒါသအလိုလိုထြက္ေအာင္လုပ္ထားတယ္ ။ ငါတပည့္သရဲေတြနဲ႔ သူ႔လည္ပင္းကို ညႇစ္ၿပီး အသက္႐ွဴမဝေအာင္ လုပ္တယ္ကြာ ။ စိတ္တိုလာေတာ့ မိတ္ပ်က္ၿပီးေတာ့ စီးပြားေရးလည္း ပ်က္ေအာင္ေပါ့ကြ ၊ မင္းအဲေလာက္ေတာင္ နားမလည္ဘူးလား ´´ ဆရာေမာင္ေမာင္ သည္းခံလိုက္သည္။ ေျဖတာေတာင္ စကားက အဖ်ားခတ္သြားေသးသည္။

``မင္းေအာက္လမ္းေရာ ဟုတ္ရဲ႕လား ဟဲ့ ဆိုင္ရာစစ္စမ္း ေအာက္လမ္းမွန္ရင္ ေနျမဲအတိုင္း မဟုတ္ပဲ ေအာက္လမ္းအျဖစ္ ဟန္ေဆာင္ရင္ မီးကြင္းနဲ႔ ပစ္စမ္း´´ အမိန္႔ေပးေသာ္လည္း ဘာမွ မျဖစ္ပါ။ ဒါဆို ေအာက္လမ္းအစစ္ျဖစ္မည္။

`` သူ႔လုပ္ငန္းေတြေရာ ျခံေျမ စတာေတြ မင္းဘာလုပ္ေသးလဲ ´´ ``အကုန္ပဲကြာ အကုန္ကိုလုပ္ထားတယ္ ´´ ``ဘာလို႔လုပ္သလဲ ´´
`` ပိုက္ဆံေပးလို႔ လုပ္ေပးတာ ´´

``ေအး မင္းပိုက္ဆံရတိုင္း သူမ်ားမေကာင္းတာျဖစ္ရေအာင္ လုပ္တယ္ဆိုရင္ အခု ငါ မင္းကို ေကာင္းေကာင္းဆံုးမလိုက္မယ္ သူလို ေနမေကာင္းေအာင္ စီးပြားပ်က္ေအာင္ မင္းႀကိဳက္မလား ´´ `` မင္းလုပ္ႏိုင္လို႔လား ´´

``ေအး ငါတို႔ ဂိုဏ္းဆရာဆိုတာ စိတ္ထားျမင့္ျမတ္ရတယ္ သူတပါးကုိ မေကာင္းတာလုပ္ထားသူကို ၾကံဳရင္ ဆံုးမခြင့္႐ွိတယ္ကြ ေအးေအးေဆးေဆး ေျပာလို႔မွ မရရင္ ငါ့ကို မင္းက စိမ္ေခၚတာလား ေအာက္လမ္း
ေျပာစမ္း ေျပာစမ္းေဟ့ေကာင္´´

`` မင္းလုပ္ႏိုင္ရင္ အခုလုပ္စမ္း ´´

`` ငါ့အဆိုးမဆိုနဲ႔ ဟဲ့ အခုဝင္ပူးေနတဲ့ မိစၦာစြဲရင္းရဲ႕ ခုခံကာကြယ္ႏိုင္စြမ္းအားလံုး ခ်ဳပ္ထား ပညာစက္ပါမခ်န္ အားလံုးခ်ဳပ္ထား တပည့္မ်ားပါမက်န္ အားလံုးခ်ဳပ္ခံရေစ။ စြဲရင္းတစ္ဦးတည္းသာ ပူးႏိုင္ေစ ´´ ဟုဆိုကာ ဆရာေမာင္ေမာင္သည္ ေလထဲတြင္ လွမ္းဖမ္းလိုက္သလို လုပ္ၿပီးေနာက္ အနီးနား႐ွိ ပလပ္စတစ္အစေလးတစ္စ ကို ယူကာ ဒီမွာ အားလံုးခ်ဳပ္ခံရေစ။ အဘေတြ အမိန္႔မရပဲ မလြတ္ေစရ မေသေစရ ´´ ဟုဆိုကာ ထိုပလပ္စတစ္စကို မီးျခစ္ျဖင့္ ႐ိွဳ႕ဟန္ျပဳေလသည္။

မီးေတာက္သည္ ပလပ္စတစ္စကို မစြဲေသး မီးေတာက္အ႐ွိန္ေၾကာင့္သာ ပလပ္စတစ္ ေဘးႏႈတ္ခမ္းစေလးမ်ားသာ လိတ္တက္လာသည္။

ထိုအခါ ေအာက္လမ္းသည္ ငယ္သံပါေအာင္ကို ေအာ္ေလသည္။ အားးးး ပူတယ္ ပူတယ္

!!!ေဟ့ေကာင္ ေအာက္လမ္း ဒီပလပ္စတစ္အစ မီးေလာင္အရည္ေပ်ာ္ရင္ မင္းဘာျဖစ္မယ္ထင္လဲကြ ေဟ့ေကာင္ေျဖစမ္း ခုေျဖ !!! မ႐ိႈ႕ေသးပဲ မီးဟပ္ရံုအေနအထားျဖင့္သာ ေမးေနျခင္းျဖစ္သည္။

``မလုပ္ပါနဲ႔ မလုပ္ပါနဲ႔ ငါ့ကို ျပန္လႊတ္ေပးကြ ငါ့ကေလးေတြ ႐ွိေသးတယ္ ´´ ``သူနဲ႔ ပတ္သက္ၿပီး မင္းလုပ္ထားတဲ့ အရာ
အကုန္သိမ္းစမ္း သက္႐ွိသက္မဲ့ ပါမက်န္ မေကာင္းတာမွန္သမွ် သိမ္းစမ္း မင္း သိမ္းလို႔ မကုန္မခ်င္း ေစာေစာက အပူအတိုင္း ဆက္ၿပီး အပူခံေနရေစ ´´

``သိမ္းပါ့မယ္ သိမ္းပါ့မယ္ အပူေလး နည္းနည္းေလွ်ာ့ေပးပါ ငါ့ ေျခေထာက္ကို မီးေလာင္ေနတယ္ကြ ၊ ´´ `` ေဟ့ မင္းသူ႔ကို လုပ္တာေတြ အကုန္႐ွင္းၿပီးၿပီဆိုရင္ မင္းေျခေထာက္ နဂိုအတိုင္း ျပန္ေကာင္းေစ ။ ဟင္းဟင္း ကိုယ့္အသားက်ေတာ့ ပူသတဲ့ သူမ်ားက်ေတာ့ ေျခေထာက္က လမ္းမေလွ်ာက္ႏိုင္ေအာင္လုပ္ထားတယ္ မက်န္းမာေအာင္။ အဲတာ မူလျပန္ပညာကြ ။ မင္းက ေစာေစာက ဘုရားေ႐ွ႕ ငါ့အဘေတြေ႐ွ႕ ပမာမခန္႔ လာလုပ္တာကိုးကြ မင္းအခု ကုန္ေအာင္႐ွင္းရင္သက္သာမယ္  ပူေနေသးတာက မင္းစိတ္က မမွန္ေသးလို႔ပဲကြ ´´

`` ဒါျဖင့္ ငါအပူသက္သာေအာင္ ဘာလုပ္ရမလဲ ´´ `` ဒီကာယကံ႐ွင္ကို က်န္းမာေစဖို႔ ေမတၱာပို႔ မင္းလုပ္တာေရာ မင္းလက္ခ်က္မဟုတ္တာေရာ အကုန္႐ွင္းကြ မင္းစိတ္က သူ႔ကို တကယ္ေပ်ာက္ေစခ်င္တဲ့ စိတ္နဲ႔ ျပန္ထုတ္ေပးရင္ မင္းမပူေတာ့ဘူး ဟုတ္လား ေဟ့ေကာင္ ေရႊရင္ေက်ာ္ကြ ဘာတဲ့လဲ ´´ `` ေအးပါကြာ ငါ ထုတ္ေပးပါမယ္ အိမ္ျခံအတိုက္ကို လုပ္ထားတာက မ်ားတယ္ ငါ့ဟာငါ ျပန္႐ွင္းမယ္ဆိုရင္ျခံအတိုက္က ၾကာဦးမွာ မင္းကူညီၿပီး ႐ွင္းေပး ´´

`` မင္း ငါ့ကို ဆရာလို႔ေခၚ မင္းကိုယ္မင္းလည္း ျပင္ေခၚစမ္း ေဟ့ေကာင္ ´´ ``ဟုတ္ ဟုတ္ ဟုတ္ကဲ့ပါဆရာ ေတာင္းပန္ပါတယ္ ´´

ထို႔ေနာက္ ဆရာေမာင္ေမာင္သည္ ဝင္ပူးေသာ ေအာက္လမ္းဆရာအား ေနာက္ထပ္မလုပ္ရန္ သစၥာေရ တိုက္ေလသည္။ ထိုသစၥာဆိုခိုင္းရာတြင္ ေအာက္လမ္းမွ မမွန္ကန္ပါက အနာဂတ္ဘဝတြင္ဘာျဖစ္ညာျဖစ္ဟု မဆိုခိုင္းပဲ လက္႐ွိဘဝမွာကို ခ်က္ခ်င္း တန္ျပန္ထိခံရေစ ထိုသစၥာေရမွ အလိုလို ဆံုးမေစ ဟု ဝန္ခံသစၥာဆိုခိုင္းျခင္းျဖစ္ၿပီး ျပန္စစ္ရာ လူႏွင့္ စီးပြားေရးတြင္ ဘာပေယာဂမွ မ႐ွိေတာ့ပဲ အိမ္ျခံဝင္းတြင္သာ က်န္ေတာ့သည္။

ဆရာေမာင္ေမာင္မွ ထိုကိစၥအတြက္ သဲမန္း ဆန္မန္းမ်ား စမဆြဲ၍ စီရင္ကာ ေန႔ခ်င္းပင္ အျပတ္ျဖတ္လိုက္ေလေတာ့သည္။

`` အံ့ၾသလိုက္တာဆရာရယ္ ကြၽန္ေတာ့္ေျခေထာက္ လံုးဝကို ေပါ့သြားၿပီဆရာ ။ ဒီအတိုင္းဆို ေျပးလို႔ကို ရေသးတယ္ ´´ ဦးခင္ေအာင္က သူကိုယ္တိုင္ခံစားရသည့္ အရာကို အံ့ၾသလ်က္  လက္ေတြ႔ ေပ်ာက္ကင္းသြားေၾကာင္း အသိအမွတ္ျပဳေလသည္။

`` လည္ပင္းေရာ ၾကပ္ေသးလား အခု အသက္႐ွဴလို႔ဘယ့္ႏွယ့္ေနလဲ ´´ `` ဟား ေကာင္းတာေပါ့ဆရာ ကိုယ့္ကိုယ္ကို လူပ်ိဳေတာင္ ျပန္ျဖစ္သြားၿပီလားလို႔ေတာင္ မွတ္ရတယ္ ေက်းဇူးႀကီးပါတယ္ဆရာ ´´ ဟုဆိုကာ ဦးခင္ေအာင္မွ ထိုင္ကန္ေတာ့ေလသည္။

`` ဟာ ကုေနလို႔ ဆရာထမင္းစားခ်ိန္ေတာင္ လင့္ေနပါေပါ့လား ကဲ သမီးေရ  ´´ `` ဟုတ္အေဖ သမီး ထမင္းဟင္းသြားယူလိုက္ပါ့မယ္ ´´
``  ေၾသာ္ ေနေန အေဖပဲ လမ္းေလွ်ာက္ၿပီး သြားယူလိုက္ေတာ့မယ္သမီးေရ အေဖ့ေျခေထာက္ ေကာင္းသြားၿပီဟ ´´ `` ဟုတ္အေဖ ႏို႔မို႔ သမီးသြားယူေပးမလို႔ပါ အေဖ့ကို ဆရာကုေနတာက အရမ္းစိတ္ဝင္စားဖို႔ေကာင္းေနလို႔ပါအေဖ ၊ ေနာက္ၿပီး သမီး ဆရာ့ကို ေျပာျပအကူညီေတာင္းစရာလည္း ႐ွိေနလို႔ သမီးေနခဲ့ပါရေစ ´´

`` ေအးေအး သမီး အေဖဆိုင္ကို သြားၿပီ ဆရာခဏေလးေနာ္ ခြင့္ျပဳပါဦီး ´´ `` ဟုတ္ကဲ့ပါခင္ဗ်ာ ´´

သို႔ႏွင့္ ဖခင္ျဖစ္သူ ထြက္သြားၿပီးေနာက္ ထိုကေလးမေလးသည္ ဘုရားဦးတိုက္ၿပီးလွ်င္ ဆရာေမာင္ေမာင္အား ကန္ေတာ့ေလသည္။

``ကဲ သမီး ဆရာ့ကို ဘာေျပာခ်င္သလဲ ဆရာကူညီႏိုင္တာဆိုရင္ ကူညီပါ့မယ္သမီးရယ္ ´´

`` ဟိုေလ ဆရာ သမီးနာမည္က ေဟမာပါ ။ အသက္က ၂၄ ႏွစ္ပါ ´´  `` ဆက္ေျပာေလ သမီး ´´

``ဟို ဟို သမီး ေျပာရမယ့္ဟာက ေျပာလို႔မထြက္ဘူး႐ွင္ ဘုရားစင္ေ႐ွ႕လည္းျဖစ္ေနတယ္ သမီး ဟိုေလ ၊ မေျပာေတာ့ပါဘူး႐ွင္ ´´

`` အဲလိုမဟုတ္ေသးဘူးေလ သမီးရဲ႕ ၊ အခ်ိဳ႕ကိစၥေတြက ႐ွင္းေအာင္ ေျပာျပမွ ေကာင္းမယ္ဆိုရင္ ေျပာရမွာေပါ့ ။ သမီးေျပာရမယ့္ဟာက မွန္ကန္တယ္ဆိုရင္ ဘာမေျပာရဲစရာ႐ွိသလဲ ၊ ဘုရားစင္ေ႐ွ႕ မေျပာခ်င္ရင္လည္း ဟိုဧည့္ခန္းမွာ ေျပာၾကပါစို႔ ရတယ္ေနာ္သမီး ၊ ပညာရပ္နဲ႔ ပတ္သက္ၿပီး ဆရာ တတ္ႏိုင္တာ အားလံုး ကူညီပါမယ္ ။
သမီး ျဖစ္ေနတာက ဆရာကူညီႏိုင္တာျဖစ္ေနၿပီးမွ သမီးက ႐ွက္စရာလို႔ ယူဆေနရင္ သမီးပဲ နစ္နာသြားမွာေပါ့ ´´

`` ဟုတ္ဆရာ နားနဲ႔ မနာ ဖဝါးနဲ႔နာပါဆရာ ဆရာ့ကို ေလးစားၿပီး အားလည္းကိုးပါတယ္ ဆရာ့ပညာကိုလည္း ယံုၾကည္ပါတယ္ သမီး ေျပာျပပါေတာ့မယ္´´

သို႔ႏွင့္ ဆရာေမာင္ေမာင္သည္ သမီးေလးေဟမာေျပာေသာ ကိစၥအား နားေထာင္ရန္အလို႔ငွါ ဧည့္ခန္းသို႔ ႏွစ္ေယာက္သား ထြက္ခဲ့ၾကေတာ့၏ ။

ဆရာေမာင္ေမာင္ႏွင့္ ေဟမာတို႔ ဧည့္ခန္းသို႔ေရာက္ရွိခ်ိန္တြင္ ကိုျမင့္သိန္း ၀င္လာသည္ကို ေတြ႔ရေလသည္။
“အဲဗ်ာ ကိုျမင့္သိန္း ခင္ဗ်ားကိုေမ့ေနတာ ဘယ္သြားတာလဲဗ် ” “ သိပါတယ္ဆရာရယ္ ဆရာက ပေယာဂကုေနရရင္ အကုန္ကို ေမ့ေနတာ ၊ ကြ်န္ေတာ္ ကြမ္းယာထြက္၀ယ္မယ္ဆိုျပီး အျပင္ခဏထြက္သြားတာ အသိတစ္ေယာက္နဲ႔ ေတြ႔ျပီး စကားေကာင္းေနလို႔ပါ ၊ ေစာေစာက ဦးခင္ေအာင္ၾကီးအျပင္ ထြက္သြားတာကိုေတာ့ ျမင္လိုက္တယ္ အေျခအေနဘယ္လိုလဲဆရာ ”

“ ကုျပီးသြားပါျပီ အခု ဒီသမီးေလးလည္း သူျဖစ္ေနတာကို ေျပာျပခ်င္လို႔တဲ့ ဘုရားစင္ေရွ့မွာ မေျပာဝံ့လို႔ အခု ဧည့္ခန္းကို လာရတယ္ ” “ ဟုတ္ကဲ့ဆရာ ကြ်န္ေတာ္ရွိေနရင္ သမီးက စကားေျပာရတာ ရြံ႕ေနမယ္ အိမ္ေရွ႔ကပဲ ေစာင့္မယ္ဆရာ ”
…………………………………………………
“ကဲ ေျပာသမီး အျဖစ္အပ်က္ကို ပြင့္ပြင့္လင္းလင္းသာ ေျပာသမီး၊ ဆရာတတ္ႏိုင္တဲ့အရာကို ပညာနဲ႔ ပတ္သက္လာရင္ အစြမ္းကုန္ကူညီမယ္ေနာ္ ”  “ ဟုတ္ ဒီလိုပါဆရာ သမီး ေျပာတဲ့စကားမွာ …… ”  “ ရတယ္သမီး အကုန္သာေျပာ နားလည္ေပးပါတယ္ ဒါမွ ရွင္းမွာ ”

“ သမီး အိပ္တိုင္း အိပ္တိုင္းလိုလို သမီးရဲ႕ ဟိုဟာက ဟိုေလ …. ”  “ ေျပာသမီး ဆက္ေျပာပါ ”  “ အရည္ေတြ အလိုလို ဆင္းလာတယ္ဆရာ ကန္ေတာ့ေနာ္ ”  “ အဲတာက သမီးစိတ္ကို သံုးသပ္ၾကည့္ပါဦးေနာ္ သဘာဝအရလည္း ျဖစ္တတ္တာကိုး ”

“ မဟုတ္ဘူးဆရာ အိပ္ေပ်ာ္မလို႔ ေမွးသြားတိုင္း အလိုလို ျဖစ္တာ၊ မအိပ္ရင္ ဘာမွ မျဖစ္ဘူး၊ တခါတခါ သမီး အရမ္းအိပ္ခ်င္ေနခိုက္မွာေတာင္ အဲလို ျဖစ္ျဖစ္လာတာ၊ သမီးပြင့္ပြင့္လင္းလင္း ေျပာရရင္ တစ္ေယာက္ေယာက္က သမီးဆီကို လာႏွိဳးဆြေနသလိုပဲ၊ ဟိုေလ အဲတာနဲ႔ ပတ္သက္ျပီး မခံစားဖူးေသးတဲ့ အထိအေတြ႔ကို ခံစားရတယ္၊ ဟို ဟို … ေအာက္ေတြ ယားလာတယ္ဆရာ၊ တခါတခါက်ေတာ့ သမီး သမီး သားျမတ္ေတြလည္း ယားလာတယ္၊” “ ေန႔ခင္းေရာ ျဖစ္တတ္သလား သမီး ”

သမီးက ေန႔ခင္း အလုပ္လုပ္ေနခ်ိန္ေတာ့ မျဖစ္ဘူး၊ ဒါေပမယ့္ ေန႔ခင္း အိပ္ျဖစ္တဲ့အခါဆိုရင္ ျဖစ္တယ္ ” “ သမီးမွာ ရည္းစားရွိလား ဆရာကို ပြင့္ပြင့္လင္းလင္းေျပာပါသမီးရယ္ ” “ ဟင့္အင္း မရွိေသးပါဘူးဆရာ ”

“ အဲလို ယားေနခ်ိန္မွာ တစ္ေယာက္ေယာက္က သမီး ဟိုဟာကို လာျပီး လ်က္ေပးေနသလိုျဖစ္ပါတယ္ ” “ သမီးက အဲလိုျဖစ္တဲ့အရာရဲ႕ ခံစားမႈေနာက္ကို လိုက္သြားေသးသလား ”

ဆရာေမာင္ေမာင္မွ ထိုသို႔ေမးလိုက္ေသာအခါ နဂိုတည္းကမွ ရွက္ေနေသာ ေဟမာ့မ်က္ႏွာသည္ ပန္းႏုေရာင္ေျပာင္းလဲသြားျပီး မ်က္ႏွာလႊဲသြားေတာ့သည္။ သူမ၏ မ်က္၀န္းအိမ္တြင္ ရွက္၍ျဖစ္ေသာ အရည္ၾကည္တို႔သည္ ဝန္းရံလာၾကေတာ့သည္။ သနားစရာေကာင္းလွေသာအျဖစ္အပ်က္ေၾကာင့္ ဆရာေမာင္ေမာင္ အလြန္အားနာသြားမိသည္။

“ ေဆာရီး သမီးရယ္ ဆရာက တိတိက်က် သိခ်င္ေဇာ အားၾကီးသြားလို႔႔ပါ သမီးကိုလည္း စစ္ၾကည့္ေပးမွာေပါ့ အဓိကက သမီးရယ္…. ပေယာဂတကယ္ျဖစ္ၾကည့္ ရွက္ေနလို႔ ပေယာဂ မေပ်ာက္ဘူး၊ မရွက္သင့္ခ်ိန္မွာ မရွက္ပဲ အားလံုး ေျပာျပမွ သမီးကိစၥ ေျပလည္မွာေနာ္ သမီး ”
“ ဟုတ္ …. ”

ထိုသို႔ သူမဆိုျပီးေနာက္ အတန္ငယ္တိတ္ဆိတ္သြားရာ ဆရာေမာင္ေမာင္မွ အိမ္ေရွ႔သို႔ ထြက္ဖို႔ ဟန္ျပင္လိုက္စဥ္ …

“ သမီးလည္း သာမာန္ပုထုစဥ္ပဲေလ၊ အဲလိုျဖစ္လာေတာ့ နည္းနည္းေတာ့ သာယာမိတာေပါ့ ၊ ဒါေပမယ့္ဘာမွ မျမင္ရပဲ အဲလိုျဖစ္ျဖစ္ေနတာ လူလည္း မဟုတ္ ”
“ အင္း  ”  “ အဲလို ျဖစ္ခ်ိန္မွာဆိုရင္ သမီး အသက္ရွဴၾကပ္လာတယ္။ လွဳပ္လို႔လည္း မရေတာ့ဘူး၊ အသံလည္း မထြက္ေတာ့ဘူးဆရာ၊ အဲလိုျဖစ္ရတာကို သာယာစိတ္ျဖစ္လာေတာ့မွ အသက္ရွဴေခ်ာင္လာတယ္ အဲလိုေၾကာင့္လည္း သမီး ျမန္ျမန္ျပီးသြားေအးေရာဆိုျပီး ျငိမ္ေနလိုက္ရတယ္ ရုန္းေလ မြန္းၾကပ္ေလပဲဆရာ ” “ အင္း  ျပီးေတာေရာ ” “ အဲလို ျဖစ္ျပီ ယားလာျပီဆိုရင္ သမီး ဟိုဟာထဲကို တစ္ခုခုက ဝင္လိုက္ ထြက္လိုက္နဲ႔ဆရာ  ”  “ ေၾသာ္   “ တခါတခါမ်ားဆို သမီးအဲဟာကို အရမ္းေတာင့္တစိတ္ေတြ ျဖစ္ျဖစ္လာတတ္တယ္ေန႔ခင္းမွာ၊ အဲလိုျဖစ္ျဖစ္လာျပီးရင္ ညက်ရင္ ေသခ်ာေပါက္ျဖစ္တာပဲ ”

“ တစ္ၾကိမ္ျဖစ္ဖို႔ အခ်ိန္ဘယ္ေလာက္ၾကာတတ္သလဲသမီး”  “ ဆယ္မိနစ္ ဆယ့္ငါးမိနစ္ေလာက္ေပါ့ တခါတခါေတာ့ နာရီဝက္ေလာက္ၾကာတတ္တယ္ ” “ ေန႔စဥ္ျဖစ္တာလား ” “ ၂ ရက္ျခား ၃ ရက္ျခားေလာက္ပါဆရာ ”  “ အင္း ပေယာဂ ရွိေလာက္တယ္သမီး ”

“ ဆရာ သမီးနားမွာ တစ္ေယာက္ေယာက္ရွိေနသလို အခု ခံစားရတယ္၊ ဆရာ့ကို ဒီစကားေတြ ေျပာျပေနရင္းနဲ႔ ေဒါသထြက္သလို ျဖစ္မိသလားပဲ ” “ အခု ေဒါသထြက္ေနသလို ျဖစ္သလား ” “ ျဖစ္တယ္ ဆရာေမးတာကို ေျဖခ်င္သလို မေျဖခ်င္သလို တစ္ေယာက္ေယာက္က တားေနသလိုလားမသိဘူး ”
ထိုစဥ္ ဦးခင္ေအာင္ ျပန္ေရာက္လာေလသည္။ ေနာက္မွ ျခင္းေတာင္းတစ္လံုးထမ္းလ်က္ လူငယ္ေလးတစ္ေယာက္လည္း ပါလာသည္။  “ ေဆာရီးဆရာေရ ကၽြန္ေတာ္ ထမင္းဟင္းသြားယူေနရင္းက ကုသာကုျပီးသြားတယ္ ပြဲတင္ဖို႔ ေမ့ေနတာ ”

“ ဟာ ဟုတ္တာေပါ့ ဦးခင္ေအာင္ေရ၊ ကၽြန္ေတာ္လည္း ဟိုေအာက္လမ္းက ဝင္ပူးေတာ့ စိတ္က ကုခ်င္ေဇာအားၾကီးျပီး ပြဲတင္ဖို႔ ေမ့သြားတယ္၊ အဘေတြ ခြင့္လႊတ္ေတာ္မူပါ ” ဟုဆိုကာ လက္အုပ္ခ်ီေလသည္။ “ ကဲ ဦးခင္ေအာင္ေရ ပြဲမပါလည္း ကုလို႔ရတယ္ဆိုတာ လက္ေတြ႔သိရျပီေနာ္ ”

“ ဟုတ္ပါေပ့ စြမ္းပါေပ့ဆရာ ၊မိန္းမက ထမင္းဆိုင္ေစာင့္ေနတယ္၊ သူက ဟိုစပ္စပ္ ဒီစပ္စပ္ လုပ္တတ္ေတာ့ ဘယ္လိုပြဲဝယ္ရမယ္ဆိုတာ ေရးခ်ေပးလိုက္ေလရဲ႕၊ လိုရင္လည္း ထပ္ေျပာပါဆရာ ထပ္၀ယ္ေပးပါမယ္” “ ျပည့္စံုပါတယ္ဦးခင္ေအာင္ ” “ ကဲ သမီး ဆရာ့ကို ထမင္းပြဲျပင္ကြယ္ ျမင့္သိန္းေရာ တခါတည္းဝင္စား အားမနာနဲ႔ ”   ကိုျမင့္သိန္းမွ “ စားဖို႔ေစာင့္ေနတာေလဗ်ာ ”  ဟား ဟား ဟား  ၿပိဳင္တူ ရယ္သံမ်ား ဆူညံသြားေတာ့သည္။

ေလးေယာက္စား စားေသာက္ေနခိုက္ ဟင္းထည့္ေပးေနရင္းမွ ဦးခင္ေအာင္က “  သမီးက ဘာေတြ ေျပာျဖစ္လဲ ဆရာ ”  “ အယ္ အဲတာ ” “ ဟုတ္ဆရာ ေျပာလိုက္ပါ မဟုတ္လည္း ကုတဲ့အခါ သိရမွာပဲ ” ေဟမာက ထိုသို႔ ၀င္ေျပာသျဖင့္ ဆရာေမာင္ေမာင္ကလည္း ထမင္းစားေနရင္းက ျပန္ေျပာျပရေလသည္။ စားေသာက္ေနရင္း ထိုျဖစ္စဥ္ကို ျပန္ေျပာျပရေသာ အေနအထားကို ျမင္ၾကည့္ၾကပါကုန္ …

“ ဒါဆို သမီးေဟမာမွာလည္း အတိုက္အခိုက္ ရွိတယ္ေပါ့ေနာ္ဆရာ ” “ အဲတာ အတိုက္အခိုက္မဟုတ္ဘူး ခ်စ္လို႔ဗ် ”  “ ေၾသာ္ ”
ထမင္းစားေသာက္ျပီးေနာက္ ဆရာေမာင္ေမာင္သည္ ပြဲကို က်က်နနျပင္သည္။ ပြဲမျပင္ခင္ ပထမဦးစြာ ဦးခင္ေအာင္ ဝယ္လာေသာ အုန္း ငွက္ေပ်ာ စသည္တို႔တြင္ မေကာင္းမိစၧာစက္မ်ားပါရွိေနလွ်င္ ပ်က္ျပယ္သြားရေအာင္ ေရစင္ေတာ္ေတာင္းခံ၍ ျဖတ္ေတာက္ေလသည္။

……………………………………………………..
!!! ဟဲ့ ဒီေသာၾကာသမီးရဲ႕ ကိုယ္တြင္းကိုယ္ပ ၃၂ ေကာဌာသမွာ မလိုလားအပ္တဲ့ မေကာင္းတဲ့စက္ထည့္ထားရင္လည္းေကာင္း သူမနဲ႔ ပတ္သက္ျပီး အျခားေနရာမွာ မိစၧာစက္ဝွက္ထားလွ်င္ေသာ္လည္းေကာင္း စၾကၤ၀ဠာျပင္ပမွေရာက္ေနလွ်င္ေသာ္မွ ဘယ္ေနရာမွ မေရွာင္ႏိုင္ေစရ ခုေရာက္စမ္း၊ ရွိေနပါလ်က္ ပုန္းေနေရွာင္ေနလွ်င္ ဆိုင္ရာပိုင္ရာ ဘုန္းတန္ခိုးၾကီးေစ အၾကီးဆံုးကို ဂုတ္ကေနဆြဲေခၚခဲ့ ” ပထမ ေျခဆင္းစစ္ေဆးရာ ေျခေထာက္တြင္ ကပ္ေနေလျပီ။ သူမ၏ ယာဖက္ေျခေထာက္သည္ ၾကမ္းနွင့္ ကပ္ေနသည္။ သို႔ေသာ္ျငား မ ၍ ရေနေသးသည္။ ရွိေၾကာင္းကိုေတာ့ ျပႏိုင္ျပီ။ သို႔ေသာ္ျငား ေျခေထာက္ မ၍ ရေနေသး၍ မိစၧာ စက္အားမျပည့္ေသးဟု မွတ္ရသည္။

“ ဟဲ့ မိစၧာမွန္ရင္ မေရာက္မရွိရ၊ မီးလိုပူစမ္းကြ ”  “ ဆရာ ဆရာ သမီးဆီးစပ္က ပူတယ္ဆရာ ”
ခက္ေခ်ျပီ။ ေပကပ္ခံေနေသာ မိစၧာစက္မွန္လွ်င္ လက္နဲ႔ သပ္ခ်လွ်င္ လိုက္လာရသည္ခ်ည္းသာျဖစ္သည္။ယခုမူကား လက္နဲ႔ ထိေတြ႕ကိုင္တြယ္အပ္သည့္အရာ မဟုတ္ေခ်။

“ ဟဲ့ အဲဒီ ပူတဲ့ေနရာမွာ ခိုပုန္းေနတာပါဆိုရင္  ေျခဖဝါးမွာကပ္ေနစမ္း ဆိုင္ရာက မိမိရရ ခ်ဳပ္ တုပ္ေစ ” ဟုဆိုကာ သူမ၏ ဆီးစပ္ေနရာသို႔ စိတ္ညႊတ္လ်က္ လက္ျဖင့္ အေပၚမွ မထိပဲအုပ္မိုးျပီး ယာေျခသို႔ ပို႔ေလ၏။ ထိုအခါမွ သူမ၏ ယာေျခသည္ သူမအားႏွင့္ မ၍ လံုးဝ မရေတာ့ပဲ ၾကမ္းျပင္ႏွင့္ ဆံခ်ည္မွ်င္မွ်ပင္မကြာေအာင္ ကပ္ေလ၏။
အမွန္မွာ မိစၧာစက္မွာ သူမခႏၶာတြင္ အျမဲလိုမ်ိဳးရွိေနျပီး ဆရာမွ သတိမမူႏိုင္သည့္ေနရာ သတိမူမိေသာ္လည္း မိန္းကေလးျဖစ္၍ ဆရာမွ မထိေတြ႔ႏိုင္ေသာ ေနရာတြင္ ခိုေန ပုန္းေနျခင္းသာျဖစ္သည္။

!!!  ဆိုင္ရာပိုင္ရာ ဘုန္းတန္ခိုးၾကီးေစ ခ်ဳပ္ထား တုပ္ထား၊ သံမဏိၾကိဳး ဆူးၾကိဳးအထပ္ထပ္နဲ႔ တုပ္ထားစမ္း၊ အတိုက္မွန္သမွ် အားလံုးရွင္း အကူအညီစက္မွန္သမွ် ျဖတ္ေတာက္ထား !!!

ေျခမွာ ကပ္ေန၍ ဆရာေမာင္ေမာင္မွ တစ္ခုခ်င္းေမးျမန္းရာ ေမးခြန္းကိုေျဖေသာ ပထမအေျဖႏွင့္ ထပ္ေမး၍ ေျဖေသာ ေနာက္အေျဖသည္ တစ္ထပ္တည္းမက်ေခ်။ သူမ၏ တစ္ကိုယ္လံုးကို ပူးႏိုင္သလားဟု ေမးရာ ပူးႏိုင္သည္ဟုလည္း ေျဖသည္။ မပူးႏိုင္ဟုလည္း ေျဖျပန္သည္။ ထိုသို႔ ေပကပ္ခံေနေသာ မိစၧာမ်ားကို ဆရာေမာင္ေမာင္မွ ႏွိမ္ခ်ိဳးခဲ့သည္မွာ အံတိုေနျပီ။

!!!  ေျသာ္ မင္းက ငါ့ကို ပညာစမ္းတာေပါ့ ဟုတ္လား ငါက ပေယာဂကုေနတာ ၾကာလွေပါ့ ။ ေအးေအးေဆးေဆးေျပာလို႔မရတဲ့  မင္းလိုေကာင္မ်ိဳး ငါဆံုးမလာတာ မ်ားျပီကြ တစ္ကိုယ္လံုး ပူးမလား မပူးဘူးလား? ပူးမယ္ ပူးခ်င္စိတ္ရွိတယ္ဆိုရင္ ယာေျခကပ္ထားစမ္း ဆိုင္ရာပိုင္ရာက စိစစ္ထားေစ !!!
မ ခိုင္းရာ သူမ၏ ယာေျခသည္ ေပါ့ပါးစြာ ေျမာက္တက္လာသည္။

!!! ေဟ့ တစ္ကိုယ္လံုး ပူးႏိုင္လ်က္နဲ႔ မပူးခ်င္တာဆိုရင္ ယာေျခ ကပ္စမ္း !!! ကပ္၍ေနသည္။ ဒါဆိုရင္ေတာ့ တစ္ဖက္မိစၧာမွ စိန္ေခၚသလို လုပ္ေနေခ်ျပီ။ “ ကဲ သမီး ဆရာ့ဖက္လွည့္ လက္အုပ္ခ်ီထား ” “ သမီးေၾကာက္တယ္ဆရာ ဟို ေနာက္ျပီးေတာ့ အခု ယားေနတယ္ ” “ မေၾကာက္နဲ့ သမီး ေအးေဆးပါ ”

!!! ဟဲ့ တစ္ကိုယ္လံုးပူးႏိုင္လ်က္ စက္အားေကာင္းပါလ်က္ ေပကပ္ခံေနတဲ့ မိစၧာကို ေမာင္းသြင္းလိုက္စမ္း၊ အိမ္တြင္း ဦးတင့္တယ္ရဲ႕ ဘုန္းတန္ခိုးက ဒီမိစၧာထက္ အခုကုေနစဥ္ အဆမတန္ကြာျပီး သာလြန္ေစ၊ ကုျပီးေနာက္လည္း ဒီမိစၧာက ဦးတင့္တယ္ကို မလြန္ႏိုင္ေစရ၊ ဟဲ့ ေက်ာကေန ေဆာင့္ကန္သြင္းလိုက္စမ္း ၊ အေရ အေရခ်င္းထပ္ အသားအသားခ်င္းထပ္ အရိုးအရိုးခ်င္းထပ္ ၃၂ ေကာဌာသမွာ ကာယကံရွင္ရဲ႕ အသက္နဲ႕ခႏၶာကိုု တစ္စက္ကေလးမွ ဆက္လက္ထိပါးေစႏိုင္ျခင္း မရွိေစရပဲ ဝင္ပူးႏိုင္ေစ။ ေဆာင့္ကန္သြင္းခ်လိုက္ !!!

ထိုအခါတြင္ ခပ္ငိုက္ငိုက္အေနအထားျဖင့္ လက္အုပ္ခ်ီေနေသာ ပုဆစ္တုပ္ထိုင္ေနေသာ ေဟမာသည္ ေက်ာေကာ့၍သြားျပီး မ်က္လံုးၾကီး ျပဴးထြက္လာေလသည္။ တစ္ဆက္တည္းမွာပင္ ဆရာေမာင္ေမာင္ ပစ္ေတာက္လိုက္ေသာ ေရစင္ေတာ္သည္ ေဟမာ့မ်က္ႏွာအား ထိမွန္၍ ေနာက္ကို ပက္လက္လန္လဲက်သြားေတာ့၏။ ပုဆစ္ကား တုပ္လ်က္ပင္ျဖစ္သည္။

“ ဟဲ့ ၾကိဳးပိုင္ ၾကိဳးနဲ႔ လည္ပင္းကို ခ်ည္ အေပၚမ တင္ေပးလိုက္ ခါးမတ္သြားေအာင္လို႔ ” ဟုဆိုလိုက္ရာ ေဟမာခႏၶာကိုယ္သည္ ရုတ္တရက္ခ်က္ခ်င္းဆိုသလို မည္သူက ပင့္တင္ေပးလိုက္သည္ကို မျမင္ရပါပဲ ျပန္မတ္လာေလသည္။

!!! ကဲ ငါ စကားေအးေအးေဆးေဆး ေျပာမယ္ကြ ၊ မင္းကို ငါ မႏွိပ္စက္ခ်င္ဘူး၊ မင္း ဘာလဲ၊ ဘာလို႔ လုပ္တာလဲ၊ ဘယ္ေနရာမွာ လုပ္ထားလဲ  ဟဲ့ ၾကိဳးပိုင္ လက္ျပန္ၾကိဳးတုပ္ထား ေသခ်ာခ်ည္ !!!

ေဟမာသည္ ပုဆစ္တုပ္ မိန္းမေတြထိုင္ေနလ်က္ လက္မ်ား ေနာက္ပစ္အေနအထား ျဖစ္သြားေတာ့၏။
“ငါ လုပ္ထားတဲ့ေနရာ မင္းသိသလိုပဲ၊ ငါဘာလို႔လုပ္တာလဲ ဆိုတာလည္း မင္းသိျပီးသားပဲ မင္းလုပ္စရာရွိတာသာလုပ္ ငါကေတာ့ ထပ္ျပီးလုပ္မွာ ” “ ေအး ငါ ေစာေစာက တစ္ေယာက္ကို ကုထားတာ ေသြးပူေနတုန္းပဲ ၊ မင္း ေကာင္းေကာင္းေျဖ နားလည္တတ္ရင္ အနာသက္သာမယ္ ငါ့ကို အပ္ျပီးသား ”

“ ခ်စ္လို႔လုပ္တာကြ၊ ငါသူ႔ကို ခ်စ္လို႔ ” “ မင္းက ကိုယ္တိုင္ ပညာသည္လား ” “ ေအး”
“အသက္ဘယ္ေလာက္ရွိျပီလဲ ”  “ ၄၀ ေက်ာ္ ” “ ဘာပညာနဲ႔ လုပ္တာလဲ ”
“ မင္းက ဆရာလုပ္ေနျပီး ဒါေတြ မသိဘူးလား ငါေတာင္ မင္းေရာက္ေနကတည္းက သိတယ္ မင္းဘာေကာင္လဲဆိုတာကို ” “ ငါသိေပမယ့္ ကာယကံရွင္ေတြ သိဖို႔လိုေသးတယ္ကြ မင္းဆက္မေျဖဘူးလား ”
“ မေျဖဘူးကြာ ”

!!! ဟဲ့ ဆင္ပိုင္ အားအျပည့္နဲ႔ ေဟာဒီမိစၧာကို ေနာက္ကေန လည္ပင္းကို နင္းထား မေသေစနဲ႔ ၊ ေသာၾကာသမီးကို မထိေစရ၊ ”
“ ဒုန္း” ေဟမာမွာ ေရွ႕ကို ငိုက္က်သြားျပီး ၾကမ္းနဲ႔ နဖူး တိုက္မိေလသည္။

“ ဟဲ့ ၾကိဳးပိုင္  ေနာက္ကေန ၾကိဳးခ်ည္ျပီး ခႏၶာကို ျပန္မတ္၊ ေခါင္းမတ္သြားတာနဲ႔ ဆင္ပိုင္ျပန္နင္း ၁၀ ၾကိမ္လုပ္ မေသေစနဲ႔ ” သို႔ႏွင့္ ေဟမာသည္ လက္ျပန္ၾကိဳးတုပ္လ်က္ ပုဆစ္တုပ္အေနအထား ၾကမ္းျပင္ကို နဖူးျဖင့္ ေဆာင့္ေနေလရာ သံုးၾကိမ္ေျမာက္ခန္႔တြင္ ဦးခင္ေအာင္မွ ဝင္၍ “ဆရာရယ္ ကၽြန္ေတာ့္သမီးေလး နာေနပါဦးမယ္၊ အဲဒီလို ကုနည္းနဲ႔ေတာ့ မကုပါနဲ႔လား ”

“ သမီး ေဟမာကို မထိပါဘူး ဦးခင္ေအာင္။ မပူပါနဲ႔ ၊ အခ်ိဳ႕မိစၧာမ်ား တယ္လက္ေပါက္ကပ္တယ္ဗ်။ ေမတၱာေပးျပီး ကုလို႔မရဘူး။ ေမတၱာေပးရင္ မလိုခ်င္သူမရွိပါဘူးလို႔ေတာ့ ေျပာၾကတာပဲ။ တကယ္လည္း ေမတၱာပို႔တာကို မလိုခ်င္သူ မရွိပါဘူး။ ဒါေပသိ ကိုယ္ေပးတဲ့ ေမတၱာကိုသာ ဝမ္းပန္းတသာ ယူျပီး ျပန္ၾကေပမယ့္ ဆက္ျပီး ဒုကၡေပးတဲ့ မိစၧာက မ်ားတယ္။ မယံုရဘူးဗ် ” “ သမီး နဖူးမွာ ရဲျပီး ေသြးစို႔ေနသလားလို႔ဆရာရယ္ စိတ္ပူလို႔ပါ ”
ထိုအခိုက္ ၾကမ္းႏွင့္ နဖူးတိုက္တာ ၁၀ ခ်က္ျပည့္သြား၍ ဆက္မတိုက္ပဲရပ္ေနေလသည္။ ေဟမာ့နဖူးကား ေသြးစမ်ားပင္ ထြက္လာသည္။

!!! ဟဲ့ မိစၧာ နင့္အတြက္ေပးတဲ့ ဒဏ္ နင္ပဲ ကိုယ္တိုင္ အျပည့္ခံဟ ၊ ေဝဒနာပါသိမ္း !!! ဟု ဆရာေမာင္ေမာင္မွ ဆိုလိုက္ရာ မိစၧာမွ လက္ျဖင့္ နဖူးကို သပ္ခ်လိုက္ေသာအခါ ေဟမာ့ နဖူးျပင္တြင္ ပကတိအေကာင္းအတိုင္း ေသြးမထြက္ေတာ့ေပ။ ဦးခင္ေအာင္မွာ ပါးစပ္အေဟာင္းသားျဖင့္ ထိုင္ၾကည့္ေနေလေတာ့သည္။

!!! ေနာက္ထပ္ ငါ ဆံုးမရဦးမွာလား ေဟ့ ဝင္ပူးေနတဲ့ေကာင္ !!!
“ မင္း ဘာသိခ်င္တာတုန္း ” “ မင္း ဘာပညာနဲ႔ ဘယ္လို လုပ္ထားလဲ တိတိက်က် မခြ်င္းမခ်န္ေျဖစမ္း ၊ သူ႔အေဖကို လုပ္ထားတဲ့ ေအာက္လမ္းနဲ႔ အတူတူပဲလား မင္းပဲလား” “ ျမန္မာျပည္မွာ ေအာက္လမ္းဆရာ အဲသေလာက္မရွားပါဘူး၊ မင္းေျပာတဲ့ေကာင္ရဲ႕ အဆင့္အတန္းကေတာ့ ငါပ်င္းေသးတယ္ ” “ ထားေတာ့ကြာ မင္း ကေလးမကို ဘယ္လိုလုပ္သလဲ ေျပာ ”

“ ငါ သူနဲ႔ ပံုစံတူအရုပ္တစ္ခု ဖန္တီးတယ္။ သူဆံပင္ညွပ္တဲ့ဆိုင္ကို လိုက္သြားျပီး ဆံပင္ကို ယူတယ္၊ သူ႔အဝတ္အေဟာင္းတစ္စံုကိုလည္း ရေအာင္ယူတယ္။ အရုပ္မွာ ပတ္တယ္။ ငါ ဆႏၵရွိခ်ိန္မွာ အရုပ္ကို ကလိတယ္၊ အဲဒီေနာက္ ငါ့ စိတ္က ကေလးမဆီကို သြားတယ္ကြာ အဲမွာ ငါ့စိတ္ၾကိဳက္လုပ္ဖို႔ ငါ့တပည့္ သရဲေတြက ကေလးမကို ခ်ဳပ္ေပးၾကတယ္ ဒါပဲ ”

“ မင္းက ေအာက္လမ္းပဲမလား ” “ ေအး ” “ ဒါနဲ႔ မင္း ဒီကေလးမရဲ႕ (…..) ကို လ်ာနဲ႔လ်က္ေသးသလား ”
“ အာ … ဟုတ္တယ္ကြာ ဟုတ္တယ္ လ်က္တယ္၊ ဘာျဖစ္လဲ၊ အဲလိုဟာက ငါ့အတြက္ မဟာအစြမ္းကိုရတယ္ ဒါပဲကြာ ” “  မင္း ဒီေသာၾကာသမီးကို စြန္႔လႊတ္လိုက္ေတာ့ မင္းအသက္က ၄၀ ေက်ာ္ဆိုေတာ့ အသက္ကလည္း ကြာပါတယ္ကြာ ”  “ ………………”  “ အိမ္ေထာင္နဲ႔လား ” “ လူပ်ိဳကြ ” “ မင္းလား လူပ်ိဳဆိုတာ ဟဟ ” “ အိမ္ေထာင္မရွိဘူး ”

“ မင္းတကယ္ခ်စ္တယ္ဆိုရင္ အျပင္မွာ လိုက္ေျပာ ဒါက သဘာဝက်သလို အဲဒီအခြင့္အေရးလည္း မင္းမွာ ရွိတယ္ ” “ အခုဒီလိုလုပ္တာကလည္း ငါ့အခြင့္အေရးပဲေလကြာ အျပင္မွာ လိုက္ေျပာရေအာင္ကလည္း အသက္က ကြာေနေတာ့ ငါ့ ဘယ္လိုလုပ္ျပန္ၾကိဳက္မလဲ ” “ မင္းဟာက သဘာဝအခြင့္အေရးမဟုတ္ဘူးကြ၊ မင္းပညာတတ္တယ္ လုပ္လို႔ရတယ္ဆိုျပီး လုပ္ေနတာ။ ငါ သတိေပးတယ္၊ ေနာက္မွ ငါ့အဆိုးမဆိုနဲ႔ မင္းလုပ္ထားတာ အကုန္ရွင္း၊ မင္းလုပ္ထားတာ မကုန္သ၍ မင္းရဲ႕ ငယ္ပါကို ငါ သားေရပင္နဲ႔ ခ်ည္ထားသလို ျဖစ္ေစ။ မေသေစရ ”

ထိုအခါ လူတစ္ေယာက္မွ စူးရွစြာ ေအာ္ေသာအသံကို အျပင္မွာပင္ အားလံုး ၾကားရေလသည္။ ထိုအခ်င္းအရာကို ေထာက္၍ ေအာက္လမ္းဆရာသည္ ထိုပတ္ဝန္းက်င္ကပဲ ျဖစ္လိမ့္မည္ဟု တြက္ဆသည္။ ခုႏွစ္အိမ္ၾကား ရွစ္အိမ္ၾကားေအာင္ ေအာ္ေနေသာေၾကာင့္ ဆရာေမာင္ေမာင္မွ “ နည္းနည္းေလွ်ာ့ေပးလိုက္ ဒါေပမယ့္ သားေရပင္နဲ႔ ခ်ည္သလို ေဝဒနာက ဆစ္ဆစ္ ဆစ္ဆစ္နဲ႔ ရွိေနပေစ၊ ကေလးမပေယာဂ အားလံုးစင္ရင္ မင္းေဝဒနာ ေပ်ာက္ေစ ေနာက္တစ္ၾကိမ္ထပ္လုပ္ဖို႔ စိတ္ကူးတာနဲ႔ သားေရပင္ အလိုလိုေရာက္ျပီး တာဝန္ထမ္းေဆာင္ေစ မျဖဳတ္ႏိုင္ေစရ ကဲ သစၥာေရေသာက္စမ္း၊ ဘုရား ဦးတိုက္ အဘေတြဦးတိုက္ ငါ့ကိုဦးတိုက္ ၊ ေနာက္တစ္ခါဆိုရင္ ငါ တခါတည္း သင္းကြပ္ပစ္မယ္ ” သို႔ႏွင့္ဆရာေမာင္ေမာင္သည္ ထိုေအာက္လမ္းအား သစၥာေရတိုက္၍ ကုန္စင္ျပီဆိုတာေသခ်ာမွ ျပန္လႊတ္လိုက္ေလေတာ့သည္။

ဦးခင္ေအာင္တို႔ မိသားစုသည္လည္း ဆရာေမာင္ေမာင္အား ေက်းဇူးတင္မဆံုး ရွိၾကေလသည္။
“ ကဲ ကိုျမင့္သိန္းေရ ခင္ဗ်ားေကာင္းမႈေၾကာင့္ သတၱဝါကယ္ခြင့္ရပါတယ္။ ေက်းဇူးတင္ပါတယ္ ”
အားလံုးရဲ႕ မ်က္ႏွာမွာ အျပံဳးကိုယ္စီျဖင့္ ရွိေနေလေတာ့သတည္း ……

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Ko Ko Hnin Maung

# Unicode Version ျဖင့္ ဖတ္ပါ #

အခုဇာတ်လမ်းလေးဟာ 18+ ပါပါတယ်။ ကြိူတင်ပြီး မေတ္တာရပ်ခံပါတယ်။ သို့သော်ငြား တကယ်ဖြစ်လို့ တကယ်ကုခဲ့ရတဲ့အကြောင်းကို စာမူရှင် ဆရာက ဝန်ခံထားပါတယ်။

`` ဆရာမောင်မောင်ရှိပါသလားခင်ဗျား ´´

`` ရှိပါတယ် ဘယ်သူပါလိမ့် ´´
`` ဟုတ်ကဲ့ဆရာ ကျွန်တော် မြင့်သိန်းပါ
မှတ်မိရဲ့လားဆရာ ´´ `` နေကောင်းတယ်မလား ကိုမြင့်သိန်းကို မမှတ်မိပဲ ရှိပါ့မလားဗျာ အစွဲကောင်းကောင်း ကုပေးခဲ့ရတာကို ၊ ဆိုပါဦးလာရင်းကိစ္စလေး လာ ရေနွေးသောက်ဗျာ ´´

``ကျေးဇူးပါဆရာ အကူညီလိုလာလို့ဆရာရေ ကျွန်တော့်ရပ်ကွက်ထဲက ဦးခင်အောင်ကို သိလားဆရာ ´´ `` အင်း သိတော့ မသိပါဘူး ဆိုပါဦး ´´ `` သူ့အလုပ်က အပြိုင်အဆိုင်များတယ်ဗျ အခုတလော သူ့အလုပ်တွေ ရှုံးနေတာ များတယ်တဲ့ လူလည်း ကျန်းမာရေး ချူချာလာတယ် ဆေးခန်းပြတော့လည်း အကောင်းကြီးတဲ့ အဲတာ ကျွန်တော်နဲ့ တွေ့တော့ ဆရာရှိကြောင်း ပြောပြရာမှာ သူက ရှိရင် ကုချင်ပါတယ်တဲ့ ခြေတစ်ဖက်ကလည်း လေဖြတ်သလို စဖြစ်နေတယ်တဲ့ဗျာ  ´´

``သူက ဆန္ဒရှိရင်တော့ တောင်းဆိုလာရင်တော့ ကုရတာပ ဗျာ´´ `` ဆရာအခုအားသလားခင်ဗျ ´´  `` ကျွန်တော်အခု အိမ်မှာ နေ့လည်စာ စားဦးမယ်လေ စားပြီးသွားတာပေါ့ ကိုမြင့်သိန်းပါတပါတည်းစားလိုက် ´´ `` ဟာ ဆရာရယ် သူတို့အိမ်မှာ အဆင်သင့် ရှိပါတယ်။ သူတို့က ထမင်းဆိုင်လည်းဖွင့်ထားတယ် အခြားအလုပ်တွေလည်းလုပ်တယ် သူ့အိမ်ရောက်မှ စားကြပါစို့လားခင်ဗျ ´´ `` ကောင်းသလိုသာ လုပ်ဗျာ ကျွန်တော် ဆေးအိတ်ယူလိုက်ဦးမယ် လိုရမယ်ရပါ ´´

သို့နှင့် ဆရာမောင်မောင်နှင့် ကိုမြင့်သိန်းတို့သည် ဦးခင်အောင်ဆီသို့ ရောက်ခဲ့ကြလေသည်။

``မင်္ဂလာပါဆရာ ကျွန်တော် ခင်အောင်ပါ ´´
`` မင်္ဂလာပါဦးခင်အောင် မောင်မောင်ပါခင်ဗျာ ´´
ကုလားထိုင်ပေါ်ထိုင်နေသော သူသည် ပြုံးရွှင်သော မျက်နှာထားဖြင့် ဖော်ရွေစွာ နှုတ်ဆက်လေသည်။

``ကဲ ဆရာကို ထမင်းကျွေးရအောင် သမီးရေ ဆိုင်ကို သွားယူချည်ကွယ် ´´ `` သြော် နေပါစေဦးခင်ဗျ လောလောဆယ် မဆာသေးပါဘူး ဦးခင်အောင်ကို စစ်ဆေးကြည့်ပါဦးမယ် ရှိရင်တော့ ပွဲတင်ကြရအောင် ´´ `` ဟုတ်ကဲ့ဆရာ ဒါနဲ့  မသိလို့ မေးပါရစေ တမျိုးမထင်ပါနဲ့ ´´ ``မေးပါ မေးပါ ´´

`` စစ်လို့ ပယောဂရှိရင် ပွဲဝယ်ပါ့မယ် ။
သိချင်တာက ပွဲ မတင်ပဲ ကုလို့ မရဘူးလား ကျွန်တော် နှမျောလို့မဟုတ်ဘူးနော် ´´

`` ပွဲတင်တယ်ဆိုတာက ဒီလိုပါ ။ ကျွန်တော်တို့ ပယောဂ ကုတယ်ဆိုရာမှာ ကျွန်တော်တို့ အစွမ်းလို့ တခြားသူတွေက ထင်ချင်ထင်လိမ့်မယ်ဗျ တကယ်က အဘတွေရဲ့ ဖေးမစောင့်ရှောက်မှုကြောင့် ကျွန်တော်တို့ဆရာတွေ သတ္တဝါ ကယ်မ နိုင်နေကြတာပါ ။ ´´ ``ဟုတ်ကဲ့ဆရာ ´´

`` စစ်တာက ပွဲမပါပဲ စစ်လို့ သင့်တော်ပါတယ်။ ကုမယ်ဆိုရင် ပွဲဝယ်လို့ ရတဲ့ အခြေအနေ ရှိနေရင် ဝယ်သင့် တင်သင့်တာပေါ့ ဒီလိုပါ ပွဲမပါလို့ ရောဂါမပျောက်တာမရှိပါဘူး ရိုသေလေးစားမှုသဘောလေးပါ ။ ဥပမာဗျာ တောထဲရောက်နေတယ် မြွေကိုက်လူနာတွေ့တယ် ချက်ချင်းကို ကုရမယ်ဆိုရင် ပွဲဝယ်ဖို့ ပြင်ဆင်နေရင်းနဲ့ လူနာ အသက်ထွက်ရောနေမှာပဲ ဟုတ်လား ´´

``ဟုတ်ပါတယ်ဆရာ ဒါနဲ့ ဆရာရယ် ပယောဂရှိမရှိ မိမိကိုယ်တိုင် ဘယ်လိုသိနိုင်မလဲဆရာ ကျွန်တော်က လက်တွေ့သမားဆရာရဲ့ ဆရာ့အကြောင်းကို မြင့်သိန်းက ပြောတော့ ပြောပြပါတယ် ။ ကျွန်တော်က ကိုယ်တိုင် သိရချင်တာလေ  ´´

``မပူပါနဲ့ ဦးခင်အောင် ကျွန်တော်က အထက်လမ်းဆရာဆိုတော့ စိတ်ဓာတ်တွေက တပါးသူအခက်အခဲကို မိမိတတ်တဲ့ ပညာနဲ့ ကယ်ရမှာမဟုတ်လား ။ ကာယကံရှင် ကိုယ်တိုင်ခံစားသိရတဲ့ ပညာပါဗျ ´´

``ဟုတ်ကဲ့ဆရာ ဝမ်းသာပါတယ် ကျွန်တော့်ဖြစ်စဉ်လေးတွေ ပြောပြမယ် ကျွန်တော်က ထမင်းဆိုင်လည်း ဖွင့်ထားတယ် အခြားကုန်ရောင်းကုန်ဝယ်လည်း လုပ်ပါတယ်၊ အပြိုင်အဆိုင်များတယ်ပေါ့ဗျာ ´´``ဟုတ်ကဲ့ ´´

`` လွန်ခဲ့တဲ့ ၂နှစ်လောက်အထိ အတော်တိုးတက်လာခဲ့တာဗျ ဒါပေမယ့် ဒီ၂၀၁၅ ခုရောက်မှ စီးပွားရေးရော ကျန်းမာရေးရော သိသိသာသာကို ထိုးကျလာတာပါပဲ ဟောဒီခြေထောက်ဆိုရင် လေဖြတ်သလိုလို အတွင်းက နာသလိုလို အဲတာဆေးခန်းပြတော့လည်း အပြစ်မတွေ့ဘူး လေဖြတ်ရင်လည်း နာတာကို မသိရဘူးမလား ဆွဲဆိတ်ရင် သိတယ် ဒါပေမယ့် လမ်းကောင်းကောင်း လျှောက်မရလို့ ထိုင်နေတာပဲ ကြည့်တော့ ခဏနေတော့ လျှောက်လို့ရပြန်ရော မနာပြန်ဘူး ´´ `` ဟုတ်ကဲ့ ´´ `` ကဲ စစ်ကြည့်ရအောင်ဗျာ ဦးခင်အောင်ရဲ့ အသက်ခန္ဓာနဲ့တကွ ပိုင်ဆိုင်သမျှ ပစ္စည်း အိမ်ခြံမြေ စီးပွားရေး စတာတွေနဲ့တကွ ဘဝစွဲ ဘဝဆက်များပါမကျန် မကောင်းတဲ့စက်တွေ ရှိနေခဲ့မယ်ဆိုရင် စစ်ဆေးဖို့ အပ်ပါ ´´ ``အပ်ပါတယ် ´´ ``ကဲလာဗျာ ဘုရားစင်ကို ကျောပေးခြေဆင်းလိုက် ´´

ဆရာမောင်မောင်မှ သစ္စာဆို၍ ဂိုဏ်းတော်မှ ဆရာတော်များကို ပင့်ဖိတ်၍ ရေစင်တော် တောင်းခံသည်။
.................................

!!! ဟဲ့ ခု ဝင်ပူးနေတာ ဘယ်သူလဲကွ ဒီဖက်လှည့်စမ်း !!!!

ဦးခင်အောင်မှာ တုန်ရီလာပြီးနောက် ဆရာကို ပမာမခန့် ကြည့်လေသည်။ ဆရာမောင်မောင်မှထိုသို့ ကြည့်လာသူ မိစ္ဆာကို စောစောက တောင်းယူထားသော ရေစင်ဖြင့်တောက်၍ အမိန့်ပေးသည်။

!!! ဟေ့ မေးနေတယ်လကွာ မလှည့်ရင်မေးတာမဖြေရင် စွဲရင်းအတိုင်း မီးလောင်ခံစေကွ ဆိုင်ရာပိုင်ရာတွေ ဘုန်းတန်ခိုး ကြီးပစေ ချုပ်တုပ်ထားပြီး ဆရာဖက်ကို ဆွဲလှည့်ပေးလိုက်စမ်း စွဲရင်းကိုခေါ်တာ တပည့်မလာခဲ့နဲ့. ခေါင်ချုပ်ကိုယ်တိုင်လာစမ်း   !!! ရေစင်တော်ဖြင့် တောက်လိုက်သောအခါ
တွန့်သွားသည်။

``ရောက်ပြီ ´´ ပြောပြောဆိုဆို ဦးခင်အောင်သည် ဆရာမောင်မောင်ဖက်သို့ လှည့်၍ ခြေထောက်ကို တင်ကလင်ချိတ်၍ ထိုင်လေသည်။

!!! ဟဲ့ ပမာမခန့်လုပ်နေတာဆိုရင် အဲခြေထောက်ကို ဆိုင်ရာ တုတ်နဲ့ရိုက်စမ်း ကိုယ်တိုင်ခံကွ !!!
`` ဟေ့ရောင် အိမ်မှာလည်း ငါအဲလိုပဲထိုင်တာကွ ´´ ဝင်ပူးသောသူက ထိုသို့ ပြန်ပြောသည်။

!!! မလိုချင်ဘူးကွ ဒါ ဘုရားနဲ့တကွ အဘဆရာတော်တွေရဲ့
ရှေ့မှာ ၊ ငါ့ရှေ့မှာ အဲလိုမထိုင်ရဘူး !!! `` အေးပါကွာ မင်းနိုင်တော့ မင်းပြောသမျှပေါ့ ´´ ဟုဆိုကာ ခြေထောက်ကို ပြင်ထိုင်လေသည်။

!!! မင်း ယောကျာ်းဟုတ်တယ်မလား !!! `` ဟ ယောကျာ်းမို့
ယောကျာ်းလို ထိုင်တာ မင်းမမြင်ဘူးလား ´´ ဝင်ပူးသောသူမှ
ပြောသည်။

!!! ဟကောင် ဟကောင် မင်းငါ့ကို ဒေါသဖြစ်အောင် လာမဆွနဲ့ မေးတာကို အေးအေးဖြေ ခိုင်းတာကို အသာတကြည်လုပ် ငါ စိတ်မတိုခင် အပြောအဆို ဆင်ခြင်စမ်း !!! ဟု ဆိုကာ
ရေစင်တော်နှင့် လှမ်းတောက်လေရာ ဝင်ပူးသူမှာ ထပ်မံ၍ တွန့်သွားပြန်လေသည်။ |

``ပူသလားကွ ´´ ဟုမေးရာ ခေါင်းငြိမ့်ပြသည်။
``ဒါဆို မင်းဘာအဆင့်လဲ သူနဲ့တကွ ကျန်သူအားလုံးကို မင်းဘာလုပ်ထားလဲ ဖြေစမ်း´´

`` ငါက အောက်လမ်း သူ့စီးပွားပျက်အောင် မကျန်းမာအောင် လမ်းမလျှောက်နိုင်အောင်လုပ်ထားတယ်။
ဒေါသအလိုလိုထွက်အောင်လုပ်ထားတယ် ။ ငါတပည့်သရဲတွေနဲ့ သူ့လည်ပင်းကို ညှစ်ပြီး အသက်ရှူမဝအောင် လုပ်တယ်ကွာ ။ စိတ်တိုလာတော့ မိတ်ပျက်ပြီးတော့ စီးပွားရေးလည်း ပျက်အောင်ပေါ့ကွ ၊ မင်းအဲလောက်တောင် နားမလည်ဘူးလား ´´ ဆရာမောင်မောင် သည်းခံလိုက်သည်။ ဖြေတာတောင် စကားက အဖျားခတ်သွားသေးသည်။

``မင်းအောက်လမ်းရော ဟုတ်ရဲ့လား ဟဲ့ ဆိုင်ရာစစ်စမ်း အောက်လမ်းမှန်ရင် နေမြဲအတိုင်း မဟုတ်ပဲ အောက်လမ်းအဖြစ် ဟန်ဆောင်ရင် မီးကွင်းနဲ့ ပစ်စမ်း´´ အမိန့်ပေးသော်လည်း ဘာမှ မဖြစ်ပါ။ ဒါဆို အောက်လမ်းအစစ်ဖြစ်မည်။

`` သူ့လုပ်ငန်းတွေရော ခြံမြေ စတာတွေ မင်းဘာလုပ်သေးလဲ ´´ ``အကုန်ပဲကွာ အကုန်ကိုလုပ်ထားတယ် ´´ ``ဘာလို့လုပ်သလဲ ´´
`` ပိုက်ဆံပေးလို့ လုပ်ပေးတာ ´´

``အေး မင်းပိုက်ဆံရတိုင်း သူများမကောင်းတာဖြစ်ရအောင် လုပ်တယ်ဆိုရင် အခု ငါ မင်းကို ကောင်းကောင်းဆုံးမလိုက်မယ် သူလို နေမကောင်းအောင် စီးပွားပျက်အောင် မင်းကြိုက်မလား ´´ `` မင်းလုပ်နိုင်လို့လား ´´

``အေး ငါတို့ ဂိုဏ်းဆရာဆိုတာ စိတ်ထားမြင့်မြတ်ရတယ် သူတပါးကို မကောင်းတာလုပ်ထားသူကို ကြုံရင် ဆုံးမခွင့်ရှိတယ်ကွ အေးအေးဆေးဆေး ပြောလို့မှ မရရင် ငါ့ကို မင်းက စိမ်ခေါ်တာလား အောက်လမ်း
ပြောစမ်း ပြောစမ်းဟေ့ကောင်´´

`` မင်းလုပ်နိုင်ရင် အခုလုပ်စမ်း ´´

`` ငါ့အဆိုးမဆိုနဲ့ ဟဲ့ အခုဝင်ပူးနေတဲ့ မိစ္ဆာစွဲရင်းရဲ့ ခုခံကာကွယ်နိုင်စွမ်းအားလုံး ချုပ်ထား ပညာစက်ပါမချန် အားလုံးချုပ်ထား တပည့်များပါမကျန် အားလုံးချုပ်ခံရစေ။ စွဲရင်းတစ်ဦးတည်းသာ ပူးနိုင်စေ ´´ ဟုဆိုကာ ဆရာမောင်မောင်သည် လေထဲတွင် လှမ်းဖမ်းလိုက်သလို လုပ်ပြီးနောက် အနီးနားရှိ ပလပ်စတစ်အစလေးတစ်စ ကို ယူကာ ဒီမှာ အားလုံးချုပ်ခံရစေ။ အဘတွေ အမိန့်မရပဲ မလွတ်စေရ မသေစေရ ´´ ဟုဆိုကာ ထိုပလပ်စတစ်စကို မီးခြစ်ဖြင့် ရှို့ဟန်ပြုလေသည်။

မီးတောက်သည် ပလပ်စတစ်စကို မစွဲသေး မီးတောက်အရှိန်ကြောင့်သာ ပလပ်စတစ် ဘေးနှုတ်ခမ်းစလေးများသာ လိတ်တက်လာသည်။

ထိုအခါ အောက်လမ်းသည် ငယ်သံပါအောင်ကို အော်လေသည်။ အားးးး ပူတယ် ပူတယ်

!!!ဟေ့ကောင် အောက်လမ်း ဒီပလပ်စတစ်အစ မီးလောင်အရည်ပျော်ရင် မင်းဘာဖြစ်မယ်ထင်လဲကွ ဟေ့ကောင်ဖြေစမ်း ခုဖြေ !!! မရှို့သေးပဲ မီးဟပ်ရုံအနေအထားဖြင့်သာ မေးနေခြင်းဖြစ်သည်။

``မလုပ်ပါနဲ့ မလုပ်ပါနဲ့ ငါ့ကို ပြန်လွှတ်ပေးကွ ငါ့ကလေးတွေ ရှိသေးတယ် ´´ ``သူနဲ့ ပတ်သက်ပြီး မင်းလုပ်ထားတဲ့ အရာ
အကုန်သိမ်းစမ်း သက်ရှိသက်မဲ့ ပါမကျန် မကောင်းတာမှန်သမျှ သိမ်းစမ်း မင်း သိမ်းလို့ မကုန်မချင်း စောစောက အပူအတိုင်း ဆက်ပြီး အပူခံနေရစေ ´´

``သိမ်းပါ့မယ် သိမ်းပါ့မယ် အပူလေး နည်းနည်းလျှော့ပေးပါ ငါ့ ခြေထောက်ကို မီးလောင်နေတယ်ကွ ၊ ´´ `` ဟေ့ မင်းသူ့ကို လုပ်တာတွေ အကုန်ရှင်းပြီးပြီဆိုရင် မင်းခြေထောက် နဂိုအတိုင်း ပြန်ကောင်းစေ ။ ဟင်းဟင်း ကိုယ့်အသားကျတော့ ပူသတဲ့ သူများကျတော့ ခြေထောက်က လမ်းမလျှောက်နိုင်အောင်လုပ်ထားတယ် မကျန်းမာအောင်။ အဲတာ မူလပြန်ပညာကွ ။ မင်းက စောစောက ဘုရားရှေ့ ငါ့အဘတွေရှေ့ ပမာမခန့် လာလုပ်တာကိုးကွ မင်းအခု ကုန်အောင်ရှင်းရင်သက်သာမယ်  ပူနေသေးတာက မင်းစိတ်က မမှန်သေးလို့ပဲကွ ´´

`` ဒါဖြင့် ငါအပူသက်သာအောင် ဘာလုပ်ရမလဲ ´´ `` ဒီကာယကံရှင်ကို ကျန်းမာစေဖို့ မေတ္တာပို့ မင်းလုပ်တာရော မင်းလက်ချက်မဟုတ်တာရော အကုန်ရှင်းကွ မင်းစိတ်က သူ့ကို တကယ်ပျောက်စေချင်တဲ့ စိတ်နဲ့ ပြန်ထုတ်ပေးရင် မင်းမပူတော့ဘူး ဟုတ်လား ဟေ့ကောင် ရွှေရင်ကျော်ကွ ဘာတဲ့လဲ ´´ `` အေးပါကွာ ငါ ထုတ်ပေးပါမယ် အိမ်ခြံအတိုက်ကို လုပ်ထားတာက များတယ် ငါ့ဟာငါ ပြန်ရှင်းမယ်ဆိုရင်ခြံအတိုက်က ကြာဦးမှာ မင်းကူညီပြီး ရှင်းပေး ´´

`` မင်း ငါ့ကို ဆရာလို့ခေါ် မင်းကိုယ်မင်းလည်း ပြင်ခေါ်စမ်း ဟေ့ကောင် ´´ ``ဟုတ် ဟုတ် ဟုတ်ကဲ့ပါဆရာ တောင်းပန်ပါတယ် ´´

ထို့နောက် ဆရာမောင်မောင်သည် ဝင်ပူးသော အောက်လမ်းဆရာအား နောက်ထပ်မလုပ်ရန် သစ္စာရေ တိုက်လေသည်။ ထိုသစ္စာဆိုခိုင်းရာတွင် အောက်လမ်းမှ မမှန်ကန်ပါက အနာဂတ်ဘဝတွင်ဘာဖြစ်ညာဖြစ်ဟု မဆိုခိုင်းပဲ လက်ရှိဘဝမှာကို ချက်ချင်း တန်ပြန်ထိခံရစေ ထိုသစ္စာရေမှ အလိုလို ဆုံးမစေ ဟု ဝန်ခံသစ္စာဆိုခိုင်းခြင်းဖြစ်ပြီး ပြန်စစ်ရာ လူနှင့် စီးပွားရေးတွင် ဘာပယောဂမှ မရှိတော့ပဲ အိမ်ခြံဝင်းတွင်သာ ကျန်တော့သည်။

ဆရာမောင်မောင်မှ ထိုကိစ္စအတွက် သဲမန်း ဆန်မန်းများ စမဆွဲ၍ စီရင်ကာ နေ့ချင်းပင် အပြတ်ဖြတ်လိုက်လေတော့သည်။

`` အံ့သြလိုက်တာဆရာရယ် ကျွန်တော့်ခြေထောက် လုံးဝကို ပေါ့သွားပြီဆရာ ။ ဒီအတိုင်းဆို ပြေးလို့ကို ရသေးတယ် ´´ ဦးခင်အောင်က သူကိုယ်တိုင်ခံစားရသည့် အရာကို အံ့သြလျက်  လက်တွေ့ ပျောက်ကင်းသွားကြောင်း အသိအမှတ်ပြုလေသည်။

`` လည်ပင်းရော ကြပ်သေးလား အခု အသက်ရှူလို့ဘယ့်နှယ့်နေလဲ ´´ `` ဟား ကောင်းတာပေါ့ဆရာ ကိုယ့်ကိုယ်ကို လူပျိုတောင် ပြန်ဖြစ်သွားပြီလားလို့တောင် မှတ်ရတယ် ကျေးဇူးကြီးပါတယ်ဆရာ ´´ ဟုဆိုကာ ဦးခင်အောင်မှ ထိုင်ကန်တော့လေသည်။

`` ဟာ ကုနေလို့ ဆရာထမင်းစားချိန်တောင် လင့်နေပါပေါ့လား ကဲ သမီးရေ  ´´ `` ဟုတ်အဖေ သမီး ထမင်းဟင်းသွားယူလိုက်ပါ့မယ် ´´
``  သြော် နေနေ အဖေပဲ လမ်းလျှောက်ပြီး သွားယူလိုက်တော့မယ်သမီးရေ အဖေ့ခြေထောက် ကောင်းသွားပြီဟ ´´ `` ဟုတ်အဖေ နို့မို့ သမီးသွားယူပေးမလို့ပါ အဖေ့ကို ဆရာကုနေတာက အရမ်းစိတ်ဝင်စားဖို့ကောင်းနေလို့ပါအဖေ ၊ နောက်ပြီး သမီး ဆရာ့ကို ပြောပြအကူညီတောင်းစရာလည်း ရှိနေလို့ သမီးနေခဲ့ပါရစေ ´´

`` အေးအေး သမီး အဖေဆိုင်ကို သွားပြီ ဆရာခဏလေးနော် ခွင့်ပြုပါဦီး ´´ `` ဟုတ်ကဲ့ပါခင်ဗျာ ´´

သို့နှင့် ဖခင်ဖြစ်သူ ထွက်သွားပြီးနောက် ထိုကလေးမလေးသည် ဘုရားဦးတိုက်ပြီးလျှင် ဆရာမောင်မောင်အား ကန်တော့လေသည်။

``ကဲ သမီး ဆရာ့ကို ဘာပြောချင်သလဲ ဆရာကူညီနိုင်တာဆိုရင် ကူညီပါ့မယ်သမီးရယ် ´´

`` ဟိုလေ ဆရာ သမီးနာမည်က ဟေမာပါ ။ အသက်က ၂၄ နှစ်ပါ ´´  `` ဆက်ပြောလေ သမီး ´´

``ဟို ဟို သမီး ပြောရမယ့်ဟာက ပြောလို့မထွက်ဘူးရှင် ဘုရားစင်ရှေ့လည်းဖြစ်နေတယ် သမီး ဟိုလေ ၊ မပြောတော့ပါဘူးရှင် ´´

`` အဲလိုမဟုတ်သေးဘူးလေ သမီးရဲ့ ၊ အချို့ကိစ္စတွေက ရှင်းအောင် ပြောပြမှ ကောင်းမယ်ဆိုရင် ပြောရမှာပေါ့ ။ သမီးပြောရမယ့်ဟာက မှန်ကန်တယ်ဆိုရင် ဘာမပြောရဲစရာရှိသလဲ ၊ ဘုရားစင်ရှေ့ မပြောချင်ရင်လည်း ဟိုဧည့်ခန်းမှာ ပြောကြပါစို့ ရတယ်နော်သမီး ၊ ပညာရပ်နဲ့ ပတ်သက်ပြီး ဆရာ တတ်နိုင်တာ အားလုံး ကူညီပါမယ် ။
သမီး ဖြစ်နေတာက ဆရာကူညီနိုင်တာဖြစ်နေပြီးမှ သမီးက ရှက်စရာလို့ ယူဆနေရင် သမီးပဲ နစ်နာသွားမှာပေါ့ ´´

`` ဟုတ်ဆရာ နားနဲ့ မနာ ဖဝါးနဲ့နာပါဆရာ ဆရာ့ကို လေးစားပြီး အားလည်းကိုးပါတယ် ဆရာ့ပညာကိုလည်း ယုံကြည်ပါတယ် သမီး ပြောပြပါတော့မယ်´´

သို့နှင့် ဆရာမောင်မောင်သည် သမီးလေးဟေမာပြောသော ကိစ္စအား နားထောင်ရန်အလို့ငှါ ဧည့်ခန်းသို့ နှစ်ယောက်သား ထွက်ခဲ့ကြတော့၏ ။

ဆရာမောင်မောင်နှင့် ဟေမာတို့ ဧည့်ခန်းသို့ရောက်ရှိချိန်တွင် ကိုမြင့်သိန်း ဝင်လာသည်ကို တွေ့ရလေသည်။
“အဲဗျာ ကိုမြင့်သိန်း ခင်ဗျားကိုမေ့နေတာ ဘယ်သွားတာလဲဗျ ” “ သိပါတယ်ဆရာရယ် ဆရာက ပယောဂကုနေရရင် အကုန်ကို မေ့နေတာ ၊ ကျွန်တော် ကွမ်းယာထွက်ဝယ်မယ်ဆိုပြီး အပြင်ခဏထွက်သွားတာ အသိတစ်ယောက်နဲ့ တွေ့ပြီး စကားကောင်းနေလို့ပါ ၊ စောစောက ဦးခင်အောင်ကြီးအပြင် ထွက်သွားတာကိုတော့ မြင်လိုက်တယ် အခြေအနေဘယ်လိုလဲဆရာ ”

“ ကုပြီးသွားပါပြီ အခု ဒီသမီးလေးလည်း သူဖြစ်နေတာကို ပြောပြချင်လို့တဲ့ ဘုရားစင်ရှေ့မှာ မပြောဝံ့လို့ အခု ဧည့်ခန်းကို လာရတယ် ” “ ဟုတ်ကဲ့ဆရာ ကျွန်တော်ရှိနေရင် သမီးက စကားပြောရတာ ရွံ့နေမယ် အိမ်ရှေ့ကပဲ စောင့်မယ်ဆရာ ”
…………………………………………………
“ကဲ ပြောသမီး အဖြစ်အပျက်ကို ပွင့်ပွင့်လင်းလင်းသာ ပြောသမီး၊ ဆရာတတ်နိုင်တဲ့အရာကို ပညာနဲ့ ပတ်သက်လာရင် အစွမ်းကုန်ကူညီမယ်နော် ”  “ ဟုတ် ဒီလိုပါဆရာ သမီး ပြောတဲ့စကားမှာ …… ”  “ ရတယ်သမီး အကုန်သာပြော နားလည်ပေးပါတယ် ဒါမှ ရှင်းမှာ ”

“ သမီး အိပ်တိုင်း အိပ်တိုင်းလိုလို သမီးရဲ့ ဟိုဟာက ဟိုလေ …. ”  “ ပြောသမီး ဆက်ပြောပါ ”  “ အရည်တွေ အလိုလို ဆင်းလာတယ်ဆရာ ကန်တော့နော် ”  “ အဲတာက သမီးစိတ်ကို သုံးသပ်ကြည့်ပါဦးနော် သဘာဝအရလည်း ဖြစ်တတ်တာကိုး ”

“ မဟုတ်ဘူးဆရာ အိပ်ပျော်မလို့ မှေးသွားတိုင်း အလိုလို ဖြစ်တာ၊ မအိပ်ရင် ဘာမှ မဖြစ်ဘူး၊ တခါတခါ သမီး အရမ်းအိပ်ချင်နေခိုက်မှာတောင် အဲလို ဖြစ်ဖြစ်လာတာ၊ သမီးပွင့်ပွင့်လင်းလင်း ပြောရရင် တစ်ယောက်ယောက်က သမီးဆီကို လာနှိုးဆွနေသလိုပဲ၊ ဟိုလေ အဲတာနဲ့ ပတ်သက်ပြီး မခံစားဖူးသေးတဲ့ အထိအတွေ့ကို ခံစားရတယ်၊ ဟို ဟို … အောက်တွေ ယားလာတယ်ဆရာ၊ တခါတခါကျတော့ သမီး သမီး သားမြတ်တွေလည်း ယားလာတယ်၊” “ နေ့ခင်းရော ဖြစ်တတ်သလား သမီး ”

သမီးက နေ့ခင်း အလုပ်လုပ်နေချိန်တော့ မဖြစ်ဘူး၊ ဒါပေမယ့် နေ့ခင်း အိပ်ဖြစ်တဲ့အခါဆိုရင် ဖြစ်တယ် ” “ သမီးမှာ ရည်းစားရှိလား ဆရာကို ပွင့်ပွင့်လင်းလင်းပြောပါသမီးရယ် ” “ ဟင့်အင်း မရှိသေးပါဘူးဆရာ ”

“ အဲလို ယားနေချိန်မှာ တစ်ယောက်ယောက်က သမီး ဟိုဟာကို လာပြီး လျက်ပေးနေသလိုဖြစ်ပါတယ် ” “ သမီးက အဲလိုဖြစ်တဲ့အရာရဲ့ ခံစားမှုနောက်ကို လိုက်သွားသေးသလား ”

ဆရာမောင်မောင်မှ ထိုသို့မေးလိုက်သောအခါ နဂိုတည်းကမှ ရှက်နေသော ဟေမာ့မျက်နှာသည် ပန်းနုရောင်ပြောင်းလဲသွားပြီး မျက်နှာလွှဲသွားတော့သည်။ သူမ၏ မျက်ဝန်းအိမ်တွင် ရှက်၍ဖြစ်သော အရည်ကြည်တို့သည် ဝန်းရံလာကြတော့သည်။ သနားစရာကောင်းလှသောအဖြစ်အပျက်ကြောင့် ဆရာမောင်မောင် အလွန်အားနာသွားမိသည်။

“ ဆောရီး သမီးရယ် ဆရာက တိတိကျကျ သိချင်ဇော အားကြီးသွားလို့ပါ သမီးကိုလည်း စစ်ကြည့်ပေးမှာပေါ့ အဓိကက သမီးရယ်…. ပယောဂတကယ်ဖြစ်ကြည့် ရှက်နေလို့ ပယောဂ မပျောက်ဘူး၊ မရှက်သင့်ချိန်မှာ မရှက်ပဲ အားလုံး ပြောပြမှ သမီးကိစ္စ ပြေလည်မှာနော် သမီး ”
“ ဟုတ် …. ”

ထိုသို့ သူမဆိုပြီးနောက် အတန်ငယ်တိတ်ဆိတ်သွားရာ ဆရာမောင်မောင်မှ အိမ်ရှေ့သို့ ထွက်ဖို့ ဟန်ပြင်လိုက်စဉ် …

“ သမီးလည်း သာမာန်ပုထုစဉ်ပဲလေ၊ အဲလိုဖြစ်လာတော့ နည်းနည်းတော့ သာယာမိတာပေါ့ ၊ ဒါပေမယ့်ဘာမှ မမြင်ရပဲ အဲလိုဖြစ်ဖြစ်နေတာ လူလည်း မဟုတ် ”
“ အင်း  ”  “ အဲလို ဖြစ်ချိန်မှာဆိုရင် သမီး အသက်ရှူကြပ်လာတယ်။ လှုပ်လို့လည်း မရတော့ဘူး၊ အသံလည်း မထွက်တော့ဘူးဆရာ၊ အဲလိုဖြစ်ရတာကို သာယာစိတ်ဖြစ်လာတော့မှ အသက်ရှူချောင်လာတယ် အဲလိုကြောင့်လည်း သမီး မြန်မြန်ပြီးသွားအေးရောဆိုပြီး ငြိမ်နေလိုက်ရတယ် ရုန်းလေ မွန်းကြပ်လေပဲဆရာ ” “ အင်း  ပြီးတောရော ” “ အဲလို ဖြစ်ပြီ ယားလာပြီဆိုရင် သမီး ဟိုဟာထဲကို တစ်ခုခုက ဝင်လိုက် ထွက်လိုက်နဲ့ဆရာ  ”  “ သြော်   “ တခါတခါများဆို သမီးအဲဟာကို အရမ်းတောင့်တစိတ်တွေ ဖြစ်ဖြစ်လာတတ်တယ်နေ့ခင်းမှာ၊ အဲလိုဖြစ်ဖြစ်လာပြီးရင် ညကျရင် သေချာပေါက်ဖြစ်တာပဲ ”

“ တစ်ကြိမ်ဖြစ်ဖို့ အချိန်ဘယ်လောက်ကြာတတ်သလဲသမီး”  “ ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက်ပေါ့ တခါတခါတော့ နာရီဝက်လောက်ကြာတတ်တယ် ” “ နေ့စဉ်ဖြစ်တာလား ” “ ၂ ရက်ခြား ၃ ရက်ခြားလောက်ပါဆရာ ”  “ အင်း ပယောဂ ရှိလောက်တယ်သမီး ”

“ ဆရာ သမီးနားမှာ တစ်ယောက်ယောက်ရှိနေသလို အခု ခံစားရတယ်၊ ဆရာ့ကို ဒီစကားတွေ ပြောပြနေရင်းနဲ့ ဒေါသထွက်သလို ဖြစ်မိသလားပဲ ” “ အခု ဒေါသထွက်နေသလို ဖြစ်သလား ” “ ဖြစ်တယ် ဆရာမေးတာကို ဖြေချင်သလို မဖြေချင်သလို တစ်ယောက်ယောက်က တားနေသလိုလားမသိဘူး ”
ထိုစဉ် ဦးခင်အောင် ပြန်ရောက်လာလေသည်။ နောက်မှ ခြင်းတောင်းတစ်လုံးထမ်းလျက် လူငယ်လေးတစ်ယောက်လည်း ပါလာသည်။  “ ဆောရီးဆရာရေ ကျွန်တော် ထမင်းဟင်းသွားယူနေရင်းက ကုသာကုပြီးသွားတယ် ပွဲတင်ဖို့ မေ့နေတာ ”

“ ဟာ ဟုတ်တာပေါ့ ဦးခင်အောင်ရေ၊ ကျွန်တော်လည်း ဟိုအောက်လမ်းက ဝင်ပူးတော့ စိတ်က ကုချင်ဇောအားကြီးပြီး ပွဲတင်ဖို့ မေ့သွားတယ်၊ အဘတွေ ခွင့်လွှတ်တော်မူပါ ” ဟုဆိုကာ လက်အုပ်ချီလေသည်။ “ ကဲ ဦးခင်အောင်ရေ ပွဲမပါလည်း ကုလို့ရတယ်ဆိုတာ လက်တွေ့သိရပြီနော် ”

“ ဟုတ်ပါပေ့ စွမ်းပါပေ့ဆရာ ၊မိန်းမက ထမင်းဆိုင်စောင့်နေတယ်၊ သူက ဟိုစပ်စပ် ဒီစပ်စပ် လုပ်တတ်တော့ ဘယ်လိုပွဲဝယ်ရမယ်ဆိုတာ ရေးချပေးလိုက်လေရဲ့၊ လိုရင်လည်း ထပ်ပြောပါဆရာ ထပ်ဝယ်ပေးပါမယ်” “ ပြည့်စုံပါတယ်ဦးခင်အောင် ” “ ကဲ သမီး ဆရာ့ကို ထမင်းပွဲပြင်ကွယ် မြင့်သိန်းရော တခါတည်းဝင်စား အားမနာနဲ့ ”   ကိုမြင့်သိန်းမှ “ စားဖို့စောင့်နေတာလေဗျာ ”  ဟား ဟား ဟား  ပြိုင်တူ ရယ်သံများ ဆူညံသွားတော့သည်။

လေးယောက်စား စားသောက်နေခိုက် ဟင်းထည့်ပေးနေရင်းမှ ဦးခင်အောင်က “  သမီးက ဘာတွေ ပြောဖြစ်လဲ ဆရာ ”  “ အယ် အဲတာ ” “ ဟုတ်ဆရာ ပြောလိုက်ပါ မဟုတ်လည်း ကုတဲ့အခါ သိရမှာပဲ ” ဟေမာက ထိုသို့ ဝင်ပြောသဖြင့် ဆရာမောင်မောင်ကလည်း ထမင်းစားနေရင်းက ပြန်ပြောပြရလေသည်။ စားသောက်နေရင်း ထိုဖြစ်စဉ်ကို ပြန်ပြောပြရသော အနေအထားကို မြင်ကြည့်ကြပါကုန် …

“ ဒါဆို သမီးဟေမာမှာလည်း အတိုက်အခိုက် ရှိတယ်ပေါ့နော်ဆရာ ” “ အဲတာ အတိုက်အခိုက်မဟုတ်ဘူး ချစ်လို့ဗျ ”  “ သြော် ”
ထမင်းစားသောက်ပြီးနောက် ဆရာမောင်မောင်သည် ပွဲကို ကျကျနနပြင်သည်။ ပွဲမပြင်ခင် ပထမဦးစွာ ဦးခင်အောင် ဝယ်လာသော အုန်း ငှက်ပျော စသည်တို့တွင် မကောင်းမိစ္ဆာစက်များပါရှိနေလျှင် ပျက်ပြယ်သွားရအောင် ရေစင်တော်တောင်းခံ၍ ဖြတ်တောက်လေသည်။

……………………………………………………..
!!! ဟဲ့ ဒီသောကြာသမီးရဲ့ ကိုယ်တွင်းကိုယ်ပ ၃၂ ကောဌာသမှာ မလိုလားအပ်တဲ့ မကောင်းတဲ့စက်ထည့်ထားရင်လည်းကောင်း သူမနဲ့ ပတ်သက်ပြီး အခြားနေရာမှာ မိစ္ဆာစက်ဝှက်ထားလျှင်သော်လည်းကောင်း စင်္ကြဝဠာပြင်ပမှရောက်နေလျှင်သော်မှ ဘယ်နေရာမှ မရှောင်နိုင်စေရ ခုရောက်စမ်း၊ ရှိနေပါလျက် ပုန်းနေရှောင်နေလျှင် ဆိုင်ရာပိုင်ရာ ဘုန်းတန်ခိုးကြီးစေ အကြီးဆုံးကို ဂုတ်ကနေဆွဲခေါ်ခဲ့ ” ပထမ ခြေဆင်းစစ်ဆေးရာ ခြေထောက်တွင် ကပ်နေလေပြီ။ သူမ၏ ယာဖက်ခြေထောက်သည် ကြမ်းနှင့် ကပ်နေသည်။ သို့သော်ငြား မ ၍ ရနေသေးသည်။ ရှိကြောင်းကိုတော့ ပြနိုင်ပြီ။ သို့သော်ငြား ခြေထောက် မ၍ ရနေသေး၍ မိစ္ဆာ စက်အားမပြည့်သေးဟု မှတ်ရသည်။

“ ဟဲ့ မိစ္ဆာမှန်ရင် မရောက်မရှိရ၊ မီးလိုပူစမ်းကွ ”  “ ဆရာ ဆရာ သမီးဆီးစပ်က ပူတယ်ဆရာ ”
ခက်ချေပြီ။ ပေကပ်ခံနေသော မိစ္ဆာစက်မှန်လျှင် လက်နဲ့ သပ်ချလျှင် လိုက်လာရသည်ချည်းသာဖြစ်သည်။ယခုမူကား လက်နဲ့ ထိတွေ့ကိုင်တွယ်အပ်သည့်အရာ မဟုတ်ချေ။

“ ဟဲ့ အဲဒီ ပူတဲ့နေရာမှာ ခိုပုန်းနေတာပါဆိုရင်  ခြေဖဝါးမှာကပ်နေစမ်း ဆိုင်ရာက မိမိရရ ချုပ် တုပ်စေ ” ဟုဆိုကာ သူမ၏ ဆီးစပ်နေရာသို့ စိတ်ညွှတ်လျက် လက်ဖြင့် အပေါ်မှ မထိပဲအုပ်မိုးပြီး ယာခြေသို့ ပို့လေ၏။ ထိုအခါမှ သူမ၏ ယာခြေသည် သူမအားနှင့် မ၍ လုံးဝ မရတော့ပဲ ကြမ်းပြင်နှင့် ဆံချည်မျှင်မျှပင်မကွာအောင် ကပ်လေ၏။
အမှန်မှာ မိစ္ဆာစက်မှာ သူမခန္ဓာတွင် အမြဲလိုမျိုးရှိနေပြီး ဆရာမှ သတိမမူနိုင်သည့်နေရာ သတိမူမိသော်လည်း မိန်းကလေးဖြစ်၍ ဆရာမှ မထိတွေ့နိုင်သော နေရာတွင် ခိုနေ ပုန်းနေခြင်းသာဖြစ်သည်။

!!!  ဆိုင်ရာပိုင်ရာ ဘုန်းတန်ခိုးကြီးစေ ချုပ်ထား တုပ်ထား၊ သံမဏိကြိုး ဆူးကြိုးအထပ်ထပ်နဲ့ တုပ်ထားစမ်း၊ အတိုက်မှန်သမျှ အားလုံးရှင်း အကူအညီစက်မှန်သမျှ ဖြတ်တောက်ထား !!!

ခြေမှာ ကပ်နေ၍ ဆရာမောင်မောင်မှ တစ်ခုချင်းမေးမြန်းရာ မေးခွန်းကိုဖြေသော ပထမအဖြေနှင့် ထပ်မေး၍ ဖြေသော နောက်အဖြေသည် တစ်ထပ်တည်းမကျချေ။ သူမ၏ တစ်ကိုယ်လုံးကို ပူးနိုင်သလားဟု မေးရာ ပူးနိုင်သည်ဟုလည်း ဖြေသည်။ မပူးနိုင်ဟုလည်း ဖြေပြန်သည်။ ထိုသို့ ပေကပ်ခံနေသော မိစ္ဆာများကို ဆရာမောင်မောင်မှ နှိမ်ချိုးခဲ့သည်မှာ အံတိုနေပြီ။

!!!  သြော် မင်းက ငါ့ကို ပညာစမ်းတာပေါ့ ဟုတ်လား ငါက ပယောဂကုနေတာ ကြာလှပေါ့ ။ အေးအေးဆေးဆေးပြောလို့မရတဲ့  မင်းလိုကောင်မျိုး ငါဆုံးမလာတာ များပြီကွ တစ်ကိုယ်လုံး ပူးမလား မပူးဘူးလား? ပူးမယ် ပူးချင်စိတ်ရှိတယ်ဆိုရင် ယာခြေကပ်ထားစမ်း ဆိုင်ရာပိုင်ရာက စိစစ်ထားစေ !!!
မ ခိုင်းရာ သူမ၏ ယာခြေသည် ပေါ့ပါးစွာ မြောက်တက်လာသည်။

!!! ဟေ့ တစ်ကိုယ်လုံး ပူးနိုင်လျက်နဲ့ မပူးချင်တာဆိုရင် ယာခြေ ကပ်စမ်း !!! ကပ်၍နေသည်။ ဒါဆိုရင်တော့ တစ်ဖက်မိစ္ဆာမှ စိန်ခေါ်သလို လုပ်နေချေပြီ။ “ ကဲ သမီး ဆရာ့ဖက်လှည့် လက်အုပ်ချီထား ” “ သမီးကြောက်တယ်ဆရာ ဟို နောက်ပြီးတော့ အခု ယားနေတယ် ” “ မကြောက်နဲ့ သမီး အေးဆေးပါ ”

!!! ဟဲ့ တစ်ကိုယ်လုံးပူးနိုင်လျက် စက်အားကောင်းပါလျက် ပေကပ်ခံနေတဲ့ မိစ္ဆာကို မောင်းသွင်းလိုက်စမ်း၊ အိမ်တွင်း ဦးတင့်တယ်ရဲ့ ဘုန်းတန်ခိုးက ဒီမိစ္ဆာထက် အခုကုနေစဉ် အဆမတန်ကွာပြီး သာလွန်စေ၊ ကုပြီးနောက်လည်း ဒီမိစ္ဆာက ဦးတင့်တယ်ကို မလွန်နိုင်စေရ၊ ဟဲ့ ကျောကနေ ဆောင့်ကန်သွင်းလိုက်စမ်း ၊ အရေ အရေချင်းထပ် အသားအသားချင်းထပ် အရိုးအရိုးချင်းထပ် ၃၂ ကောဌာသမှာ ကာယကံရှင်ရဲ့ အသက်နဲ့ခန္ဓာကိုု တစ်စက်ကလေးမှ ဆက်လက်ထိပါးစေနိုင်ခြင်း မရှိစေရပဲ ဝင်ပူးနိုင်စေ။ ဆောင့်ကန်သွင်းချလိုက် !!!

ထိုအခါတွင် ခပ်ငိုက်ငိုက်အနေအထားဖြင့် လက်အုပ်ချီနေသော ပုဆစ်တုပ်ထိုင်နေသော ဟေမာသည် ကျောကော့၍သွားပြီး မျက်လုံးကြီး ပြူးထွက်လာလေသည်။ တစ်ဆက်တည်းမှာပင် ဆရာမောင်မောင် ပစ်တောက်လိုက်သော ရေစင်တော်သည် ဟေမာ့မျက်နှာအား ထိမှန်၍ နောက်ကို ပက်လက်လန်လဲကျသွားတော့၏။ ပုဆစ်ကား တုပ်လျက်ပင်ဖြစ်သည်။

“ ဟဲ့ ကြိုးပိုင် ကြိုးနဲ့ လည်ပင်းကို ချည် အပေါ်မ တင်ပေးလိုက် ခါးမတ်သွားအောင်လို့ ” ဟုဆိုလိုက်ရာ ဟေမာခန္ဓာကိုယ်သည် ရုတ်တရက်ချက်ချင်းဆိုသလို မည်သူက ပင့်တင်ပေးလိုက်သည်ကို မမြင်ရပါပဲ ပြန်မတ်လာလေသည်။

!!! ကဲ ငါ စကားအေးအေးဆေးဆေး ပြောမယ်ကွ ၊ မင်းကို ငါ မနှိပ်စက်ချင်ဘူး၊ မင်း ဘာလဲ၊ ဘာလို့ လုပ်တာလဲ၊ ဘယ်နေရာမှာ လုပ်ထားလဲ  ဟဲ့ ကြိုးပိုင် လက်ပြန်ကြိုးတုပ်ထား သေချာချည် !!!

ဟေမာသည် ပုဆစ်တုပ် မိန်းမတွေထိုင်နေလျက် လက်များ နောက်ပစ်အနေအထား ဖြစ်သွားတော့၏။
“ငါ လုပ်ထားတဲ့နေရာ မင်းသိသလိုပဲ၊ ငါဘာလို့လုပ်တာလဲ ဆိုတာလည်း မင်းသိပြီးသားပဲ မင်းလုပ်စရာရှိတာသာလုပ် ငါကတော့ ထပ်ပြီးလုပ်မှာ ” “ အေး ငါ စောစောက တစ်ယောက်ကို ကုထားတာ သွေးပူနေတုန်းပဲ ၊ မင်း ကောင်းကောင်းဖြေ နားလည်တတ်ရင် အနာသက်သာမယ် ငါ့ကို အပ်ပြီးသား ”

“ ချစ်လို့လုပ်တာကွ၊ ငါသူ့ကို ချစ်လို့ ” “ မင်းက ကိုယ်တိုင် ပညာသည်လား ” “ အေး”
“အသက်ဘယ်လောက်ရှိပြီလဲ ”  “ ၄၀ ကျော် ” “ ဘာပညာနဲ့ လုပ်တာလဲ ”
“ မင်းက ဆရာလုပ်နေပြီး ဒါတွေ မသိဘူးလား ငါတောင် မင်းရောက်နေကတည်းက သိတယ် မင်းဘာကောင်လဲဆိုတာကို ” “ ငါသိပေမယ့် ကာယကံရှင်တွေ သိဖို့လိုသေးတယ်ကွ မင်းဆက်မဖြေဘူးလား ”
“ မဖြေဘူးကွာ ”

!!! ဟဲ့ ဆင်ပိုင် အားအပြည့်နဲ့ ဟောဒီမိစ္ဆာကို နောက်ကနေ လည်ပင်းကို နင်းထား မသေစေနဲ့ ၊ သောကြာသမီးကို မထိစေရ၊ ”
“ ဒုန်း” ဟေမာမှာ ရှေ့ကို ငိုက်ကျသွားပြီး ကြမ်းနဲ့ နဖူး တိုက်မိလေသည်။

“ ဟဲ့ ကြိုးပိုင်  နောက်ကနေ ကြိုးချည်ပြီး ခန္ဓာကို ပြန်မတ်၊ ခေါင်းမတ်သွားတာနဲ့ ဆင်ပိုင်ပြန်နင်း ၁၀ ကြိမ်လုပ် မသေစေနဲ့ ” သို့နှင့် ဟေမာသည် လက်ပြန်ကြိုးတုပ်လျက် ပုဆစ်တုပ်အနေအထား ကြမ်းပြင်ကို နဖူးဖြင့် ဆောင့်နေလေရာ သုံးကြိမ်မြောက်ခန့်တွင် ဦးခင်အောင်မှ ဝင်၍ “ဆရာရယ် ကျွန်တော့်သမီးလေး နာနေပါဦးမယ်၊ အဲဒီလို ကုနည်းနဲ့တော့ မကုပါနဲ့လား ”

“ သမီး ဟေမာကို မထိပါဘူး ဦးခင်အောင်။ မပူပါနဲ့ ၊ အချို့မိစ္ဆာများ တယ်လက်ပေါက်ကပ်တယ်ဗျ။ မေတ္တာပေးပြီး ကုလို့မရဘူး။ မေတ္တာပေးရင် မလိုချင်သူမရှိပါဘူးလို့တော့ ပြောကြတာပဲ။ တကယ်လည်း မေတ္တာပို့တာကို မလိုချင်သူ မရှိပါဘူး။ ဒါပေသိ ကိုယ်ပေးတဲ့ မေတ္တာကိုသာ ဝမ်းပန်းတသာ ယူပြီး ပြန်ကြပေမယ့် ဆက်ပြီး ဒုက္ခပေးတဲ့ မိစ္ဆာက များတယ်။ မယုံရဘူးဗျ ” “ သမီး နဖူးမှာ ရဲပြီး သွေးစို့နေသလားလို့ဆရာရယ် စိတ်ပူလို့ပါ ”
ထိုအခိုက် ကြမ်းနှင့် နဖူးတိုက်တာ ၁၀ ချက်ပြည့်သွား၍ ဆက်မတိုက်ပဲရပ်နေလေသည်။ ဟေမာ့နဖူးကား သွေးစများပင် ထွက်လာသည်။

!!! ဟဲ့ မိစ္ဆာ နင့်အတွက်ပေးတဲ့ ဒဏ် နင်ပဲ ကိုယ်တိုင် အပြည့်ခံဟ ၊ ဝေဒနာပါသိမ်း !!! ဟု ဆရာမောင်မောင်မှ ဆိုလိုက်ရာ မိစ္ဆာမှ လက်ဖြင့် နဖူးကို သပ်ချလိုက်သောအခါ ဟေမာ့ နဖူးပြင်တွင် ပကတိအကောင်းအတိုင်း သွေးမထွက်တော့ပေ။ ဦးခင်အောင်မှာ ပါးစပ်အဟောင်းသားဖြင့် ထိုင်ကြည့်နေလေတော့သည်။

!!! နောက်ထပ် ငါ ဆုံးမရဦးမှာလား ဟေ့ ဝင်ပူးနေတဲ့ကောင် !!!
“ မင်း ဘာသိချင်တာတုန်း ” “ မင်း ဘာပညာနဲ့ ဘယ်လို လုပ်ထားလဲ တိတိကျကျ မချွင်းမချန်ဖြေစမ်း ၊ သူ့အဖေကို လုပ်ထားတဲ့ အောက်လမ်းနဲ့ အတူတူပဲလား မင်းပဲလား” “ မြန်မာပြည်မှာ အောက်လမ်းဆရာ အဲသလောက်မရှားပါဘူး၊ မင်းပြောတဲ့ကောင်ရဲ့ အဆင့်အတန်းကတော့ ငါပျင်းသေးတယ် ” “ ထားတော့ကွာ မင်း ကလေးမကို ဘယ်လိုလုပ်သလဲ ပြော ”

“ ငါ သူနဲ့ ပုံစံတူအရုပ်တစ်ခု ဖန်တီးတယ်။ သူဆံပင်ညှပ်တဲ့ဆိုင်ကို လိုက်သွားပြီး ဆံပင်ကို ယူတယ်၊ သူ့အဝတ်အဟောင်းတစ်စုံကိုလည်း ရအောင်ယူတယ်။ အရုပ်မှာ ပတ်တယ်။ ငါ ဆန္ဒရှိချိန်မှာ အရုပ်ကို ကလိတယ်၊ အဲဒီနောက် ငါ့ စိတ်က ကလေးမဆီကို သွားတယ်ကွာ အဲမှာ ငါ့စိတ်ကြိုက်လုပ်ဖို့ ငါ့တပည့် သရဲတွေက ကလေးမကို ချုပ်ပေးကြတယ် ဒါပဲ ”

“ မင်းက အောက်လမ်းပဲမလား ” “ အေး ” “ ဒါနဲ့ မင်း ဒီကလေးမရဲ့ (…..) ကို လျာနဲ့လျက်သေးသလား ”
“ အာ … ဟုတ်တယ်ကွာ ဟုတ်တယ် လျက်တယ်၊ ဘာဖြစ်လဲ၊ အဲလိုဟာက ငါ့အတွက် မဟာအစွမ်းကိုရတယ် ဒါပဲကွာ ” “  မင်း ဒီသောကြာသမီးကို စွန့်လွှတ်လိုက်တော့ မင်းအသက်က ၄၀ ကျော်ဆိုတော့ အသက်ကလည်း ကွာပါတယ်ကွာ ”  “ ………………”  “ အိမ်ထောင်နဲ့လား ” “ လူပျိုကွ ” “ မင်းလား လူပျိုဆိုတာ ဟဟ ” “ အိမ်ထောင်မရှိဘူး ”

“ မင်းတကယ်ချစ်တယ်ဆိုရင် အပြင်မှာ လိုက်ပြော ဒါက သဘာဝကျသလို အဲဒီအခွင့်အရေးလည်း မင်းမှာ ရှိတယ် ” “ အခုဒီလိုလုပ်တာကလည်း ငါ့အခွင့်အရေးပဲလေကွာ အပြင်မှာ လိုက်ပြောရအောင်ကလည်း အသက်က ကွာနေတော့ ငါ့ ဘယ်လိုလုပ်ပြန်ကြိုက်မလဲ ” “ မင်းဟာက သဘာဝအခွင့်အရေးမဟုတ်ဘူးကွ၊ မင်းပညာတတ်တယ် လုပ်လို့ရတယ်ဆိုပြီး လုပ်နေတာ။ ငါ သတိပေးတယ်၊ နောက်မှ ငါ့အဆိုးမဆိုနဲ့ မင်းလုပ်ထားတာ အကုန်ရှင်း၊ မင်းလုပ်ထားတာ မကုန်သ၍ မင်းရဲ့ ငယ်ပါကို ငါ သားရေပင်နဲ့ ချည်ထားသလို ဖြစ်စေ။ မသေစေရ ”

ထိုအခါ လူတစ်ယောက်မှ စူးရှစွာ အော်သောအသံကို အပြင်မှာပင် အားလုံး ကြားရလေသည်။ ထိုအချင်းအရာကို ထောက်၍ အောက်လမ်းဆရာသည် ထိုပတ်ဝန်းကျင်ကပဲ ဖြစ်လိမ့်မည်ဟု တွက်ဆသည်။ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြားအောင် အော်နေသောကြောင့် ဆရာမောင်မောင်မှ “ နည်းနည်းလျှော့ပေးလိုက် ဒါပေမယ့် သားရေပင်နဲ့ ချည်သလို ဝေဒနာက ဆစ်ဆစ် ဆစ်ဆစ်နဲ့ ရှိနေပစေ၊ ကလေးမပယောဂ အားလုံးစင်ရင် မင်းဝေဒနာ ပျောက်စေ နောက်တစ်ကြိမ်ထပ်လုပ်ဖို့ စိတ်ကူးတာနဲ့ သားရေပင် အလိုလိုရောက်ပြီး တာဝန်ထမ်းဆောင်စေ မဖြုတ်နိုင်စေရ ကဲ သစ္စာရေသောက်စမ်း၊ ဘုရား ဦးတိုက် အဘတွေဦးတိုက် ငါ့ကိုဦးတိုက် ၊ နောက်တစ်ခါဆိုရင် ငါ တခါတည်း သင်းကွပ်ပစ်မယ် ” သို့နှင့်ဆရာမောင်မောင်သည် ထိုအောက်လမ်းအား သစ္စာရေတိုက်၍ ကုန်စင်ပြီဆိုတာသေချာမှ ပြန်လွှတ်လိုက်လေတော့သည်။

ဦးခင်အောင်တို့ မိသားစုသည်လည်း ဆရာမောင်မောင်အား ကျေးဇူးတင်မဆုံး ရှိကြလေသည်။
“ ကဲ ကိုမြင့်သိန်းရေ ခင်ဗျားကောင်းမှုကြောင့် သတ္တဝါကယ်ခွင့်ရပါတယ်။ ကျေးဇူးတင်ပါတယ် ”
အားလုံးရဲ့ မျက်နှာမှာ အပြုံးကိုယ်စီဖြင့် ရှိနေလေတော့သတည်း ……

ဖိုးသူတော် (www.phothutaw.com)
Credit: Ko Ko Hnin Maung
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top