ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

တန္ေဆာင္မုန္းလျပည့္(ႏိုဝင္ဘာလ၃ရက္ညပိုင္း)ႏွင့္နံနက္အေစာၾကီးပိုင္း(ႏိုဝင္ဘာလ၄)ညပိုင္းတြင္ ဓေလ့တစ္ခုအျဖစ္ က်ီးမႏိုးပဲြကို လူငယ္အမ်ားစု ျပဳလုပ္ေလ့ရွိရာ မုံရြာျမိဳ႔တြင္ အမႈဖြင့္ရသည္အထိ ခိုက္ရန္ျဖစ္ပြားမႈ မေတာ္တဆမႈ မရိွခ့ဲေသာ္လည္း မုံရြာျပည့္သူ႔ေဆးရံုၾကီးျပင္ပလူနာဌာနသို႔ လူနာ ၄၅ဦး ေရာက္ရွိ ေဆးကုသေပးရေၾကာင္း ျပင္ပလူနာဌာနစာရင္းမ်ားအရ သိရသည္။

``မုံရြာျမိဳ႔ရဲ႔ တန္ေဆာင္မုန္းလျပည့္ ညဓေလ့က က်ီးမႏိုးပဲြအျဖစ္လူငယ္ေတြအေနနဲ႔ ေသာက္စားၾကျပီး အေပ်ာ္အပါးအေနနဲ႔ ပစၥည္းေတြ ဟိုေရြ႔ဒီေရြ႔ နဲ႔လုပ္တယ္လို႕သတင္း ရတ့ဲအတြက္ လွည့္ကင္းကို ညည့္ဦးပိုင္းအေနနဲ႔ ၂ဖဲြ႔ ညည္႔နက္ပိုင္း၁ဖဲြ႔ လွည့္ပါတယ္။ ညည့္နက္ပိုင္းကိုလုပ္တယ္လိုသတင္းရတ့ဲအတြက္ မေန႔ညလျပည့္ညမွာ တစ္ဖဲြ႔တိုးျပီးလွည့္ကင္းေဆာက္ရြက္ခ့ဲပါတယ္။ညည္႔နက္ပိုင္း၂ဖဲြ႔ကို က်ြန္ေတာ္ကိုယ္တိုင္ဦးစီးျပီးေတာ့ ည၁၂နာရီမွာစတင္လွည့္ပါတယ္။ ၁၉ဦးတိတိကို ပညာေပးေဆာင္ရြက္ခ့ဲပါတယ္။ က်ြန္ေတာ္တို႔အေနနဲ႔ေစာေစာစီးစီးလုပ္ႏိုင္တ့ဲအတြက္မႈခင္းအေနနဲ႔ ညဖက္မွာ ခိုက္ရန္ျဖစ္ပြားမႈနဲ႔ ပါတ္သက္ျပီး တစ္မႈမွ ဖြင့္ခ့ဲတာမရွိခ့ဲပါဘူး။ ထိခိုက္ဒါဏ္ရာရတာ နည္းနည္းပါးပါးေတာ့ ျဖစ္တယ္လို႔ၾကားပါတယ္။ အမႈဖြင့္တာေတာ့ မရွိပါဘူး။´´

ဟုမုံရြာျမိဳ႔ ျမိဳ႔မရဲစခန္းမႈး ဒုတိယရဲမႈးက်င္စိန္ ကေျပာၾကားသည္။ အေမွာင္ရိပ္ခိုကာ က်ီးမႏိုးပဲြအျဖစ္ျပဳလုပ္ၾကသည့္ လူငယ္မ်ား၏ တစ္လဲြေပ်ာ္ရႊင္ေနမႈပုံစံကို မုံရြာျမိဳ႔ွခံလူရြယ္တစ္ဦးကသုံးသပ္ျပရာတြင္
`` မုံရြာကမ္းနားလမ္းတစ္ေလ်ာက္ အပန္းေျဖစရာ လုပ္ထားတ့ဲ ေနရာေတြမွာသူတို႔ ေလးေတြဟာတစ္လဲြလုပ္ေဆာင္တာေတြေတြ႔ရတယ္။ ဘီယာဗူးေတြယူလာတယ္။ ေသာက္တယ္။ အမိႈက္ေတြစြန္႔တယ္။ ျမိဳ ့ကိုအက်ည္းတန္ေစတ့ဲ အေနအထားကိုေတြ႔ရတ့ဲအတြက္ သူတို႔ကိုလမ္းမွန္ေရာက္ေအာင္ အခိိ်န္မီတားဆီးႏိုင္တာ ေတြ႔ရပါတယ္။ ေနာက္ပိုင္း အက်ိဳးဆက္က အရက္မူးလြန္ျပီး ဆိုင္ကယ္တိုက္တာေမွာက္တာေတြ မရွိသလို အခ်င္းခ်င္းသည္းမခံႏိုင္တ့ဲ ခိုက္ရန္ျဖစ္ပြားမႈၾကီးေတြမရွိခ့ဲပါဘူး။´´ဟု သူ႔အျမင္ကုိ ေျပာျပပါသည္။

တန္ေဆာင္မုန္းလျပည့္ည အေပ်ာ္အပါးေသာက္စားၾကေသာ လူငယ္မ်ား၏ အေျခအေနကို မုံရြာျမိဳ႔မရဲစခန္းရဲအရာရွိတစ္ဦးက သုံးသပ္ေျပာျပရာတြင္ --
`` ကမ္းနားလမ္းတစ္ေလ်ာက္ အေပ်ာ္အပါးအေနနဲ႔ ဘီယာေသာက္အရက္ေသာက္ တဲ႔ကေလးေတြကို ပညာေပးအေနနဲ႕ေခၚယူတယ္။ အိမ္ကိုျပန္ဖို႔ေျပာတယ္။ တခ်ိဳ႔က မ ေခ်မငံေလးေတြျပန္ေျပာတာရွိတယ္။ သူတို႔ကိုေတာ့ မိဘအုပ္ထိန္းသူေတြကိုအ ေၾကာင္းၾကားျပီးသူတို႔ေနာက္မျဖစ္ေအာင္ မိဘလက္ထဲျပန္အပ္တာေတြလုပ္ခ့ဲပါတယ္။´´ဟုရွင္းျပသည္။

မုံရြာျပည္သူ႔ေဆးရံုၾကီးျပင္ပလူနာလက္ခံဌာနသို႔ ႏိုဝင္ဘာလ ၃ရက္ည ၁၂နာရီမထိုးခင္ ကာလအထိ လူနာ၂၇ဦးႏွင့္၁၂နာရီေနာက္ပိုင္း ႏုိဝင္ဘာလ ၄ရက္တြင္ လူနာ၁၈ဦး စုစုေပါင္း ၄၅ဦးသည္ခိုက္ရန္ျဖစ္ပြားျခင္းႏွင့္ ဆိုင္ကယ္လဲမႈ ဆိုင္ကယ္တိုက္မႈမ်ား ေၾကာင့္ ေရာက္ရွိလာေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#

တန်ဆောင်မုန်းလပြည့်(နိုဝင်ဘာလ၃ရက်ညပိုင်း)နှင့်နံနက်အစောကြီးပိုင်း(နိုဝင်ဘာလ၄)ညပိုင်းတွင် ဓလေ့တစ်ခုအဖြစ် ကျီးမနိုးပွဲကို လူငယ်အများစု ပြုလုပ်လေ့ရှိရာ မုံရွာမြို့တွင် အမှုဖွင့်ရသည်အထိ ခိုက်ရန်ဖြစ်ပွားမှု မတော်တဆမှု မရှိခဲ့သော်လည်း မုံရွာပြည့်သူ့ဆေးရုံကြီးပြင်ပလူနာဌာနသို့ လူနာ ၄၅ဦး ရောက်ရှိ ဆေးကုသပေးရကြောင်း ပြင်ပလူနာဌာနစာရင်းများအရ သိရသည်။

``မုံရွာမြို့ရဲ့ တန်ဆောင်မုန်းလပြည့် ညဓလေ့က ကျီးမနိုးပွဲအဖြစ်လူငယ်တွေအနေနဲ့ သောက်စားကြပြီး အပျော်အပါးအနေနဲ့ ပစ္စည်းတွေ ဟိုရွေ့ဒီရွေ့ နဲ့လုပ်တယ်လို့သတင်း ရတဲ့အတွက် လှည့်ကင်းကို ညည့်ဦးပိုင်းအနေနဲ့ ၂ဖွဲ့ ညည့်နက်ပိုင်း၁ဖွဲ့ လှည့်ပါတယ်။ ညည့်နက်ပိုင်းကိုလုပ်တယ်လိုသတင်းရတဲ့အတွက် မနေ့ညလပြည့်ညမှာ တစ်ဖွဲ့တိုးပြီးလှည့်ကင်းဆောက်ရွက်ခဲ့ပါတယ်။ညည့်နက်ပိုင်း၂ဖွဲ့ကို ကျွန်တော်ကိုယ်တိုင်ဦးစီးပြီးတော့ ည၁၂နာရီမှာစတင်လှည့်ပါတယ်။ ၁၉ဦးတိတိကို ပညာပေးဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့စောစောစီးစီးလုပ်နိုင်တဲ့အတွက်မှုခင်းအနေနဲ့ ညဖက်မှာ ခိုက်ရန်ဖြစ်ပွားမှုနဲ့ ပါတ်သက်ပြီး တစ်မှုမှ ဖွင့်ခဲ့တာမရှိခဲ့ပါဘူး။ ထိခိုက်ဒါဏ်ရာရတာ နည်းနည်းပါးပါးတော့ ဖြစ်တယ်လို့ကြားပါတယ်။ အမှုဖွင့်တာတော့ မရှိပါဘူး။´´

ဟုမုံရွာမြို့ မြို့မရဲစခန်းမှုး ဒုတိယရဲမှုးကျင်စိန် ကပြောကြားသည်။ အမှောင်ရိပ်ခိုကာ ကျီးမနိုးပွဲအဖြစ်ပြုလုပ်ကြသည့် လူငယ်များ၏ တစ်လွဲပျော်ရွှင်နေမှုပုံစံကို မုံရွာမြို့ှခံလူရွယ်တစ်ဦးကသုံးသပ်ပြရာတွင်
`` မုံရွာကမ်းနားလမ်းတစ်လျောက် အပန်းဖြေစရာ လုပ်ထားတဲ့ နေရာတွေမှာသူတို့ လေးတွေဟာတစ်လွဲလုပ်ဆောင်တာတွေတွေ့ရတယ်။ ဘီယာဗူးတွေယူလာတယ်။ သောက်တယ်။ အမှိုက်တွေစွန့်တယ်။ မြို့ကိုအကျည်းတန်စေတဲ့ အနေအထားကိုတွေ့ရတဲ့အတွက် သူတို့ကိုလမ်းမှန်ရောက်အောင် အခိျိန်မီတားဆီးနိုင်တာ တွေ့ရပါတယ်။ နောက်ပိုင်း အကျိုးဆက်က အရက်မူးလွန်ပြီး ဆိုင်ကယ်တိုက်တာမှောက်တာတွေ မရှိသလို အချင်းချင်းသည်းမခံနိုင်တဲ့ ခိုက်ရန်ဖြစ်ပွားမှုကြီးတွေမရှိခဲ့ပါဘူး။´´ဟု သူ့အမြင်ကို ပြောပြပါသည်။

တန်ဆောင်မုန်းလပြည့်ည အပျော်အပါးသောက်စားကြသော လူငယ်များ၏ အခြေအနေကို မုံရွာမြို့မရဲစခန်းရဲအရာရှိတစ်ဦးက သုံးသပ်ပြောပြရာတွင် --
`` ကမ်းနားလမ်းတစ်လျောက် အပျော်အပါးအနေနဲ့ ဘီယာသောက်အရက်သောက် တဲ့ကလေးတွေကို ပညာပေးအနေနဲ့ခေါ်ယူတယ်။ အိမ်ကိုပြန်ဖို့ပြောတယ်။ တချို့က မ ချေမငံလေးတွေပြန်ပြောတာရှိတယ်။ သူတို့ကိုတော့ မိဘအုပ်ထိန်းသူတွေကိုအ ကြောင်းကြားပြီးသူတို့နောက်မဖြစ်အောင် မိဘလက်ထဲပြန်အပ်တာတွေလုပ်ခဲ့ပါတယ်။´´ဟုရှင်းပြသည်။

မုံရွာပြည်သူ့ဆေးရုံကြီးပြင်ပလူနာလက်ခံဌာနသို့ နိုဝင်ဘာလ ၃ရက်ည ၁၂နာရီမထိုးခင် ကာလအထိ လူနာ၂၇ဦးနှင့်၁၂နာရီနောက်ပိုင်း နိုဝင်ဘာလ ၄ရက်တွင် လူနာ၁၈ဦး စုစုပေါင်း ၄၅ဦးသည်ခိုက်ရန်ဖြစ်ပွားခြင်းနှင့် ဆိုင်ကယ်လဲမှု ဆိုင်ကယ်တိုက်မှုများ ကြောင့် ရောက်ရှိလာကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top