(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ယခုရက္ပိုင္းအတြင္း လူမွုကြန္ယက္အြန္လိုင္းတြင္ ပ်ံ႕ႏွံ့လ်က္ရွိေသာ ကင္ဆာျဖစ္ေစနိုင္ေသာ ငါးဥအျဖဴသတိေပးခ်က္၏ သတင္းရင္းျမစ္အမွန္မွာ တူနီးရွားနိုင္ငံတြင္ စတင္ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။
တူနီးရွားနိုင္ငံသည္ ေျမထဲပင္လယ္နဲ႔ ထိစပ္ေနေသာ ပင္လယ္ဆိပ္ကမ္းနိုင္ငံျဖစ္ၿပီး ယင္းနိုင္ငံ၏ ပင္လယ္ဆိပ္ကမ္းၿမိဳ႕ျဖစ္ေသာ “Nabeaul” ၿမိဳ႕တြင္ ငါးေသတၱာငါးမ်ားထဲမွာ ငါးဥပုံသ႑န္ အျဖဴေရာင္ဥမ်ား အေထြးလိုက္ေတြ႕ရွိခဲ့ၿပီး စားသုံးသူမ်ား အထိတ္တလန႔္ ျဖစ္ေစခဲ့ျခင္းျဖစ္သည္။

ယခုႏွစ္ ေအာက္တိုဘာလအတြင္းက ေတြ႕ရွိခဲ့ေသာ အဆိုပါ ငါးဥမ်ိဳးကို တူနီးရွားႏွင့္ ထိစပ္လၽွက္ရွိေသာ အယ္လ္ဂ်ီးရီးယားနိုင္ငံတြင္လည္း အလားတူစြာေတြ႕ရွိခဲ့သျဖင့္ အယ္လ္ဂ်ီးရီးယား က်န္မားေရးေကာ္မတီအဖြဲ႕စည္းက သုေတသနျပဳလုပ္ခဲ့ရာ “ကပ္ပါးပိုး” ေၾကာင့္ ျဖစ္ရေၾကာင္း ေလ့လာေတြ႕ရွိခဲ့ရသည္။

အဆိုပါငါးဥသ႑န္ အျဖဴေရာင္ဥမ်ားကို ဖယ္ရွားၿပီးမွ စားေသာက္မည္ဆိုပါက လူရဲ့က်န္းမာေရးကို ထိခိုက္ျခင္းမရွိေၾကာင္း အယ္လ္ဂ်ီးရီးယား က်န္းမာေရးအဖြဲ႕က သတိျပဳမိခဲ့သည္။
ယခုကဲ့သို႔ ငါးမ်ားတြင္ ကပ္ပါးပိုး ပ်ံ႕ႏွံ့ကူးစက္ျခင္းသည္ ငါးသားေပါက္ရာသီႏွင့္ ငါး၏အရြယ္အစားေပၚမွုတည္တဲ့အတြက္ အခုလိုရာသီမ်ိဳးမွာ အမ်ားအျပား ေတြ႕ရွိေနရျခင္းျဖစ္ေၾကာင္း၊ မ်ားေသာအားျဖင့္ အရြယ္အစား ၁၀ စင္တီမီတာနဲ႔ ၁၂ စင္တီမီတာၾကား ငါးေသတၱာငါး အေသးေလးေတြမွာ ေတြ႕ရေၾကာင္း က်န္းမာေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ရွင္းျပခဲ့သည္။

စားသုံးသူမ်ားကာကြယ္ေရးအဖြဲ႕တူနီရွားကေတာ့ အဆိုပါျဖစ္စဥ္အတြက္ စိုးရိမ္ပူပန္လၽွက္ရွိၿပီး ဘာေၾကာင့္ျဖစ္ရတယ္ဆိုတာအေပၚ အာ႐ုံစိုက္လၽွက္ရွိပါတယ္။ လက္ရွိမွာ ေရသတၱဝါဇီဝေဗဒပညာရွင္မ်ား အဖြဲ႕ဖြဲ႕ကာ ဘာေၾကာင့္ျဖစ္ရတယ္ဆိုတဲ့ အရင္းျမစ္ကို ရွာေဖြစုံစမ္းလၽွက္ရွိေၾကာင္း သိရွိရသည္။ အၾကမ္းမ်ဥ္းအားျဖင့္ ပင္လယ္ေရထု ညစ္ညမ္းရာကေန ျဖစ္ေပၚလာတယ္လို႔ ေကာက္ခ်က္ခ်ထားပါတယ္။
သတိဆိုတာပိုသည္မရွိတဲ့အတြက္ေၾကာင့္ ပညာရွင္မ်ားထံမွ တိက်ေသခ်ာေသာ အေျဖမထြက္မီ ငါးမ်ားတြင္ ယခုကဲ့သို႔ ေတြ႕ရွိခဲ့ပါက ေရွာင္ရွားဝယ္ယူစားသုံးဖို႔ အႀကံေပးလိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay
#Unicode Version#
ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်အွန်လိုင်းတွင် ပျံ့နှံ့လျက်ရှိသော ကင်ဆာဖြစ်စေနိုင်သော ငါးဥအဖြူသတိပေးချက်၏ သတင်းရင်းမြစ်အမှန်မှာ တူနီးရှားနိုင်ငံတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
တူနီးရှားနိုင်ငံသည် မြေထဲပင်လယ်နဲ့ ထိစပ်နေသော ပင်လယ်ဆိပ်ကမ်းနိုင်ငံဖြစ်ပြီး ယင်းနိုင်ငံ၏ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော “Nabeaul” မြို့တွင် ငါးသေတ္တာငါးများထဲမှာ ငါးဥပုံသဏ္ဍန် အဖြူရောင်ဥများ အထွေးလိုက်တွေ့ရှိခဲ့ပြီး စားသုံးသူများ အထိတ်တလန့် ဖြစ်စေခဲ့ခြင်းဖြစ်သည်။

ယခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရှိခဲ့သော အဆိုပါ ငါးဥမျိုးကို တူနီးရှားနှင့် ထိစပ်လျှက်ရှိသော အယ်လ်ဂျီးရီးယားနိုင်ငံတွင်လည်း အလားတူစွာတွေ့ရှိခဲ့သဖြင့် အယ်လ်ဂျီးရီးယား ကျန်မားရေးကော်မတီအဖွဲ့စည်းက သုတေသနပြုလုပ်ခဲ့ရာ “ကပ်ပါးပိုး” ကြောင့် ဖြစ်ရကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။

အဆိုပါငါးဥသဏ္ဍန် အဖြူရောင်ဥများကို ဖယ်ရှားပြီးမှ စားသောက်မည်ဆိုပါက လူရဲ့ကျန်းမာရေးကို ထိခိုက်ခြင်းမရှိကြောင်း အယ်လ်ဂျီးရီးယား ကျန်းမာရေးအဖွဲ့က သတိပြုမိခဲ့သည်။
ယခုကဲ့သို့ ငါးများတွင် ကပ်ပါးပိုး ပျံ့နှံ့ကူးစက်ခြင်းသည် ငါးသားပေါက်ရာသီနှင့် ငါး၏အရွယ်အစားပေါ်မှုတည်တဲ့အတွက် အခုလိုရာသီမျိုးမှာ အများအပြား တွေ့ရှိနေရခြင်းဖြစ်ကြောင်း၊ များသောအားဖြင့် အရွယ်အစား ၁၀ စင်တီမီတာနဲ့ ၁၂ စင်တီမီတာကြား ငါးသေတ္တာငါး အသေးလေးတွေမှာ တွေ့ရကြောင်း ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။

စားသုံးသူများကာကွယ်ရေးအဖွဲ့တူနီရှားကတော့ အဆိုပါဖြစ်စဉ်အတွက် စိုးရိမ်ပူပန်လျှက်ရှိပြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတာအပေါ် အာရုံစိုက်လျှက်ရှိပါတယ်။ လက်ရှိမှာ ရေသတ္တဝါဇီဝဗေဒပညာရှင်များ အဖွဲ့ဖွဲ့ကာ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အရင်းမြစ်ကို ရှာဖွေစုံစမ်းလျှက်ရှိကြောင်း သိရှိရသည်။ အကြမ်းမျဉ်းအားဖြင့် ပင်လယ်ရေထု ညစ်ညမ်းရာကနေ ဖြစ်ပေါ်လာတယ်လို့ ကောက်ချက်ချထားပါတယ်။
သတိဆိုတာပိုသည်မရှိတဲ့အတွက်ကြောင့် ပညာရှင်များထံမှ တိကျသေချာသော အဖြေမထွက်မီ ငါးများတွင် ယခုကဲ့သို့ တွေ့ရှိခဲ့ပါက ရှောင်ရှားဝယ်ယူစားသုံးဖို့ အကြံပေးလိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top