Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 မေကြးတုိင္း ေအာင္ လံၿမိဳ႕ ေရႊေညာင္ပင္ေက်းရြာအ နီးတြင္ ႏုိ၀င္ဘာ ၁၂ ရက္ ညေန က ရထားႏွင့္ ကားတုိက္မိမႈ ျဖစ္ပြားၿပီး လူငါးဦးထိခိုက္ဒဏ္ရာရရွိကာ ေအာင္လံျပည္သူ႔ေဆး႐ုံသို႔ တင္ပုိ႔ကုသရေၾကာင္း ေအာင္လံၿမိဳ႕နယ္ ရဲတပ္ဖဲြ႕မွတာ၀န္က်ရဲ အရာရွိက ေျပာသည္။

ေနျပည္ေတာ္မွ ျပည္ၿမိဳ႕သို႔ ေမာင္းႏွင္လာေသာ   ေနျပည္ ေတာ္အဆန္ရထားႏွင့္ ေအာင္လံ ၿမိဳ႕မွ သီးႏွံေရာင္း၀ယ္ၿပီး  ေက်း ရြာသို႔ျပန္လာေသာ    ကားတုိ႔ ေအာင္လံၿမိဳ႕ေျမာက္ဘက္  ေရႊ ေညာင္ပင္ေက်းရြာအနီး  ရထား လမ္းကူးတြင္ တုိက္မိကာ  ကား ေပၚပါလာသည့္ ခရီးသည္ငါးဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ၎ က ေျပာသည္။

 ‘‘ရထားက မီးလုံးကဲြသြား တယ္။ က်န္တာ ဆုိးဆုိးရြားရြား မျဖစ္ပါဘူး။ အဲဒီေန႔ ညေနခ်င္းပဲ ျပည္ၿမိဳ႕ကိုဆက္လက္ထြက္ခြာ သြားပါတယ္။ ကားကေတာ့ ရထားနဲ႔ တုိက္မိၿပီး လမ္းေဘးထုိးက်တုံး လုံးလဲသြားတာေပါ့။  လူအေသ အေပ်ာက္မရွိပါဘူး’’ဟု ေအာင္လံၿမိဳ႕နယ္ ျမန္မာ့မီးရထားလုပ္ငန္းမွ တာ၀န္က်  ၀န္ထမ္းတစ္ဦးက ေျပာသည္။

 ေဆး႐ုံတက္ေရာက္ ကုသ ေနရသူမ်ားသည္ ေအာင္လံၿမိဳ႕ နယ္ ၾကက္႐ုံးကေလးေက်းရြာေန အမ်ဳိးသားေလးဦးႏွင့္ (၂၂) ႏွစ္ အရြယ္ ကိုယ္၀န္ေဆာင္အမ်ဳိးသမီးတစ္ဦးျဖစ္ၿပီး ကို္ယ္လက္ပြန္းရွ ဒဏ္ရာႏွင့္ နာက်င္ဒဏ္ရာမ်ား (မစိုးရိမ္ရ) သာရရွိေၾကာင္း ရဲတပ္ဖဲြ႕စစ္ေဆးခ်က္ မွတ္တမ္းတြင္ ေဖာ္ျပထားသည္။

       အဆိုပါ ယာဥ္တုိက္မႈေၾကာင့္ (၄၄) ႏွစ္အရြယ္ ယာဥ္ေမာင္း အမ်ဳိးသားကုိ ရထားပို႔ေဆာင္ေရးဥပေဒျဖင့္ ေအာင္လံရဲတပ္ဖဲြ႕စခန္းက အမႈဖြင့္ အေရးယူထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 မကွေးတိုင်း အောင် လံမြို့ ရွှေညောင်ပင်ကျေးရွာအ နီးတွင် နိုဝင်ဘာ ၁၂ ရက် ညနေ က ရထားနှင့် ကားတိုက်မိမှု ဖြစ်ပွားပြီး လူငါးဦးထိခိုက်ဒဏ်ရာရရှိကာ အောင်လံပြည်သူ့ဆေးရုံသို့ တင်ပို့ကုသရကြောင်း အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှတာဝန်ကျရဲ အရာရှိက ပြောသည်။

နေပြည်တော်မှ ပြည်မြို့သို့ မောင်းနှင်လာသော   နေပြည် တော်အဆန်ရထားနှင့် အောင်လံ မြို့မှ သီးနှံရောင်းဝယ်ပြီး  ကျေး ရွာသို့ပြန်လာသော    ကားတို့ အောင်လံမြို့မြောက်ဘက်  ရွှေ ညောင်ပင်ကျေးရွာအနီး  ရထား လမ်းကူးတွင် တိုက်မိကာ  ကား ပေါ်ပါလာသည့် ခရီးသည်ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်း က ပြောသည်။

 ‘‘ရထားက မီးလုံးကွဲသွား တယ်။ ကျန်တာ ဆိုးဆိုးရွားရွား မဖြစ်ပါဘူး။ အဲဒီနေ့ ညနေချင်းပဲ ပြည်မြို့ကိုဆက်လက်ထွက်ခွာ သွားပါတယ်။ ကားကတော့ ရထားနဲ့ တိုက်မိပြီး လမ်းဘေးထိုးကျတုံး လုံးလဲသွားတာပေါ့။  လူအသေ အပျောက်မရှိပါဘူး’’ဟု အောင်လံမြို့နယ် မြန်မာ့မီးရထားလုပ်ငန်းမှ တာဝန်ကျ  ဝန်ထမ်းတစ်ဦးက ပြောသည်။

 ဆေးရုံတက်ရောက် ကုသ နေရသူများသည် အောင်လံမြို့ နယ် ကြက်ရုံးကလေးကျေးရွာနေ အမျိုးသားလေးဦးနှင့် (၂၂) နှစ် အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဖြစ်ပြီး ကိုယ်လက်ပွန်းရှ ဒဏ်ရာနှင့် နာကျင်ဒဏ်ရာများ (မစိုးရိမ်ရ) သာရရှိကြောင်း ရဲတပ်ဖွဲ့စစ်ဆေးချက် မှတ်တမ်းတွင် ဖော်ပြထားသည်။

       အဆိုပါ ယာဉ်တိုက်မှုကြောင့် (၄၄) နှစ်အရွယ် ယာဉ်မောင်း အမျိုးသားကို ရထားပို့ဆောင်ရေးဥပဒေဖြင့် အောင်လံရဲတပ်ဖွဲ့စခန်းက အမှုဖွင့် အရေးယူထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top