ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

နိုဝင္ဘာ ၁၅ ရက္ေန႔စတင္ၿပီး စစ္ကိုင္း ျပတ္ေရြ႕ရဲ့ မႏၲေလး အမရပူရကေန ေနျပည္ေတာ္ အပိုင္းကို ျမန္မာနိုင္ငံ ေျမငလ်င္ ေကာ္မတီ၊ ေျမတိုင္း ဦးစီးဌာနနဲ႔ စကၤာပူအေျခစိုက္ ကမၻာေၿမ ေစာင့္ၾကည့္ ေလ့လာေရး အဖြဲ႕တို႔ ပူးေပါင္း ေလ့လာမွာ ျဖစ္ပါတယ္။

၂၀၁၂ မွာ သပိတ္က်င္း ေျမငလ်င္ လွုပ္ခဲ့တာကလြဲရင္ စစ္ကိုင္းျပတ္ေရြ႕ ေက်ာရဲ့ က်န္တဲ့ အပိုင္းက မလွုပ္ခဲ့သေလာက္ ျဖစ္ေနတဲ့ အတြက္ ေရြးခ်ယ္ ေလ့လာရတာ ျဖစ္တယ္လို႔ ျမန္မာနိုင္ငံ ေျမငလ်င္ ေကာ္မတီ ဒုတိယဥကၠ႒ ေဒါက္တာ မ်ိဳးသန႔္က ရွင္းျပပါတယ္။

၁၈၃၉က ၁၉၅၆ အတြင္း လွုပ္ခတ္ခဲ့တဲ့ အင္း၀၊ ဆြာ၊ ပဲခူး၊ ျဖဴး စစ္ကိုင္းငလ်င္ေတြက စစ္ကိုင္း ျပတ္ေရြ႕ရဲ့ အစိတ္အပိုင္းေတြကေန လွုပ္ခတ္ခဲ့တာ ျဖစ္ပါတယ္။

ဒီလိုေလ့လာရာမွာ စစ္ကိုင္း ျပတ္ေရြ႕နဲ႔ ဆက္ႏြယ္ေနတဲ့ ေခ်ာက္ၿမိဳ႕နယ္ အတြင္းမွာ ရွိေနတဲ့ ေဂြးခ်ိဳ နဲ႔ ကေဘာ္ ျပတ္ေရြ႕ေတြကိုပါ ပူးတြဲေလ့လာသြားဖို႔ ရွိေနပါတယ္။

အတိတ္ကာလက လွုပ္ခဲ့တဲ့ ငလ်င္ေတြရဲ့ျပင္းအား၊ ဒီငလ်င္ေတြေၾကာင့္ ေရြ႕သြားတဲ့ အနည္အႏွစ္ ေတြကို နည္းပညာေတြအသုံးျပဳကာ ေလ့လာမွာ ျဖစ္ပါတယ္။ ဒါအျပင္ ျပတ္ေရြ႕ေတြရဲ့ ေရြ႕လ်ားမွုႏွုန္း အလ်ား အနက္ေတြကို တိုင္းတာမွာလည္း ျဖစ္ပါတယ္။

အခု စစ္ကိုင္း ျပတ္ေရြ႕ေက်ာ ေလ့လာမွုက တဆင့္ ေနာင္အနာဂတ္မွာ လွုတ္ခတ္လာနိုင္မယ့္ ငလ်င္ေတြကို ခန႔္မွန္းနိုင္မယ့္အေၾကာင္းကို ေဒါက္တာ မ်ိဳးသန႔္က ေျပာပါတယ္။

ဒါေပမယ့္ အနာဂတ္မွာ လွုပ္ခတ္မယ့္ ငလ်င္ေတြကို မွန္မွန္ကန္ကန္ ခန႔္မွန္းဖို႔ အကန႔္အသတ္ေတြ ရွိေနလို႔ သူက ေျပာပါတယ္။

ျမန္မာနိုင္ငံမွာ ေဘးတိုက္ အထက္ေအာက္ တြန္းတင္ေနတဲ့ ျပတ္ေရြ႕ အေျမာက္ အျမား ရွိေနၿပီး ဒီအထဲမွာ စစ္ကိုင္း၊ ကေဘာ္၊ ေဂြးခ်ိဳ၊ အေနာက္ ပဲခူးရိုးမ၊ ေက်ာက္ၾကမ္း၊ နမ္းပြန္၊ မိုးမိတ္၊ နမ့္မ စတဲ့ ျပတ္ေရြ႕ေတြက ထင္ရွားတယ္လို႔ သူက ရွင္းျပပါတယ္။

၂၀၁၆ မတ္လကလည္း ျမန္မာနိုင္ငံ တဝန္း တကၠသိုလ္ ဘူမိေဗဒဌာနက ငလ်င္ အေၾကာင္း သုေတသန လုပ္ေဆာင္ေနတဲ့ ဆရာဆရာမေတြ၊ ေျမငလ်င္ ေကာ္မတီနဲ႔ စင္ကာပူ အေျခစိုက္ ကမၻာေၿမ ေစာင့္ၾကည့္ ေလ့လာေရး အဖြဲ႕တို႔ ပူးေပါင္းၿပီး စစ္ကိုင္းၿမိဳ႕ ပတ္ဝန္းက်င္မွာ ေလ့လာမွုေတြ ျပဳလုပ္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
နိုဝင်ဘာ ၁၅ ရက်နေ့စတင်ပြီး စစ်ကိုင်း ပြတ်ရွေ့ရဲ့ မန္တလေး အမရပူရကနေ နေပြည်တော် အပိုင်းကို မြန်မာနိုင်ငံ မြေငလျင် ကော်မတီ၊ မြေတိုင်း ဦးစီးဌာနနဲ့ စင်္ကာပူအခြေစိုက် ကမ္ဘာမြေ စောင့်ကြည့် လေ့လာရေး အဖွဲ့တို့ ပူးပေါင်း လေ့လာမှာ ဖြစ်ပါတယ်။

၂၀၁၂ မှာ သပိတ်ကျင်း မြေငလျင် လှုပ်ခဲ့တာကလွဲရင် စစ်ကိုင်းပြတ်ရွေ့ ကျောရဲ့ ကျန်တဲ့ အပိုင်းက မလှုပ်ခဲ့သလောက် ဖြစ်နေတဲ့ အတွက် ရွေးချယ် လေ့လာရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ မြေငလျင် ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မျိုးသန့်က ရှင်းပြပါတယ်။

၁၈၃၉က ၁၉၅၆ အတွင်း လှုပ်ခတ်ခဲ့တဲ့ အင်းဝ၊ ဆွာ၊ ပဲခူး၊ ဖြူး စစ်ကိုင်းငလျင်တွေက စစ်ကိုင်း ပြတ်ရွေ့ရဲ့ အစိတ်အပိုင်းတွေကနေ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုလေ့လာရာမှာ စစ်ကိုင်း ပြတ်ရွေ့နဲ့ ဆက်နွယ်နေတဲ့ ချောက်မြို့နယ် အတွင်းမှာ ရှိနေတဲ့ ဂွေးချို နဲ့ ကဘော် ပြတ်ရွေ့တွေကိုပါ ပူးတွဲလေ့လာသွားဖို့ ရှိနေပါတယ်။

အတိတ်ကာလက လှုပ်ခဲ့တဲ့ ငလျင်တွေရဲ့ပြင်းအား၊ ဒီငလျင်တွေကြောင့် ရွေ့သွားတဲ့ အနည်အနှစ် တွေကို နည်းပညာတွေအသုံးပြုကာ လေ့လာမှာ ဖြစ်ပါတယ်။ ဒါအပြင် ပြတ်ရွေ့တွေရဲ့ ရွေ့လျားမှုနှုန်း အလျား အနက်တွေကို တိုင်းတာမှာလည်း ဖြစ်ပါတယ်။

အခု စစ်ကိုင်း ပြတ်ရွေ့ကျော လေ့လာမှုက တဆင့် နောင်အနာဂတ်မှာ လှုတ်ခတ်လာနိုင်မယ့် ငလျင်တွေကို ခန့်မှန်းနိုင်မယ့်အကြောင်းကို ဒေါက်တာ မျိုးသန့်က ပြောပါတယ်။

ဒါပေမယ့် အနာဂတ်မှာ လှုပ်ခတ်မယ့် ငလျင်တွေကို မှန်မှန်ကန်ကန် ခန့်မှန်းဖို့ အကန့်အသတ်တွေ ရှိနေလို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဘေးတိုက် အထက်အောက် တွန်းတင်နေတဲ့ ပြတ်ရွေ့ အမြောက် အမြား ရှိနေပြီး ဒီအထဲမှာ စစ်ကိုင်း၊ ကဘော်၊ ဂွေးချို၊ အနောက် ပဲခူးရိုးမ၊ ကျောက်ကြမ်း၊ နမ်းပွန်၊ မိုးမိတ်၊ နမ့်မ စတဲ့ ပြတ်ရွေ့တွေက ထင်ရှားတယ်လို့ သူက ရှင်းပြပါတယ်။

၂၀၁၆ မတ်လကလည်း မြန်မာနိုင်ငံ တဝန်း တက္ကသိုလ် ဘူမိဗေဒဌာနက ငလျင် အကြောင်း သုတေသန လုပ်ဆောင်နေတဲ့ ဆရာဆရာမတွေ၊ မြေငလျင် ကော်မတီနဲ့ စင်ကာပူ အခြေစိုက် ကမ္ဘာမြေ စောင့်ကြည့် လေ့လာရေး အဖွဲ့တို့ ပူးပေါင်းပြီး စစ်ကိုင်းမြို့ ပတ်ဝန်းကျင်မှာ လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top