Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အသက္ ၂၂ ႏွစ္မွာ တကၠသုိလ္မၿပီးခင္ ေက်ာင္းနားၿပီး မိန္းမ ယူလိုက္တယ္။ တျခားလူ ၄ႏွစ္တက္တဲ့တကၠသိုလ္ကို သူက ၈ႏွစ္တက္ခဲ့တယ္။
အသက္ ၃ဝမွာ ပထမဆံုးအႀကိမ္ ငါဝတၳဳေရးလို႔ရတယ္လို႔ သိလိုက္တယ္။ ပထမဆံုးလက္ရာစာအုပ္မွာပဲ ၂၃ႀကိမ္ေျမာက္စာေပဆုေပးပဲြမွာ “Gunzo လူသစ္တန္းဆု”ကို ရခဲ့တယ္။

အသက္ ၃၃ႏွစ္မွာ စာေတြပိုေရးႏိုင္ေအာင္ စၿပီးအေျပးက်င့္ခဲ့တယ္။ အဲဒီလိုစလိုက္တာ ဒီကေန႔အထိ ၃၅ႏွစ္တိုင္႐ွိခဲ့ေပမယ့္ အေျပးမျပတ္ခဲ့ဘူး။ မာရသြန္အေျပးသမားအျဖစ္ မေတာ္တဆေရာက္ခဲ့ေသးတယ္။
အသက္ ၆ဝမွာ ပထမဆံုးအႀကိမ္ စာေပႏိုဘယ္လ္ဆုစာရင္းဝင္ခဲ့တယ္။ ဒါေပမယ့္ ဆုမရခဲ့ဘူး။ အဲဒီကစ ႏွစ္တိုင္း စာေပႏိုဘယ္လ္ဆုေခါင္းစဥ္ေအာက္မွာ သူ႐ွိေနခဲ့တယ္။

ဒီဒ႑ာရီဆန္တဲ့သူဟာ ဘယ္သူလဲဆိုတာ အားလံုးသိၾကေလာက္ၿပီေပါ့။ သူဟာ နာမည္ေက်ာ္ဂ်ပန္စာေရးဆရာ မူရာကာမိပဲျဖစ္တယ္။
အသက္ ၃ဝမွာ စာစေရးလိုက္တာ အခု ၃၈ႏွစ္တိုင္႐ွိခဲ့ၿပီး ကမာၻ႔နာမည္ေက်ာ္ဝတၳဳေပါင္းမ်ားစြာကို ေရးထုတ္ခဲ့သူျဖစ္ပါတယ္။ ႏွစ္စဥ္ႏွစ္တိုင္း စာေရအုပ္ေပါင္းမ်ားစြာ ေရာင္းခ်ခဲ့ရပါတယ္။
သူဘယ္လိုလုပ္ႏိုင္ခဲ့သလဲ..
သူ႔ကိုယ္ေပၚမွာ ဒီအခ်က္ေလးခ်က္႐ွိလို႔လို႔ ကၽြန္ေတာ္ထင္ပါတယ္။

(၁) ပါရမီဟာအေရးပါတဲ့အရာဆိုတာ ျငင္းဆန္လို႔မရပါဘူး
ကမာၻ႔နာမည္ေက်ာ္စာေရးဆရာတစ္ဦးျဖစ္ၿပီး ႏွစ္စဥ္ႏွစ္တိုင္း စာေပႏိုဘယ္လ္ဆုေခါင္းစဥ္လူသားျဖစ္ခဲ့တဲ့မူရာကာမိရဲ႕ေအာင္ျမင္မႈက ကမာၻ႔စာေပေလာကမွာ အတိုင္းသားျမင္ေနရပါတယ္။ ဒီလိုေအာင္ျမင္မႈက သူရဲ႕ပါရမီ၊ သူ႔ရဲ႕အရည္အခ်င္းဆိုတာကို ျငင္းဆန္လို႔မရပါဘူး။

မိဘေတြက ေက်ာင္းဆရာျဖစ္တာေၾကာင့္ မူရာကာမိဟာ ငယ္စဥ္ကတည္းက စာဖတ္တာကိုႏွစ္သက္ခဲ့တယ္။ အလယ္တန္းကတည္းက ေက်ာင္းစာေစာင္ေတြမွာ စာေတြမၾကာခဏေရးခဲ့သလို ကိုယ္ႏွစ္သက္တဲ့ အဂၤလိပ္ဝတၳဳေတြကိုလည္း သူဘာသာျပန္တတ္ခဲ့တယ္။

တကယ့္စာေရးဆရာျဖစ္လာတာကေတာ့ သူ႔အသက္၃ဝေရာက္မွပါ။ အဲဒီႏွစ္တုန္းက ေဘ့စ္ေဘာပဲြတစ္ပဲြထိုင္ၾကည့္ေနရင္း ပဲြကေဝ့ယမ္းတဲ့ ေဘ့စ္ေဘာတုတ္ကိုၾကည့္ရင္းက “ငါလည္း စာေရးျခင္းနဲ႔ အသက္ေမြးဝမ္းႏိုင္တာပဲ” ဆိုတဲ့ အေတြး ႐ုတ္တရက္ သူရလိုက္တယ္။
အဲဒီလိုနဲ႔ အဲဒီပဲြအၿပီးမွာ တစ္ဘက္က Jazz အရက္ဘားဆိုင္ဖြင့္ေနရင္း တစ္ဘက္က စာစေရးခဲ့တယ္။

အဲဒီႏွစ္ဇြန္လမွာပဲထုတ္ေဝခဲ့တဲ့ သူရဲ႕ပထမဆံုးပဲြဦးထြက္လက္ရာ “Hear the wind sing”ဝတၳဳက ၂၃ႀကိမ္ေျမာက္စာေပဆုေပးပဲြမွာ “Gunzo လူသစ္တန္းဆု” ကို ခ်ီးျမႇင့္ျခင္းခံခဲ့ရတယ္။
အဲဒီကစ မူရာကာမိရဲ႕နာမည္ဟာ စာဖတ္သူၾကားမွာ ျပန္႔ႏွံ႔လာခဲ့တယ္။ သူရဲ႕စာေပပါရမီက ထင္႐ွားျမင္သာခဲ့တယ္။

အရမ္းႀကိဳးစားေပမယ့္ ပါရမီမ႐ွိရင္ ေအာင္ျမင္မႈအေတာ္အတန္ေတာ့ရႏိုင္ပါတယ္။ ဒါေပမယ့္ ထိပ္ဆံုးအထိေရာက္ဖို႔ေတာ့ ခက္ခဲတယ္။ ျဖတ္သန္းရတာလည္း ပင္ပန္းတယ္။ တကယ္လို႔ ပါရမီအေပၚ မျပတ္ႀကိဳးစားျခင္းေပါင္းထည့္ရင္ ရလဒ္က ေျပာစရာမ႐ွိေတာ့ပါဘူး။
မူရာကာမိရဲ႕ေအာင္ျမင္မႈက စာေပဘက္မွာပါတဲ့ သူပါရမီေၾကာင့္သာမက သူရဲ႕ေကာင္းမြန္တဲ့ စာေရးအက်င့္စ႐ိုက္ေၾကာင့္လည္း ျဖစ္တယ္။

(၂) အခ်ိန္ဆဲြတဲ့အလုပ္ကို မလုပ္ဘူး… အေတြး႐ွိတာနဲ႔ ခ်က္ခ်င္းထလုပ္တယ္
အခ်ိန္ဆဲြျခင္းက လူတိုင္းျပင္ခ်င္ေပမယ့္ ျပင္ရခက္တဲ့ျပႆနာျဖစ္တယ္။

အခ်ိန္ဆဲြသူေတြက အလုပ္ကိုၿပီးျပည့္စံုေအာင္လုပ္ခ်င္တယ္။ ကိစၥရပ္တစ္ခုကို ေခါင္းထဲမွာအၾကာႀကီးထားၿပီး အစီအစဥ္ဆဲြတယ္။ လႈပ္႐ွားလို႔ရၿပီဆိုတဲ့အခ်ိန္က်မွ ထလုပ္တာျဖစ္တယ္။ ဒီလိုလုပ္ျခင္းက အခ်ိန္ကိုဆဲြသထက္ဆဲြထားေစတယ္။ သတ္မွတ္တဲ့ရက္ေရာက္ခါနီးမွ ျဗဳန္းဒိုင္းထလုပ္တတ္ၾကတယ္။ ေနာက္ဆံုးမွာေတာ့ ကိုယ့္ကိုယ္ကိုယ္ ေမာပန္းႏြမ္းနယ္ေစသလို အေလာတႀကီးလုပ္လိုက္တာမို႔ ရလဒ္ကလည္း မေကာင္းဘူး။

ဒီလိုျပႆနာမ်ဳိးက မူရာကာမိမွာမ႐ွိဘူး။
ဝတၳဳေရးရာမွာ သူက သာမန္အားျဖင့္ အဆင့္သံုးဆင့္သတ္မွတ္ထားတယ္။
စစခ်င္းအခ်ိန္မွာ အၾကမ္းထည္ႀကီးတစ္ခုကို သူတည္ေဆာက္လိုက္တယ္။ အေသးစိတ္ေတြ ဘာေတြ သူမစဥ္းစားေသးဘူး။ အၾကမ္းထည္ႀကီးထဲမွာ သူဘာေတြးမိရင္ ဘာခ်ေရးတယ္။ ဒီလိုနဲ႔ စာမူၾကမ္းတစ္ခု အျမန္ၿပီးသြားတယ္။

စာမူၾကမ္းၿပီးေတာ့ သူအခ်ိန္တေအာင့္နားတယ္။ ကိုယ့္ရဲ႕အေတြးေတြကို အဲဒီဝတၳဳထဲျဖန္႔က်က္ထားလိုက္တယ္။ ၿပီးမွ ျပန္လည္ျပင္ဆင္တယ္။ ပထစာမူၾကမ္းက အေသးစိတ္မ႐ွိတာေၾကာင့္ ျပင္ဆင္ခ်ိန္မွာ ေ႐ွ႕ေနာက္မကိုက္ညီတာမ်ဳိးေတြ ရွိတတ္တယ္။ ဒီလိုအေျခအေနမ်ဳိးႀကံဳလာရင္ သူႀကိဳးစားၿပီး ကိုက္ညီေအာင္လုပ္တယ္။ တကယ္လို႔ လံုးဝျပင္မရရင္ အဲဒီတစ္ပိုဒ္ကိုဖ်က္ပစ္လိုက္တတ္တယ္။
စာမူၾကမ္းပဲျဖစ္ျဖစ္၊ စာမူေခ်ာပဲျဖစ္ျဖစ္ ကိုယ္ပင္ပင္ပန္းပန္းေရးခဲ့တာမို႔ တစ္ခါတေလမွာ မဖ်က္ရက္တာမ်ဳိးလည္း ႐ွိတတ္ၾကမွာပါပဲ။ ဒါေပမယ့္ မူရာကာမိမွာေတာ့ ဒီလို မဖ်က္ရက္တာမ်ဳိး မ႐ွိခဲ့ဘူး။

တစ္ခါက “The Wind-up Bird Chronicle”ဝတၳဳကိုေရးေတာ့ အဲဒီထဲမွာ စာပိုဒ္ႀကီးတစ္ပိုဒ္က မသင့္ေတာ္ေနခဲ့ဘူး။ ဒါေပမယ့္ သူစိတ္ပိုင္းျဖတ္ၿပီးဖ်က္လိုက္တယ္။ ဖ်က္လိုက္ၿပီးေနာက္ အဲဒီဖ်က္လိုက္တဲ့အေၾကာင္းအရာကလည္း မဆိုးဘူးလို႔ သူခံစားမိတယ္။ သူဘယ္လိုလုပ္လဲသိလား… အဲဒီအေၾကာင္းအရာကို အေျခခံၿပီး “South of the border, West of the sun” ဆိုတဲ့ ဝတၳဳတစ္ပုဒ္ထပ္ေရးလိုက္တယ္။ ဒီလိုပါပဲ.. ပါရမီ႐ွိတဲ့သူေတြက ဒီလိုပဲစိတ္ကူးစိတ္ေျပာင္းႏိုင္လွတယ္။
ပထမအႀကိမ္ျပင္ဆင္ၿပီးေနာက္ သူအခ်ိန္တေအာင့္နားတယ္။ ၿပီးေတာ့ ဒုတိယအႀကိမ္ျပန္ျပင္ဆင္တယ္။ ဒီလိုျပင္ဆင္ခ်ိန္မွာ ဇာတ္လမ္းဇာတ္ကြက္ကို မထိေတာ့ဘူး။ အေသးစိတ္အပိုင္းေတြကိုပဲ ျပဳျပင္ၿပီး ဝတၳဳကိုပိုလွ ပိုျပည့္စံုေစတယ္။

သူရဲ႕ဒီလိုနည္းက စာေရးရာမွာတင္မက တျခားအလုပ္အကိုင္မွာလည္း ေတာ္ေတာ္အသံုးဝင္ပါတယ္။
အလုပ္တစ္ခုခုကို ကၽြန္ေတာ္တို႔ လုပ္ခ်င္တဲ့အခါ ေ႐ွ႕ေတြးၿပီးေၾကာက္လိုက္၊ ေနာက္ေတြးၿပီးစိုးရိမ္လိုက္ျဖစ္ၾကတယ္။ ဟိုလိုလုပ္ရင္ မေကာင္းမွာ၊ ဒီလိုလုပ္ရင္ မျဖစ္မွာ ေတြးေၾကာက္ၾကတယ္။ မစရေသးခင္ အစီအစဥ္တက်ခ်တယ္။ ၿပီးေတာ့ အေကာင္အထည္လည္း မေဖာ္ျဖစ္ဘူး။
ဘာအေတြး႐ွိရွိ ခ်က္ခ်င္းထလုပ္လိုက္တာက ပိုေကာင္းတယ္။ လုပ္ေနခ်ိန္အတြင္း မျပတ္ျပင္ဆင္၊ ၿပီးျပည့္စံုေအာင္လုပ္ရင္း ေနာက္ပိုင္းမွာ ရလဒ္ေကာင္းနဲ႔ အလွမ္းမေဝးေတာ့ဘူး။

(၃) အလုပ္ခ်ိန္သတ္မွတ္တယ္၊ ပိုမလုပ္သလို ေလ်ာ့လည္းမလုပ္ဘူး
မူရာကာမိရဲ႕စာမူက အရမ္းစိတ္ဝင္စားဖို႔ေကာင္းတဲ့ အသံုးဝင္ပံုတစ္မ်ဳိး႐ွိတယ္။ သူ႔စာမူကို ျပကၡဒိန္အျဖစ္နဲ႔ အသံုးျပဳလို႔ရတယ္။
မူရာကာမိက စာေရးခ်ိန္မွာ ကိုယ့္ကိုယ္ကိုယ္သတ္မွတ္ထားတဲ့ ထူးဆန္းတဲ့အက်င့္တစ္ခု႐ွိတယ္။ တစ္ေန႔ကို စာလံုးေရ ၄ေထာင္၊ တစ္မ်က္ႏွာကို စာလံုးေရ ၄ဝဝ နဲ႔ တစ္ေန႔ကို စာမ်က္ႏွာ ၁ဝမ်က္ႏွာပဲေရးတဲ့ သတ္မွတ္ခ်က္ပါ။

သတ္မွတ္ထားတဲ့အေရအတြက္ေရးၿပီးရင္ လက္ထဲကကေလာင္ကိုခ်ၿပီး တျခားလုပ္စရာ႐ွိတာကို စိတ္လက္ခ်မ္းသာသူလုပ္ေတာ့တာပဲ။ တကယ္လို႔ သတ္မွတ္ထားတာ မလုပ္ၿပီးရင္ ဘာပဲျဖစ္ပ်က္ေနျဖစ္ပ်က္ေန သူနဲ႔မဆိုင္ေတာ့ဘူး။ သတ္မွတ္ထားတဲ့ စာမူကိုပဲ ၿပီးေအာင္ေရးေတာ့တာပဲ။ သူ႔စကားအရေျပာရရင္ စာေရးတယ္ဆိုတာ စက္႐ံုနဲ႔မျခားဘူး။ ေန႔တိုင္း သတ္မွတ္ခ်ိန္တြင္းမွာပဲ ကုန္ပစၥည္းကိုထုတ္ရတယ္။
ဒါေၾကာင့္ အျဖစ္အပ်က္တစ္ခုခု ျဖစ္ပ်က္ခဲ့ရင္ ျဖစ္ပ်က္ခဲ့တဲ့ေန႔ကို သူမမွတ္မိတတ္ဘူး။ ဘယ္ေန႔မွာ ျဖစ္ပ်က္ခဲ့တယ္ဆိုတာကို သူျပန္ေတြးရင္ သူဘယ္စာအုပ္၊ ဘာစာပိုဒ္ေရးေနတုန္းမွာဆိုၿပီး စာလံုးေရ ၄ေထာင္နဲ႔ျပန္တြက္ခ်က္တတ္တယ္။ အဲဒီအခါမွာ အျဖစ္အပ်က္ျဖစ္ပြားတဲ့ေန႔ကို သူရတယ္။

လူေတာ္ေတာ္မ်ားမ်ားအတြက္ကေတာ့ အလုပ္တစ္ခုခုကိုလုပ္ေနခ်ိန္မွာ စိတ္ပါဝင္စားရင္ သတ္မွတ္ခ်ိန္ထက္ေက်ာ္လြန္ၿပီး လုပ္တတ္ၾကတယ္။ ဒါေပမယ့္ မူရာကာမိက အဲဒီလိုမဟုတ္ဘူး။
သူက သူစာေရးေနခ်ိန္မွာ စိတ္ေပ်ာ္ဝင္စားတဲ့ေနရာကိုေရာက္ရင္ ခ်က္ခ်င္းအေရးရပ္လိုက္ၿပီး တျခားအလုပ္ကို တခဏေလာက္သြားလုပ္တတ္တယ္။ ခႏၶာနဲ႔ဦးေႏွာက္ ခဏအနားရၿပီးမွ သူျပန္ဆက္ေရးတတ္တယ္။
ဒီလိုျပန္ေရးတဲ့အခါ စိတ္ေပ်ာ္ဝင္စားတဲ့ေနရာတဲ့ေနရာမွာ အေရးရပ္ခဲ့တာမို႔ ဆက္ေရးတဲ့အခါ မုဒ္ထပ္သြင္းစရာမလိုေတာ့ဘဲ ေလ်ာေလ်ာရႈရႈဆက္ေရးႏိုင္တယ္။ ခဏနားထားတဲ့အတြက္ေၾကာင့္လည္း ခႏၶာနဲ႔ဦးေႏွာက္က ၾကည္လင္ေနေတာ့ ပိုၿပီးအေရးသြက္ေတာ့တယ္။

ဒီလိုေကာင္းမြန္တဲ့အက်င့္စရိုက္က သူ႔ကို ေကာ္ဖီဆိုင္စားပဲြေပၚမွာ၊ ေလယာဥ္ေစာင့္ေနခ်ိန္အတြင္းမွာ၊ ေျမေအာက္ရထားစီးခ်ိန္မွာ ေဘးဘီကဆူညံသံေတြရဲ႕ေႏွာင့္ယွက္မႈကို မခံရေတာ့ဘဲ ကိုယ့္အေတြးထဲကိုယ္နစ္ၿပီး စာေရးႏိုင္ေစခဲ့တာျဖစ္တယ္။
ဒါေၾကာင့္ ကၽြန္ေတာ္တို႔လည္း အလုပ္လုပ္ေနခ်ိန္အတြင္းမွာ အလုပ္ခ်ိန္ကလည္းက်န္ေနေသးတယ္၊ အလုပ္ကလည္းမ်ားတယ္ဆိုရင္ အလုပ္လုပ္ေနခ်ိန္အတြင္း စိတ္ပါလက္ပါ႐ွိခ်ိန္ ခဏေလာက္နားလိုက္ရတယ္။ ခဏေလာက္နားၿပီး အင္အားျပည့္ၿဖိဳးလာခ်ိန္ ျပန္ဆက္လုပ္သင့္ပါတယ္။

(၄) စာေတြကို ႏွစ္႐ွည္လၾကာေရးခ်င္ရင္ ေကာင္းမြန္တဲ့ခႏၶာကိုယ္တစ္ခု႐ွိရပါတယ္
စာေရးျခင္းက ခက္ခဲပင္ပန္း႐ွည္လ်ားလွတဲ့ျဖတ္သန္းမႈတစ္ခုပါ။ ေကာင္းမြန္တဲ့နည္းတစ္ခု၊ အက်င့္တစ္ခုမ႐ွိရင္ ခရီးေဝးကိုေလွ်ာက္လွမ္းဖို႔ခက္ပါတယ္။
အဂၤလန္ကဗ်ာဆရာ Lord Byron က ေန႔တိုင္း ဘိန္း႐ႈၿပီး ကဗ်ာေရးပါတယ္။ ဘိန္းမ႐ႈတဲ့အခါ ကဗ်ာေရးလို႔မထြက္ေတာ့ပါဘူး။ အဲဒီလိုနဲ႔လည္း ႏွစ္႐ွည္လၾကာေတာင့္ခံႏိုင္ဖို႔ ခက္ခဲခဲ့ပါတယ္။ ဒီလိုနဲ႔ လက္ထဲက ကေလာင္အစား ေသနတ္ကိုသူေျပာင္းကိုင္ၿပီး ဂရိမွာစစ္သြားတိုက္ခဲ့ပါတယ္။ ေနာက္ပိုင္း ဂရိစစ္ပဲြမွာ က်႐ႈံးခဲ့ပါတယ္။

အေနာက္တိုင္း စာေရးဆရာေတာ္ေတာ္မ်ားမ်ားက မူးယစ္ေဆးဝါးနဲ႔ ဉာဏ္ကြန္႔ျမဴးမႈရယူတတ္ၾကတယ္။ ဒီလိုစာေရးဆရာေတြက သက္တမ္းမ႐ွည္ခဲ့ၾကပါဘူး။ အသက္ ၃ဝေနာက္ပိုင္းမွာ ေခါင္းထဲကစာေတြ ထြက္မလာႏိုင္ျဖစ္ၾကရတယ္။ တစ္ခါတေလ ေကာင္းတဲ့ဝတၳဳေတြ ထြက္ေပၚလာတတ္ေပမယ့္ စာဖတ္သူအေပၚ ၾသဇာမလႊမ္းႏိုင္ေတာ့ပါဘူး။
စာေပသမိုင္းမွာ အသက္ ၇ဝ ၊ ၈ဝအထိ အရည္အေသြးေကာင္းတဲ့စာအုပ္ေတြ ေရးထုတ္ႏိုင္တဲ့စာေရးဆရာေတြကို ၾကည့္ရင္ ဥပမာ- Immanue Kant၊ Goethe၊ Kafka၊ ၿပီးေတာ့ အခုေရးေနတဲ့ မူရာကာမိတို႔က ဘဝကို စည္းစနစ္က်ျဖတ္သန္းသူေတြျဖစ္တယ္။

မူရာကာမိဟာ စာေတြစေရးစက စာၾကည့္ခန္းထဲမွာ တစ္ႏွစ္ေလာက္ေအာင္းေနတာမ်ဳိး႐ွိခဲ့တယ္။ ကိုယ္ကာယေလ့က်င့္ခန္း ခ်ဳိတဲ့မႈေၾကာင့္ ခႏၶာကိုယ္က မခံႏိုင္ခဲ့ဘူး။ အာ႐ံုစူးစိုက္မႈအားလည္း တာ႐ွည္မခံခဲ့ဘူး။
ဒီလိုနဲ႔ ေျပးဖို႔ သူစဥ္းစားလိုက္တယ္။ တစ္ေန႔ကို ၁ဝ ကီလိုမီတာ .. တစ္ပတ္ကို ကီလိုမီတာ ၆ဝ သူေျပးတယ္။ ဒီလိုနဲ႔ စေျပးလိုက္တာ ႏွစ္ေပါင္း ၃၅ႏွစ္ၾကာသြားတဲ့အထိ အေျပးမရပ္ခဲ့ေတာ့ဘူး။ ေဆးလိပ္လည္းျပတ္သြားသလို ခႏၶာကိုယ္လည္း ႀကံ့ခိုင္လာခဲ့တယ္။ ၿပီးေတာ့ မာရသြန္အေျပးသမားတစ္ေယာက္ေတာင္ သူျဖစ္ခဲ့တယ္။
ႏွစ္ေပါင္းမ်ားစြာ ဇဲြ႐ွိ႐ွိေျပးခဲ့လို႔ သူရဲ႕ေသးငယ္တဲ့ခႏၶာကိုယ္ဟာ အဆံုးမ႐ွိတဲ့ခြန္အားေတြ မျပတ္ထုတ္ႏိုင္ခဲ့တယ္။
စာပဲေရးေရး တျခားအလုပ္ပဲလုပ္လုပ္ ေကာင္းမြန္တဲ့ခႏၶာကိုယ္တစ္ခုက မ႐ွိမျဖစ္လိုအပ္ပါတယ္။

သူရဲ႕ေကာင္းမြန္တဲ့အက်င့္စ႐ိုက္ထဲမွာ ကံေကာင္းျခင္းေတြသိုဝွက္ေနပါတယ္။
မူရာကာမိရဲ႕ေအာင္ျမင္မႈက မေတာ္တဆ ႐ုတ္တရက္ျဖစ္လာတာ မဟုတ္ပါဘူး။ ငယ္ငယ္တည္းက႐ွိခဲ့တဲ့ စာဖတ္က်င့္ ပါရမီ၊ ၿပီးေတာ့ သူရဲ႕စည္းစနစ္က်တဲ့ ေနထိုင္မႈအက်င့္စ႐ိုက္ေတြေၾကာင့္လည္း ျဖစ္ပါတယ္။
ကိုယ္ႏွစ္သက္တဲ့အလုပ္တစ္ခုကို႐ွာၿပီး အဲဒီအလုပ္ထဲကေန ကိုယ္နဲ႔သင့္ေတာ္ႏိုင္မယ့္နည္းလမ္းကို႐ွာရင္း အလုပ္လုပ္ခ်ိန္၊ နားခ်ိန္သတ္မွတ္တယ္၊ က်န္႐ွိတဲ့အခ်ိန္ကို ကိုယ္လက္ေလ့က်င့္ခန္းလုပ္တယ္။ မူရာကာမိရဲ႕ ဘဝေနထိုင္နည္းကေန မတူတဲ့အေတြ႔အႀကံဳ၊ မတူတဲ့ရလဒ္ကို ခံစားရရွိႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။
“ေစာေစာအိပ္ ေစာေစာထေအာင္ ဘယ္အရာက
ကၽြန္ေတာ့္ကို ၃၅ႏွစ္လံုးလံုးေတာင့္ခံေစခဲ့သလဲ”
ေခါင္းစဥ္နဲ႔ wechatမွာ ဖတ္ခဲ့ရတဲ့စာတစ္ပုဒ္ပါ။ ဘာသာျပန္မွ်ေဝပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: NineNineSaNay
#Unicode Version#
အသက် ၂၂ နှစ်မှာ တက္ကသိုလ်မပြီးခင် ကျောင်းနားပြီး မိန်းမ ယူလိုက်တယ်။ တခြားလူ ၄နှစ်တက်တဲ့တက္ကသိုလ်ကို သူက ၈နှစ်တက်ခဲ့တယ်။
အသက် ၃ဝမှာ ပထမဆုံးအကြိမ် ငါဝတ္ထုရေးလို့ရတယ်လို့ သိလိုက်တယ်။ ပထမဆုံးလက်ရာစာအုပ်မှာပဲ ၂၃ကြိမ်မြောက်စာပေဆုပေးပွဲမှာ “Gunzo လူသစ်တန်းဆု”ကို ရခဲ့တယ်။

အသက် ၃၃နှစ်မှာ စာတွေပိုရေးနိုင်အောင် စပြီးအပြေးကျင့်ခဲ့တယ်။ အဲဒီလိုစလိုက်တာ ဒီကနေ့အထိ ၃၅နှစ်တိုင်ရှိခဲ့ပေမယ့် အပြေးမပြတ်ခဲ့ဘူး။ မာရသွန်အပြေးသမားအဖြစ် မတော်တဆရောက်ခဲ့သေးတယ်။
အသက် ၆ဝမှာ ပထမဆုံးအကြိမ် စာပေနိုဘယ်လ်ဆုစာရင်းဝင်ခဲ့တယ်။ ဒါပေမယ့် ဆုမရခဲ့ဘူး။ အဲဒီကစ နှစ်တိုင်း စာပေနိုဘယ်လ်ဆုခေါင်းစဉ်အောက်မှာ သူရှိနေခဲ့တယ်။

ဒီဒဏ္ဍာရီဆန်တဲ့သူဟာ ဘယ်သူလဲဆိုတာ အားလုံးသိကြလောက်ပြီပေါ့။ သူဟာ နာမည်ကျော်ဂျပန်စာရေးဆရာ မူရာကာမိပဲဖြစ်တယ်။
အသက် ၃ဝမှာ စာစရေးလိုက်တာ အခု ၃၈နှစ်တိုင်ရှိခဲ့ပြီး ကမ္ဘာ့နာမည်ကျော်ဝတ္ထုပေါင်းများစွာကို ရေးထုတ်ခဲ့သူဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း စာရေအုပ်ပေါင်းများစွာ ရောင်းချခဲ့ရပါတယ်။
သူဘယ်လိုလုပ်နိုင်ခဲ့သလဲ..
သူ့ကိုယ်ပေါ်မှာ ဒီအချက်လေးချက်ရှိလို့လို့ ကျွန်တော်ထင်ပါတယ်။

(၁) ပါရမီဟာအရေးပါတဲ့အရာဆိုတာ ငြင်းဆန်လို့မရပါဘူး
ကမ္ဘာ့နာမည်ကျော်စာရေးဆရာတစ်ဦးဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း စာပေနိုဘယ်လ်ဆုခေါင်းစဉ်လူသားဖြစ်ခဲ့တဲ့မူရာကာမိရဲ့အောင်မြင်မှုက ကမ္ဘာ့စာပေလောကမှာ အတိုင်းသားမြင်နေရပါတယ်။ ဒီလိုအောင်မြင်မှုက သူရဲ့ပါရမီ၊ သူ့ရဲ့အရည်အချင်းဆိုတာကို ငြင်းဆန်လို့မရပါဘူး။

မိဘတွေက ကျောင်းဆရာဖြစ်တာကြောင့် မူရာကာမိဟာ ငယ်စဉ်ကတည်းက စာဖတ်တာကိုနှစ်သက်ခဲ့တယ်။ အလယ်တန်းကတည်းက ကျောင်းစာစောင်တွေမှာ စာတွေမကြာခဏရေးခဲ့သလို ကိုယ်နှစ်သက်တဲ့ အင်္ဂလိပ်ဝတ္ထုတွေကိုလည်း သူဘာသာပြန်တတ်ခဲ့တယ်။

တကယ့်စာရေးဆရာဖြစ်လာတာကတော့ သူ့အသက်၃ဝရောက်မှပါ။ အဲဒီနှစ်တုန်းက ဘေ့စ်ဘောပွဲတစ်ပွဲထိုင်ကြည့်နေရင်း ပွဲကဝေ့ယမ်းတဲ့ ဘေ့စ်ဘောတုတ်ကိုကြည့်ရင်းက “ငါလည်း စာရေးခြင်းနဲ့ အသက်မွေးဝမ်းနိုင်တာပဲ” ဆိုတဲ့ အတွေး ရုတ်တရက် သူရလိုက်တယ်။
အဲဒီလိုနဲ့ အဲဒီပွဲအပြီးမှာ တစ်ဘက်က Jazz အရက်ဘားဆိုင်ဖွင့်နေရင်း တစ်ဘက်က စာစရေးခဲ့တယ်။

အဲဒီနှစ်ဇွန်လမှာပဲထုတ်ဝေခဲ့တဲ့ သူရဲ့ပထမဆုံးပွဲဦးထွက်လက်ရာ “Hear the wind sing”ဝတ္ထုက ၂၃ကြိမ်မြောက်စာပေဆုပေးပွဲမှာ “Gunzo လူသစ်တန်းဆု” ကို ချီးမြှင့်ခြင်းခံခဲ့ရတယ်။
အဲဒီကစ မူရာကာမိရဲ့နာမည်ဟာ စာဖတ်သူကြားမှာ ပြန့်နှံ့လာခဲ့တယ်။ သူရဲ့စာပေပါရမီက ထင်ရှားမြင်သာခဲ့တယ်။

အရမ်းကြိုးစားပေမယ့် ပါရမီမရှိရင် အောင်မြင်မှုအတော်အတန်တော့ရနိုင်ပါတယ်။ ဒါပေမယ့် ထိပ်ဆုံးအထိရောက်ဖို့တော့ ခက်ခဲတယ်။ ဖြတ်သန်းရတာလည်း ပင်ပန်းတယ်။ တကယ်လို့ ပါရမီအပေါ် မပြတ်ကြိုးစားခြင်းပေါင်းထည့်ရင် ရလဒ်က ပြောစရာမရှိတော့ပါဘူး။
မူရာကာမိရဲ့အောင်မြင်မှုက စာပေဘက်မှာပါတဲ့ သူပါရမီကြောင့်သာမက သူရဲ့ကောင်းမွန်တဲ့ စာရေးအကျင့်စရိုက်ကြောင့်လည်း ဖြစ်တယ်။

(၂) အချိန်ဆွဲတဲ့အလုပ်ကို မလုပ်ဘူး… အတွေးရှိတာနဲ့ ချက်ချင်းထလုပ်တယ်
အချိန်ဆွဲခြင်းက လူတိုင်းပြင်ချင်ပေမယ့် ပြင်ရခက်တဲ့ပြဿနာဖြစ်တယ်။

အချိန်ဆွဲသူတွေက အလုပ်ကိုပြီးပြည့်စုံအောင်လုပ်ချင်တယ်။ ကိစ္စရပ်တစ်ခုကို ခေါင်းထဲမှာအကြာကြီးထားပြီး အစီအစဉ်ဆွဲတယ်။ လှုပ်ရှားလို့ရပြီဆိုတဲ့အချိန်ကျမှ ထလုပ်တာဖြစ်တယ်။ ဒီလိုလုပ်ခြင်းက အချိန်ကိုဆွဲသထက်ဆွဲထားစေတယ်။ သတ်မှတ်တဲ့ရက်ရောက်ခါနီးမှ ဗြုန်းဒိုင်းထလုပ်တတ်ကြတယ်။ နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကိုယ် မောပန်းနွမ်းနယ်စေသလို အလောတကြီးလုပ်လိုက်တာမို့ ရလဒ်ကလည်း မကောင်းဘူး။

ဒီလိုပြဿနာမျိုးက မူရာကာမိမှာမရှိဘူး။
ဝတ္ထုရေးရာမှာ သူက သာမန်အားဖြင့် အဆင့်သုံးဆင့်သတ်မှတ်ထားတယ်။
စစချင်းအချိန်မှာ အကြမ်းထည်ကြီးတစ်ခုကို သူတည်ဆောက်လိုက်တယ်။ အသေးစိတ်တွေ ဘာတွေ သူမစဉ်းစားသေးဘူး။ အကြမ်းထည်ကြီးထဲမှာ သူဘာတွေးမိရင် ဘာချရေးတယ်။ ဒီလိုနဲ့ စာမူကြမ်းတစ်ခု အမြန်ပြီးသွားတယ်။

စာမူကြမ်းပြီးတော့ သူအချိန်တအောင့်နားတယ်။ ကိုယ့်ရဲ့အတွေးတွေကို အဲဒီဝတ္ထုထဲဖြန့်ကျက်ထားလိုက်တယ်။ ပြီးမှ ပြန်လည်ပြင်ဆင်တယ်။ ပထစာမူကြမ်းက အသေးစိတ်မရှိတာကြောင့် ပြင်ဆင်ချိန်မှာ ရှေ့နောက်မကိုက်ညီတာမျိုးတွေ ရှိတတ်တယ်။ ဒီလိုအခြေအနေမျိုးကြုံလာရင် သူကြိုးစားပြီး ကိုက်ညီအောင်လုပ်တယ်။ တကယ်လို့ လုံးဝပြင်မရရင် အဲဒီတစ်ပိုဒ်ကိုဖျက်ပစ်လိုက်တတ်တယ်။
စာမူကြမ်းပဲဖြစ်ဖြစ်၊ စာမူချောပဲဖြစ်ဖြစ် ကိုယ်ပင်ပင်ပန်းပန်းရေးခဲ့တာမို့ တစ်ခါတလေမှာ မဖျက်ရက်တာမျိုးလည်း ရှိတတ်ကြမှာပါပဲ။ ဒါပေမယ့် မူရာကာမိမှာတော့ ဒီလို မဖျက်ရက်တာမျိုး မရှိခဲ့ဘူး။

တစ်ခါက “The Wind-up Bird Chronicle”ဝတ္ထုကိုရေးတော့ အဲဒီထဲမှာ စာပိုဒ်ကြီးတစ်ပိုဒ်က မသင့်တော်နေခဲ့ဘူး။ ဒါပေမယ့် သူစိတ်ပိုင်းဖြတ်ပြီးဖျက်လိုက်တယ်။ ဖျက်လိုက်ပြီးနောက် အဲဒီဖျက်လိုက်တဲ့အကြောင်းအရာကလည်း မဆိုးဘူးလို့ သူခံစားမိတယ်။ သူဘယ်လိုလုပ်လဲသိလား… အဲဒီအကြောင်းအရာကို အခြေခံပြီး “South of the border, West of the sun” ဆိုတဲ့ ဝတ္ထုတစ်ပုဒ်ထပ်ရေးလိုက်တယ်။ ဒီလိုပါပဲ.. ပါရမီရှိတဲ့သူတွေက ဒီလိုပဲစိတ်ကူးစိတ်ပြောင်းနိုင်လှတယ်။
ပထမအကြိမ်ပြင်ဆင်ပြီးနောက် သူအချိန်တအောင့်နားတယ်။ ပြီးတော့ ဒုတိယအကြိမ်ပြန်ပြင်ဆင်တယ်။ ဒီလိုပြင်ဆင်ချိန်မှာ ဇာတ်လမ်းဇာတ်ကွက်ကို မထိတော့ဘူး။ အသေးစိတ်အပိုင်းတွေကိုပဲ ပြုပြင်ပြီး ဝတ္ထုကိုပိုလှ ပိုပြည့်စုံစေတယ်။

သူရဲ့ဒီလိုနည်းက စာရေးရာမှာတင်မက တခြားအလုပ်အကိုင်မှာလည်း တော်တော်အသုံးဝင်ပါတယ်။
အလုပ်တစ်ခုခုကို ကျွန်တော်တို့ လုပ်ချင်တဲ့အခါ ရှေ့တွေးပြီးကြောက်လိုက်၊ နောက်တွေးပြီးစိုးရိမ်လိုက်ဖြစ်ကြတယ်။ ဟိုလိုလုပ်ရင် မကောင်းမှာ၊ ဒီလိုလုပ်ရင် မဖြစ်မှာ တွေးကြောက်ကြတယ်။ မစရသေးခင် အစီအစဉ်တကျချတယ်။ ပြီးတော့ အကောင်အထည်လည်း မဖော်ဖြစ်ဘူး။
ဘာအတွေးရှိရှိ ချက်ချင်းထလုပ်လိုက်တာက ပိုကောင်းတယ်။ လုပ်နေချိန်အတွင်း မပြတ်ပြင်ဆင်၊ ပြီးပြည့်စုံအောင်လုပ်ရင်း နောက်ပိုင်းမှာ ရလဒ်ကောင်းနဲ့ အလှမ်းမဝေးတော့ဘူး။

(၃) အလုပ်ချိန်သတ်မှတ်တယ်၊ ပိုမလုပ်သလို လျော့လည်းမလုပ်ဘူး
မူရာကာမိရဲ့စာမူက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ အသုံးဝင်ပုံတစ်မျိုးရှိတယ်။ သူ့စာမူကို ပြက္ခဒိန်အဖြစ်နဲ့ အသုံးပြုလို့ရတယ်။
မူရာကာမိက စာရေးချိန်မှာ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားတဲ့ ထူးဆန်းတဲ့အကျင့်တစ်ခုရှိတယ်။ တစ်နေ့ကို စာလုံးရေ ၄ထောင်၊ တစ်မျက်နှာကို စာလုံးရေ ၄ဝဝ နဲ့ တစ်နေ့ကို စာမျက်နှာ ၁ဝမျက်နှာပဲရေးတဲ့ သတ်မှတ်ချက်ပါ။

သတ်မှတ်ထားတဲ့အရေအတွက်ရေးပြီးရင် လက်ထဲကကလောင်ကိုချပြီး တခြားလုပ်စရာရှိတာကို စိတ်လက်ချမ်းသာသူလုပ်တော့တာပဲ။ တကယ်လို့ သတ်မှတ်ထားတာ မလုပ်ပြီးရင် ဘာပဲဖြစ်ပျက်နေဖြစ်ပျက်နေ သူနဲ့မဆိုင်တော့ဘူး။ သတ်မှတ်ထားတဲ့ စာမူကိုပဲ ပြီးအောင်ရေးတော့တာပဲ။ သူ့စကားအရပြောရရင် စာရေးတယ်ဆိုတာ စက်ရုံနဲ့မခြားဘူး။ နေ့တိုင်း သတ်မှတ်ချိန်တွင်းမှာပဲ ကုန်ပစ္စည်းကိုထုတ်ရတယ်။
ဒါကြောင့် အဖြစ်အပျက်တစ်ခုခု ဖြစ်ပျက်ခဲ့ရင် ဖြစ်ပျက်ခဲ့တဲ့နေ့ကို သူမမှတ်မိတတ်ဘူး။ ဘယ်နေ့မှာ ဖြစ်ပျက်ခဲ့တယ်ဆိုတာကို သူပြန်တွေးရင် သူဘယ်စာအုပ်၊ ဘာစာပိုဒ်ရေးနေတုန်းမှာဆိုပြီး စာလုံးရေ ၄ထောင်နဲ့ပြန်တွက်ချက်တတ်တယ်။ အဲဒီအခါမှာ အဖြစ်အပျက်ဖြစ်ပွားတဲ့နေ့ကို သူရတယ်။

လူတော်တော်များများအတွက်ကတော့ အလုပ်တစ်ခုခုကိုလုပ်နေချိန်မှာ စိတ်ပါဝင်စားရင် သတ်မှတ်ချိန်ထက်ကျော်လွန်ပြီး လုပ်တတ်ကြတယ်။ ဒါပေမယ့် မူရာကာမိက အဲဒီလိုမဟုတ်ဘူး။
သူက သူစာရေးနေချိန်မှာ စိတ်ပျော်ဝင်စားတဲ့နေရာကိုရောက်ရင် ချက်ချင်းအရေးရပ်လိုက်ပြီး တခြားအလုပ်ကို တခဏလောက်သွားလုပ်တတ်တယ်။ ခန္ဓာနဲ့ဦးနှောက် ခဏအနားရပြီးမှ သူပြန်ဆက်ရေးတတ်တယ်။
ဒီလိုပြန်ရေးတဲ့အခါ စိတ်ပျော်ဝင်စားတဲ့နေရာတဲ့နေရာမှာ အရေးရပ်ခဲ့တာမို့ ဆက်ရေးတဲ့အခါ မုဒ်ထပ်သွင်းစရာမလိုတော့ဘဲ လျောလျောရှုရှုဆက်ရေးနိုင်တယ်။ ခဏနားထားတဲ့အတွက်ကြောင့်လည်း ခန္ဓာနဲ့ဦးနှောက်က ကြည်လင်နေတော့ ပိုပြီးအရေးသွက်တော့တယ်။

ဒီလိုကောင်းမွန်တဲ့အကျင့်စရိုက်က သူ့ကို ကော်ဖီဆိုင်စားပွဲပေါ်မှာ၊ လေယာဉ်စောင့်နေချိန်အတွင်းမှာ၊ မြေအောက်ရထားစီးချိန်မှာ ဘေးဘီကဆူညံသံတွေရဲ့နှောင့်ယှက်မှုကို မခံရတော့ဘဲ ကိုယ့်အတွေးထဲကိုယ်နစ်ပြီး စာရေးနိုင်စေခဲ့တာဖြစ်တယ်။
ဒါကြောင့် ကျွန်တော်တို့လည်း အလုပ်လုပ်နေချိန်အတွင်းမှာ အလုပ်ချိန်ကလည်းကျန်နေသေးတယ်၊ အလုပ်ကလည်းများတယ်ဆိုရင် အလုပ်လုပ်နေချိန်အတွင်း စိတ်ပါလက်ပါရှိချိန် ခဏလောက်နားလိုက်ရတယ်။ ခဏလောက်နားပြီး အင်အားပြည့်ဖြိုးလာချိန် ပြန်ဆက်လုပ်သင့်ပါတယ်။

(၄) စာတွေကို နှစ်ရှည်လကြာရေးချင်ရင် ကောင်းမွန်တဲ့ခန္ဓာကိုယ်တစ်ခုရှိရပါတယ်
စာရေးခြင်းက ခက်ခဲပင်ပန်းရှည်လျားလှတဲ့ဖြတ်သန်းမှုတစ်ခုပါ။ ကောင်းမွန်တဲ့နည်းတစ်ခု၊ အကျင့်တစ်ခုမရှိရင် ခရီးဝေးကိုလျှောက်လှမ်းဖို့ခက်ပါတယ်။
အင်္ဂလန်ကဗျာဆရာ Lord Byron က နေ့တိုင်း ဘိန်းရှုပြီး ကဗျာရေးပါတယ်။ ဘိန်းမရှုတဲ့အခါ ကဗျာရေးလို့မထွက်တော့ပါဘူး။ အဲဒီလိုနဲ့လည်း နှစ်ရှည်လကြာတောင့်ခံနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ ဒီလိုနဲ့ လက်ထဲက ကလောင်အစား သေနတ်ကိုသူပြောင်းကိုင်ပြီး ဂရိမှာစစ်သွားတိုက်ခဲ့ပါတယ်။ နောက်ပိုင်း ဂရိစစ်ပွဲမှာ ကျရှုံးခဲ့ပါတယ်။

အနောက်တိုင်း စာရေးဆရာတော်တော်များများက မူးယစ်ဆေးဝါးနဲ့ ဉာဏ်ကွန့်မြူးမှုရယူတတ်ကြတယ်။ ဒီလိုစာရေးဆရာတွေက သက်တမ်းမရှည်ခဲ့ကြပါဘူး။ အသက် ၃ဝနောက်ပိုင်းမှာ ခေါင်းထဲကစာတွေ ထွက်မလာနိုင်ဖြစ်ကြရတယ်။ တစ်ခါတလေ ကောင်းတဲ့ဝတ္ထုတွေ ထွက်ပေါ်လာတတ်ပေမယ့် စာဖတ်သူအပေါ် သြဇာမလွှမ်းနိုင်တော့ပါဘူး။
စာပေသမိုင်းမှာ အသက် ၇ဝ ၊ ၈ဝအထိ အရည်အသွေးကောင်းတဲ့စာအုပ်တွေ ရေးထုတ်နိုင်တဲ့စာရေးဆရာတွေကို ကြည့်ရင် ဥပမာ- Immanue Kant၊ Goethe၊ Kafka၊ ပြီးတော့ အခုရေးနေတဲ့ မူရာကာမိတို့က ဘဝကို စည်းစနစ်ကျဖြတ်သန်းသူတွေဖြစ်တယ်။

မူရာကာမိဟာ စာတွေစရေးစက စာကြည့်ခန်းထဲမှာ တစ်နှစ်လောက်အောင်းနေတာမျိုးရှိခဲ့တယ်။ ကိုယ်ကာယလေ့ကျင့်ခန်း ချိုတဲ့မှုကြောင့် ခန္ဓာကိုယ်က မခံနိုင်ခဲ့ဘူး။ အာရုံစူးစိုက်မှုအားလည်း တာရှည်မခံခဲ့ဘူး။
ဒီလိုနဲ့ ပြေးဖို့ သူစဉ်းစားလိုက်တယ်။ တစ်နေ့ကို ၁ဝ ကီလိုမီတာ .. တစ်ပတ်ကို ကီလိုမီတာ ၆ဝ သူပြေးတယ်။ ဒီလိုနဲ့ စပြေးလိုက်တာ နှစ်ပေါင်း ၃၅နှစ်ကြာသွားတဲ့အထိ အပြေးမရပ်ခဲ့တော့ဘူး။ ဆေးလိပ်လည်းပြတ်သွားသလို ခန္ဓာကိုယ်လည်း ကြံ့ခိုင်လာခဲ့တယ်။ ပြီးတော့ မာရသွန်အပြေးသမားတစ်ယောက်တောင် သူဖြစ်ခဲ့တယ်။
နှစ်ပေါင်းများစွာ ဇွဲရှိရှိပြေးခဲ့လို့ သူရဲ့သေးငယ်တဲ့ခန္ဓာကိုယ်ဟာ အဆုံးမရှိတဲ့ခွန်အားတွေ မပြတ်ထုတ်နိုင်ခဲ့တယ်။
စာပဲရေးရေး တခြားအလုပ်ပဲလုပ်လုပ် ကောင်းမွန်တဲ့ခန္ဓာကိုယ်တစ်ခုက မရှိမဖြစ်လိုအပ်ပါတယ်။

သူရဲ့ကောင်းမွန်တဲ့အကျင့်စရိုက်ထဲမှာ ကံကောင်းခြင်းတွေသိုဝှက်နေပါတယ်။
မူရာကာမိရဲ့အောင်မြင်မှုက မတော်တဆ ရုတ်တရက်ဖြစ်လာတာ မဟုတ်ပါဘူး။ ငယ်ငယ်တည်းကရှိခဲ့တဲ့ စာဖတ်ကျင့် ပါရမီ၊ ပြီးတော့ သူရဲ့စည်းစနစ်ကျတဲ့ နေထိုင်မှုအကျင့်စရိုက်တွေကြောင့်လည်း ဖြစ်ပါတယ်။
ကိုယ်နှစ်သက်တဲ့အလုပ်တစ်ခုကိုရှာပြီး အဲဒီအလုပ်ထဲကနေ ကိုယ်နဲ့သင့်တော်နိုင်မယ့်နည်းလမ်းကိုရှာရင်း အလုပ်လုပ်ချိန်၊ နားချိန်သတ်မှတ်တယ်၊ ကျန်ရှိတဲ့အချိန်ကို ကိုယ်လက်လေ့ကျင့်ခန်းလုပ်တယ်။ မူရာကာမိရဲ့ ဘဝနေထိုင်နည်းကနေ မတူတဲ့အတွေ့အကြုံ၊ မတူတဲ့ရလဒ်ကို ခံစားရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။
“စောစောအိပ် စောစောထအောင် ဘယ်အရာက
ကျွန်တော့်ကို ၃၅နှစ်လုံးလုံးတောင့်ခံစေခဲ့သလဲ”
ခေါင်းစဉ်နဲ့ wechatမှာ ဖတ်ခဲ့ရတဲ့စာတစ်ပုဒ်ပါ။ ဘာသာပြန်မျှဝေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: NineNineSaNay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top