Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရဟတ္ယာဉ္ ပ်က္က်မႈေၾကာင့္ ေဆာ္ဒီ အာေရးဘီးယား ေတာ္ဝင္မိသားစုမွ မင္းသားတစ္ဦး ေသဆံုးသြားေၾကာင္း သိရသည္။

ယီမင္ႏွင့္ နယ္စပ္အနီးသို႔ ရဟတ္ယာဉ္ျဖင့္ သြားေရာက္စဉ္ မေတာ္တဆမႈ ႀကံဳေတြ႕ၿပီး မင္းသား မာဆန္ဘင္ မြတ္က္ရင္ ေသဆံုးသြားေၾကာင္း ေတာ္ဝင္ မိသားစုက အတည္ျပဳခဲ့သည္။ ၎သည္ ေအဆာေဒသ၏ လက္ေထာက္ အုပ္ခ်ဳပ္ေရးမွဴးအျဖစ္ တာဝန္ယူေနသူလည္း ျဖစ္သည္။

ၿပီးခဲ့သည့္ သီတင္းပတ္ကုန္က ရဟတ္ယာဉ္ ပ်က္က်ခဲ့ရသည့္ အေၾကာင္းရင္းကိုမူ တိတိက်က် မသိရေသးေခ်။ မင္းသား မာဆန္ဘင္ႏွင့္အတူ အျခား အရာရွိ အခ်ိဳ႕လည္း ရဟတ္ယာဉ္ေပၚ လိုက္ပါခဲ့ၿပီး စုစုေပါင္း ေသဆံုးသူ ဦးေရကို အစိုးရ မီဒီယာမ်ားက မထုတ္ျပန္ေသးေခ်။

မာဆန္ဘင္သည္ ယခင္ ေဆာ္ဒီ အိမ္ေရွ႕မင္းသားေဟာင္း တစ္ဦး၏ သားျဖစ္သည္။ ေဆာ္ဒီတြင္ ၿပီးခဲ့သည့္ သီတင္းပတ္ကုန္ကလည္း မင္းသား ၁၁ ပါး အပါအဝင္ လူေပါင္းမ်ားစြာကို အဂတိ လုိက္စားမႈ စြဲခ်က္မ်ားျဖင့္ ဖမ္းဆီးခဲ့သည္။ ယင္းသည္ ေဆာ္ဒီဘုရင္ ဆယ္လ္မန္က ၎၏ သားေတာ္ အိမ္ေ႐ွ႕မင္းသား မိုဟာမက္ ဘင္ဆယ္လ္မန္၏ ထီးနန္းဆက္ခံေရးအတြက္ လမ္းရွင္းသည့္ အစီအမံ တစ္ခုအျဖစ္လည္း ထင္ေၾကးမ်ား ထြက္ေပၚခဲ့သည္။

ေဆာ္ဒီစစ္တပ္က ၿပီးခဲ့သည့္ သီတင္းပတ္ကုန္၌ ယီမင္ရွိ ဟိုသီ သူပုန္မ်ား ပစ္လႊတ္ခဲ့သည့္ ဒံုးက်ည္တစ္စီးကို ရီယတ္ဒ္ၿမိဳ႕ေတာ္ အနီးတြင္ ၾကားျဖတ္ ပစ္ခ်ခဲ့ရေၾကာင္း ေၾကညာခဲ့သည္။ သို႔ေသာ္ ယီမင္ႏွင့္ နယ္စပ္အနီး ယခုလို ရဟတ္ယာဉ္ ပ်က္က်ရျခင္းသည္ ဟိုသီသူပုန္မ်ားႏွင့္ ဆက္စပ္မႈ ရွိမရွိ အတည္မျပဳႏုိင္ေသးေၾကာင္း သတင္းမ်ားက ေဖာ္ျပသြားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ဆော်ဒီ အာရေးဘီးယား တော်ဝင်မိသားစုမှ မင်းသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။


ယီမင်နှင့် နယ်စပ်အနီးသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်စဉ် မတော်တဆမှု ကြုံတွေ့ပြီး မင်းသား မာဆန်ဘင် မွတ်က်ရင် သေဆုံးသွားကြောင်း တော်ဝင် မိသားစုက အတည်ပြုခဲ့သည်။ ၎င်းသည် အေဆာဒေသ၏ လက်ထောက် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူနေသူလည်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ရဟတ်ယာဉ် ပျက်ကျခဲ့ရသည့် အကြောင်းရင်းကိုမူ တိတိကျကျ မသိရသေးချေ။ မင်းသား မာဆန်ဘင်နှင့်အတူ အခြား အရာရှိ အချို့လည်း ရဟတ်ယာဉ်ပေါ် လိုက်ပါခဲ့ပြီး စုစုပေါင်း သေဆုံးသူ ဦးရေကို အစိုးရ မီဒီယာများက မထုတ်ပြန်သေးချေ။

မာဆန်ဘင်သည် ယခင် ဆော်ဒီ အိမ်ရှေ့မင်းသားဟောင်း တစ်ဦး၏ သားဖြစ်သည်။ ဆော်ဒီတွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်ကလည်း မင်းသား ၁၁ ပါး အပါအဝင် လူပေါင်းများစွာကို အဂတိ လိုက်စားမှု စွဲချက်များဖြင့် ဖမ်းဆီးခဲ့သည်။ ယင်းသည် ဆော်ဒီဘုရင် ဆယ်လ်မန်က ၎င်း၏ သားတော် အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်၏ ထီးနန်းဆက်ခံရေးအတွက် လမ်းရှင်းသည့် အစီအမံ တစ်ခုအဖြစ်လည်း ထင်ကြေးများ ထွက်ပေါ်ခဲ့သည်။

ဆော်ဒီစစ်တပ်က ပြီးခဲ့သည့် သီတင်းပတ်ကုန်၌ ယီမင်ရှိ ဟိုသီ သူပုန်များ ပစ်လွှတ်ခဲ့သည့် ဒုံးကျည်တစ်စီးကို ရီယတ်ဒ်မြို့တော် အနီးတွင် ကြားဖြတ် ပစ်ချခဲ့ရကြောင်း ကြေညာခဲ့သည်။ သို့သော် ယီမင်နှင့် နယ်စပ်အနီး ယခုလို ရဟတ်ယာဉ် ပျက်ကျရခြင်းသည် ဟိုသီသူပုန်များနှင့် ဆက်စပ်မှု ရှိမရှိ အတည်မပြုနိုင်သေးကြောင်း သတင်းများက ဖော်ပြသွားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top