မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×







“ဟင်… ဒီလောက်တောင်လား!!!”


Credit: ကနောင်သားလေး
#Unicode Version#
ပူပူနွေးနွေး မင်္ဂလာဆောင်ပြီးကာစ ကောင်မလေးကို သူ့သူငယ်ချင်း အပျိုမတစ်သိုက်က တိုးတိုးတိတ်တိတ်မေးသည်။

“ဟဲ့… နင့်မှာ မျက်တွင်းတွေကိုကျလို့ တစ်ညလုံးမအိပ်ဘူးလား??? မင်္ဂလာဦးည အတွေ့အကြုံလေး ငါတို့သိရအောင်ပြောပြပါလား?”

“တော်ပါပြီဟာ မပြောချင်ပါဘူး”
“ပြောပါဟာ နင်ကလည်း ငါတို့တွေဗဟုသုတရတာပေါ့”

“အို… ကိုယ့်အကြောင်းကိုယ်ပြောရမှာ ရှက်စရာကြီး”

“ပြောပါဟာ နင်ကလည်း… အချင်းချင်းတွေပဲဟာ”

“ဒီလောက်တောင်သိချင်နေကြလည်း ပြောပြမယ်ဟာ။ မနေ့ညက တစ်ညလုံးမအိပ်ရဘူးဟ”

“ဟင်… ဒီလောက်တောင်လား!!!”

“အေးလေ… လက်ဖွဲ့တွေဝေစုခွဲကြရင်း လင်မယားနှစ်ယောက် ရန်သတ်နေကြတာ မိုးလင်းပေါက်ပဲဟေ့…”

ဖိုးသူတော် (www.phothutaw.com)
Credit: ကနောင်သားလေး
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top