ဆံသားေျခာက္ေသြ႕ေနလို႔ စိတ္ညစ္ေနလား။ ေျခာက္ေသြ႕တဲ့ ဆံေကသာပိုင္ရွင္အတြက္ သဘာ၀နည္းလမ္းနဲ႔ ေပါင္းတင္နည္းကို မွ်ေ၀ေပးသြားပါမယ္။ ေျခာက္သြ႕တဲ့ ဆံေကသာပိုင္ရွင္ေတြအတြက္မို႔ ဆံသားအဆီျပန္တဲ့သူေတြ မလုပ္ေပးရပါဘူးေနာ္။

ငွက္ေပ်ာသီးနဲ႔ သံပုယုိရည္သီးေရာၿပီးေပါင္းတင္မယ္

ငွက္ေပ်ာသီးနဲ႔ သံပုယုိသီး (သုိ႔) သံပုရာသီးကို ေရာၿပီးေပါင္းတင္ေပးပါ။ ငွက္ေပ်ာသီးမွာ ဗီတာမင္နဲ႔ သတၱဳဓာတ္ၾကြယ္၀တဲ့အျပင္ Antioxidant ၾကြယ္၀စြာပါ၀င္လို ႔ ဆံေကသာအတြက္ေရာ ဦးေရျပားအတြက္ပါေကာင္းမြႏ္ပါတယ္။

သံပုယုိရည္ နဲ႔သံပုရာရည္ကေတာ့ ဦးေရျပားကေန အဆီအလြန္အကၽြံျပန္တာကို သက္သာေစပါတယ္ ဒါ့ေၾကာင့္ ငွက္ေပ်ာသီးနဲ႔တြဲသံုးမယ္ဆိုရင္ သံေကသာကို အရမ္းလည္းအဆီမျပန္ ေျခာက္လည္းမေျခာက္ေစပါဘူး။

ပါ၀င္ပစၥည္း

ငွက္ေပ်ာသီး မွည့္ တစ္လံုး

သံပုယုိသီး ၁ လံုး (သုိ႔) သံပုရာသီး ၂ လံုး (အရည္ညွစ္ထည့္ပါ)

အုန္းဆီ စားပြဲတင္ဇြန္း ၁ ဇြန္း (ဦးေရျပားအရမ္းေျခာက္ေသြ႕မွသာသံုးပါ)

ျပင္ဆင္ျခင္း

ငွက္ေပ်ာသီးမွည့္ကို ခြက္တစ္လံုးထဲထည့္ၿပီး ၿပဲသြားေအာင္လုပ္လိုက္ပါ။ ၿပီးရင္ သံပုယိုရည္နဲ႔ အုန္းဆီထည့္ပါ။ အဲဒီေနာက္ ေသခ်ာေမႊေပးၿပီးရင္ သံုးလို႔ရပါၿပီ။

ဘယ္လိုသံုးမလဲ

အခုလိုလုပ္ထားတဲ့ သဘာ၀ေပါင္းေဆးကို ဆံေကသာအရင္းကေန အဖ်ားထိလိမ္းေပးလိုက္ပါ။ ႏွံ႔သြားၿပီဆိုရင္ ဆံပင္အုပ္တဲ့ Shower Cap နဲ႔ မိနစ္ ၃၀ ၊ ၄၅ မိနစ္ေလာက္ ေပါင္းထားေပးပါ။ ၿပီးရင္ ေရနည္းနည္းေႏြးတယ္ဆိုရံုေလာက္နဲ႔ ေဆးခ်ပါ။ ၿပီးရင္ေခါင္းေလွ်ာ္ရည္ေပါင္းေဆးသံုးၿပီး ေခါင္းေလွ်ာခ်ပါ။

ဆံေကသာသန္စြမ္း ေတာက္ေျပာင္လာေစမွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
ဆံသားခြောက်သွေ့နေလို့ စိတ်ညစ်နေလား။ ခြောက်သွေ့တဲ့ ဆံကေသာပိုင်ရှင်အတွက် သဘာဝနည်းလမ်းနဲ့ ပေါင်းတင်နည်းကို မျှဝေပေးသွားပါမယ်။ ခြောက်သွ့တဲ့ ဆံကေသာပိုင်ရှင်တွေအတွက်မို့ ဆံသားအဆီပြန်တဲ့သူတွေ မလုပ်ပေးရပါဘူးနော်။

ငှက်ပျောသီးနဲ့ သံပုယိုရည်သီးရောပြီးပေါင်းတင်မယ်

ငှက်ပျောသီးနဲ့ သံပုယိုသီး (သို့) သံပုရာသီးကို ရောပြီးပေါင်းတင်ပေးပါ။ ငှက်ပျောသီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့အပြင် Antioxidant ကြွယ်ဝစွာပါဝင်လို့ ဆံကေသာအတွက်ရော ဦးရေပြားအတွက်ပါကောင်းမွန်ပါတယ်။

သံပုယိုရည် နဲ့သံပုရာရည်ကတော့ ဦးရေပြားကနေ အဆီအလွန်အကျွံပြန်တာကို သက်သာစေပါတယ် ဒါ့ကြောင့် ငှက်ပျောသီးနဲ့တွဲသုံးမယ်ဆိုရင် သံကေသာကို အရမ်းလည်းအဆီမပြန် ခြောက်လည်းမခြောက်စေပါဘူး။

ပါဝင်ပစ္စည်း

ငှက်ပျောသီး မှည့် တစ်လုံး

သံပုယိုသီး ၁ လုံး (သို့) သံပုရာသီး ၂ လုံး (အရည်ညှစ်ထည့်ပါ)

အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း (ဦးရေပြားအရမ်းခြောက်သွေ့မှသာသုံးပါ)

ပြင်ဆင်ခြင်း

ငှက်ပျောသီးမှည့်ကို ခွက်တစ်လုံးထဲထည့်ပြီး ပြဲသွားအောင်လုပ်လိုက်ပါ။ ပြီးရင် သံပုယိုရည်နဲ့ အုန်းဆီထည့်ပါ။ အဲဒီနောက် သေချာမွှေပေးပြီးရင် သုံးလို့ရပါပြီ။

ဘယ်လိုသုံးမလဲ

အခုလိုလုပ်ထားတဲ့ သဘာဝပေါင်းဆေးကို ဆံကေသာအရင်းကနေ အဖျားထိလိမ်းပေးလိုက်ပါ။ နှံ့သွားပြီဆိုရင် ဆံပင်အုပ်တဲ့ Shower Cap နဲ့ မိနစ် ၃၀ ၊ ၄၅ မိနစ်လောက် ပေါင်းထားပေးပါ။ ပြီးရင် ရေနည်းနည်းနွေးတယ်ဆိုရုံလောက်နဲ့ ဆေးချပါ။ ပြီးရင်ခေါင်းလျှော်ရည်ပေါင်းဆေးသုံးပြီး ခေါင်းလျှောချပါ။

ဆံကေသာသန်စွမ်း တောက်ပြောင်လာစေမှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top