Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×




#Unicode Version#
ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်လ်ဒို က ၎င်း၏ချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်မှာ ပြီးခဲ့သည့်တနင်္ဂနွေနေ့က သမီးမိန်းကလေး ဖွားမြင်ခဲ့ပြီး ၎င်းမှာ ကလေး(၄)ဦး၏ဖခင်ဖြစ်လာခဲ့ကြောင်း ကြေညာခဲ့သည်။

” အယ်လာနာမာတီနာကို မွေးဖွားခဲ့ပြီ။ ဂျီယိုကော အယ်လာနာပါ အကြီးမြတ်ဆုံးအလုပ်ကို လုပ်ဆောင်ခဲ့တာပါ။ ကျွန်တော်တို့အားလုံးလည်း ပျော်နေပါတယ်” ဟု စီရော်နယ်လ်ဒိုက Twitter တွင် ရေးသားခဲ့သည်။

စီရော်နယ်လ်ဒိုသည် လက်ရှိတွင် (၇)နှစ်အရွယ်ရှိသားဖြစ်သူ ခရစ္စတီယာနိုဂျူနီယာ၊ ပြီးခဲ့သည့်ဇွန်လက မွေးဖွားခဲ့သည့် အမြွာသမီးနှင့်သားများဖြစ်သည့် အီဗာနှင့် မတ်တီယိုအပြင် ယခု သမီးမိန်းကလေးတစ်ဦးကို ထပ်မံပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalabarmorning
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top