Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဘုရားအေလာင္းႏွင့္ သူေတာ္ေကာငး္တို႔ ေတာင္းေသာဆု

အသီးသီးတတ္ေသာ သစ္ပင္တုိ႔သည္ အသီးတုိ႔ျဖင့္ သတၱ၀ါတုိ႔ကုိ ေက်းဇူးျပဳတတ္ကုန္၏၊ ျမစ္ေခ်ာင္းတုိ႔ သည္ ေရျဖင့္ သတၱ၀ါတုိ႔ကို ေက်းဇူးျပဳကုန္၏၊ ႏြားမ တုိ႔သည္ ႏုိ႔ရည္ျဖင့္ လူတုိ႔ကုိ ေက်းဇူးျပဳကုန္၏၊ ႏြား ထီးတုိ႔သည္လည္း ေကာက္ပဲသီးႏွံတုိ႔ျဖင့္ လူတုိ႔ကို ေက်းဇူးျပဳကုန္၏၊ “ေန” သည္ ေႏြးေသာ ေရာင္ ျခည္ ျဖင့္ လူတုိ႔ကုိ ေက်းဇူးျပဳ၏၊ “လ” သည္လည္း ေအးျမေသာ ေရာင္ျခည္ျဖင့္ လူတုိ႔ကို ေက်းဇူးျပဳ ကုန္ ၏၊
ဤသို႔လွ်င္ လူတုိ႔သည္ လူအခ်င္းခ်င္း ေက်းဇူးျပဳ ေကာင္းက်ဳိးျပဳရမည္သာ ျဖစ္သည္။ေျမႀကီးေပၚ ေရာက္လာေသာ လူတုိ႔သည္ လူ႔ေလာကကို ေက်း ဇူး ျပဳမွ ဤကမၻာေျမေပၚ၀ယ္ ေနရက်ဳိးနပ္မည္၊ လူ တုိ႔သည္ အထက္ေဖၚျပပါ ေက်းဇူးျပတတ္ေသာ အရာ၀တၳဳတုိ႔ႏွင့္ လုံးလုံးမတူ ထူးျခားသည္သာ ျဖစ္ ၏။ အေၾကာင္းအက်ဳိးကို နားလည္သည္၊ အေကာင္း အဆုိးကို သိျမင္သည္၊ ဆင္ျခင္တုံ တရား ရွိသည္၊ ထုိ႔ေၾကာင့္ ကံေကာင္းေထာက္မ၍ ရခဲစြာလွ လူ႔ဘ၀ကို ရၾကသူတုိ႔သည္ စဥ္းစား ဆင္ ျခင္ ရန္မွာ “ငါသည္ လူသားတုိ႔အတြက္ ဘာေတြ ကို ထားျပစ္ခဲ့မလဲ” “ငါသည္ ငါ့အတြက္ ဘာေတြ ကို ယူသြားမလဲ”၊ ဤအခ်က္ကို အေလးအနက္ လူသားတုိင္း စဥ္းစားဆင္ျခင္အပ္ေလသည္။
သိဒၶတၳေဂါတမ ျမတ္ဗုဒၶသည္ အ႐ုိးေၾကေၾက အေရ ဆုပ္ဆုပ္ အားထုတ္ေတာ္မူ၍ သတၱေလာကႀကီး အတြက္ ဓမၼတစ္ခု ထားရစ္ခဲ့ေလသည္၊ သတၱ၀ါ အားလုံး စားသုံး၍ မကုန္ႏုိင္ေအာင္ ရွိေပသည္။ ေလာက၌ ကံစြမ္း ဥာဏ္စြမ္း ၀ီရိယစြမ္း ရွိသူတုိ႔ ကား ရွားပါးကုန္၏၊ ကံစြမ္း ဥာဏ္စြမ္း ၀ီရိယစြမ္း နည္းပါးသူတုိ႔သာ မ်ားျပားကုန္၏။ ကံစြမ္း ဥာဏ္ စြမ္း ၀ီရိယစြမ္း ႀကီးမားသူတုိ႔သည္ ကံ ဥာဏ္ ၀ီရိယ အား နည္းပါးသူတုိ႔၏ မွီခုိ အားထားရာ ျဖစ္သင့္ေပ သည္။
လူတုိ႔၏ ႏႈတ္တြင္ စကားပုံေပါင္း ေျမာက္ျမားစြာ ေျပာဆုိၾကသည္။ ဥပမာ … ေရၾကည္ရာ ျမက္ ႏု ရာ” ဆုိေသာ စကားမ်ဳိးျဖစ္သည္။ ဤ စကားရပ္၌ မိမိေနေသာအရပ္၌ ေရေနာက္လွ်င္ ေရၾကည္ရွိရာ အရပ္သုိ႔ သြားရမည္။ မိမိေနေသာ အရပ္၌ သစ္ပင္ ျမက္ပင္တုိ႔ ေျခာက္ေသြ႕လွ်င္ စိမ္းစုိေသာ အရပ္သုိ႔ သြားရမည္ ဟု ဆုိလုိဟန္ ရွိသည္။
တကယ္ျဖစ္သင့္သည္ကား မၾကည္ေသာေရကုိ ၾကည္ေအာင္ လုပ္ရမည္။ မႏုေသာျမက္ တုိ႔ကို ႏု ေအာင္ စုိက္ပ်ဳိးရမည္၊ ပူျပင္းေျခာက္ေသြ႕ ေရရွား ပါးေသာ အရပ္ကို စိမ္းလန္းစုိေျပေအာင္ ေသာက္ ေရ သုံးေရရေအာင္ လုပ္ရမည္ဟုသာ မိမိခံယူ သည္။
ဤခံယူခ်က္ ဤဆုေတာင္းမ်ားေၾကာင့္ ယေန႔ စပ္ ကူးမတ္ကူး ျမန္မာႏုိင္ငံေတာ္တြင္ ေရအလွဴ၊ ေဆး အလွဴ၊ ေက်ာင္းအလွဴ၊ ေက်ာင္းသုံး ပရိေဘာဂ အလွဴ ေဆး႐ုံအလွဴ တုိ႔ကို အေတာ္အတန္ လွဴျဖစ္ ခဲ့ေလၿပီ။
ဆက္လက္၍ ေတာင္းလုိေသာ ဆုေတာင္းသည္ ကား
ကာမ၏ ေက်းကြၽန္အျဖစ္ ဘယ္ဘ၀မွာမွ မျဖစ္ရပါ လုိ။ သာသနာေတာ္၏ ေက်းကြၽန္သာျဖစ္ရပါလုိ၏၊ ငါတည္းဟူေသာ အေၾကာင္းေၾကာင့္ သူတပါးတုိ႔ ဒုကၡမျဖစ္ၾကပါေစႏွင့္၊ ဆင္းရဲဒုကၡေရာက္သူတုိ႔ကုိ ငါ အစြမ္းရွိသေလာက္ ေစာင့္ေရွာက္ႏုိင္ရပါလုိ၏။
သီတဂူ ဆရာေတာ္ ေဒါက္တာအရွင္ဉာဏိႆရ
၂၀၀၉ ေလာက္က ေဟာခဲ႔ဖူးတဲ႔ တရားေလး ျပန္နာ
ရင္း ေဝမ်ွေပးလိုက္ပါတယ္
သာဓု ေခၚျခင္းသည္လည္း ကုသိုလ္၏ အေထာက္
အပံ႔ပင္ျဖစ္၏
သာဓု သာဓု သာဓု

ဖိုးသူေတာ္ (www.phothutaw.com)
Credit: တရားဓမၼ
#Unicode Version#
ဘုရားအလောင်းနှင့် သူတော်ကောင်းတို့ တောင်းသောဆု

အသီးသီးတတ်သော သစ်ပင်တို့သည် အသီးတို့ဖြင့် သတ္တဝါတို့ကို ကျေးဇူးပြုတတ်ကုန်၏၊ မြစ်ချောင်းတို့ သည် ရေဖြင့် သတ္တဝါတို့ကို ကျေးဇူးပြုကုန်၏၊ နွားမ တို့သည် နို့ရည်ဖြင့် လူတို့ကို ကျေးဇူးပြုကုန်၏၊ နွား ထီးတို့သည်လည်း ကောက်ပဲသီးနှံတို့ဖြင့် လူတို့ကို ကျေးဇူးပြုကုန်၏၊ “နေ” သည် နွေးသော ရောင် ခြည် ဖြင့် လူတို့ကို ကျေးဇူးပြု၏၊ “လ” သည်လည်း အေးမြသော ရောင်ခြည်ဖြင့် လူတို့ကို ကျေးဇူးပြု ကုန် ၏၊

ဤသို့လျှင် လူတို့သည် လူအချင်းချင်း ကျေးဇူးပြု ကောင်းကျိုးပြုရမည်သာ ဖြစ်သည်။မြေကြီးပေါ် ရောက်လာသော လူတို့သည် လူ့လောကကို ကျေး ဇူး ပြုမှ ဤကမ္ဘာမြေပေါ်ဝယ် နေရကျိုးနပ်မည်၊ လူ တို့သည် အထက်ဖေါ်ပြပါ ကျေးဇူးပြတတ်သော အရာဝတ္ထုတို့နှင့် လုံးလုံးမတူ ထူးခြားသည်သာ ဖြစ် ၏။ အကြောင်းအကျိုးကို နားလည်သည်၊ အကောင်း အဆိုးကို သိမြင်သည်၊ ဆင်ခြင်တုံ တရား ရှိသည်၊ ထို့ကြောင့် ကံကောင်းထောက်မ၍ ရခဲစွာလှ လူ့ဘဝကို ရကြသူတို့သည် စဉ်းစား ဆင် ခြင် ရန်မှာ “ငါသည် လူသားတို့အတွက် ဘာတွေ ကို ထားပြစ်ခဲ့မလဲ” “ငါသည် ငါ့အတွက် ဘာတွေ ကို ယူသွားမလဲ”၊ ဤအချက်ကို အလေးအနက် လူသားတိုင်း စဉ်းစားဆင်ခြင်အပ်လေသည်။

သိဒ္ဓတ္ထဂေါတမ မြတ်ဗုဒ္ဓသည် အရိုးကြေကြေ အရေ ဆုပ်ဆုပ် အားထုတ်တော်မူ၍ သတ္တလောကကြီး အတွက် ဓမ္မတစ်ခု ထားရစ်ခဲ့လေသည်၊ သတ္တဝါ အားလုံး စားသုံး၍ မကုန်နိုင်အောင် ရှိပေသည်။ လောက၌ ကံစွမ်း ဉာဏ်စွမ်း ဝီရိယစွမ်း ရှိသူတို့ ကား ရှားပါးကုန်၏၊ ကံစွမ်း ဉာဏ်စွမ်း ဝီရိယစွမ်း နည်းပါးသူတို့သာ များပြားကုန်၏။ ကံစွမ်း ဉာဏ် စွမ်း ဝီရိယစွမ်း ကြီးမားသူတို့သည် ကံ ဉာဏ် ဝီရိယ အား နည်းပါးသူတို့၏ မှီခို အားထားရာ ဖြစ်သင့်ပေ သည်။

လူတို့၏ နှုတ်တွင် စကားပုံပေါင်း မြောက်မြားစွာ ပြောဆိုကြသည်။ ဥပမာ … ရေကြည်ရာ မြက် နု ရာ” ဆိုသော စကားမျိုးဖြစ်သည်။ ဤ စကားရပ်၌ မိမိနေသောအရပ်၌ ရေနောက်လျှင် ရေကြည်ရှိရာ အရပ်သို့ သွားရမည်။ မိမိနေသော အရပ်၌ သစ်ပင် မြက်ပင်တို့ ခြောက်သွေ့လျှင် စိမ်းစိုသော အရပ်သို့ သွားရမည် ဟု ဆိုလိုဟန် ရှိသည်။

တကယ်ဖြစ်သင့်သည်ကား မကြည်သောရေကို ကြည်အောင် လုပ်ရမည်။ မနုသောမြက် တို့ကို နု အောင် စိုက်ပျိုးရမည်၊ ပူပြင်းခြောက်သွေ့ ရေရှား ပါးသော အရပ်ကို စိမ်းလန်းစိုပြေအောင် သောက် ရေ သုံးရေရအောင် လုပ်ရမည်ဟုသာ မိမိခံယူ သည်။

ဤခံယူချက် ဤဆုတောင်းများကြောင့် ယနေ့ စပ် ကူးမတ်ကူး မြန်မာနိုင်ငံတော်တွင် ရေအလှူ၊ ဆေး အလှူ၊ ကျောင်းအလှူ၊ ကျောင်းသုံး ပရိဘောဂ အလှူ ဆေးရုံအလှူ တို့ကို အတော်အတန် လှူဖြစ် ခဲ့လေပြီ။

ဆက်လက်၍ တောင်းလိုသော ဆုတောင်းသည် ကား
ကာမ၏ ကျေးကျွန်အဖြစ် ဘယ်ဘဝမှာမှ မဖြစ်ရပါ လို။ သာသနာတော်၏ ကျေးကျွန်သာဖြစ်ရပါလို၏၊ ငါတည်းဟူသော အကြောင်းကြောင့် သူတပါးတို့ ဒုက္ခမဖြစ်ကြပါစေနှင့်၊ ဆင်းရဲဒုက္ခရောက်သူတို့ကို ငါ အစွမ်းရှိသလောက် စောင့်ရှောက်နိုင်ရပါလို၏။

သီတဂူ ဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ
၂၀၀၉ လောက်က ဟောခဲ့ဖူးတဲ့ တရားလေး ပြန်နာ
ရင်း ဝေမျှပေးလိုက်ပါတယ်

သာဓု ခေါ်ခြင်းသည်လည်း ကုသိုလ်၏ အထောက်
အပံ့ပင်ဖြစ်၏
သာဓု သာဓု သာဓု

ဖိုးသူတော် (www.phothutaw.com)
Credit: တရားဓမ္မ
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
Top