Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မႏၲေလးၿမိဳ႕ ေအာင္ေျမ သာစံၿမိဳ႕နယ္ရွိ ေရႊမန္းေတာင္ ေဘာလံုးကြင္းတိုက္တန္းတြင္ တစ္ဦးတည္းေနထိုင္ေသာ အမ်ိဳး သားတစ္ဦးအသတ္ခံရမႈကို မႈခင္းရဲတပ္ဖြဲ႕အပါအဝင္ သက္ဆုိင္ရာ အဖြဲ႕ေပါင္းစံုျဖင့္ စံုစမ္းရွာေဖြေန ေၾကာင္း ေအာင္ေျမသာစံၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးခင္ေမာင္လြင္ က ေျပာသည္။

ႏုိဝင္ဘာ ၁၄ ရက္ နံနက္ ၁၁ နာရီက အသက္(၃၇)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးတည္းေနထိုင္ သည့္ တုိက္ခန္းအမွတ္ (E-2) သို႔ မိခင္ျဖစ္သူက သြားေရာက္ၾကည့္ ႐ႈရာ ေသြးအိုင္ထဲ လဲက်ေသဆံုုး ေနသည္ကို ေတြ႕ရွိခဲ့သည္။ ေဘး ပတ္ဝန္းက်င္၏ေျပာၾကားခ်က္ အရ ႏိုဝင္ဘာ ၁၃ ရက္ ည ၇ နာရီခန္႔က ေသဆံုးသူ၏အခန္းမွ ဆူညံသံမ်ား ၾကားရေၾကာင္း၊ ေနာက္ပိုင္းတြင္ အသံမ်ား ၿငိမ္ သက္သြားေၾကာင္း ရဲမွတ္တမ္း တြင္ ေဖာ္ျပထားသည္။

ေသဆံုးသူသည္ ခႏၶာကိုယ္ တြင္ ေပါက္ၿပဲဒဏ္ရာမ်ား၊ လည္ ပင္းႏွင့္ ဦးေခါင္းတြင္ ဒဏ္ရာမ်ား ရရွိထားၿပီး မႏၲေလးၿမိဳ႕ အမွတ္ (၂)နယ္ေျမရဲစခန္းတြင္ ပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ထားသည္။

ေသဆံုးသူအမ်ိဳးသား၏ဆြဲ ႀကိဳး၊ လက္စြပ္ႏွင့္ ဆိုင္ကယ္တို႔ လည္း ေပ်ာက္ဆံုးေနၿပီး ျပစ္မႈ က်ဴးလြန္သူသည္ ပစၥည္းရယူရန္ သတ္ျခင္းျဖစ္ႏိုင္ေၾကာင္း ရဲတပ္ဖြဲ႕က မွတ္ခ်က္ျပဳထားသည္။

‘‘ေလာေလာဆယ္မွာ ပတ္ ဝန္းက်င္က လူေတြ စစ္ေဆးေမး ေနတယ္။ အတြင္းလူ ဓာတ္သိျဖစ္ ဖို႔မ်ားတယ္။ ေနာက္ၿပီး မႈခင္းရဲ တပ္ဖြဲ႕ေရာ၊  ခ႐ိုင္၊ ၿမိဳ႕နယ္ မႈခင္း အကူအဖြဲ႕ေတြနဲ႔ေရာ ပူးေပါင္းစံု စမ္းေနပါတယ္’’ဟု ဒုရဲမွဴး ခင္ ေမာင္လြင္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


မန္တလေးမြို့ အောင်မြေ သာစံမြို့နယ်ရှိ ရွှေမန်းတောင် ဘောလုံးကွင်းတိုက်တန်းတွင် တစ်ဦးတည်းနေထိုင်သော အမျိုး သားတစ်ဦးအသတ်ခံရမှုကို မှုခင်းရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာ အဖွဲ့ပေါင်းစုံဖြင့် စုံစမ်းရှာဖွေနေ ကြောင်း အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးခင်မောင်လွင် က ပြောသည်။

နိုဝင်ဘာ ၁၄ ရက် နံနက် ၁၁ နာရီက အသက်(၃၇)နှစ်အရွယ် အမျိုးသားတစ်ဦးတည်းနေထိုင် သည့် တိုက်ခန်းအမှတ် (E-2) သို့ မိခင်ဖြစ်သူက သွားရောက်ကြည့် ရှုရာ သွေးအိုင်ထဲ လဲကျသေဆုံုး နေသည်ကို တွေ့ရှိခဲ့သည်။ ဘေး ပတ်ဝန်းကျင်၏ပြောကြားချက် အရ နိုဝင်ဘာ ၁၃ ရက် ည ၇ နာရီခန့်က သေဆုံးသူ၏အခန်းမှ ဆူညံသံများ ကြားရကြောင်း၊ နောက်ပိုင်းတွင် အသံများ ငြိမ် သက်သွားကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြထားသည်။

သေဆုံးသူသည် ခန္ဓာကိုယ် တွင် ပေါက်ပြဲဒဏ်ရာများ၊ လည် ပင်းနှင့် ဦးခေါင်းတွင် ဒဏ်ရာများ ရရှိထားပြီး မန္တလေးမြို့ အမှတ် (၂)နယ်မြေရဲစခန်းတွင် ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်။

သေဆုံးသူအမျိုးသား၏ဆွဲ ကြိုး၊ လက်စွပ်နှင့် ဆိုင်ကယ်တို့ လည်း ပျောက်ဆုံးနေပြီး ပြစ်မှု ကျူးလွန်သူသည် ပစ္စည်းရယူရန် သတ်ခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က မှတ်ချက်ပြုထားသည်။

‘‘လောလောဆယ်မှာ ပတ် ဝန်းကျင်က လူတွေ စစ်ဆေးမေး နေတယ်။ အတွင်းလူ ဓာတ်သိဖြစ် ဖို့များတယ်။ နောက်ပြီး မှုခင်းရဲ တပ်ဖွဲ့ရော၊  ခရိုင်၊ မြို့နယ် မှုခင်း အကူအဖွဲ့တွေနဲ့ရော ပူးပေါင်းစုံ စမ်းနေပါတယ်’’ဟု ဒုရဲမှူး ခင် မောင်လွင်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top