မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×






Credit: Duwun
#Unicode Version#
အဆိုတော် ရွှေထူး က သူပထမဆုံးပါဝင်ထားတဲ့ ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားကြီးဟာ မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ အဲ့အတွက်လည်း ရွှေထူးတစ်ယောက် ရင်ခုန်တာထက် စိုးရိမ်စိတ်တွေပဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

သူ့ကြောင့် ရုပ်ရှင်ရဲ့ ရသပျက်မှာ စိုးရိမ်တယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြထားတာ ဖြစ်ပါတယ်။

ပက်ပက်စက်စက်ညှို့ ၁၇.၁၁.၂၀၁၇ မှာစတင်ရုံတင်ပါတော့မယ်။ ကျွန်တော့်ရဲ့နောက်ထပ်ကြိုးစားမှုတစ်ခုပါ။ ရင်ခုန်တာထက် စိုးရိမ် စိတ်တွေပဲဖြစ်တယ် ။

ကျွန်တော့်ကြောင့် ရုပ်ရှင်ရသပျက်မှာကို စိုးရိမ်တယ် ။ ကျွန်တော် ချွတ်တားဘဝတည်းက ကြည့်ခဲ့ဖူးတဲ့ … တစ်အိမ်သားလုံးလဲ သဘောကျရတဲ့ ပရိသတ်တွေချစ်ကြတဲ့ မင်းသားကြီးတစ်ယောက်နဲ့ သရုပ်ဆောင်ရတာ တကယ့်ကို ကျွန်တော့်အတွက် ခက်ခဲလွန်းခဲ့ပါတယ် ။ လိုအပ်ချက်တွေ အများကြီးကိုရှိပါတယ်။ အထူးသဖြင့် ကျွန်တော့်ကြောင့် ရုပ်ရှင်တစ်ကား အရသာပျက်မှာ အရမ်းကို စိုးရိမ်လှပါတယ် ။

လိုအပ်ချက်များစွာကိုထောက်ပြပေးပါ … ဝေဖန်ပေးပါ … အကဲဖြတ်ပေးပါ … မည်သည့်ဝေဖန်ချက်မျိုးမဆိုကျွန်တော်ကြိုဆိုပါတယ်ခင်ဗျာ အမှားယွင်းများရှိခဲ့လျှင် ရုပ်ရှင်ချစ်ပရိသတ်များအားလုံးကိုကြိုတင်တောင်းပန်ပရစေခင်ဗျာ …”လို့ ဆိုထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top