Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဒါေတြကိုသာ သိထားမယ္ဆို အစားအစာေတြ အလဟႆမျဖစ္ေတာ့ဘူး။

ပိုေနတဲ့ အစားအေသာက္ေတြ၊ မခ်က္ျပဳတ္ရေသးတဲ့ အသား၊ငါး၊ အသီးအ႐ြက္ေတြကို အထားခံဖုိ႔အတြက္ ေရခဲေသတၱာထဲမွာ အေအးဓာတ္နဲ႔ သိုေလွာင္သိမ္းဆည္းၾကပါတယ္။ ဒီလိုသိမ္းဆည္းတဲ့အခါ အခ်ိန္ပိုၾကာၾကာသိမ္းႏိုင္ဖုိ႔အတြက္ လွ်ိဳ႕ဝွက္ခ်က္ေတြ ႐ွိပါတယ္။ သိမ္းဆည္းနည္းသာ မွန္ကန္မယ္ဆုိ အခ်ိန္ၾကာၾကာ အထားခံမွာျဖစ္ၿပီး အရသာလည္း မေလ်ာ့ေတာ့ပါဘူး။ မီးပ်က္သြားလို႔ ေရခဲေသတၱာ မေအးေတာ့ခ်ိန္မွာ သိမ္းထားတာေတြ လႊင့္ပစ္လိုက္ရတာမ်ိဳးလည္း မၾကံဳရေတာ့ဘူးေလ။ ဇစ္္ပါတဲ့ ေလလံုအိတ္ေလးေတြကိုလည္း မ႐ွိမျဖစ္ ေဆာင္ထားသင့္ပါတယ္။

၁။ ပိုေနတာေတြကို သိမ္းမယ္ဆို ေလလံုတဲ့အိတ္ထဲမွာထည့္ၿပီး ျပားေနေအာင္ဖိကာ ေရခဲဲေသတၱာထဲမွာ သိမ္းပါ။ အိတ္ထဲကို ေလမဝင္ပါေစနဲ႔။ ေလက အစားအစာေတြ ပုပ္သိုးလြယ္ေစမယ့္ အႀကီးမားဆံုးရန္သူပါ။

၂။ စားၿပီးလို႔ပိုေနတဲ့ ဟင္းအၾကြင္းအက်န္ေတြကို သိမ္းတဲဲ့အခါ အိတ္ေပၚမွာ စာေရးၿပီးသိမ္းသင့္ပါတယ္။ ဘယ္ေန႔ေနာက္ဆံုး အထားခံတယ္ဆုိတာကို ေရးပါ။ သိမ္းတဲ့ေန႔ကို မေရးရပါဘူး။ ခ်က္ျပဳတ္ထားတဲ့ ဟင္းလ်ာေတြကို ေအးခဲထားမယ္ဆို ၃ လေလာက္ အထားခံပါတယ္။ ျပန္ေႏႊးၿပီး စားေပါ့။

၃။ ခ်က္ျပဳတ္ရာမွာ အသံုးျပဳၿပီး ပိုေနတဲ့ ဂ်င္း၊ ၾကက္သြန္၊ အုန္းႏို႔ရည္၊ ျငဳပ္ပြ စတာေတြကိုေတာ့ ေရခဲတံုးျပဳလုပ္တဲ့ ခြက္ေလးေတြထဲကို ထည့္သိမ္းလိုက္ပါ။ ေရခဲတံုးအတြင္းထဲမွာ ေအးခဲၿပီးသိမ္းထားေတာ့ ေနာက္တစ္ေခါက္ခ်က္ျပဳတ္တဲ့အခါ အလြယ္တကူသံုးလို႔ရပါတယ္။

၄။ ခ်က္ျပဳတ္ဖုိ႔ ျပင္ထားၿပီးမွ မခ်က္ျဖစ္ေသးတဲ့ အသားေတြကိုေတာ့ အလံုးေလးေတြလံုးၿပီး ဗန္းထဲမွာျဖန္႔ကာ ေရခဲေသတၱာထဲမွာ အရင္ဆံုးေအးခဲေစလိုက္ပါ။ ခဲသြားၿပီဆုိေတာ့မွ ေလလံုအိတ္ထဲမွာ သိမ္းရပါမယ္။ ဒီလိုဆုိရင္ ပိုၿပီးၾကာၾကာ အထားခံပါတယ္။

၅။ ေရခဲေသတၱာထဲမွာ ေအးခဲထားမယ္ဆိုရင္ ဘယ္အရာေတြက အခ်ိန္ဘယ္ေလာက္ထိ အထားခံသလဲ?

ဝက္သား - ၁ လ

ဝက္အူေခ်ာင္း - ၂ လ

ငါးအသားေခ်ာင္း - ၃ လ

ႏုပ္ႏုပ္စင္းထားတဲ့ အသား - ၄ လ

လွီးျဖတ္တံုးတစ္ထားတဲဲ့ ၾကက္သား - ၆ လ

ၾကက္အေကာင္လိုက္ (သို႔မဟုတ္) ကင္ထားတဲ့ၾကက္သား - ၉ လ မွ ၁၂ လ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ဒါတွေကိုသာ သိထားမယ်ဆို အစားအစာတွေ အလဟဿမဖြစ်တော့ဘူး။

ပိုနေတဲ့ အစားအသောက်တွေ၊ မချက်ပြုတ်ရသေးတဲ့ အသား၊ငါး၊ အသီးအရွက်တွေကို အထားခံဖို့အတွက် ရေခဲသေတ္တာထဲမှာ အအေးဓာတ်နဲ့ သိုလှောင်သိမ်းဆည်းကြပါတယ်။ ဒီလိုသိမ်းဆည်းတဲ့အခါ အချိန်ပိုကြာကြာသိမ်းနိုင်ဖို့အတွက် လျှို့ဝှက်ချက်တွေ ရှိပါတယ်။ သိမ်းဆည်းနည်းသာ မှန်ကန်မယ်ဆို အချိန်ကြာကြာ အထားခံမှာဖြစ်ပြီး အရသာလည်း မလျော့တော့ပါဘူး။ မီးပျက်သွားလို့ ရေခဲသေတ္တာ မအေးတော့ချိန်မှာ သိမ်းထားတာတွေ လွှင့်ပစ်လိုက်ရတာမျိုးလည်း မကြုံရတော့ဘူးလေ။ ဇစ်ပါတဲ့ လေလုံအိတ်လေးတွေကိုလည်း မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။

၁။ ပိုနေတာတွေကို သိမ်းမယ်ဆို လေလုံတဲ့အိတ်ထဲမှာထည့်ပြီး ပြားနေအောင်ဖိကာ ရေခဲသေတ္တာထဲမှာ သိမ်းပါ။ အိတ်ထဲကို လေမဝင်ပါစေနဲ့။ လေက အစားအစာတွေ ပုပ်သိုးလွယ်စေမယ့် အကြီးမားဆုံးရန်သူပါ။

၂။ စားပြီးလို့ပိုနေတဲ့ ဟင်းအကြွင်းအကျန်တွေကို သိမ်းတဲ့အခါ အိတ်ပေါ်မှာ စာရေးပြီးသိမ်းသင့်ပါတယ်။ ဘယ်နေ့နောက်ဆုံး အထားခံတယ်ဆိုတာကို ရေးပါ။ သိမ်းတဲ့နေ့ကို မရေးရပါဘူး။ ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကို အေးခဲထားမယ်ဆို ၃ လလောက် အထားခံပါတယ်။ ပြန်နွှေးပြီး စားပေါ့။

၃။ ချက်ပြုတ်ရာမှာ အသုံးပြုပြီး ပိုနေတဲ့ ဂျင်း၊ ကြက်သွန်၊ အုန်းနို့ရည်၊ ငြုပ်ပွ စတာတွေကိုတော့ ရေခဲတုံးပြုလုပ်တဲ့ ခွက်လေးတွေထဲကို ထည့်သိမ်းလိုက်ပါ။ ရေခဲတုံးအတွင်းထဲမှာ အေးခဲပြီးသိမ်းထားတော့ နောက်တစ်ခေါက်ချက်ပြုတ်တဲ့အခါ အလွယ်တကူသုံးလို့ရပါတယ်။

၄။ ချက်ပြုတ်ဖို့ ပြင်ထားပြီးမှ မချက်ဖြစ်သေးတဲ့ အသားတွေကိုတော့ အလုံးလေးတွေလုံးပြီး ဗန်းထဲမှာဖြန့်ကာ ရေခဲသေတ္တာထဲမှာ အရင်ဆုံးအေးခဲစေလိုက်ပါ။ ခဲသွားပြီဆိုတော့မှ လေလုံအိတ်ထဲမှာ သိမ်းရပါမယ်။ ဒီလိုဆိုရင် ပိုပြီးကြာကြာ အထားခံပါတယ်။

၅။ ရေခဲသေတ္တာထဲမှာ အေးခဲထားမယ်ဆိုရင် ဘယ်အရာတွေက အချိန်ဘယ်လောက်ထိ အထားခံသလဲ?

ဝက်သား - ၁ လ

ဝက်အူချောင်း - ၂ လ

ငါးအသားချောင်း - ၃ လ

နုပ်နုပ်စင်းထားတဲ့ အသား - ၄ လ

လှီးဖြတ်တုံးတစ်ထားတဲ့ ကြက်သား - ၆ လ

ကြက်အကောင်လိုက် (သို့မဟုတ်) ကင်ထားတဲ့ကြက်သား - ၉ လ မှ ၁၂ လ

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top