Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ခံတြင္းသန္႔ရွင္းက်န္းမာေရးဟာ သြားေတြၾကံ႕ခိုင္ေစဖို႔ အေရးၾကီးတဲ့အခ်က္ျဖစ္ေပမယ့္ သင့္ရဲ႕ေန႔စဥ္ျပဳလုပ္ေနတဲ့ အမူအက်င့္ေတြကလည္း အေရးပါပါတယ္။ ဥပမာ -အစားအစာေတြက သြားပိုးစားျခင္းနဲ႔တျခား သြားဖံုးေရာဂါေတြျဖစ္ေစတတ္လို႔ တစ္ေန႔ကိုသြားႏွစ္ၾကိမ္တိုက္ၾကပါတယ္။ ဒါေပမယ့္ သြားတိုက္ပံု နည္းလမ္းမမွန္ရင္ ေကာင္းက်ိုးထက္ ဆိုးက်ိဳးေတာင္ ပိုမ်ားေစနိုင္ပါတယ္။ ေန႔စဥ္ လုပ္ေနက် ဘယ္လိုအမူအက်င့္ေတြက သြားကို ထိခိုက္ပ်က္စီးေစေနသလဲ ၾကည့္ရေအာင္။

(၁) လက္သည္းကိုက္ျခင္း

တခ်ိဳ႕က စိတ္လႈပ္ရွားေနတဲ့အခ်ိန္ လက္သည္းကိုက္တတ္တယ္ဆိုေပမယ့္ တခ်ိဳ႕က်ေတာ့ လက္သည္းညွပ္နဲ႔ညွပ္ရမွာ ပ်င္းလို႔ သြားနဲ႔ကိုက္ျပီး တိပစ္ၾကတာပါ။ လက္သည္းကိုက္ျခင္းက လက္သည္းတိုသြားဖို႔ အလြယ္ဆံုးနည္းလမ္းျဖစ္နိုင္ေပမယ့္ တကယ္တမ္းသင္မသိတာက သြားကို ထိခိုက္ေစတယ္ဆိုတဲ့အခ်က္ပါပဲ။ လက္သည္းကိုက္တာက တကိုယ္ရည္သန္႔ရွင္းမႈအတြက္ မေကာင္းတဲ့အျပင္ သြားအေပၚယံေၾကြလႊာ ကိုပါထိခိုက္ေစနိုင္ပါတယ္။

လက္သည္းမကိုက္မိေအာင္ သတိထားဖို႔အတြက္ လက္သည္းအတုတပ္ျခင္း၊ အရသာခါးတဲ့လက္သည္းဆိုးေဆးဆိုးျခင္း စတဲ့နည္းလမ္းေတြနဲ႔ ကာကြယ္လို႔ရပါတယ္။

(၂) ပုလင္းအဖံုးေတြ၊ မုန္႔ထုတ္ေတြကိုသြားနဲ႔ကိုက္ဖြင့္ျခင္း

အာလူးေၾကာ္စားမယ္ဆိုပါစို႔။ မီးဖိုခန္းထဲဝင္ျပီး ကတ္ေၾကးသြားယူရမွာထက္ အာလူးေၾကာ္ထုပ္ကို သြားနဲ႔ကိုက္ဖြင့္လိုက္တာက ပိုလြယ္ပါတယ္။ ဒါေပမယ့္ သင္မသိေသးတာက ဒီလိုကိုက္ဖြင့္လိုက္တဲ့အခ်ိန္မွာ သြားကိုအလႊာကြာေစျပီး က်ိဳးပဲ့ေစနိုင္တယ္ဆိုတာပါပဲ။ ပုလင္းေအဖံုးေတြကို ကိုက္ဖြင့္ရင္ပုိဆုိးပါတယ္။ ဒီေတာ့ နည္းနည္းေလးအားထုတ္ျပီး ကတ္ေၾကးသို႔မဟုတ္ ကိရိယာတစ္ခုခုသံုးမလား၊ တစ္သက္တာအတြက္ အေရးၾကီးတဲ့သြားကို အပ်က္စီးခံမလား ဆိုတာ သင့္အေပၚမူတည္ပါတယ္။

(၃) ေရခဲတံုး ဝါးစားျခင္း

ေရခဲတံုးေတြက ေအးစိမ့္ျပီးမာေက်ာပါတယ္။ ေရခဲတံုးဝါးစားျခင္းက သြားကိုက်ိဳးအက္မႈျဖစ္ေစနိုင္ျပီး အကာအကြယ္ျဖစ္တဲ့ ေၾကြလႊာကို ထိခိုက္ပ်က္စီးေစပါတယ္။ ခ်က္ခ်င္းမဟုတ္ရင္ေတာင္မွ   ေနာက္ပိုင္းမွာေၾကြလႊာနဲ႔ပတ္သက္တဲ့ ျပႆနာေတြပိုျဖစ္လာနိုင္ပါတယ္။

ဒီအက်င့္ကိုေဖ်ာက္ဖို႔အတြက္ေတာ့ ေရခဲတံုးစားမယ့္အစား ေရခဲေရပဲေသာက္ဖို႔ေရြးခ်ယ္နုိင္ပါတယ္။ ေရခဲတံုးကိုက္တတ္တဲ့အက်င့္ ကိုေဖ်ာက္ဖို႔ခက္မယ္ဆိုရင္ေတာ့ အေအးေသာက္တဲ့အခါ ေရခဲတံုးမထည့္ဖို႔ ဆိုင္ကိုေျပာပါ။

(၄) သြားတိုက္ၾကမ္းျခင္း

သြားပိုးစားျခင္းနဲ႔ခံတြင္းနံ႔ဆိုးျခင္းတုိ႔အတြက္ တစ္ေန႔ႏွစ္ၾကိမ္သြားတိုက္ဖို႔အေရးၾကီးပါတယ္။ ဒါေပမယ့္ တိုက္ပံုတိုက္နည္းမွန္ကန္မွျဖစ္မွာပါ။ သြားဆိုတာ တိုက္ေလျဖဴေလပဲလို႔ ထင္ေနရင္မွားပါတယ္။ သြားအရမ္းတိုက္လြန္းရင္ ေၾကြလႊာေတြပ်က္စီးျပီး သြားဖံုးထိခိုက္ျပီး သြားကိုထိခိုက္လြယ္ေစပါတယ္။

သြားတိုက္တဲ့အခါ သြားပြတ္တံေပ်ာ့ေပ်ာ့နဲ႔ စက္ဝိုင္းပံုသ႑ာန္ ညင္သာစြာ တစ္ေန႔ႏွစ္ၾကိမ္ တိုက္ပါ။

(၅) ခဲတံ၊ ေဘာပင္ေတြကို ကိုက္ျခင္း

ေက်ာင္းေနအရြယ္တုန္းက ပ်င္းလာရင္ အေတာ္မ်ားမ်ားက ခဲတံ သို႔မဟုတ္ ေဘာပင္အဖံုးကို ကိုက္တတ္တဲ့အက်င့္ရွိၾကပါတယ္။ ဒီအက်င့္က အသက္ၾကီးလာတာေတာင္ မေပ်ာက္ဘဲ ဆက္လုပ္ေနၾကတုန္းပါပဲ။ ဒီလိုကိုက္ေနတာမ်ိဳးက သြားေတြကို အေနအထားပ်က္ယြင္းေစနိုင္ျပီး အေသးစားထိခိုက္ပြန္းပဲ့မႈေတြလည္းျဖစ္ေစနုိင္ပါတယ္။

ဒါ့ေၾကာင့္သင့္ကေလးက ဒါမွမဟုတ္ တစ္ေယာက္ေယာက္က စားစရာမဟုတ္ဘဲ ခဲတံကိုက္ေနတာေတြ႔ရင္ ခ်က္ခ်င္းတားပါ။ စိတ္ပူပန္မႈ၊ ဖိစီးမႈေၾကာင့္ ဒီအက်င့္ကိုလုပ္မိတာဆိုရင္ ေနာက္မလုပ္မိေစဖို႔ စိတ္ဖိစီးမႈျဖစ္ေစတဲ့အေၾကာင္းကိစၥေတြကို အရင္ေျဖရွင္းပါ။

(၆) အံၾကိတ္ျခင္း/ သြားၾကိတ္ျခင္း

လူတခ်ိဳ႕က ေဒါသထြက္လာတဲ့အခါ အံၾကိတ္တတ္ၾကျပီး တခ်ိဳ႕ကေတာ့ ေလးလံတဲ့အရာဝတၳဳေတြကို မ တဲ့အခါ အံၾကိတ္တတ္ပါတယ္။ အံၾကိတ္တဲ့အခါ သြားကို ဖိအားျဖစ္ေစျပီး ၾကာလာရင္ က်ိဳးအက္မႈျဖစ္လာနိုင္ေစတဲ့ ပြန္းပဲ့တာေတြျဖစ္ေစတဲ့အတြက္ ဒီအက်င့္ကိုေဖ်ာက္သင့္ပါတယ္။ စိတ္ဖိစီးမႈေၾကာင့္ အိပ္ေနခ်ိန္မွာ သြားမၾကိတ္ဖို႔ေတာ့ သြားေတြၾကားမွာ mouth guard တစ္ခုခု ၾကားခံထားရွိေပးရင္ ေကာင္းပါတယ္။

(၇) တစ္ေန႔တာလိုအပ္တဲ့ေရကို အလံုအေလာက္မေသာက္ျခင္း

တစ္ေန႔တာလံုးမွာ ေရအလံုအေလာက္မေသာက္ဘူးဆိုရင္ ခႏၶာကိုယ္က ေရဓာတ္ခန္းေျခာက္လာနိုင္ပါတယ္။ ေရဓာတ္ခန္းေျခာက္ျပီ ဆိုရင္ ခံတြင္းမွာ တံေတြးအထြက္နည္းေစျပီး အာေခါင္ေျခာက္ေစနိုင္ပါတယ္။ တံေတြးက အစားအစာနဲ႔ေသာက္စရာေတြထဲက အက္စစ္ေတြကို ေပ်ာ္ဝင္ေစဖို႔လုပ္ေဆာင္ေပးတာေၾကာင့္ အေရးပါတဲ့အရာတစ္ခုျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေရေသာက္နည္းရင္ တံေတြးနညး္မယ္၊ တံေတြးနည္းရင္ သြားပိုးစားဖို႔ အလားအလာပိုမ်ားမယ္။

ဒီေတာ့ သြားကို ထိခိုက္မႈနည္းေစဖို႔ တစ္ေန႔ကို အနည္းဆံုး ေရ ၈ခြက္ ေသာက္ဖို႔မေမ့ပါနဲ႔။

(၈) အက္စစ္ဓာတ္မ်ားလြန္းတဲ့အစားအစာေတြစားျခင္း (ဥပမာ – ေရွာက္ခ်ိဳသီး)

ငယ္ငယ္တုန္းကေတာ့ လိေမၼာ္သီး၊ ေရွာက္ခ်ိဳသီးစားရင္ သြားနဲ႔အခြံခြာတတ္ၾကပါတယ္။ မိဘေတြကေတာ့ သြားပ်က္စီးလိမ့္မယ္ မလုပ္ရဘူးလို႔ တားၾကပါတယ္။

မွန္ပါတယ္။ အက္စစ္ဓာတ္မ်ားတဲ့အစားအစာေတြ စားလြန္းရင္ သြားေၾကြလႊာပ်က္စီးေစပါတယ္။ ေၾကြလႊာပ်က္စီးရင္ သြားပိုးစားေစတယ္၊ သြားက်ဥ္ျခင္းနဲ႔တျခားျပႆနာေတြျဖစ္ေစနိုင္ပါတယ္။ ေနာက္တစ္ခ်က္က အက္စစ္ဓာတ္မ်ားတဲ့အစားအစာေတြ စားျပီး အနည္းဆံုး နာရီဝက္ေလာက္ၾကာတဲ့အထိ သြားမတိုက္ဖို႔ သတိထားပါ။

(၉) ပါးစပ္နဲ႔အစား မျပတ္ျခင္း

တစ္ေန႔တာမွာ သေရစာမုန္႔ေတြ အဆက္မျပတ္စားေနတာထက္ ထမင္းသံုးနပ္အဝစားလိုက္တာက က်န္းမာေရးအတြက္ ပိုေကာင္းပါတယ္။ မုန္႔ေတြေလ််ာ့စားျပီး က်န္းမာေရးနဲ႔ညီတဲ့အစာအာဟာရကို ေရြးခ်ယ္ဖို႔ၾကိဳးစားၾကည့္ပါ။ အခ်ိဳရည္ေတြကို တတ္နုိင္သေလာက္ေလွ်ာ့ေသာက္ပါ။ ခံတြင္းထဲက အစားအေသာက္အၾကြင္းအက်န္ေတြဆီကေန မေကာင္းတဲ့ဘက္တီးရီးယားေတြျဖစ္လာေစနိုင္ပါတယ္

(၁၀) ဆိုဒါ၊ အားျဖည့္အခ်ိဳရည္နဲ႔ အရက္၊ဘိီယာေသာက္သံုးျခင္း

ဆိုဒါနဲ႔အားျဖည့္အခ်ိဳရည္ေတြမွာပါတဲ့ အက္စစ္ဓာတ္ျဖစ္ေစတဲ့ pH level နဲ႔ သၾကားပါဝင္မႈျမင့္မားျခင္းေတြေၾကာင့္ ေၾကြလႊာပ်က္စီးျခင္း၊ သြားပိုးစားျခင္း၊ သြားက်ဥ္ျခင္း၊နဲ႔ တျခားခံတြင္းျပႆနာေတြျဖစ္ေစနိုင္ပါတယ္။

ဒါ့အျပင္ အရက္၊ဘီယာေတြကလည္း ေၾကႊလႊာပ်က္စီးေစျပီး တံေတြးထြက္ရွိမႈေလ်ာ့နည္းေစတာေၾကာင့္ မၾကာခဏအာေခါင္ေျခာက္ေစပါတယ္။ ခံတြင္းေျခာက္ေသြ႕မႈဟာ သြားပိုးစားနုိင္တဲ့အႏၱရာယ္ပိုမ်ားျပီး အနံ႔ဆိုးနဲ႔ ဘက္တီးရီးယားျဖစ္ေပၚနိုင္ေျခမ်ားပါတယ္။

(၁၁) သြားၾကားထိုးတံ တလြဲအသံုးျပဳျခင္း

သြားၾကားထိုးတံေတြကို သြားၾကားကအညစ္အေၾကးေတြကိုဖယ္ရွားဖို႔အတြက္ပဲ အသံုးျပဳၾကတာျဖစ္ပါတယ္။ သြားေပၚမွာရွိေနတဲ့ သြားေခ်းေတြ၊ကြမ္းခ်ိဳးေတြကို ခြာခ်ဖို႔သံုးမယ္ဆိုရင္ သြားေၾကြလႊာေတြထိခိုက္ျပီး သြားမွာပြန္းပဲ့ေစနုိင္ပါတယ္။

သြားပဲ့ထားတဲ့ေနရာေတြၾကားကို သြားၾကားထိုးတံနဲ႔ ထိုးကေလာ္တာမ်ိဳးကလည္း ျပႆနာရွိပါတယ္။ ခဏခဏလုပ္ရင္ သြားေတြကို ယိုင္ေစျပီး သြားက်ဲေစနိုင္ပါတယ္။ ဒါ့ေၾကာင့္သြားၾကားထိုးတံကို အသံုးျပဳတဲ့ေနရာမွန္ကန္ဖို႔ ဂရုစိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzima
#Unicode Version#
ခံတွင်းသန့်ရှင်းကျန်းမာရေးဟာ သွားတွေကြံ့ခိုင်စေဖို့ အရေးကြီးတဲ့အချက်ဖြစ်ပေမယ့် သင့်ရဲ့နေ့စဉ်ပြုလုပ်နေတဲ့ အမူအကျင့်တွေကလည်း အရေးပါပါတယ်။ ဥပမာ -အစားအစာတွေက သွားပိုးစားခြင်းနဲ့တခြား သွားဖုံးရောဂါတွေဖြစ်စေတတ်လို့ တစ်နေ့ကိုသွားနှစ်ကြိမ်တိုက်ကြပါတယ်။ ဒါပေမယ့် သွားတိုက်ပုံ နည်းလမ်းမမှန်ရင် ကောင်းကျိုးထက် ဆိုးကျိုးတောင် ပိုများစေနိုင်ပါတယ်။ နေ့စဉ် လုပ်နေကျ ဘယ်လိုအမူအကျင့်တွေက သွားကို ထိခိုက်ပျက်စီးစေနေသလဲ ကြည့်ရအောင်။

(၁) လက်သည်းကိုက်ခြင်း

တချို့က စိတ်လှုပ်ရှားနေတဲ့အချိန် လက်သည်းကိုက်တတ်တယ်ဆိုပေမယ့် တချို့ကျတော့ လက်သည်းညှပ်နဲ့ညှပ်ရမှာ ပျင်းလို့ သွားနဲ့ကိုက်ပြီး တိပစ်ကြတာပါ။ လက်သည်းကိုက်ခြင်းက လက်သည်းတိုသွားဖို့ အလွယ်ဆုံးနည်းလမ်းဖြစ်နိုင်ပေမယ့် တကယ်တမ်းသင်မသိတာက သွားကို ထိခိုက်စေတယ်ဆိုတဲ့အချက်ပါပဲ။ လက်သည်းကိုက်တာက တကိုယ်ရည်သန့်ရှင်းမှုအတွက် မကောင်းတဲ့အပြင် သွားအပေါ်ယံကြွေလွှာ ကိုပါထိခိုက်စေနိုင်ပါတယ်။

လက်သည်းမကိုက်မိအောင် သတိထားဖို့အတွက် လက်သည်းအတုတပ်ခြင်း၊ အရသာခါးတဲ့လက်သည်းဆိုးဆေးဆိုးခြင်း စတဲ့နည်းလမ်းတွေနဲ့ ကာကွယ်လို့ရပါတယ်။

(၂) ပုလင်းအဖုံးတွေ၊ မုန့်ထုတ်တွေကိုသွားနဲ့ကိုက်ဖွင့်ခြင်း

အာလူးကြော်စားမယ်ဆိုပါစို့။ မီးဖိုခန်းထဲဝင်ပြီး ကတ်ကြေးသွားယူရမှာထက် အာလူးကြော်ထုပ်ကို သွားနဲ့ကိုက်ဖွင့်လိုက်တာက ပိုလွယ်ပါတယ်။ ဒါပေမယ့် သင်မသိသေးတာက ဒီလိုကိုက်ဖွင့်လိုက်တဲ့အချိန်မှာ သွားကိုအလွှာကွာစေပြီး ကျိုးပဲ့စေနိုင်တယ်ဆိုတာပါပဲ။ ပုလင်းအေဖုံးတွေကို ကိုက်ဖွင့်ရင်ပိုဆိုးပါတယ်။ ဒီတော့ နည်းနည်းလေးအားထုတ်ပြီး ကတ်ကြေးသို့မဟုတ် ကိရိယာတစ်ခုခုသုံးမလား၊ တစ်သက်တာအတွက် အရေးကြီးတဲ့သွားကို အပျက်စီးခံမလား ဆိုတာ သင့်အပေါ်မူတည်ပါတယ်။

(၃) ရေခဲတုံး ဝါးစားခြင်း

ရေခဲတုံးတွေက အေးစိမ့်ပြီးမာကျောပါတယ်။ ရေခဲတုံးဝါးစားခြင်းက သွားကိုကျိုးအက်မှုဖြစ်စေနိုင်ပြီး အကာအကွယ်ဖြစ်တဲ့ ကြွေလွှာကို ထိခိုက်ပျက်စီးစေပါတယ်။ ချက်ချင်းမဟုတ်ရင်တောင်မှ   နောက်ပိုင်းမှာကြွေလွှာနဲ့ပတ်သက်တဲ့ ပြဿနာတွေပိုဖြစ်လာနိုင်ပါတယ်။

ဒီအကျင့်ကိုဖျောက်ဖို့အတွက်တော့ ရေခဲတုံးစားမယ့်အစား ရေခဲရေပဲသောက်ဖို့ရွေးချယ်နိုင်ပါတယ်။ ရေခဲတုံးကိုက်တတ်တဲ့အကျင့် ကိုဖျောက်ဖို့ခက်မယ်ဆိုရင်တော့ အအေးသောက်တဲ့အခါ ရေခဲတုံးမထည့်ဖို့ ဆိုင်ကိုပြောပါ။

(၄) သွားတိုက်ကြမ်းခြင်း

သွားပိုးစားခြင်းနဲ့ခံတွင်းနံ့ဆိုးခြင်းတို့အတွက် တစ်နေ့နှစ်ကြိမ်သွားတိုက်ဖို့အရေးကြီးပါတယ်။ ဒါပေမယ့် တိုက်ပုံတိုက်နည်းမှန်ကန်မှဖြစ်မှာပါ။ သွားဆိုတာ တိုက်လေဖြူလေပဲလို့ ထင်နေရင်မှားပါတယ်။ သွားအရမ်းတိုက်လွန်းရင် ကြွေလွှာတွေပျက်စီးပြီး သွားဖုံးထိခိုက်ပြီး သွားကိုထိခိုက်လွယ်စေပါတယ်။

သွားတိုက်တဲ့အခါ သွားပွတ်တံပျော့ပျော့နဲ့ စက်ဝိုင်းပုံသဏ္ဍာန် ညင်သာစွာ တစ်နေ့နှစ်ကြိမ် တိုက်ပါ။

(၅) ခဲတံ၊ ဘောပင်တွေကို ကိုက်ခြင်း

ကျောင်းနေအရွယ်တုန်းက ပျင်းလာရင် အတော်များများက ခဲတံ သို့မဟုတ် ဘောပင်အဖုံးကို ကိုက်တတ်တဲ့အကျင့်ရှိကြပါတယ်။ ဒီအကျင့်က အသက်ကြီးလာတာတောင် မပျောက်ဘဲ ဆက်လုပ်နေကြတုန်းပါပဲ။ ဒီလိုကိုက်နေတာမျိုးက သွားတွေကို အနေအထားပျက်ယွင်းစေနိုင်ပြီး အသေးစားထိခိုက်ပွန်းပဲ့မှုတွေလည်းဖြစ်စေနိုင်ပါတယ်။

ဒါ့ကြောင့်သင့်ကလေးက ဒါမှမဟုတ် တစ်ယောက်ယောက်က စားစရာမဟုတ်ဘဲ ခဲတံကိုက်နေတာတွေ့ရင် ချက်ချင်းတားပါ။ စိတ်ပူပန်မှု၊ ဖိစီးမှုကြောင့် ဒီအကျင့်ကိုလုပ်မိတာဆိုရင် နောက်မလုပ်မိစေဖို့ စိတ်ဖိစီးမှုဖြစ်စေတဲ့အကြောင်းကိစ္စတွေကို အရင်ဖြေရှင်းပါ။

(၆) အံကြိတ်ခြင်း/ သွားကြိတ်ခြင်း

လူတချို့က ဒေါသထွက်လာတဲ့အခါ အံကြိတ်တတ်ကြပြီး တချို့ကတော့ လေးလံတဲ့အရာဝတ္ထုတွေကို မ တဲ့အခါ အံကြိတ်တတ်ပါတယ်။ အံကြိတ်တဲ့အခါ သွားကို ဖိအားဖြစ်စေပြီး ကြာလာရင် ကျိုးအက်မှုဖြစ်လာနိုင်စေတဲ့ ပွန်းပဲ့တာတွေဖြစ်စေတဲ့အတွက် ဒီအကျင့်ကိုဖျောက်သင့်ပါတယ်။ စိတ်ဖိစီးမှုကြောင့် အိပ်နေချိန်မှာ သွားမကြိတ်ဖို့တော့ သွားတွေကြားမှာ mouth guard တစ်ခုခု ကြားခံထားရှိပေးရင် ကောင်းပါတယ်။

(၇) တစ်နေ့တာလိုအပ်တဲ့ရေကို အလုံအလောက်မသောက်ခြင်း

တစ်နေ့တာလုံးမှာ ရေအလုံအလောက်မသောက်ဘူးဆိုရင် ခန္ဓာကိုယ်က ရေဓာတ်ခန်းခြောက်လာနိုင်ပါတယ်။ ရေဓာတ်ခန်းခြောက်ပြီ ဆိုရင် ခံတွင်းမှာ တံတွေးအထွက်နည်းစေပြီး အာခေါင်ခြောက်စေနိုင်ပါတယ်။ တံတွေးက အစားအစာနဲ့သောက်စရာတွေထဲက အက်စစ်တွေကို ပျော်ဝင်စေဖို့လုပ်ဆောင်ပေးတာကြောင့် အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ရေသောက်နည်းရင် တံတွေးနည်းမယ်၊ တံတွေးနည်းရင် သွားပိုးစားဖို့ အလားအလာပိုများမယ်။

ဒီတော့ သွားကို ထိခိုက်မှုနည်းစေဖို့ တစ်နေ့ကို အနည်းဆုံး ရေ ၈ခွက် သောက်ဖို့မမေ့ပါနဲ့။

(၈) အက်စစ်ဓာတ်များလွန်းတဲ့အစားအစာတွေစားခြင်း (ဥပမာ – ရှောက်ချိုသီး)

ငယ်ငယ်တုန်းကတော့ လိမ္မော်သီး၊ ရှောက်ချိုသီးစားရင် သွားနဲ့အခွံခွာတတ်ကြပါတယ်။ မိဘတွေကတော့ သွားပျက်စီးလိမ့်မယ် မလုပ်ရဘူးလို့ တားကြပါတယ်။

မှန်ပါတယ်။ အက်စစ်ဓာတ်များတဲ့အစားအစာတွေ စားလွန်းရင် သွားကြွေလွှာပျက်စီးစေပါတယ်။ ကြွေလွှာပျက်စီးရင် သွားပိုးစားစေတယ်၊ သွားကျဉ်ခြင်းနဲ့တခြားပြဿနာတွေဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်က အက်စစ်ဓာတ်များတဲ့အစားအစာတွေ စားပြီး အနည်းဆုံး နာရီဝက်လောက်ကြာတဲ့အထိ သွားမတိုက်ဖို့ သတိထားပါ။

(၉) ပါးစပ်နဲ့အစား မပြတ်ခြင်း

တစ်နေ့တာမှာ သရေစာမုန့်တွေ အဆက်မပြတ်စားနေတာထက် ထမင်းသုံးနပ်အဝစားလိုက်တာက ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ မုန့်တွေလျေျာ့စားပြီး ကျန်းမာရေးနဲ့ညီတဲ့အစာအာဟာရကို ရွေးချယ်ဖို့ကြိုးစားကြည့်ပါ။ အချိုရည်တွေကို တတ်နိုင်သလောက်လျှော့သောက်ပါ။ ခံတွင်းထဲက အစားအသောက်အကြွင်းအကျန်တွေဆီကနေ မကောင်းတဲ့ဘက်တီးရီးယားတွေဖြစ်လာစေနိုင်ပါတယ်

(၁၀) ဆိုဒါ၊ အားဖြည့်အချိုရည်နဲ့ အရက်၊ဘီယာသောက်သုံးခြင်း

ဆိုဒါနဲ့အားဖြည့်အချိုရည်တွေမှာပါတဲ့ အက်စစ်ဓာတ်ဖြစ်စေတဲ့ pH level နဲ့ သကြားပါဝင်မှုမြင့်မားခြင်းတွေကြောင့် ကြွေလွှာပျက်စီးခြင်း၊ သွားပိုးစားခြင်း၊ သွားကျဉ်ခြင်း၊နဲ့ တခြားခံတွင်းပြဿနာတွေဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် အရက်၊ဘီယာတွေကလည်း ကြွှေလွှာပျက်စီးစေပြီး တံတွေးထွက်ရှိမှုလျော့နည်းစေတာကြောင့် မကြာခဏအာခေါင်ခြောက်စေပါတယ်။ ခံတွင်းခြောက်သွေ့မှုဟာ သွားပိုးစားနိုင်တဲ့အန္တရာယ်ပိုများပြီး အနံ့ဆိုးနဲ့ ဘက်တီးရီးယားဖြစ်ပေါ်နိုင်ခြေများပါတယ်။

(၁၁) သွားကြားထိုးတံ တလွဲအသုံးပြုခြင်း

သွားကြားထိုးတံတွေကို သွားကြားကအညစ်အကြေးတွေကိုဖယ်ရှားဖို့အတွက်ပဲ အသုံးပြုကြတာဖြစ်ပါတယ်။ သွားပေါ်မှာရှိနေတဲ့ သွားချေးတွေ၊ကွမ်းချိုးတွေကို ခွာချဖို့သုံးမယ်ဆိုရင် သွားကြွေလွှာတွေထိခိုက်ပြီး သွားမှာပွန်းပဲ့စေနိုင်ပါတယ်။

သွားပဲ့ထားတဲ့နေရာတွေကြားကို သွားကြားထိုးတံနဲ့ ထိုးကလော်တာမျိုးကလည်း ပြဿနာရှိပါတယ်။ ခဏခဏလုပ်ရင် သွားတွေကို ယိုင်စေပြီး သွားကျဲစေနိုင်ပါတယ်။ ဒါ့ကြောင့်သွားကြားထိုးတံကို အသုံးပြုတဲ့နေရာမှန်ကန်ဖို့ ဂရုစိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top