မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×



Credit: lwinpyin
#Unicode Version#
မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့က သာယာလှပတဲ့ ဇင်းကျိုက်ရေတံခွန်ရဲ့ အပြန်လမ်းခရီးတစ်နေရာမှာ သတိထားကြည့်ရင် ထူးဆန်းတဲ့ အုတ်ဂူလေးတစ်ခုကို တွေ့ရနိုင်ပါတယ်။ လူတစ်ယောက် ကားမောင်းနေတဲ့ ပုံသဏ္ဍန် တည်ဆောက်ထားတဲ့ အုတ်ဂူလေးဟာ ယခင်ကတော့ ရိုးရိုးသာမန် အုတ်ဂူလေးတစ်ခုသာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကားတွေဟာ အဲ့ဒီအုတ်ဂူရှေ့က ဖြတ်သွားတိုင်း ချွတ်ယွင်းချက်မရှိပါပဲ စက်အလိုလို ထိုးရပ်သွားတတ်ပါတယ်။

ဒီလိုထူးဆန်းတဲ့ အဖြစ်ကို အဖြေရှာရင်း နောက်ဆုံးမှာ ကားနဲ့ပတ်သက်ပြီး အစွဲလန်းတစ်ခုခုကြောင့် မကျွတ်လွတ်သေးမှန် အဖြေသိခဲ့ရတဲ့အတွက် ဦးလှကျော်ရဲ့ အုတ်ဂူလေးကို ကားပုံသဏ္ဍန်အဖြစ် ပြန်လည်ပြုပြင်ပြီး ဦးလှကျော် ကားမောင့းနေတဲ့ ပုံစံကို တည်ဆောက်ပေးပြီးတဲ့အခါမှာတော့ ကားတွေ စက်သေပြီး ရပ်သွားတဲ့ ကိစ္စတွေ မရှိတော့ဘူးလို့ ကားသမားလောကမှာ ပြောစမတ်တစ်ခုဖြစ်ခဲ့ရပါတယ်။
အလားတူဖြစ်စဉ်မျိုး သန်လျှင် GTC သွားတဲ့လမ်းတစ်နေရာက မောင်မောင်ညွှန့် အုတ်ဂူကိုလည်း တစ်နှစ်တစ်ခါ ဆေးအရာင်တွေ ပြောင်းပြီး သုတ်ပေးရတယ်လို့ ထူးထူးဆန်းဆန်း အဖြစ်ပျက်လေးတွေ ရှိနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top