Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

စက္မႈဝန္ႀကီးဌာနသည္ လက္ရွိတြင္ လူနာတင္ကား သံုးစီးထုတ္လုပ္ထားၿပီး ပိုမိုေကာင္းမြန္ သည့္ယာဥ္မ်ား ယခုဘတ္ဂ်က္ႏွစ္ မကုန္မီ ထြက္ေပၚလာမည္ျဖစ္ ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ခ်ိဳက ယမန္ေန႔က ေျပာၾကားသည္။

ႏိုဝင္ဘာ ၉ ရက္တြင္ ျပဳလုပ္ေသာ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝး ေခတၱရပ္နားခ်ိန္ ၌ သတင္းေထာက္မ်ားႏွင့္ေတြ႕ ဆံုစဥ္ စက္မႈဝန္ႀကီးဌာန၏လုပ္ ေဆာင္မႈမ်ားကို ေျပာၾကားရာ၌ ယင္းသို႔ ထည့္သြင္းေျပာၾကား သည္။

‘‘၁၈ လေက်ာ္(အခ်ိန္)ယူခဲ့ ၿပီးျဖစ္ပါတယ္။ ယခုအခ်ိန္မွာ ေတာ့ စတင္မယ့္အခ်ိန္ေရာက္ေန ပါၿပီ’’ဟု ဦးခင္ေမာင္ခ်ိဳက ဆုိ သည္။

စက္မႈဝန္ႀကီးဌာနသည္ ဂ်ပန္ႏိုင္ငံမွ ကားမ်ားကို ဝယ္ယူ၍ျပည္တြင္းပညာရွင္မ်ား၊ ထုိင္းႏိုင္ ငံမွ ပညာရွင္မ်ားႏွင့္ပူးေပါင္းကာ ပံုစံေျပာင္း (Convertion)ထုတ္ လုပ္ေၾကာင္း ဝန္ႀကီးက ရွင္းျပ သည္။

‘‘ကြၽန္ေတာ္တို႔ေမာ္ေတာ္ ယာဥ္ကို အစအဆံုး ထုတ္မွာမ ဟုတ္ပါဘူး။ ထုတ္ၿပီးသား ကား ကို ယူၿပီး ႏိုင္ငံေတာ္အတြက္လို အပ္တဲ့ ေဆာက္လုပ္ေရးလုပ္ငန္း သံုးတာမ်ိဳး လုပ္ပါမယ္’’ဟု ၎ က ေျပာသည္။

လူနာတင္ယာဥ္မ်ားကို က်န္းမာေရးဝန္ႀကီးဌာနက ျပဳလုပ္မည့္ တင္ဒါတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ေစၿပီး ေရာင္းခ်မည္ျဖစ္ကာ  က်န္းမာေရးဝန္ႀကီးဌာန မွ ပညာရွင္မ်ား၏အႀကံျပဳခ်က္ အတုိင္း ထုတ္လုပ္သည့္ကားတြင္ အေရးေပၚ အေျခအေန၌ လုိအပ္ ေသာ အေသးစိတ္အခ်က္အ လက္မ်ားကို လိုက္နာေဆာင္ရြက္ ထုတ္လုပ္ထားေၾကာင္း ျပည္ ေထာင္စုဝန္ႀကီးက ဆက္ေျပာ သည္။

‘‘ဒါေတြကို လုပ္တာ ကြၽန္ ေတာ္တို႔ သာဂရစက္႐ံုမွာ လုပ္ပါ တယ္။ လုပ္ၿပီးသားကားေတြက ေတာ့ အခုလက္ရွိသံုးေနပါတယ္။ အဲဒီထက္ပိုေကာင္းေအာင္ လုပ္ထားတဲ့ဟာေတြက မၾကာခင္ထြက္ေပၚလာေတာ့မွာပါ’’ဟု ၎က ဆိုသည္။

စက္မႈဝန္ႀကီးဌာနက ထုတ္ လုပ္သည့္ ေမာ္ေတာ္ကားမ်ား ကုိ  ျပည္သူလူထုအၾကား ေစ်း  ကြက္ရွိရန္၊ ဝယ္လိုအားရွိရန္ အေရးႀကီးၿပီး ေစ်းကြက္က လက္ခံမွသာ ေအာင္ျမင္မည္ဟု ျမန္မာႏိုင္ငံ ေမာ္ေတာ္ယာဥ္တင္သြင္း  ထုတ္လုပ္ေရာင္းခ်သူမ်ားအ သင္း ဥကၠ႒ ေဒါက္တာ စိုးထြန္းက မွတ္ခ်က္ျပဳသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


စက်မှုဝန်ကြီးဌာနသည် လက်ရှိတွင် လူနာတင်ကား သုံးစီးထုတ်လုပ်ထားပြီး ပိုမိုကောင်းမွန် သည့်ယာဉ်များ ယခုဘတ်ဂျက်နှစ် မကုန်မီ ထွက်ပေါ်လာမည်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ယမန်နေ့က ပြောကြားသည်။

နိုဝင်ဘာ ၉ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန် ၌ သတင်းထောက်များနှင့်တွေ့ ဆုံစဉ် စက်မှုဝန်ကြီးဌာန၏လုပ် ဆောင်မှုများကို ပြောကြားရာ၌ ယင်းသို့ ထည့်သွင်းပြောကြား သည်။

‘‘၁၈ လကျော်(အချိန်)ယူခဲ့ ပြီးဖြစ်ပါတယ်။ ယခုအချိန်မှာ တော့ စတင်မယ့်အချိန်ရောက်နေ ပါပြီ’’ဟု ဦးခင်မောင်ချိုက ဆို သည်။

စက်မှုဝန်ကြီးဌာနသည် ဂျပန်နိုင်ငံမှ ကားများကို ဝယ်ယူ၍ပြည်တွင်းပညာရှင်များ၊ ထိုင်းနိုင် ငံမှ ပညာရှင်များနှင့်ပူးပေါင်းကာ ပုံစံပြောင်း (Convertion)ထုတ် လုပ်ကြောင်း ဝန်ကြီးက ရှင်းပြ သည်။

‘‘ကျွန်တော်တို့မော်တော် ယာဉ်ကို အစအဆုံး ထုတ်မှာမ ဟုတ်ပါဘူး။ ထုတ်ပြီးသား ကား ကို ယူပြီး နိုင်ငံတော်အတွက်လို အပ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်း သုံးတာမျိုး လုပ်ပါမယ်’’ဟု ၎င်း က ပြောသည်။

လူနာတင်ယာဉ်များကို ကျန်းမာရေးဝန်ကြီးဌာနက ပြုလုပ်မည့် တင်ဒါတွင် ဝင်ရောက်ယှဉ်ပြိုင်စေပြီး ရောင်းချမည်ဖြစ်ကာ  ကျန်းမာရေးဝန်ကြီးဌာန မှ ပညာရှင်များ၏အကြံပြုချက် အတိုင်း ထုတ်လုပ်သည့်ကားတွင် အရေးပေါ် အခြေအနေ၌ လိုအပ် သော အသေးစိတ်အချက်အ လက်များကို လိုက်နာဆောင်ရွက် ထုတ်လုပ်ထားကြောင်း ပြည် ထောင်စုဝန်ကြီးက ဆက်ပြော သည်။

‘‘ဒါတွေကို လုပ်တာ ကျွန် တော်တို့ သာဂရစက်ရုံမှာ လုပ်ပါ တယ်။ လုပ်ပြီးသားကားတွေက တော့ အခုလက်ရှိသုံးနေပါတယ်။ အဲဒီထက်ပိုကောင်းအောင် လုပ်ထားတဲ့ဟာတွေက မကြာခင်ထွက်ပေါ်လာတော့မှာပါ’’ဟု ၎င်းက ဆိုသည်။

စက်မှုဝန်ကြီးဌာနက ထုတ် လုပ်သည့် မော်တော်ကားများ ကို  ပြည်သူလူထုအကြား ဈေး  ကွက်ရှိရန်၊ ဝယ်လိုအားရှိရန် အရေးကြီးပြီး ဈေးကွက်က လက်ခံမှသာ အောင်မြင်မည်ဟု မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်း  ထုတ်လုပ်ရောင်းချသူများအ သင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက မှတ်ချက်ပြုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top