ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ရန္ကုန္တိုင္းေဒသၾကီး၊ ဒဂံုၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္ (၁၄၂) ရပ္ကြက္၊ စိမ္းလဲ့ကန္ သာလမ္း၊ စက္မႈဇုံတိုးခ်ဲ႕၊ ျမဧရာအုန္းဆီစက္ရံုမွာ ႏို္၀င္ဘာ(၁၈)ရက္ နံနက္(၃)နာရီခန္႕က မီးေလာင္ကြ်မ္းမႈ ျဖစ္ပြားခဲ့ရာက ေငြက်ပ္သိန္း(၁၅၀၀)ဖိုးခန္႕ ဆုံးရံႈး ခဲ့တယ္လို႕ သိရပါတယ္။

ျဖစ္စဥ္မွာ ေလာင္စာေတာင့္အျဖစ္ အသုံးျပဳတဲ့ အုတ္မီးဖိုေပၚမွာ အုန္းသား အေျခာက္ခံရာကေန အပူလြန္ကဲၿပီး စတင္ေလာင္ကြ်မ္းခဲ့ကာ သြပ္မိုး၊ အုတ္ကာ၊ ကြန္ကရစ္ခင္း၊ (၁)ထပ္အေဆာက္အဦး(၂)လုံး၊ အုန္းဆီႀကိတ္စက္အလံုး (၂၀)၊ အုန္းဆီဂါလန္ (၅၀)ပါ ေကာ္တိုင္ကီလံုး(၄၀)၊ အုန္းသားအေျခာက္ ပိႆာ(၆၀၀၀)နဲ႕အတြင္းပစၥည္းေတြ ေလာင္ကၽြမ္းခဲ့ၿပီး စုစုေပါင္း ေငြက်ပ္သိန္း (၁၅၀၀)ဖိုးခန္႕ ဆံုးရႈံးခဲ့တယ္လို႕ သိရပါတယ္။

 အဲဒီမီးေလာင္ကြ်မ္းမႈကို ရန္ကုန္ၿမိဳ႕နယ္အတြင္းက စုစုေပါင္းမီး သတ္ယာဥ္ (၄၉)စီး၊ အေထာက္အကူျပဳယာဥ္(၂၅)စီး၊ မိတ္ဖက္ ယာဥ္(၄)စီး၊ ကြပ္ကဲမႈယာဥ္(၈)စီးတို႕နဲ႔ မီးၿငိွမ္းသတ္ခဲ့ျပီး နံနက္(၅)နာရီ(၃၅)မိနုစ္မွာ မီးထိန္းႏိုင္ခဲ့ကာ (၁၀)နာရီမွာ မီးၿငိမ္း သတ္ႏိုင္ခဲ့တယ္လို႕သိရပါတယ္။
မီးၿငွိမ္းသတ္စဥ္အတြင္း ဒဂံုၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္ မီးသတ္စခန္းက ဒုတိယမီးသတ္ဦးစီးမွဴး မီးခိုးမႊန္ အသက္ရႈၾကပ္မႈျဖစ္ပြားကာ သကၤန္းကြ်န္းစံျပေဆးရံုကို ပို႕ေဆာင္ခဲ့ရကာ မစိုးရိမ္ရဘူး
လို႕သိရပါတယ္။

 မီးေလာင္ေနစဥ္ မီးၿငိွမ္းသတ္ယာဥ္ေတြက ေရဂါလန္ေပါင္း(၇)ေသာင္း၊ Foam ေဆးရည္ (၆၉၀) ဂါလန္ အသုံးျပဳကာ သေႏၶမီးသတ္တပ္ဖြဲ႕၀င္ အေယာက္(၄၃၀)၊ အရန္မီး သတ္တပ္ဖြဲ႕၀င္အေယာက္(၂၀၀)၊ ၾကက္ေျခနီတပ္ဖြဲ႕၀င္ အေယာက္ (၁၀၀) တို႔နဲ႔၀ိုင္း၀န္း ၿငိမ္းသတ္ခဲ့ၾကတာ ျဖစ္တယ္လို႕သိရပါတယ္။

 မီးေလာင္ကြ်မ္းခဲ့မႈေၾကာင့္ အေထြေထြမန္ေနဂ်ာကို ဒဂံုေတာင္ၿမိဳ႕မရဲစခန္း က (ပ)၂၀၂၀ /၂၀၁၇/ ပုဒ္မ ၂၈၅ နဲ႔ အမႈဖြင့္ အေရးယူထားတယ္လို႕လည္း သိရပါတယ္။ ဒီသတင္းကိုေတာ့ Central News Bureau က သက္ခိုင္မိုး ေပးပို႔တာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
 ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၄၂) ရပ်ကွက်၊ စိမ်းလဲ့ကန် သာလမ်း၊ စက်မှုဇုံတိုးချဲ့၊ မြဧရာအုန်းဆီစက်ရုံမှာ နိုဝင်ဘာ(၁၈)ရက် နံနက်(၃)နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာက ငွေကျပ်သိန်း(၁၅၀၀)ဖိုးခန့် ဆုံးရှုံး ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ လောင်စာတောင့်အဖြစ် အသုံးပြုတဲ့ အုတ်မီးဖိုပေါ်မှာ အုန်းသား အခြောက်ခံရာကနေ အပူလွန်ကဲပြီး စတင်လောင်ကျွမ်းခဲ့ကာ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း၊ (၁)ထပ်အဆောက်အဦး(၂)လုံး၊ အုန်းဆီကြိတ်စက်အလုံး (၂၀)၊ အုန်းဆီဂါလန် (၅၀)ပါ ကော်တိုင်ကီလုံး(၄၀)၊ အုန်းသားအခြောက် ပိဿာ(၆၀၀၀)နဲ့အတွင်းပစ္စည်းတွေ လောင်ကျွမ်းခဲ့ပြီး စုစုပေါင်း ငွေကျပ်သိန်း (၁၅၀၀)ဖိုးခန့် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

 အဲဒီမီးလောင်ကျွမ်းမှုကို ရန်ကုန်မြို့နယ်အတွင်းက စုစုပေါင်းမီး သတ်ယာဉ် (၄၉)စီး၊ အထောက်အကူပြုယာဉ်(၂၅)စီး၊ မိတ်ဖက် ယာဉ်(၄)စီး၊ ကွပ်ကဲမှုယာဉ်(၈)စီးတို့နဲ့ မီးငြှိမ်းသတ်ခဲ့ပြီး နံနက်(၅)နာရီ(၃၅)မိနုစ်မှာ မီးထိန်းနိုင်ခဲ့ကာ (၁၀)နာရီမှာ မီးငြိမ်း သတ်နိုင်ခဲ့တယ်လို့သိရပါတယ်။
မီးငြှိမ်းသတ်စဉ်အတွင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မီးသတ်စခန်းက ဒုတိယမီးသတ်ဦးစီးမှူး မီးခိုးမွှန် အသက်ရှုကြပ်မှုဖြစ်ပွားကာ သင်္ကန်းကျွန်းစံပြဆေးရုံကို ပို့ဆောင်ခဲ့ရကာ မစိုးရိမ်ရဘူး
လို့သိရပါတယ်။

 မီးလောင်နေစဉ် မီးငြှိမ်းသတ်ယာဉ်တွေက ရေဂါလန်ပေါင်း(၇)သောင်း၊ Foam ဆေးရည် (၆၉၀) ဂါလန် အသုံးပြုကာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် အယောက်(၄၃၀)၊ အရန်မီး သတ်တပ်ဖွဲ့ဝင်အယောက်(၂၀၀)၊ ကြက်ခြေနီတပ်ဖွဲ့ဝင် အယောက် (၁၀၀) တို့နဲ့ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ကြတာ ဖြစ်တယ်လို့သိရပါတယ်။

 မီးလောင်ကျွမ်းခဲ့မှုကြောင့် အထွေထွေမန်နေဂျာကို ဒဂုံတောင်မြို့မရဲစခန်း က (ပ)၂၀၂၀ /၂၀၁၇/ ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့လည်း သိရပါတယ်။ ဒီသတင်းကိုတော့ Central News Bureau က သက်ခိုင်မိုး ပေးပို့တာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top