Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တစ္လတစ္လ တျဖည္းျဖည္းတက္လာတဲ့ လွ်ပ္စစ္ မီတာခ ကုန္က်စရိတ္ေၾကာင့္ စိတ္မေအးရဘူးလား။ သင့္အေနနဲ႔ လွ်ပ္စစ္ မီတာခကို ဘယ္လိုေခြၽတာရမလဲဆိုတာ စဥ္းစားေနတယ္ဆိုရင္ေတာ့ ဆက္လက္ေလ့လာၾကည့္ဖို႔ တိုက္တြန္းလိုပါတယ္။

ေလေအးေပးစက္အသုံးျပဳမႈ

သင့္အေနနဲ႔ ေခတ္မီေကာင္းမြန္တဲ့ေနထိုင္မႈဘဝပုံစံနဲ႔ ေနထိုင္ဖို႔အတြက္ ေလေအးေပးစက္ဆိုတဲ့ လွ်ပ္စစ္ပစၥည္းကို မလြဲမေသြအသုံးျပဳမွာပါ။ ေလေအးေပးစက္ကိုအသုံးျပဳတဲ့အခါမွာ လွ်ပ္စစ္မီတာခ သက္သာေအာင္ အသုံးျပဳႏိုင္ပါတယ္။

အိမ္ကိုေလဝင္ေလထြက္ေကာင္းမြန္ေအာင္ ျပဳလုပ္ပါ။ အိမ္မွာ ေလဝင္ေလထြက္ေကာင္းပါက အပူအေအးလိုအပ္မႈကို မွ်တေစၿပီး ေလးေအးေပးစက္ကို လိုအပ္တာထက္ပိုၿပီး သုံးစြဲမိမွာ မဟုတ္ပါဘူး။

ဒါ့အျပင္ လုံေလာက္တဲ့ airflow ရရွိဖို႔လိုအပ္တဲ့အျပင္ မီတာခပိုမသုံးမိေစဖို႔အတြက္ ေလေအးေပးစက္မွာ ဖုန္ေတြ၊ အမႈိက္ေတြနဲ႔ ေခ်းေတြပိတ္မေနေစဖို႔လည္း လိုပါတယ္။

အဝတ္ေလွ်ာ္စက္အသုံးျပဳမႈ

လက္နဲ႔အဝတ္ေလွ်ာ္ရတာက ၿငီးေငြ႕စရာျဖစ္တာေရာ အခ်ိန္မေပးႏိုင္တာေၾကာင့္ အဝတ္ေလွ်ာ္စက္ေတြကို ဝယ္ယူအသုံးျပဳၾကပါတယ္။ အဝတ္ေလွ်ာ္စက္အသုံးျပဳတာနဲ႔အတူတူ လွ်ပ္စစ္သုံးစြဲမႈလည္း ပိုလာပါေတာ့တယ္။ ဆိုးက်ိဳးကေတာ့ မီတာခကို ပိုမိုေပးေဆာင္ရမွာပါ။ အဝတ္ေလွ်ာ္စက္သုံးစြဲတဲ့အခါမွာ မီတာခသက္သာေအာင္ ဘယ္လိုသုံးစြဲႏိုင္မလဲ?

အဝတ္ေလွ်ာ္စက္ရဲ႕ heat level ကို တတ္ႏိုင္သေလာက္ ေလွ်ာ့ၿပီးအဝတ္ေလွ်ာ္ပါ။ ျဖစ္ႏိုင္ရင္ cold setting နဲ႔ေလွ်ာ္ပါ။ ဒီထက္ပိုၿပီး လွ်ပ္စစ္သုံးစြဲမႈကို ေလွ်ာ့ခ်ခ်င္ရင္ေတာ့ dryer နဲ႔ပါ တြဲၿပီးေလွ်ာ္ႏိုင္ပါတယ္။ညဘက္မွာဆို မီးအားပိုေကာင္းတာေၾကာင့္ ညဘက္အဝတ္ေလွ်ာ္ရင္ ျမန္ျမန္ၿပီးပါတယ္။ ဒါေၾကာင့္ လွ်ပ္စစ္သုံးစြဲမႈကိုလည္း ေခြၽတာရာ ေရာက္ပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဆန္းသစ္ျမန္မာ
#Unicode Version#
တစ်လတစ်လ တဖြည်းဖြည်းတက်လာတဲ့ လျှပ်စစ် မီတာခ ကုန်ကျစရိတ်ကြောင့် စိတ်မအေးရဘူးလား။ သင့်အနေနဲ့ လျှပ်စစ် မီတာခကို ဘယ်လိုချွေတာရမလဲဆိုတာ စဉ်းစားနေတယ်ဆိုရင်တော့ ဆက်လက်လေ့လာကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

လေအေးပေးစက်အသုံးပြုမှု

သင့်အနေနဲ့ ခေတ်မီကောင်းမွန်တဲ့နေထိုင်မှုဘဝပုံစံနဲ့ နေထိုင်ဖို့အတွက် လေအေးပေးစက်ဆိုတဲ့ လျှပ်စစ်ပစ္စည်းကို မလွဲမသွေအသုံးပြုမှာပါ။ လေအေးပေးစက်ကိုအသုံးပြုတဲ့အခါမှာ လျှပ်စစ်မီတာခ သက်သာအောင် အသုံးပြုနိုင်ပါတယ်။

အိမ်ကိုလေဝင်လေထွက်ကောင်းမွန်အောင် ပြုလုပ်ပါ။ အိမ်မှာ လေဝင်လေထွက်ကောင်းပါက အပူအအေးလိုအပ်မှုကို မျှတစေပြီး လေးအေးပေးစက်ကို လိုအပ်တာထက်ပိုပြီး သုံးစွဲမိမှာ မဟုတ်ပါဘူး။

ဒါ့အပြင် လုံလောက်တဲ့ airflow ရရှိဖို့လိုအပ်တဲ့အပြင် မီတာခပိုမသုံးမိစေဖို့အတွက် လေအေးပေးစက်မှာ ဖုန်တွေ၊ အမှိုက်တွေနဲ့ ချေးတွေပိတ်မနေစေဖို့လည်း လိုပါတယ်။

အဝတ်လျှော်စက်အသုံးပြုမှု

လက်နဲ့အဝတ်လျှော်ရတာက ငြီးငွေ့စရာဖြစ်တာရော အချိန်မပေးနိုင်တာကြောင့် အဝတ်လျှော်စက်တွေကို ဝယ်ယူအသုံးပြုကြပါတယ်။ အဝတ်လျှော်စက်အသုံးပြုတာနဲ့အတူတူ လျှပ်စစ်သုံးစွဲမှုလည်း ပိုလာပါတော့တယ်။ ဆိုးကျိုးကတော့ မီတာခကို ပိုမိုပေးဆောင်ရမှာပါ။ အဝတ်လျှော်စက်သုံးစွဲတဲ့အခါမှာ မီတာခသက်သာအောင် ဘယ်လိုသုံးစွဲနိုင်မလဲ?

အဝတ်လျှော်စက်ရဲ့ heat level ကို တတ်နိုင်သလောက် လျှော့ပြီးအဝတ်လျှော်ပါ။ ဖြစ်နိုင်ရင် cold setting နဲ့လျှော်ပါ။ ဒီထက်ပိုပြီး လျှပ်စစ်သုံးစွဲမှုကို လျှော့ချချင်ရင်တော့ dryer နဲ့ပါ တွဲပြီးလျှော်နိုင်ပါတယ်။ညဘက်မှာဆို မီးအားပိုကောင်းတာကြောင့် ညဘက်အဝတ်လျှော်ရင် မြန်မြန်ပြီးပါတယ်။ ဒါကြောင့် လျှပ်စစ်သုံးစွဲမှုကိုလည်း ချွေတာရာ ရောက်ပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဆန်းသစ်မြန်မာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top