ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

YBS ၃၁ ယာဥ္လိုင္းမွ ခရီးသည္အမ်ိဳးသမီးရဲ႕ တင္ပါးကိုင္၍ ယာဥ္ေပၚမွ ဆြဲခ်ခဲ့တဲ့ ယာဥ္အကူ တစ္ဦးကို ရာသက္ပန္ထုတ္ပယ္လိုက္ၿပီလို႔ သိရသည္။

ျဖစ္စဥ္မွာ ႏိုဝင္ဘာ ၉ ရက္ေန႔ နံနက္ပိုင္း ၉ နာရီခန္႔က ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္မွ ကုန္သည္လမ္း၊ လမ္း ၅ဝ မွတ္တိုင္ထိေျပးဆြဲေပးေနေသာ YBS ၃၁ ယာဥ္လိုင္း ေပၚမွ ယာဥ္အကူျဖစ္သူ ဦးထြန္းလင္းဦးဆိုသူမွာ မိနစ္ အခ်ိန္ခန္႔က လမ္း ၅ဝ မွတ္တိုင္တြင္ ခရီးသည္မ်ားအတင္အခ်ျပဳလုပ္စဥ္ ခရီးသည္အမ်ိဳးသမီးတစ္ဦးအား တင္ပါးကိုင္၍ ယာဥ္ေပၚမွ ဆြဲခ်ခဲ့တယ္လို႔ သိရသည္။

ယင္းကိစၥႏွင့္ ပတ္သက္ၿပီး ႏိုဝင္ဘာလ ၉ ရက္ေန႔တြင္ ခရီးသည္အမ်ိဳးသမီးဟာ YRTA ႏွင့္ ကုန္းေဘာင္ရန္ကုန္အမ်ားႏွင့္ သက္ဆိုင္ေသာ ကုမၸဏီအပါအဝင္ အြန္လိုင္းမွတစ္ဆင့္ တိုင္ၾကားစာမ်ားေပးပို႔ခဲ့တယ္လို႔ သိရသည္။

YBS ယာဥ္လုိင္းမ်ား စီးနင္းရာတြင္ အဆင္မေျပမႈမ်ားကို ေန႔ရက္၊ အခ်ိန္၊ ေနရာ၊ ကား နံပါတ္မ်ားႏွင့္ အတူျဖစ္စဥ္အက်ဥ္းေရးသားၿပီး လူမွဳကြန္ယက္ Facebook စာမ်က္ႏွာႏွင့္ (Yangon Bus Service) YBS page မွ တစ္ဆင့္ တိုင္ၾကားႏိုင္ေၾကာင္း၊ တိုင္ၾကားခ်က္မ်ားအားလံုးကို ခ်က္ခ်င္းအေရးယူ ေဆာင္ရြက္ ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nang May Ei
#Unicode Version#

YBS ၃၁ ယာဉ်လိုင်းမှ ခရီးသည်အမျိုးသမီးရဲ့ တင်ပါးကိုင်၍ ယာဉ်ပေါ်မှ ဆွဲချခဲ့တဲ့ ယာဉ်အကူ တစ်ဦးကို ရာသက်ပန်ထုတ်ပယ်လိုက်ပြီလို့ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၉ ရက်နေ့ နံနက်ပိုင်း ၉ နာရီခန့်က ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ကုန်သည်လမ်း၊ လမ်း ၅ဝ မှတ်တိုင်ထိပြေးဆွဲပေးနေသော YBS ၃၁ ယာဉ်လိုင်း ပေါ်မှ ယာဉ်အကူဖြစ်သူ ဦးထွန်းလင်းဦးဆိုသူမှာ မိနစ် အချိန်ခန့်က လမ်း ၅ဝ မှတ်တိုင်တွင် ခရီးသည်များအတင်အချပြုလုပ်စဉ် ခရီးသည်အမျိုးသမီးတစ်ဦးအား တင်ပါးကိုင်၍ ယာဉ်ပေါ်မှ ဆွဲချခဲ့တယ်လို့ သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး နိုဝင်ဘာလ ၉ ရက်နေ့တွင် ခရီးသည်အမျိုးသမီးဟာ YRTA နှင့် ကုန်းဘောင်ရန်ကုန်အများနှင့် သက်ဆိုင်သော ကုမ္ပဏီအပါအဝင် အွန်လိုင်းမှတစ်ဆင့် တိုင်ကြားစာများပေးပို့ခဲ့တယ်လို့ သိရသည်။

YBS ယာဉ်လိုင်းများ စီးနင်းရာတွင် အဆင်မပြေမှုများကို နေ့ရက်၊ အချိန်၊ နေရာ၊ ကား နံပါတ်များနှင့် အတူဖြစ်စဉ်အကျဉ်းရေးသားပြီး လူမှုကွန်ယက် Facebook စာမျက်နှာနှင့် (Yangon Bus Service) YBS page မှ တစ်ဆင့် တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားချက်များအားလုံးကို ချက်ချင်းအရေးယူ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Nang May Ei
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top