Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကာယေလ့က်င့္ခန္းေတြ လုပ္မယ္ဆုိလည္း ဒါေတြကို အရင္မလုပ္သင့္ပါဘူး။

အားကစားသမားျဖစ္ေစ၊ ကိုယ္လက္ၾကံ႕ခိုင္ေရးအတြက္ အေျပးေလ့က်င့္သူျဖစ္ေစ အေျပးေလ့က်င့္တဲ့အခါ နည္းစနစ္မွန္ကန္ဖုိ႔ အေရးႀကီးပါတယ္။ စနစ္မွန္မွန္ ေျပးတတ္မယ္ဆုိ ပိုလည္းေျပးႏုိင္မွာျဖစ္ၿပီး ခႏၶာကိုယ္အတြက္လည္း ေကာင္းက်ိဳးေပးမွာပါ။ မေျပးခင္မွာ ဒါေတြလုပ္ျခင္းက သင့္ရဲ႕က်န္းမာေရးကို ဆုိးဆိုးရြားရြား ထိခိုက္ေစပါတယ္။ ကာယေလ့က်င့္ခန္းေတြ လုပ္မယ္ဆုိလည္း ဒါေတြကို အရင္မလုပ္သင့္ပါဘူး။

၁။ အမ်ားႀကီးစားတာ

ကစီဓာတ္ပါတဲ့ အစားအစာေတြစားရင္ လႈပ္ရွားမႈေတြအတြက္ ခြန္အားရတာေတာ့ မွန္ပါတယ္။ ဒါေပမဲ့ ေခါက္ဆြဲ၊ အသားတုိ႔လို အစားအစာေတြကို ဗိုက္ျပည့္ေအာင္ အမ်ားႀကီး စားျပီးျပီဆိုရင္ေတာ့ ေလ့က်င့္ခန္းလုပ္လို႔မေကာင္းေတာ့ပါဘူး။ ေျပးေနခ်ိန္မွာ အစာေျခစနစ္ကလည္း လုပ္ေဆာင္မႈ ေႏွးသြားပါတယ္။ အစာမေၾကတဲ့အျပင္ ဗိုက္ေအာင့္တာေတြလည္း ျဖစ္ႏိုင္ပါတယ္။

၂။ ေရဓာတ္

ေရဓာတ္မလံုေလာက္ျခင္းနဲ႔ ေရေသာက္မ်ားျခင္း ႏွစ္မ်ိဳးလံုးဟာ မေျပးခင္မွာ ဆင္ျခင္ရမယ့္အရာေတြပါ။ ေရဓာတ္မလံုေလာက္ရင္လည္း လူက ႏုံးခ်ိၿပီး မေျပးႏိုင္ေတာ့ပါဘူး။ ေရေတြအရမ္းေသာက္ထားေတာ့လည္း ဗိုက္အင့္လို႔ ေျပးမရေတာ့ဘူးေလ။ ေရဓာတ္ကေတာ့ ခႏၶာကိုယ္၊ ရာသီဥတု၊ ေခၽြးထြက္မႈအေျခအေနအလိုက္ မွ်တေအာင္ ေသာက္သင့္ပါတယ္။ ဆီးေတြ ၀ါေနရင္ ေရဓာတ္မလံုေလာက္ဘူးဆုိတဲ့ လကၡဏာပါ။

၃။ ကိုယ့္ခႏၶာကုိယ္ရဲ႕ ေျပာစကား

ေျပးရတာ မလြယ္ပါဘူး။ အေတာ္ေမာပန္းပါတယ္။ မေျပးခင္မွာ ကိုယ့္ခႏၶာကိုယ္က ဘာေတြျဖစ္ေနလဲဆုိတာ ေကာင္းေကာင္းနားလည္ဖုိ႔ လိုပါတယ္။ ေမာပန္းေနတဲ့ ခႏၶာကိုယ္ကို အတင္းအားစိုက္ေျပးခိုင္းရင္ လူပါ လဲက်သြားႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ကာယလေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုလည်း ဒါတွေကို အရင်မလုပ်သင့်ပါဘူး။

အားကစားသမားဖြစ်စေ၊ ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အပြေးလေ့ကျင့်သူဖြစ်စေ အပြေးလေ့ကျင့်တဲ့အခါ နည်းစနစ်မှန်ကန်ဖို့ အရေးကြီးပါတယ်။ စနစ်မှန်မှန် ပြေးတတ်မယ်ဆို ပိုလည်းပြေးနိုင်မှာဖြစ်ပြီး ခန္ဓာကိုယ်အတွက်လည်း ကောင်းကျိုးပေးမှာပါ။ မပြေးခင်မှာ ဒါတွေလုပ်ခြင်းက သင့်ရဲ့ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ ကာယလေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုလည်း ဒါတွေကို အရင်မလုပ်သင့်ပါဘူး။

၁။ အများကြီးစားတာ

ကစီဓာတ်ပါတဲ့ အစားအစာတွေစားရင် လှုပ်ရှားမှုတွေအတွက် ခွန်အားရတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ခေါက်ဆွဲ၊ အသားတို့လို အစားအစာတွေကို ဗိုက်ပြည့်အောင် အများကြီး စားပြီးပြီဆိုရင်တော့ လေ့ကျင့်ခန်းလုပ်လို့မကောင်းတော့ပါဘူး။ ပြေးနေချိန်မှာ အစာခြေစနစ်ကလည်း လုပ်ဆောင်မှု နှေးသွားပါတယ်။ အစာမကြေတဲ့အပြင် ဗိုက်အောင့်တာတွေလည်း ဖြစ်နိုင်ပါတယ်။

၂။ ရေဓာတ်

ရေဓာတ်မလုံလောက်ခြင်းနဲ့ ရေသောက်များခြင်း နှစ်မျိုးလုံးဟာ မပြေးခင်မှာ ဆင်ခြင်ရမယ့်အရာတွေပါ။ ရေဓာတ်မလုံလောက်ရင်လည်း လူက နုံးချိပြီး မပြေးနိုင်တော့ပါဘူး။ ရေတွေအရမ်းသောက်ထားတော့လည်း ဗိုက်အင့်လို့ ပြေးမရတော့ဘူးလေ။ ရေဓာတ်ကတော့ ခန္ဓာကိုယ်၊ ရာသီဥတု၊ ချွေးထွက်မှုအခြေအနေအလိုက် မျှတအောင် သောက်သင့်ပါတယ်။ ဆီးတွေ ဝါနေရင် ရေဓာတ်မလုံလောက်ဘူးဆိုတဲ့ လက္ခဏာပါ။

၃။ ကိုယ့်ခန္ဓာကိုယ်ရဲ့ ပြောစကား

ပြေးရတာ မလွယ်ပါဘူး။ အတော်မောပန်းပါတယ်။ မပြေးခင်မှာ ကိုယ့်ခန္ဓာကိုယ်က ဘာတွေဖြစ်နေလဲဆိုတာ ကောင်းကောင်းနားလည်ဖို့ လိုပါတယ်။ မောပန်းနေတဲ့ ခန္ဓာကိုယ်ကို အတင်းအားစိုက်ပြေးခိုင်းရင် လူပါ လဲကျသွားနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top