Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အာဖရိက အေရွ႕ေတာင္ပုိင္း မာလာ၀ီႏုိင္ငံမွာ စိတ္ေခ်ာက္ခ်ားမႈအႀကီးအက်ယ္ျဖစ္ေနၿပီး အရွင္လတ္လတ္ ေသြးစုပ္တဲ့ေသြးစုပ္ဖုတ္ေကာင္ဆုိတဲ့ ေကာလဟလေတြေၾကာင့္ ေသြးစုပ္ဖုတ္ေကာင္မုဆိုးေတြက သူတုိ႔ရပ္ရြာကို ကာကြယ္ဖုိ႔ဆုိၿပီး သံသယစိတ္နဲ႔ လူသတ္မႈေတြ က်ဴးလြန္ေနၾကပါတယ္။ မာလာ၀ီမွာ စက္တင္ဘာလလယ္ကတည္းက ေသြးစုပ္ဖုတ္ေကာင္လုိ႔ သံသယရွိခံရသူ ၉ ဦးထက္မနည္း ရက္ရက္စက္စက္ အသတ္ခံရၿပီး အဲသည္အထဲက လူ ၂ ဦးက ႏုိင္ငံမွာ ဒုတိယအႀကီးဆံုးၿမိဳ႕ျဖစ္တဲ့ ဘလန္တယာမွာ ေနထုိင္သူေတြ ျဖစ္ပါတယ္။ ရဲရဲ႕အဆုိအရ သူတုိ႔ႏွစ္ဦးစလံုး ေက်ာက္ခဲနဲ႔ေပါက္ အသတ္ခံရၿပီး တစ္ေယာက္က မီးရိႈ႕ခံရတယ္လုိ႔ ဆုိပါတယ္။ အျပစ္မဲ့သူေတြရဲ႕ေသြးကို လုိက္စုပ္ေနတယ္လို႔ စြပ္စြဲၿပီး လူေတြကို ပစ္မွတ္ထားေနတဲ့ ဆုိးသြမ္းအဖြဲ႕တစ္ဖြဲ႕နဲ႔ဆက္ႏြယ္သူ ၁၄၀ ဦးခန္႔ကို ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ပါတယ္။

မာလာ၀ီေတာင္ပိုင္းက ေခါင္းေဆာင္ေတြက ေသြးစုပ္ဖုတ္ေကာင္ေကာလာဟလဟာ အိမ္နီးခ်င္း မုိဇမ္ဘစ္နုိင္ငံကေန စတင္ျမစ္ဖ်ားခံတယ္လုိ႔ ယံုၾကည္ပါတယ္။ မုိဇစ္ဘစ္မွာ ေသြးစုပ္ဖုတ္ေကာင္ေတြကို ေၾကာက္ရြံ႕မႈေၾကာင့္ အရင္က အၾကမ္းဖက္မႈေတြ ျဖစ္ခဲ့ဖူးပါတယ္။ ကုလသမဂၢကလည္း ေသြးစုပ္ဖုတ္ေကာင္လုိ႔ စိတ္ေခ်ာက္ခ်ားထင္ျမင္မႈဟာ မိုဇမ္ဘစ္ – မာလာ၀ီနယ္စပ္ကေန မူလန္ဂ်ီနဲ႔ ဖာလြန္ဘီခရုိင္ေတြကို ကူးစက္လာတယ္လုိ႔ ယူဆပါတယ္။ ဆရာ၀န္နဲ႔ တျခားက်န္းမာေရးလုပ္သားေတြဟာ နားၾကပ္အသံုးျပဳတဲ့အတြက္ ေသြးစုပ္ဖုတ္ေကာင္မုဆုိးေတြရဲ႕ တုိက္ခုိက္မႈ ခံေနရၿပီး လူရမ္းကားေတြက နားၾကပ္ဟာ ေသြးစုပ္ဖို႔သံုးတဲ့ ကိရိယာတစ္ခုလို႔ ယူဆၾကလုိ႔ျဖစ္ေၾကာင္း သည္ေဒးလီးေမးလ္ က ေဖာ္ျပပါတယ္။

ေဆးမႈထမ္းေတြဟာ လုယက္ခံရ၊ ယာဥ္ေတြ ဖ်က္ဆီးခံရၿပီး ေဆးရံုကိုလူနာတင္ပို႔တဲ့ လူနာတင္ကားေတြ တုိက္ခုိက္ခံရေၾကာင္း ဆရာ၀န္မ်ားအစည္းအရံုးတစ္ခုက ဆုိပါတယ္။ မာလာ၀ီက ဆရာ၀န္မ်ားအသင္းက ဒါဟာ တႏုိင္ငံလံုးမွာ စိတ္ကစဥ္႔ကလ်ားေရာဂါ (hysteria) ပ်ံ႕ႏွံ႔ေနတဲ့ျဖစ္ရပ္လုိ႔ ဆုိပါတယ္။ မာလာ၀ီအမ်ိဳးသားရဲဌာနေျပာခြင့္ရသူ ဂ်ိမ္းစ္ကာလက္ဇီရာက ျပႆနာျဖစ္ေနတဲ့ေနရာေတြမွာ ရဲကင္းေတြ တုိးျမွင့္ခ်ထားၿပီး သတ္ျဖတ္မႈမွာ ပါ၀င္တယ္လုိ႔ ယူဆရသူမွန္သမွ်ကို ဖမ္းဆီးမယ္လို႔ ေျပာပါတယ္။ မာလာ၀ီသမၼတ ပီတာ မူသာရီကာက သတ္ျဖတ္မႈေတြကို စံုစမ္းစစ္ေဆးၿပီး ဒီလုပ္ရပ္ေတြဟာ အစိုးရအတြက္ အႀကီးအက်ယ္၀မ္းနည္းဖြယ္ျဖစ္ရပ္လို႔ ေျပာခဲ့ပါတယ္။ မာလာ၀ီဟာ ကမၻာမွာ အဆင္းရဲဆံုးႏုိင္ငံတစ္ခုျဖစ္ၿပီး ပညာေရးအဆင့္အတန္းနဲ႔ ပညာသင္ခြင့္ရမႈ နိမ့္က်ပါတယ္။ စုန္းကေ၀ယံုၾကည္မႈ မ်ားျပားၿပီး အခက္အခဲျဖစ္လာရင္ ေမွာ္အျမင္၊ အယူသည္းမႈအျမင္ေတြနဲ႔ ေျဖရွင္းေလ့ ရွိၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kumudra
#Unicode Version#
အာဖရိက အရှေ့တောင်ပိုင်း မာလာဝီနိုင်ငံမှာ စိတ်ချောက်ချားမှုအကြီးအကျယ်ဖြစ်နေပြီး အရှင်လတ်လတ် သွေးစုပ်တဲ့သွေးစုပ်ဖုတ်ကောင်ဆိုတဲ့ ကောလဟလတွေကြောင့် သွေးစုပ်ဖုတ်ကောင်မုဆိုးတွေက သူတို့ရပ်ရွာကို ကာကွယ်ဖို့ဆိုပြီး သံသယစိတ်နဲ့ လူသတ်မှုတွေ ကျူးလွန်နေကြပါတယ်။ မာလာဝီမှာ စက်တင်ဘာလလယ်ကတည်းက သွေးစုပ်ဖုတ်ကောင်လို့ သံသယရှိခံရသူ ၉ ဦးထက်မနည်း ရက်ရက်စက်စက် အသတ်ခံရပြီး အဲသည်အထဲက လူ ၂ ဦးက နိုင်ငံမှာ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဘလန်တယာမှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ ရဲရဲ့အဆိုအရ သူတို့နှစ်ဦးစလုံး ကျောက်ခဲနဲ့ပေါက် အသတ်ခံရပြီး တစ်ယောက်က မီးရှို့ခံရတယ်လို့ ဆိုပါတယ်။ အပြစ်မဲ့သူတွေရဲ့သွေးကို လိုက်စုပ်နေတယ်လို့ စွပ်စွဲပြီး လူတွေကို ပစ်မှတ်ထားနေတဲ့ ဆိုးသွမ်းအဖွဲ့တစ်ဖွဲ့နဲ့ဆက်နွယ်သူ ၁၄၀ ဦးခန့်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

မာလာဝီတောင်ပိုင်းက ခေါင်းဆောင်တွေက သွေးစုပ်ဖုတ်ကောင်ကောလာဟလဟာ အိမ်နီးချင်း မိုဇမ်ဘစ်နိုင်ငံကနေ စတင်မြစ်ဖျားခံတယ်လို့ ယုံကြည်ပါတယ်။ မိုဇစ်ဘစ်မှာ သွေးစုပ်ဖုတ်ကောင်တွေကို ကြောက်ရွံ့မှုကြောင့် အရင်က အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ဖူးပါတယ်။ ကုလသမဂ္ဂကလည်း သွေးစုပ်ဖုတ်ကောင်လို့ စိတ်ချောက်ချားထင်မြင်မှုဟာ မိုဇမ်ဘစ် – မာလာဝီနယ်စပ်ကနေ မူလန်ဂျီနဲ့ ဖာလွန်ဘီခရိုင်တွေကို ကူးစက်လာတယ်လို့ ယူဆပါတယ်။ ဆရာဝန်နဲ့ တခြားကျန်းမာရေးလုပ်သားတွေဟာ နားကြပ်အသုံးပြုတဲ့အတွက် သွေးစုပ်ဖုတ်ကောင်မုဆိုးတွေရဲ့ တိုက်ခိုက်မှု ခံနေရပြီး လူရမ်းကားတွေက နားကြပ်ဟာ သွေးစုပ်ဖို့သုံးတဲ့ ကိရိယာတစ်ခုလို့ ယူဆကြလို့ဖြစ်ကြောင်း သည်ဒေးလီးမေးလ် က ဖော်ပြပါတယ်။

ဆေးမှုထမ်းတွေဟာ လုယက်ခံရ၊ ယာဉ်တွေ ဖျက်ဆီးခံရပြီး ဆေးရုံကိုလူနာတင်ပို့တဲ့ လူနာတင်ကားတွေ တိုက်ခိုက်ခံရကြောင်း ဆရာဝန်များအစည်းအရုံးတစ်ခုက ဆိုပါတယ်။ မာလာဝီက ဆရာဝန်များအသင်းက ဒါဟာ တနိုင်ငံလုံးမှာ စိတ်ကစဉ့်ကလျားရောဂါ (hysteria) ပျံ့နှံ့နေတဲ့ဖြစ်ရပ်လို့ ဆိုပါတယ်။ မာလာဝီအမျိုးသားရဲဌာနပြောခွင့်ရသူ ဂျိမ်းစ်ကာလက်ဇီရာက ပြဿနာဖြစ်နေတဲ့နေရာတွေမှာ ရဲကင်းတွေ တိုးမြှင့်ချထားပြီး သတ်ဖြတ်မှုမှာ ပါဝင်တယ်လို့ ယူဆရသူမှန်သမျှကို ဖမ်းဆီးမယ်လို့ ပြောပါတယ်။ မာလာဝီသမ္မတ ပီတာ မူသာရီကာက သတ်ဖြတ်မှုတွေကို စုံစမ်းစစ်ဆေးပြီး ဒီလုပ်ရပ်တွေဟာ အစိုးရအတွက် အကြီးအကျယ်ဝမ်းနည်းဖွယ်ဖြစ်ရပ်လို့ ပြောခဲ့ပါတယ်။ မာလာဝီဟာ ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်ပြီး ပညာရေးအဆင့်အတန်းနဲ့ ပညာသင်ခွင့်ရမှု နိမ့်ကျပါတယ်။ စုန်းကဝေယုံကြည်မှု များပြားပြီး အခက်အခဲဖြစ်လာရင် မှော်အမြင်၊ အယူသည်းမှုအမြင်တွေနဲ့ ဖြေရှင်းလေ့ ရှိကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top