Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တိုင္းျပည္တခုလံုး လြတ္လပ္ေရးရလာေအာင္ ႀကိဳးပမ္းမႈေတြထဲမွာ တစ္ခုအပါအ၀င္ ျဖစ္ပါတယ္။

တန္ေဆာင္မုန္းလျပည့့္ေက်ာ္ (၁ဝ) ရက္ေန႔ဟာ အမ်ိဳးသားေန႔ျဖစ္ပါတယ္။ အမ်ိဳးသားေန႔ဆိုတာ ျဗိတိသွ်ကိုလိုနီအစိုးရရဲ႕ ႏွိပ္ကြပ္မႈေပါင္းစံု ပါ၀င္တဲ့ ပညာေရးစနစ္ကို စတင္ဆန္႔က်င္ရာကေန ျဖစ္ေပၚလာတာပါ။

ျမန္မာျပည္သူေတြ တကၠသိုလ္ပညာ သင္ၾကားႏိုင္ေရး ကန္႔သတ္ပိတ္ပင္ထားတဲ့ ယူနီဗာစီတီ အက္ဥပေဒကို ေရးဆြဲ ျပ႒ာန္းခဲ့ခ်ိန္၊ ျမန္မာသကၠရာဇ္ ၁၂၈၂ ခုႏွစ္၊ တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၁၀ ရက္ (၁၉၂၀ ခုႏွစ္ ဒီဇင္ဘာလ ၅ ရက္)ေန႔မွာ ရန္ကုန္ေကာလိပ္နဲ႔ ယုဒႆန္ ေကာလိပ္ေက်ာင္းသားေတြက ယူနီဗာစီတီ အက္ဥပေဒကို စတင္သပိတ္ေမွာက္ခဲ့ၾကတာ ျဖစ္ပါတယ္။

မတရားတဲ့ ယူနီဗာစီတီ အက္ဥပေဒကို ဆန္႔က်င္သပိတ္ေမွာက္တာကေန ေက်ာင္းသားသပိတ္က ႏိုင္ငံတစ္နံတစ္လ်ား ပ်ံ႕ႏွံ႔ ႐ိုက္ခတ္သြားခဲ့တာ ျဖစ္ပါတယ္။ ဤသပိတ္ရဲ႕ အက်ိဳးဆက္ေၾကာင့္ အမ်ိဳးသားေရးစိတ္ဓာတ္ေတြ ပိုမိုရင့္သန္လာၿပီး အမ်ိဳးသားေက်ာင္းေတြ  ႏိုင္ငံနဲ႔ အဝွမ္း ေပၚေပါက္လာခဲ့ပါတယ္။

၁၉၂၁ စက္တင္ဘာ ၂၇ ရက္ မႏၲေလးမွာက်င္းပတဲ့ (၉) ႀကိမ္ေျမာက္ GCBA ညီလာခံႀကီးမွာ အဲဒီ ၅-၁၂-၁၉၂ဝ ရက္ျဖစ္တဲ့ ျမန္မာသကၠရာဇ္ ၁၂၈၂ ခုႏွစ္၊ တန္ေဆာင္မုန္းလျပည့္ေက်ာ္ (၁ဝ) ရက္ေန႔ကို အမ်ဳိးသားေန႔အျဖစ္ ေရြးခ်ယ္လိုက္တယ္။

အမ်ိဳးသားေန႔က တိုင္းျပည္တခုလံုး လြတ္လပ္ေရးရလာေအာင္ ႀကိဳးပမ္းမႈႀကီးေတြထဲက တခုျဖစ္သလို အမ်ိဳးသားေရးစိတ္ဓာတ္ အစဥ္ကိန္းေအာင္း ေနေစဖုိ႔ ႏွစ္စဥ္ႏွစ္တိုင္း ႏိုင္ငံနဲ႔ အဝွမ္း အမ်ိဳးသားေန႔အျဖစ္ သတ္မွတ္ကာ အမ်ိဳးသားေအာင္ပြဲေန႔ အခမ္းအနားေတြကုိ က်င္းပလာခဲ့ရာမွာ ရာျပည့္အႀကိဳ (၉၇ ႏွစ္)တိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
တိုင်းပြည်တခုလုံး လွတ်လပ်ရေးရလာအောင် ကြိုးပမ်းမှုတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။

တန်ဆောင်မုန်းလပြည့့်ကျော် (၁ဝ) ရက်နေ့ဟာ အမျိုးသားနေ့ဖြစ်ပါတယ်။ အမျိုးသားနေ့ဆိုတာ ဗြိတိသျှကိုလိုနီအစိုးရရဲ့ နှိပ်ကွပ်မှုပေါင်းစုံ ပါဝင်တဲ့ ပညာရေးစနစ်ကို စတင်ဆန့်ကျင်ရာကနေ ဖြစ်ပေါ်လာတာပါ။

မြန်မာပြည်သူတွေ တက္ကသိုလ်ပညာ သင်ကြားနိုင်ရေး ကန့်သတ်ပိတ်ပင်ထားတဲ့ ယူနီဗာစီတီ အက်ဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းခဲ့ချိန်၊ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၅ ရက်)နေ့မှာ ရန်ကုန်ကောလိပ်နဲ့ ယုဒဿန် ကောလိပ်ကျောင်းသားတွေက ယူနီဗာစီတီ အက်ဥပဒေကို စတင်သပိတ်မှောက်ခဲ့ကြတာ ဖြစ်ပါတယ်။

မတရားတဲ့ ယူနီဗာစီတီ အက်ဥပဒေကို ဆန့်ကျင်သပိတ်မှောက်တာကနေ ကျောင်းသားသပိတ်က နိုင်ငံတစ်နံတစ်လျား ပျံ့နှံ့ ရိုက်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဤသပိတ်ရဲ့ အကျိုးဆက်ကြောင့် အမျိုးသားရေးစိတ်ဓာတ်တွေ ပိုမိုရင့်သန်လာပြီး အမျိုးသားကျောင်းတွေ  နိုင်ငံနဲ့ အဝှမ်း ပေါ်ပေါက်လာခဲ့ပါတယ်။

၁၉၂၁ စက်တင်ဘာ ၂၇ ရက် မန္တလေးမှာကျင်းပတဲ့ (၉) ကြိမ်မြောက် GCBA ညီလာခံကြီးမှာ အဲဒီ ၅-၁၂-၁၉၂ဝ ရက်ဖြစ်တဲ့ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁ဝ) ရက်နေ့ကို အမျိုးသားနေ့အဖြစ် ရွေးချယ်လိုက်တယ်။

အမျိုးသားနေ့က တိုင်းပြည်တခုလုံး လွတ်လပ်ရေးရလာအောင် ကြိုးပမ်းမှုကြီးတွေထဲက တခုဖြစ်သလို အမျိုးသားရေးစိတ်ဓာတ် အစဉ်ကိန်းအောင်း နေစေဖို့ နှစ်စဉ်နှစ်တိုင်း နိုင်ငံနဲ့ အဝှမ်း အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွေကို ကျင်းပလာခဲ့ရာမှာ ရာပြည့်အကြို (၉၇ နှစ်)တိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top