ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ပဲခူးတိုင္းေဒသႀကီး ေဝါျမိဳ႕နယ္ အဗ်ားငွတ္ေခ်းဝင္းေက်းရြာအနီး နိုဝင္ဘာလ( ၃) ရက္ေန ့ ညေန (၄) နာရီေက်ာ္အခ်ိန္ခန္ ့က ယာဥ္တိုက္မႈျဖစ္ပြားျပီး ဆိုင္ကယ္ေမာင္းနွင္လာသူ အမ်ဳိးသား လူငယ္နွစ္ဦး အခင္းျဖစ္ေနရာတြင္ ေသဆံုးသြားခဲ႔ေႀကာင္း ေဝါျမိဳ႕ခံတစ္ဦး ထံက သတင္းရရွိသည္။

ျဖစ္စဥ္မွာ နိုဝင္ဘာ( ၃) ရက္ေန ့ ညေန (၄) နာရီေက်ာ္အခ်ိန္ခန္ ့က က်ဳိက္ထို ့ျမိဳ ႕ဘက္မွ ဘုရားၿကီးျမိဳ ႕ဘက္သို ့အမည္ေနရပ္လိပ္စာမသိ (စံုစမ္းဆဲ) သူတစ္ဦး သည္ ယာဥ္ နံပါတ္ျပားတပ္ဆင္ထားျခင္း မရွိသည့္ နီ /နက္ႀကား Wave i 110 အမ်ဳိးအစားဆိုင္ကယ္အား အမည္ ေနရပ္ လိပ္စာမသိ (စံုစမ္းဆဲ) သူတစ္ဦး အား တင္ေဆာင္ေမာင္းနွင္လာျပီး လားရာတူ ေရွ႕မွ ယာဥ္အား ေက်ာ္တက္ခ်ိန္၌ အရွိန္မထိန္းနိုင္ဘဲ တဖက္ယာဥ္ေက်ာသို ့ေရာက္ရွိ သြားကာ ဘုရားႀကီးျမိဳ႕ဘက္မွ က်ဳိက္ထိုျမဳိ ့ဘက္သို ့ ယာဥ္ေမာင္း ဦးေမာင္ေမာင္စိုး ရန္ကုန္ ဒလျမိဳ ႕ေနသူေမာင္းနွင္လာသည့္ HONDA FIT အမ်ဳိးအစား ယာဥ္နံပါတ္ျပား 9G/5647 တပ္ဆင္ထားေသာ အျပာေရာင္ယာဥ္၏ ဦးေခါင္းပိုင္း ဝဲဘက္ျခမ္းနွင့္ တိုက္မိျခင္းျဖစ္ေႀကာင္း ရဲမွတ္တမ္းမ်ားအရ သိရသည္။

ယာဥ္တိုက္မႈေၾကာင့္ ဆိုင္ကယ္ေမာင္းနွင္သူနွင့္ ေနာက္မွလိုက္ပါလာသူ နွစ္ဦးစလံုး အခင္းျဖစ္ေနရာတြင္ ေသဆံုးခဲ႔ျပီး ကားေပၚတြင္ ပါလာသူအမ်ဳိးသမီး တစ္ဦး ထိခိုက္ဒဏ္ရာ႐ွိခဲ႔ေႀကာင္းသိရသည္။

ယင္းျဖစ္စဥ္နွင့္ ပက္သက္၍ ယာဥ္အား မဆင္မျခင္ေမာင္းနွင္သည့္ အမည္မသိဆိုင္ကယ္ေမာင္းသမားနွင့္ ဦးေမာင္ေမာင္စိုးတို ့နွစ္ဦးအား ေဝါျမိဳ ႕မရဲစခန္းမွ ယာဥ္ (ပ)၅၄/၂၀၁၇ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၄-က/၃၃၈ တို ့ျဖင့္ အမႈဖြင့္ အေရးယူထားေႀကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် အဗျားငှတ်ချေးဝင်းကျေးရွာအနီး နိုဝင်ဘာလ( ၃) ရက်နေ့ ညနေ (၄) နာရီကျော်အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသား လူငယ်နှစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း ဝေါမြို့ခံတစ်ဦး ထံက သတင်းရရှိသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ( ၃) ရက်နေ့ ညနေ (၄) နာရီကျော်အချိန်ခန့်က ကျိုက်ထို့မြို့ဘက်မှ ဘုရားကြီးမြို့ဘက်သို့အမည်နေရပ်လိပ်စာမသိ (စုံစမ်းဆဲ) သူတစ်ဦး သည် ယာဉ် နံပါတ်ပြားတပ်ဆင်ထားခြင်း မရှိသည့် နီ /နက်ကြား Wave i 110 အမျိုးအစားဆိုင်ကယ်အား အမည် နေရပ် လိပ်စာမသိ (စုံစမ်းဆဲ) သူတစ်ဦး အား တင်ဆောင်မောင်းနှင်လာပြီး လားရာတူ ရှေ့မှ ယာဉ်အား ကျော်တက်ချိန်၌ အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကျောသို့ရောက်ရှိ သွားကာ ဘုရားကြီးမြို့ဘက်မှ ကျိုက်ထိုမြို့ဘက်သို့ ယာဉ်မောင်း ဦးမောင်မောင်စိုး ရန်ကုန် ဒလမြို့နေသူမောင်းနှင်လာသည့် HONDA FIT အမျိုးအစား ယာဉ်နံပါတ်ပြား 9G/5647 တပ်ဆင်ထားသော အပြာရောင်ယာဉ်၏ ဦးခေါင်းပိုင်း ဝဲဘက်ခြမ်းနှင့် တိုက်မိခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူနှင့် နောက်မှလိုက်ပါလာသူ နှစ်ဦးစလုံး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကားပေါ်တွင် ပါလာသူအမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရသည်။

ယင်းဖြစ်စဉ်နှင့် ပက်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သည့် အမည်မသိဆိုင်ကယ်မောင်းသမားနှင့် ဦးမောင်မောင်စိုးတို့နှစ်ဦးအား ဝေါမြို့မရဲစခန်းမှ ယာဉ် (ပ)၅၄/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/၃၃၈ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top