ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ဂ်ပန္ဧကရာဇ္ရဲ႕ တပ္ကို တာဂ်ီးမားဟာ ဓားေရးနည္းျပဆရာ အေနနဲ႔ ေရာက္လာတယ္။ အဲဒီအခ်ိန္မွာ ႐ႈိဂန္းရဲ႕ သက္ေတာ္ေစာင့္ လုပ္ေနသူ တစ္ေယာက္က သူ႔ထံေရာက္လာၿပီး

"ဆရာ .. ကၽြန္ေတာ့္ကို ဓားေရး ကၽြမ္းက်င္ေအာင္ သင္ေပးပါ" လို႔ ႐ိုေသစြာ လာေျပာတယ္။ ဒီေတာ့ တာဂ်ီးမားက

"ေအး မင္းရဲ႕ အေနအထားကို ၾကည့္ၿပီးမွ သင္ေပးသင့္၊ မသင့္ ငါဆံုးျဖတ္မယ္။ မင္းငါ့ေမးခြန္း တစ္ခုေျဖရမယ္။ မင္း အရင္က ဘယ္ဆရာဆီမွာ ဓားေရးသင္ခဲ့သလဲ" လို႔ ေမးလိုက္တယ္။

သက္ေတာ္ေစာင့္ကလည္း

"ကၽြန္ေတာ္ ဘယ္ဆရာ့ထံမွာမွ ဓားေရးအတတ္ကို မသင္ခဲ့ဖူးပါဘူး" လို႔ျပန္ေျဖလိုက္တယ္။

ဒီလိုေျဖလိုက္ေတာ့ တာဂ်ီးမားလည္း စိတ္ဆိုးသြားတာေပါ့။ ႐ႈိဂန္းဆီမွာ သက္ေတာ္ေစာင့္ရာထူး ရဖို႔ဆိုတာ လြယ္တာမွမဟုတ္တာ။ ေတာ္႐ံု အရည္အခ်င္းနဲ႔လည္း ရႏိုင္တာမဟုတ္ဘူး။

"မင္း .. ငါ့ကို ေနာက္ေနတာလား။ ငါက လူတစ္ေယာက္ကို ျမင္တာနဲ႔သိတယ္။ မင္းပံုစံက ဓားေရးမတတ္ဘူးလို႔ ေတာ့ ငါ့ကိုလာမေျပာနဲ႔" ဟုဆိုလိုက္သည္။

"ဆရာ .. ဆရာ့ကို ကၽြန္ေတာ္ အျငင္းအခံု မျပဳခ်င္ပါ။ ကၽြန္ေတာ္ ဘယ္ဆရာထံကမွ ဓားေရးအတတ္ကို မသင္ခဲ့ဖူးတာေတာ့ အမွန္ျဖစ္ပါတယ္"

"ကဲ … ဒါဆိုလည္း ဓားထုတ္၊ မင္းနဲ႔ ငါ တစ္ပြဲတစ္လမ္းေပါ့"

တာဂ်ီးမားနဲ႔ သက္ေတာ္ေစာင့္ေလးလည္း ဓားေရးယွဥ္ၾကတယ္။ အံ့ၾသစရာေကာင္းလွတဲ့ ဓားခုတ္ပြဲႀကီးတစ္ခု ျဖစ္သြားခဲ့ရတယ္။ မိနစ္အနည္းငယ္ ဓားေရး ယွဥ္ၿပီးေတာ့ တာဂ်ီးမားက ရပ္လိုက္ၿပီး

"မင္းေျပာေတာ့ ဓားေရးကို ဘယ္မွာမွ မသင္ခဲ့ ဘူးေျပာတယ္။ မင္းအခု ငါနဲ႔ ဓားေရးယွဥ္တာ ငါ့ထက္ေတာင္ သာေနတယ္။ မင္း မလိမ္နဲ႔ ငါ့ကို အမွန္အတိုင္းေျပာ။ မင္းဆရာ ဘယ္သူလဲ"

"ကၽြန္ေတာ့္မွာ ဆရာမ ရွိတာေတာ့ အမွန္ပါ။ ကၽြန္ေတာ့္ဘာသာ ႀကိဳးစားေလ့က်င့္ ခဲ့တာပါ။ ဒါေပမဲ့ ကၽြန္ေတာ္ ငယ္စဥ္ကတည္းက အေဖက ေသမွာ မေၾကာက္နဲ႔။ ေၾကာက္ရင္ ႏွစ္ခါေသတယ္လို႔ အၿမဲသြန္သင္ပါတယ္။ ႏွစ္ခါေသမွာေၾကာက္လို႔ ကၽြန္ေတာ္ ဘယ္ေတာ့မွ ေၾကာက္စိတ္ မထားဘူး"

"ငါေျပာခ်င္တာ အဲဒါဘဲ။ ဓားသမားတစ္ေယာက္မွာ ေၾကာက္စိတ္မရွိရင္ လြတ္ေျမာက္သြားၿပီ။ ဒီမွာ မင္းကို ငါသင္စရာ မလိုေတာ့ဘူး။ မင္းဟာ မင္းဘ၀မွာဆရာ၊ ေသမွာကို မေၾကာက္ရင္ မင္းကိုဘယ္သူမွ ႏိုင္ဖို႔မလြယ္ ေတာ့ဘူး" လို႔ တာဂ်ီးမားက ေျပာလိုက္တယ္။

(ဂ်ပန္ပံုျပင္တစ္ပုဒ္ကို ျပန္ေရးထားတာပါ)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကိုမ်ဳိး(သုတစြယ္စုံ)

# Unicode Version ျဖင့္ ဖတ္ပါ #

ဂျပန်ဧကရာဇ်ရဲ့ တပ်ကို တာဂျီးမားဟာ ဓားရေးနည်းပြဆရာ အနေနဲ့ ရောက်လာတယ်။ အဲဒီအချိန်မှာ ရှိုဂန်းရဲ့ သက်တော်စောင့် လုပ်နေသူ တစ်ယောက်က သူ့ထံရောက်လာပြီး

"ဆရာ .. ကျွန်တော့်ကို ဓားရေး ကျွမ်းကျင်အောင် သင်ပေးပါ" လို့ ရိုသေစွာ လာပြောတယ်။ ဒီတော့ တာဂျီးမားက

"အေး မင်းရဲ့ အနေအထားကို ကြည့်ပြီးမှ သင်ပေးသင့်၊ မသင့် ငါဆုံးဖြတ်မယ်။ မင်းငါ့မေးခွန်း တစ်ခုဖြေရမယ်။ မင်း အရင်က ဘယ်ဆရာဆီမှာ ဓားရေးသင်ခဲ့သလဲ" လို့ မေးလိုက်တယ်။

သက်တော်စောင့်ကလည်း

"ကျွန်တော် ဘယ်ဆရာ့ထံမှာမှ ဓားရေးအတတ်ကို မသင်ခဲ့ဖူးပါဘူး" လို့ပြန်ဖြေလိုက်တယ်။

ဒီလိုဖြေလိုက်တော့ တာဂျီးမားလည်း စိတ်ဆိုးသွားတာပေါ့။ ရှိုဂန်းဆီမှာ သက်တော်စောင့်ရာထူး ရဖို့ဆိုတာ လွယ်တာမှမဟုတ်တာ။ တော်ရုံ အရည်အချင်းနဲ့လည်း ရနိုင်တာမဟုတ်ဘူး။

"မင်း .. ငါ့ကို နောက်နေတာလား။ ငါက လူတစ်ယောက်ကို မြင်တာနဲ့သိတယ်။ မင်းပုံစံက ဓားရေးမတတ်ဘူးလို့ တော့ ငါ့ကိုလာမပြောနဲ့" ဟုဆိုလိုက်သည်။

"ဆရာ .. ဆရာ့ကို ကျွန်တော် အငြင်းအခုံ မပြုချင်ပါ။ ကျွန်တော် ဘယ်ဆရာထံကမှ ဓားရေးအတတ်ကို မသင်ခဲ့ဖူးတာတော့ အမှန်ဖြစ်ပါတယ်"

"ကဲ … ဒါဆိုလည်း ဓားထုတ်၊ မင်းနဲ့ ငါ တစ်ပွဲတစ်လမ်းပေါ့"

တာဂျီးမားနဲ့ သက်တော်စောင့်လေးလည်း ဓားရေးယှဉ်ကြတယ်။ အံ့သြစရာကောင်းလှတဲ့ ဓားခုတ်ပွဲကြီးတစ်ခု ဖြစ်သွားခဲ့ရတယ်။ မိနစ်အနည်းငယ် ဓားရေး ယှဉ်ပြီးတော့ တာဂျီးမားက ရပ်လိုက်ပြီး

"မင်းပြောတော့ ဓားရေးကို ဘယ်မှာမှ မသင်ခဲ့ ဘူးပြောတယ်။ မင်းအခု ငါနဲ့ ဓားရေးယှဉ်တာ ငါ့ထက်တောင် သာနေတယ်။ မင်း မလိမ်နဲ့ ငါ့ကို အမှန်အတိုင်းပြော။ မင်းဆရာ ဘယ်သူလဲ"

"ကျွန်တော့်မှာ ဆရာမ ရှိတာတော့ အမှန်ပါ။ ကျွန်တော့်ဘာသာ ကြိုးစားလေ့ကျင့် ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် ငယ်စဉ်ကတည်းက အဖေက သေမှာ မကြောက်နဲ့။ ကြောက်ရင် နှစ်ခါသေတယ်လို့ အမြဲသွန်သင်ပါတယ်။ နှစ်ခါသေမှာကြောက်လို့ ကျွန်တော် ဘယ်တော့မှ ကြောက်စိတ် မထားဘူး"

"ငါပြောချင်တာ အဲဒါဘဲ။ ဓားသမားတစ်ယောက်မှာ ကြောက်စိတ်မရှိရင် လွတ်မြောက်သွားပြီ။ ဒီမှာ မင်းကို ငါသင်စရာ မလိုတော့ဘူး။ မင်းဟာ မင်းဘဝမှာဆရာ၊ သေမှာကို မကြောက်ရင် မင်းကိုဘယ်သူမှ နိုင်ဖို့မလွယ် တော့ဘူး" လို့ တာဂျီးမားက ပြောလိုက်တယ်။

(ဂျပန်ပုံပြင်တစ်ပုဒ်ကို ပြန်ရေးထားတာပါ)

ဖိုးသူတော် (www.phothutaw.com)
Credit: ကိုမျိုး(သုတစွယ်စုံ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top