ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အိပ္ရာေစာေစာထတဲ့ သူေတြဟာ ညဥ့္နက္တဲ့အထိ အလုပ္လုပ္ၿပီး ေနျမင့္မွ အိပ္ရာထသူေတြထက္ ပိုမို ေပ်ာ္ရႊင္ကာ သြယ္လ် က်န္းမာၾကေၾကာင္း ေလ့လာမႈ အေတာ္မ်ားမ်ားအရ သိရပါတယ္။ နံနက္ ေစာေစာထတဲ့ သူေတြက အလုပ္မွာ ပိုမို စြမ္းေဆာင္ႏိုင္စြမ္းရွိၿပီး အလုပ္ တြင္က်ယ္တာေၾကာင့္ ေယဘုယ်အားျဖင့္ ဝင္ေငြ ပိုေကာင္းၾကေၾကာင္း ေလ့လာမႈေတြက ဆိုပါတယ္။
ေက်ာင္းသား၊ ေက်ာင္းသူေတြ ဆိုရင္လည္း အိပ္ရာ ေစာေစာထကာ ေလ့လာ မွတ္သားမႈ ျပဳလုပ္တဲ့အတြက္ ေနျမင့္မွ အိပ္ရာထသူေတြထက္ အမွတ္ျပည့္ရႏိုင္ေျခ ပိုမ်ားေၾကာင္း တကၠဆက္တကၠသိုလ္ ေလ့လာမႈအရ သိရပါတယ္။ ဘာေၾကာင့္ နံနက္ေစာေစာ အိပ္ရာထသူေတြက ပိုမိုက်န္းမာ ထက္ျမက္ရသလဲ ဆိုတဲ့အခ်က္ကို သိႏိုင္ဖို႔ ေလ့လာမႈေတြ ျပဳလုပ္ခဲ့တဲ့အခါ ေအာက္ပါ လ်ဳိ႕ဝွက္ခ်က္ ေျခာက္ရပ္ကို ေတြ႕ရွိခဲ့ရပါတယ္။

ေလ့က်င့္ခန္းလုပ္ရန္ အခ်ိန္ရျခင္း

အိပ္ရာ ေစာေစာထသူေတြက ေန႔တစ္ေန႔ကို ေလ့က်င့္ခန္းနဲ႔ စတင္ေလ့ ရွိၾကပါတယ္။ ဒါေၾကာင့္ ေနျမင့္မွ အိပ္ရာထသူေတြထက္ ေစာေစာ အိပ္ရာထသူေတြက တစ္ေန႔လံုး စိတ္ခံစားမႈ ေကာင္းမြန္ လန္းဆန္းေနရတာ ျဖစ္ပါတယ္။ ပံုမွန္ ေလ့က်င့္ခန္း လုပ္တာေၾကာင့္ ဦးေႏွာက္ထဲမွာ စိတ္ခံစားမႈ ေကာင္းေစတဲ့ အနေဒၚဖင္ဓာတ္ အထြက္ တိုးေစၿပီး စြမ္းအင္အဆင့္ ျမင့္တက္ေစပါတယ္။

စီမံခန္႔ခြဲႏုိင္စြမ္း ပိုမို ေကာင္းမြန္ျခင္း

ေလ့လာမႈ အသစ္တစ္ရပ္အရ ပ်မ္းမွ်အားျဖင့္ ေနျမင့္မွ အိပ္ရာထသူေတြက နံနက္ေစာေစာ ထသူေတြေလာက္ မွတ္ဉာဏ္စြမ္းအား မေကာင္းၾကေၾကာင္း သိရပါတယ္။ အရြယ္ေရာက္သူ ၆၄၃၆ ဦးက အိပ္စက္ပံု၊ စြမ္းအင္အဆင့္နဲ႔ သည္းခံႏိုင္စြမ္းတို႔အား ေလ့လာ ၾကည့္ခဲ့တဲ့အခါ ေစာေစာ အိပ္ရာထသူေတြက စြမ္းအင္ ပိုမေကာင္းမြန္ၾကၿပီး ျပႆနာေတြကို အလြယ္တကူ ေျဖရွင္းႏိုင္ၾကကာ အရာရာကို တိတိက်က် စီမံခန္႔ခြဲႏိုင္စြမ္း ပိုမ်ားေၾကာင္း သိရပါတယ္။

ကိုယ္အေလးခ်ိန္ ျမင့္တက္မႈ နည္းျခင္း

ၾသစေၾတးလ်ရဲ႕ ၿမီးေကာင္ေပါက္စအရြယ္ ၂၂၀၀ ဦးကို ေလ့လာမႈတစ္ရပ္အရ ေနျမင့္မွ အိပ္ရာထသူေတြက ေစာေစာအိပ္၊ ေစာေစာထတတ္သူေတြထက္ အဝလြန္ႏိုင္ေျခ ႏွစ္ဆ ပိုမ်ားေၾကာင္း သိရပါတယ္။ ညဥ့္နက္တဲ့အထိ မအိပ္ဘဲ ေနတဲ့အခါ ဆယ္ေက်ာ္သက္ေတြက တီဗီ အလြန္အမင္း ၾကည့္ျဖစ္ၿပီး ကိုယ္လက္လႈပ္ရွားမႈ လုပ္ခ်ိန္ ေလ်ာ့နည္းသြားတာေၾကာင့္ ျဖစ္ပါတယ္။

ကယ္လိုရီစားသံုးမႈ ေလ်ာ့နည္းျခင္း

အေနာက္ေျမာက္ တကၠသိုလ္ရဲ႕ေလ့လာမႈအရ ညဥ့္နက္မွ အိပ္ရာဝင္သူေတြဟာ ေစာေစာ အိပ္ရာထသူေတြထက္ တစ္ေန႔မွာ ၂၄၈ ကယ္လိုရီ ပိုမို စားသံုးၾကၿပီး အဆင္သင့္ အစာကို မ်ားမ်ား စားျဖစ္ၾကေၾကာင္းနဲ႔ သစ္သီးနဲ႔ ဟင္းသီးဟင္းရြက္ေတြကို စားသံုးမႈ နည္းၾကေၾကာင္း သိရပါတယ္။ ညဥ့္နက္မွ အိပ္ရာဝင္ၾကသူေတြရဲ႕ စားေသာက္မႈပံုစံကက်န္းမာေရးနဲ႔ ညီၫြတ္မႈ မရွိတာေၾကာင့္နဲ႔ ညဘက္က်မွ အစာစားေလ့ရွိတဲ့ အက်င့္ေၾကာင့္ သူတို႔ရဲ႕ BMI က ျမင့္မားေနၾကေၾကာင္း ေလ့လာသူေတြက ဆိုပါတယ္။

ပိုမို ေပ်ာ္ရႊင္မႈ ရရွိၾကျခင္း

အေမရိကန္ စိတ္ပိုင္းဆိုင္ရာ ဂ်ာနယ္ရဲ႕ လတ္တေလာ ေလ့လာမႈတစ္ရပ္အရ ေစာေစာ အိပ္ရာထသူေတြက ေနျမင့္မွ အိပ္ရာ ထတတ္သူေတြထက္ ပိုမိုေပ်ာ္ရႊင္ၾကေၾကာင္း သိရပါတယ္။ တျခား ေလ့လာမႈအသစ္အရ အိပ္ရာ ေစာေစာထတဲ့ အသက္ႀကီးသူေတြက အိပ္ရာ ေစာေစာထတဲ့ လူငယ္ေတြထက္ ပိုမို ေပ်ာ္ရႊင္တက္ႂကြမႈ ရွိၾကေၾကာင္း ဆိုပါတယ္။ အသက္ ၆၀ အရြယ္မွာ အသက္ႀကီးသူ ၇ ရာခိုင္ႏႈန္းဟာ ညဘက္ ေတာ္ေတာ္နဲ႔ အိပ္မေပ်ာ္တတ္သူေတြ ျဖစ္ေနပါတယ္။

က်န္းမာေရး ပိုမို ေကာင္းမြန္ျခင္း

နံနက္ ေစာေစာ အိပ္ရာထသူေတြက ေနျမင့္တဲ့အထိ အိပ္စက္တတ္ သူေတြထက္ က်န္းမာေရး ပိုမို ေကာင္းမြန္ၾကပါတယ္။ ေစာေစာ အိပ္ရာထတာေၾကာင့္ စိတ္ခံစားမႈ တက္ႂကြကာ လန္းဆန္းမႈရွိၿပီး ကိုယ္ခံစြမ္းအား စနစ္ကို ေကာင္းမြန္ေစတဲ့အတြက္ က်န္းမာရတာပါလို႔ ေလ့လာသူေတြက ဆိုပါတယ္။ ေစာေစာ အိပ္ရာထသူေတြက ေလ့က်င့္ခန္းလုပ္ဖို႔ အခ်ိန္ရသလို နံနက္စာကို ေကာင္းေကာင္း စားျဖစ္တာေၾကာင့္ စိတ္ဖိစီးမႈကိုလည္း ခံႏိုင္ရည္ ရွိတတ္ၾကပါတယ္။

ၾကယ္စင္ (ရတနာပုံ)ဖိုးသူေတာ္ (www.phothutaw.com)
Credit: ၾကယ္စင္ (ရတနာပုံ)

# Unicode Version ျဖင့္ ဖတ္ရန္ #

 အိပ်ရာစောစောထတဲ့ သူတွေဟာ ညဉ့်နက်တဲ့အထိ အလုပ်လုပ်ပြီး နေမြင့်မှ အိပ်ရာထသူတွေထက် ပိုမို ပျော်ရွှင်ကာ သွယ်လျ ကျန်းမာကြကြောင်း လေ့လာမှု အတော်များများအရ သိရပါတယ်။ နံနက် စောစောထတဲ့ သူတွေက အလုပ်မှာ ပိုမို စွမ်းဆောင်နိုင်စွမ်းရှိပြီး အလုပ် တွင်ကျယ်တာကြောင့် ယေဘုယျအားဖြင့် ဝင်ငွေ ပိုကောင်းကြကြောင်း လေ့လာမှုတွေက ဆိုပါတယ်။
ကျောင်းသား၊ ကျောင်းသူတွေ ဆိုရင်လည်း အိပ်ရာ စောစောထကာ လေ့လာ မှတ်သားမှု ပြုလုပ်တဲ့အတွက် နေမြင့်မှ အိပ်ရာထသူတွေထက် အမှတ်ပြည့်ရနိုင်ခြေ ပိုများကြောင်း တက္ကဆက်တက္ကသိုလ် လေ့လာမှုအရ သိရပါတယ်။ ဘာကြောင့် နံနက်စောစော အိပ်ရာထသူတွေက ပိုမိုကျန်းမာ ထက်မြက်ရသလဲ ဆိုတဲ့အချက်ကို သိနိုင်ဖို့ လေ့လာမှုတွေ ပြုလုပ်ခဲ့တဲ့အခါ အောက်ပါ လျို့ဝှက်ချက် ခြောက်ရပ်ကို တွေ့ရှိခဲ့ရပါတယ်။

လေ့ကျင့်ခန်းလုပ်ရန် အချိန်ရခြင်း

အိပ်ရာ စောစောထသူတွေက နေ့တစ်နေ့ကို လေ့ကျင့်ခန်းနဲ့ စတင်လေ့ ရှိကြပါတယ်။ ဒါကြောင့် နေမြင့်မှ အိပ်ရာထသူတွေထက် စောစော အိပ်ရာထသူတွေက တစ်နေ့လုံး စိတ်ခံစားမှု ကောင်းမွန် လန်းဆန်းနေရတာ ဖြစ်ပါတယ်။ ပုံမှန် လေ့ကျင့်ခန်း လုပ်တာကြောင့် ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ အနဒေါ်ဖင်ဓာတ် အထွက် တိုးစေပြီး စွမ်းအင်အဆင့် မြင့်တက်စေပါတယ်။

စီမံခန့်ခွဲနိုင်စွမ်း ပိုမို ကောင်းမွန်ခြင်း

လေ့လာမှု အသစ်တစ်ရပ်အရ ပျမ်းမျှအားဖြင့် နေမြင့်မှ အိပ်ရာထသူတွေက နံနက်စောစော ထသူတွေလောက် မှတ်ဉာဏ်စွမ်းအား မကောင်းကြကြောင်း သိရပါတယ်။ အရွယ်ရောက်သူ ၆၄၃၆ ဦးက အိပ်စက်ပုံ၊ စွမ်းအင်အဆင့်နဲ့ သည်းခံနိုင်စွမ်းတို့အား လေ့လာ ကြည့်ခဲ့တဲ့အခါ စောစော အိပ်ရာထသူတွေက စွမ်းအင် ပိုမကောင်းမွန်ကြပြီး ပြဿနာတွေကို အလွယ်တကူ ဖြေရှင်းနိုင်ကြကာ အရာရာကို တိတိကျကျ စီမံခန့်ခွဲနိုင်စွမ်း ပိုများကြောင်း သိရပါတယ်။

ကိုယ်အလေးချိန် မြင့်တက်မှု နည်းခြင်း

သြစတြေးလျရဲ့ မြီးကောင်ပေါက်စအရွယ် ၂၂၀၀ ဦးကို လေ့လာမှုတစ်ရပ်အရ နေမြင့်မှ အိပ်ရာထသူတွေက စောစောအိပ်၊ စောစောထတတ်သူတွေထက် အဝလွန်နိုင်ခြေ နှစ်ဆ ပိုများကြောင်း သိရပါတယ်။ ညဉ့်နက်တဲ့အထိ မအိပ်ဘဲ နေတဲ့အခါ ဆယ်ကျော်သက်တွေက တီဗီ အလွန်အမင်း ကြည့်ဖြစ်ပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်ချိန် လျော့နည်းသွားတာကြောင့် ဖြစ်ပါတယ်။

ကယ်လိုရီစားသုံးမှု လျော့နည်းခြင်း

အနောက်မြောက် တက္ကသိုလ်ရဲ့လေ့လာမှုအရ ညဉ့်နက်မှ အိပ်ရာဝင်သူတွေဟာ စောစော အိပ်ရာထသူတွေထက် တစ်နေ့မှာ ၂၄၈ ကယ်လိုရီ ပိုမို စားသုံးကြပြီး အဆင်သင့် အစာကို များများ စားဖြစ်ကြကြောင်းနဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးမှု နည်းကြကြောင်း သိရပါတယ်။ ညဉ့်နက်မှ အိပ်ရာဝင်ကြသူတွေရဲ့ စားသောက်မှုပုံစံကကျန်းမာရေးနဲ့ ညီညွတ်မှု မရှိတာကြောင့်နဲ့ ညဘက်ကျမှ အစာစားလေ့ရှိတဲ့ အကျင့်ကြောင့် သူတို့ရဲ့ BMI က မြင့်မားနေကြကြောင်း လေ့လာသူတွေက ဆိုပါတယ်။

ပိုမို ပျော်ရွှင်မှု ရရှိကြခြင်း

အမေရိကန် စိတ်ပိုင်းဆိုင်ရာ ဂျာနယ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ စောစော အိပ်ရာထသူတွေက နေမြင့်မှ အိပ်ရာ ထတတ်သူတွေထက် ပိုမိုပျော်ရွှင်ကြကြောင်း သိရပါတယ်။ တခြား လေ့လာမှုအသစ်အရ အိပ်ရာ စောစောထတဲ့ အသက်ကြီးသူတွေက အိပ်ရာ စောစောထတဲ့ လူငယ်တွေထက် ပိုမို ပျော်ရွှင်တက်ကြွမှု ရှိကြကြောင်း ဆိုပါတယ်။ အသက် ၆၀ အရွယ်မှာ အသက်ကြီးသူ ၇ ရာခိုင်နှုန်းဟာ ညဘက် တော်တော်နဲ့ အိပ်မပျော်တတ်သူတွေ ဖြစ်နေပါတယ်။

ကျန်းမာရေး ပိုမို ကောင်းမွန်ခြင်း

နံနက် စောစော အိပ်ရာထသူတွေက နေမြင့်တဲ့အထိ အိပ်စက်တတ် သူတွေထက် ကျန်းမာရေး ပိုမို ကောင်းမွန်ကြပါတယ်။ စောစော အိပ်ရာထတာကြောင့် စိတ်ခံစားမှု တက်ကြွကာ လန်းဆန်းမှုရှိပြီး ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေတဲ့အတွက် ကျန်းမာရတာပါလို့ လေ့လာသူတွေက ဆိုပါတယ်။ စောစော အိပ်ရာထသူတွေက လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ရသလို နံနက်စာကို ကောင်းကောင်း စားဖြစ်တာကြောင့် စိတ်ဖိစီးမှုကိုလည်း ခံနိုင်ရည် ရှိတတ်ကြပါတယ်။

ကြယ်စင် (ရတနာပုံ)ဖိုးသူတော် (www.phothutaw.com)
Credit: ကြယ်စင် (ရတနာပုံ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top