မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×

မန္တလေးတိုင်းဒေသကြီး မိတ္တီလာမြို့နယ် အရှေ့ပြင်ဈေးရပ်ကွက်နယ်မြေ ခြင်္သေင့်္ကြီးနှစ်ကောင် တိုက်တန်းရှိ ကားဝပ်ရှော့သို့ လာရောက်အပ်နှံထားသည့်ယာဉ်၏ နောက်ဖုံးအတွင်းမှ ပုပ်ပွသေဆုံးနေသည့် အမျိုးသားနှင့် အမျိုးသမီးအလောင်းများ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့် က တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူများကို စုံစမ်းဖော်ထုတ်ချက်အရ အမျိုးသားမှာ စိုင်းစိုးအောင် အသက်(၃၀)နှစ်ခန့်ရှိပြီး၊ အမျိုးသမီးမှာ မလင်းလင်း အသက်(၃၀)နှစ်ခန့်ဖြစ်ကာ ၄င်းတိုတို့နှစ်ဦးမှာ ဇနီးမောင်နှံဖြစ်ပြီး မန္တလေးမြို့တွင်နေထိုင်သူများ ဖြစ်ကြောင်း ကနဦး သိရှိရပါသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက် ယနေ့နံက် ၁၀ နာရီ ၃၀ မိနစ်ခန့် တွင် မြို့မရဲစခန်းဒုရဲအုပ်အောင်သူဟိန်း တာဝန်မှူး ဆောင်ရွက်နေစဉ် ခြင်္သေ့ကြီးနှစ်ကောင်တိုက်တန်းနေဦးမြသိန်း၏ ဖုန်းဖြင့်အကြောင်းကြားချက်အရ ကားပျက်၍ပြုပြင်ရန် လာရောက်အပ်နှံထားသော 9J/2187 Nissan Fuga တန(၁)* ၁၀၁၁ * အဖြူရောင် ဆလွန်းကား၏ နောက်ဖုံးအတွင်းမှ အပုပ်နံ့ရနေသဖြင့်

အဆိုပါ ယာဉ်နှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းချက်အရ နိုဝင်ဘာ ၁ရ ရက်နေ့ ၂ နာရီ ၃၀ အချိန်ခန့်က ရတနာမာန်အောင်နယ်မြေ ဇွဲရုံဂိတ်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ ကြောင်း၊ ဗိုလ်ကြီးဇွဲမြင့်မိုရ် ဆိုသူ မောင်းနှင်လာကြောင်း၊ ၄င်းမှကားပြင်ရန် ဝပ်ရှော့ဆရာသွားခေါ်မည်ပြောကာထွက်သွားရာမှ ပြန်လည်မရောက်ရှိတော့ကြောင်း၊ နိုဝင်ဘာ ၁၇ ရက်နေ့ ၉ နာရီအချိန်ခန့်မှ၎င်းကားသည် တပ်မတော်ပိုင်ဖြစ်၍ တပ်ထိန်းမှလာရောက်စစ်ဆေးခဲ့ကြောင်း ကားမှာ အမှတ်(၁) တပ်နယ် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ၏ တပ်ပိုင်ကားဖြစ်ကြောင်းသိ ရှိခဲ့ရသည်။

ယနေ့ နိုဝင်ဘာ (၁၈)ရက်နေ့ နံက်(10:30)အချိန်ခန့်တွင် ၄င်းကား၏ နောက်ဖုံးအတွင်းမှ အပုပ်နံ့များရသဖြင့် ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခြင်းဖြစ်ကြောင်း သိရှိ၍ ယာဉ်နောက်ဖုံးခန်းအားသက်သေများနှင့်အတူ ဖွင့်လှစ်စစ်ဆေးရာ နောက်ဖုံးခန်းထဲတွင် အမျိုးသား အသက်(၃၀)နှစ်ခန့်တွေ့ရှိပြီး ၄င်းတွင် ဦးခေါင်းနောက်စေ့ယာဘက်ခြမ်း ထိုးသွင်းပေါက်ပြဲ ဝဲ


Credit: Thithtoolwin
#Unicode Version#
မန္တလေးတိုင်းဒေသကြီး မိတ္တီလာမြို့နယ် အရှေ့ပြင်ဈေးရပ်ကွက်နယ်မြေ ခင်္သြေၤ့ကြီးနှစ်ကောင် တိုက်တန်းရှိ ကားဝပ်ရှော့သို့ လာရောက်အပ်နှံထားသည့်ယာဉ်၏ နောက်ဖုံးအတွင်းမှ ပုပ်ပွသေဆုံးနေသည့် အမျိုးသားနှင့် အမျိုးသမီးအလောင်းများ နိုဝင်ဘာလ ၁၈ ရက်နေ့နံနက် ၁၀ နာရီခွဲခန့်က တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူများကို စုံစမ်းဖော်ထုတ်ချက်အရ အမျိုးသားမှာ စိုင်းစိုးအောင် အသက်(၃၀)နှစ်ခန့်ရှိပြီး၊ အမျိုးသမီးမှာ မလင်းလင်း အသက်(၃၀)နှစ်ခန့်ဖြစ်ကာ ၎င်းတိုတို့နှစ်ဦးမှာ ဇနီးမောင်နှံဖြစ်ပြီး မန္တလေးမြို့တွင်နေထိုင်သူများ ဖြစ်ကြောင်း ကနဦး သိရှိရပါသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက် ယနေ့နံက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မြို့မရဲစခန်းဒုရဲအုပ်အောင်သူဟိန်း တာဝန်မှူး ဆောင်ရွက်နေစဉ် ခင်္သြေ့ကြီးနှစ်ကောင်တိုက်တန်းနေဦးမြသိန်း၏ ဖုန်းဖြင့်အကြောင်းကြားချက်အရ ကားပျက်၍ပြုပြင်ရန် လာရောက်အပ်နှံထားသော 9J/2187 Nissan Fuga တန(၁)* ၁၀၁၁ * အဖြူရောင် ဆလွန်းကား၏ နောက်ဖုံးအတွင်းမှ အပုပ်နံ့ရနေသဖြင့်
မသင်္ကာကြောင်း အကြောင်းကြားချက်အရ တပ်ဖွဲ့ဝင်များနှင့် သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာမှ သေဆုံးနေသူများကို တွေ့ရှိခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်နှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းချက်အရ နိုဝင်ဘာ ၁ရ ရက်နေ့ ၂ နာရီ ၃၀ အချိန်ခန့်က ရတနာမာန်အောင်နယ်မြေ ဇွဲရုံဂိတ်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ ကြောင်း၊ ဗိုလ်ကြီးဇွဲမြင့်မိုရ် ဆိုသူ မောင်းနှင်လာကြောင်း၊ ၎င်းမှကားပြင်ရန် ဝပ်ရှော့ဆရာသွားခေါ်မည်ပြောကာထွက်သွားရာမှ ပြန်လည်မရောက်ရှိတော့ကြောင်း၊ နိုဝင်ဘာ ၁၇ ရက်နေ့ ၉ နာရီအချိန်ခန့်မှ၎င်းကားသည် တပ်မတော်ပိုင်ဖြစ်၍ တပ်ထိန်းမှလာရောက်စစ်ဆေးခဲ့ကြောင်း ကားမှာ အမှတ်(၁) တပ်နယ် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ၏ တပ်ပိုင်ကားဖြစ်ကြောင်းသိ ရှိခဲ့ရသည်။

ယနေ့ နိုဝင်ဘာ (၁၈)ရက်နေ့နံက်(10:30)အချိန်ခန့်တွင် ၎င်းကား၏ နောက်ဖုံးအတွင်းမှ အပုပ်နံ့များရသဖြင့် ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခြင်းဖြစ်ကြောင်း သိရှိ၍ ယာဉ်နောက်ဖုံးခန်းအားသက်သေများနှင့်အတူ ဖွင့်လှစ်စစ်ဆေးရာ နောက်ဖုံးခန်းထဲတွင် အမျိုးသား အသက်(၃၀)နှစ်ခန့်တွေ့ရှိပြီး ၎င်းတွင် ဦးခေါင်းနောက်စေ့ယာဘက်ခြမ်း ထိုးသွင်းပေါက်ပြဲ ဝဲ
ဘက်နံစောင်းထိုးသွင်းဒဏ်ရာ(၂)ချက် ဝဲလက်မောင်းအပြင်ဘက် ပေါက်ပြဲဒဏ်ရာ(၄)ချက်ဝဲလည်ဂုတ်တွင် ထိုးသွင်းဒဏ်ရာ(၄)ချက် ဝဲဖနောင့်ပြတ်ရှဒဏ်ရာ ဝဲဘက်ကျောပြင်ထိုးသွင်းဒဏ်ရာ(၂)ချက် ယာကျောပြင် ထိုးသွင်ဒဏ်ရာ(၂)ချက် ကျောအလယ်ထိုးသွင်းဒဏ်ရာ (၁)ချက် တို့တွေ့ရှိရသည်။

အမျိုးသမီးအလောင်းတွင် ဝဲပုခုံးထိုးသွင်းပေါက်ပြဲဒဏ်ရာ(၁)ချက် ဝဲဘက်ဂျိုင်းအောက်ထိုးသွင်းဒဏ်ရာ(၁)ချက် ဝဲပါးပြတ်ရှဒဏ်ရာ လည်ပင်းလှီးဖြတ်ဒဏ်ရာ လည်ပင်းယာဘက်ထိုးသွင်းဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် အမည်မသိ အမျိုးသား အမျိုးသမီးတို့အား အသက်သေဆုံးသည်အထိ ပြုလုပ်သူအား အရေးယူပေးရန် တိုင်ကြားချက်အရ မြို့မရဲစန်း (ပ)၄၇၁ /၂၀၁၇ ရာဇသတ်ကြီးပုဒ်မ - ၃၀၂ အရ အမှုဖွင့် အရေးယူ စုံစမ်းစစ်ဆေး လျှက်ရှိကြောင်း နယ်မြေခံရဲစခန်းမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top