Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္ နန္းမားရဲစခန္းပိုင္ နယ္ေျမ တြင္ တရားမဝင္လက္နက္မ်ား ကိုင္ေဆာင္၍ မူးယစ္ေဆးဝါး မ်ား ေရာင္းခ်၊ သံုးစဲြသူ ၂၈ ဦး ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ႏိုဝင္ဘာ ၉ ရက္ နံနက္ ၇ နာရီက မိုးညႇင္း ၿမိဳ႕နယ္ နန္းမားရဲစခန္းပိုင္ နန္႔စြန္းေတာင္တန္း လဆန္ရြာပ်က္ လဆန္ေတာင္ေျခေနရာတြင္ နန္းမားေက်းရြာ ရန္ေအာင္ ရပ္ကြက္ေန ထြန္းထြန္း(ခ) ေအာင္ဝင္းထြန္းႏွင့္အဖြဲ႕သည္ တရားမဝင္ လက္နက္မ်ား ကိုင္ေဆာင္၍ မူးယစ္ေဆးဝါး မ်ား ေရာင္းခ်ေနေၾကာင္း သတင္းအရ နယ္ေျမခံတပ္မ်ား၊ မိုးညႇင္းခ႐ိုင္ ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ေသာင္းလင္းႏွင့္အဖြဲ႕မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕တို႔က ရွာေဖြဖမ္းဆီးခဲ့သည္။

ထုိသုိ႔ ဖမ္းဆီးစဥ္ အဆုိပါေနရာသုိ႔ မူးယစ္ေဆးဝါး သုံးစြဲရန္ ေရာက္ရွိေနေသာ အမ်ိဳးသား ၂၈ ဦးအား ဖမ္းဆီးရမိ ခဲ့ေသာ္လည္း ထြန္းထြန္း(ခ)ေအာင္ဝင္းထြန္းမွာ ထြက္ေျပး လြတ္ေျမာက္သြားေၾကာင္း သိရသည္။

ဖမ္းဆီးရမိေသာ မူးယစ္ေဆးဝါးေရာင္းခ်၊ သုံးစြဲသူ ၂၈ ဦးအား ဆိုင္ကယ္ ၁ဝ စီးႏွင့္အတူ ဘိန္းျဖဴ အေလးခ်ိန္(ဝ ဒသမ ဝ၁)ဂရမ္ခန္႔ပါ တစ္ထုပ္၊ တီဗီြတစ္လုံး၊ CCTV ကင္မရာ ေလးလုံး၊ CCTV အထိုင္စက္ တစ္စုံ၊ အေဝးၾကည့္မွန္ေျပာင္း တစ္လက္၊ စႏိုက္ပါ မွန္ေျပာင္းတစ္လက္၊ ဆိုလာျပားႏွစ္ခ်ပ္ႏွင့္ ဘက္ထရီတစ္လုံးတို႔ကို သိမ္းဆည္းရမိခဲ့သည္။ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ နန္းမားနယ္ေျမရဲစခန္းက အမႈဖြင့္အေရးယူ ထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားရဲစခန်းပိုင် နယ်မြေ တွင် တရားမဝင်လက်နက်များ ကိုင်ဆောင်၍ မူးယစ်ဆေးဝါး များ ရောင်းချ၊ သုံးစွဲသူ ၂၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၉ ရက် နံနက် ၇ နာရီက မိုးညှင်း မြို့နယ် နန်းမားရဲစခန်းပိုင် နန့်စွန်းတောင်တန်း လဆန်ရွာပျက် လဆန်တောင်ခြေနေရာတွင် နန်းမားကျေးရွာ ရန်အောင် ရပ်ကွက်နေ ထွန်းထွန်း(ခ) အောင်ဝင်းထွန်းနှင့်အဖွဲ့သည် တရားမဝင် လက်နက်များ ကိုင်ဆောင်၍ မူးယစ်ဆေးဝါး များ ရောင်းချနေကြောင်း သတင်းအရ နယ်မြေခံတပ်များ၊ မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သောင်းလင်းနှင့်အဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က ရှာဖွေဖမ်းဆီးခဲ့သည်။

ထိုသို့ ဖမ်းဆီးစဉ် အဆိုပါနေရာသို့ မူးယစ်ဆေးဝါး သုံးစွဲရန် ရောက်ရှိနေသော အမျိုးသား ၂၈ ဦးအား ဖမ်းဆီးရမိ ခဲ့သော်လည်း ထွန်းထွန်း(ခ)အောင်ဝင်းထွန်းမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးရောင်းချ၊ သုံးစွဲသူ ၂၈ ဦးအား ဆိုင်ကယ် ၁ဝ စီးနှင့်အတူ ဘိန်းဖြူ အလေးချိန်(ဝ ဒသမ ဝ၁)ဂရမ်ခန့်ပါ တစ်ထုပ်၊ တီဗွီတစ်လုံး၊ CCTV ကင်မရာ လေးလုံး၊ CCTV အထိုင်စက် တစ်စုံ၊ အဝေးကြည့်မှန်ပြောင်း တစ်လက်၊ စနိုက်ပါ မှန်ပြောင်းတစ်လက်၊ ဆိုလာပြားနှစ်ချပ်နှင့် ဘက်ထရီတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ နန်းမားနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top