ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

တန္ေဆာင္မုန္းလျပည့္ (ႏိုဝင္ဘာ ၃ ရက္)ညတြင္ မံုရြာၿမိဳ႕ ေပၚ၌ ေျဗာက္အုိုးႏွင့္မီး႐ွဴးမီးပန္း မ်ား ေရာင္းခ်သူေလးဦးကို အမႈ ဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း မံုရြာ ၿမိဳ႕ ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးက်င္စိန္ က ေျပာသည္။

မံုရြာၿမိဳ႕ ဆူးေလကုန္းရပ္ ကြက္ ေက်ာကၠာလမ္းမတြင္ အမ်ိဳးသမီးေလးဦးက ေပါက္ကြဲေစ

တတ္ေသာ ေျဗာက္အိုး၊ မီး႐ွဴးမီးပန္းမ်ားကို ေရာင္းခ်ေနသျဖင့္ ရဲတပ္ဖြဲ႕က ဖမ္းဆီး၍ အမႈဖြင့္စစ္ေဆးခဲ့သည္။

‘‘အမ်ားျပည္သူသြားလာတဲ့ လမ္းေပၚမွာ ေပါက္ကြဲေစတတ္တဲ့ ေျဗာက္အုိး၊ မီး႐ွဴးမီးပန္းေတြ လက္ဝယ္ထားရွိ ေရာင္းခ်တဲ့အ တြက္ ဖမ္းဆီးခဲ့တာပါ’’ဟု ဒုရဲမွဴး က်င္စိန္က ေျပာသည္။ ေရာင္းခ်သူမ်ားမွာ မံုရြာၿမိဳ႕ ေအးသာယာရပ္ကြက္ေန (၄၃) ႏွစ္ႏွင့္ (၂၂)ႏွစ္အရြယ္ အမ်ိဳးသမီး ႏွစ္ဦး၊ ရန္ကင္းရပ္ကြက္ေန (၆၀)ႏွစ္အရြယ္ အမ်ိဳးသမီးႏွင့္ ျမဝတီရပ္ကြက္ေန (၅၂)ႏွစ္အရြယ္ အမ်ိဳးသမီးတို႔ျဖစ္ၿပီး ရဲတပ္ဖြဲ႕က၎တို႔ကို သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲမွတ္တမ္းတြင္   ေဖာ္ျပထားသည္။

 အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္ သက္၍ ထုိအမ်ိဳးသမီးေလးဦးကို မံုရြာၿမိဳ႕ ၿမိဳ႕မရဲစခန္းက ရာဇသတ္ ႀကီးဥပေဒပုဒ္မ ၂၈၆ ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိသည္။

ၿပီးခဲ့သည့္သီတင္းကြၽတ္ကာ လအတြင္းကလည္း မံုရြာၿမိဳ႕တြင္ ေျဗာက္အိုးႏွင့္ မီး႐ွဴးမီးပန္းေရာင္း ခ်သူမ်ားကို အေရးယူျခင္းမ်ား ရွိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
တန်ဆောင်မုန်းလပြည့် (နိုဝင်ဘာ ၃ ရက်)ညတွင် မုံရွာမြို့ ပေါ်၌ ဗြောက်အိုးနှင့်မီးရှူးမီးပန်း များ ရောင်းချသူလေးဦးကို အမှု ဖွင့်စစ်ဆေးလျက်ရှိကြောင်း မုံရွာ မြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးကျင်စိန် က ပြောသည်။

မုံရွာမြို့ ဆူးလေကုန်းရပ် ကွက် ကျောက္ကာလမ်းမတွင် အမျိုးသမီးလေးဦးက ပေါက်ကွဲစေ

တတ်သော ဗြောက်အိုး၊ မီးရှူးမီးပန်းများကို ရောင်းချနေသဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီး၍ အမှုဖွင့်စစ်ဆေးခဲ့သည်။

‘‘အများပြည်သူသွားလာတဲ့ လမ်းပေါ်မှာ ပေါက်ကွဲစေတတ်တဲ့ ဗြောက်အိုး၊ မီးရှူးမီးပန်းတွေ လက်ဝယ်ထားရှိ ရောင်းချတဲ့အ တွက် ဖမ်းဆီးခဲ့တာပါ’’ဟု ဒုရဲမှူး ကျင်စိန်က ပြောသည်။ ရောင်းချသူများမှာ မုံရွာမြို့ အေးသာယာရပ်ကွက်နေ (၄၃) နှစ်နှင့် (၂၂)နှစ်အရွယ် အမျိုးသမီး နှစ်ဦး၊ ရန်ကင်းရပ်ကွက်နေ (၆၀)နှစ်အရွယ် အမျိုးသမီးနှင့် မြဝတီရပ်ကွက်နေ (၅၂)နှစ်အရွယ် အမျိုးသမီးတို့ဖြစ်ပြီး ရဲတပ်ဖွဲ့က၎င်းတို့ကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းတွင်   ဖော်ပြထားသည်။

 အဆိုပါ ဖြစ်စဉ်နှင့် ပတ် သက်၍ ထိုအမျိုးသမီးလေးဦးကို မုံရွာမြို့ မြို့မရဲစခန်းက ရာဇသတ် ကြီးဥပဒေပုဒ်မ ၂၈၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ပြီးခဲ့သည့်သီတင်းကျွတ်ကာ လအတွင်းကလည်း မုံရွာမြို့တွင် ဗြောက်အိုးနှင့် မီးရှူးမီးပန်းရောင်း ချသူများကို အရေးယူခြင်းများ ရှိခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top