ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အခ်စ္ေရး …

လူပ်ဳိေဖာ္ အပ်ဳိေဖာ္ ၀င္စကေန …. အခ်ဳိ႕ေတြလည္း သက္ရြယ္ၾကီးရင့္ခ်ိန္ထိ တုိင္ေအာင္ …ေရွာင္လႊဲမရ ၾကံဳၾကိဳက္ရတတ္တာတစ္ခုကေတာ့ အခ်စ္ေရးပါပဲ။ အခ်စ္ဆုိတာကုိ လူအမ်ဳိးမ်ဳိးက အသီးသီး မတူညီေသာ ဖြင့္ဆုိခ်က္မ်ား ၊ တူညီေသာ ဖြင့္ဆုိခ်က္မ်ား ထုတ္ခဲ့ၾကပါတယ္။ အခ်စ္ဆုိတာ ဘယ္လုိပဲ အနက္သေဘာ ရွိသည္ျဖစ္ေစ… ….လူတစ္ေယာက္က အျခားလူတစ္ေယာက္အေပၚ တြယ္ျငိ သက္၀င္မိတဲ့ နွစ္လိုမႈအေျခအေနတစ္ရပ္  လုိ႔ေတာ့ ဆုိနုိင္ပါလိမ့္္မယ္။


ဒါေၾကာင့္လည္း  ေဗဒင္ပညာမွာ နွစ္လုိမႈ အေျခအေနကုိ ေဖာ္ျပတဲ့ တနလၤာျဂိဳဟ္ဟာ အခ်စ္နဲ႔ နွီးႏြယ္ ပတ္သက္လာပါတယ္။ နုညံ႔တဲ့ စိတ္ခံစားမႈ ၊ တြယ္တာေနွာင္ဖြဲ႕မႈ ၊ ျငိတြယ္ေမြ႕ေလ်ာ္မႈ အ၀၀ ဟာ တနလၤာျဂိဳဟ္ရဲ႕ သေကၤတေတြပဲ ျဖစ္ပါတယ္။

ဆုိေတာ့ ……..  မူလ ဇာတာအရပ္ရပ္မွာ …တနလၤာျဂိဳဟ္ အားနဲျခင္း / မေကာင္းေသာ အေနအထား တစ္စုံတစ္ရာ ျဖင့္ ရပ္တည္ေနျခင္း မ်ဳိး ပါလာခဲ့သူမ်ားဟာ အခ်စ္ေရးမွာ ကံေခမႈ ၾကံဳၾကရတတ္ျပီး …၊ အထူးေသခ်ာတာကေတာ့…..သူဟာ သူျဖတ္သန္းသြားရာ ဘ၀ခရီးမွာ စိတ္နွလုံး မသာမယာ ျဖစ္စရာ ၊ နွစ္လြယ္ဖြယ္ရာမဲ့ေသာ ျဖစ္စဥ္ျဖစ္ရပ္ေတြနဲ႕ ရင္ဆုိင္ၾကံဳေတြ႕ ရနုိင္တာပဲ ျဖစ္ပါတယ္။

အသည္းကြဲျခင္း ……………

လူငယ္လူရြယ္ဘ၀မွာ အထူးေရပန္းစားတဲ့ ခ်စ္မႈေရးရာက႑မွာ  ….အသည္းကြဲျခင္း ဟာလည္း တစ္စိတ္တစ္ပုိင္း ပါ၀င္ေနပါတယ္။ တစ္ေယာက္က အျခားတစ္ေယာက္ကုိ လက္တြဲျဖဳတ္လုိက္လုိ႔ …….၊ လွည့္စားသြားလုိ႔ …..၊ သစၥာေဖာက္သြားလုိ႔…၊ အေျခအေနမေပးေတာ့လုိ႔……စသည္ျဖင့္ …….အသည္းကြဲနုိင္ေသာ အေျခအေနအရပ္ရပ္မွာ …. အဆုိပါ အဆင္မေျပ မႈေတြကုိ  ေပါက္ဖြားျဖစ္ေပၚလာေစနုိင္တဲ့ အဓိက ဇာတ္ေကာင္ အခ်ဳိ႕ ရွိပါတယ္။

အဂၤါျဂိဳဟ္  …….
အဂၤါျဂိဳဟ္ ဆုိတာက ….သမီးရည္းစား စုံတြဲကုိပဲျဖစ္ျဖစ္ …၊ ဇနီးမယားခင္ပြန္းလင္သား ….လင္မယား စုံတြဲကုိပဲျဖစ္ျဖစ္ ….ဆုိးက်ဳိးျပဳမယ့္ အေနအထား ျဖစ္တည္လာျပီဆုိရင္ ….လက္သံေျပာင္ေျပာင္ …. ကြာေစကြဲေစ …ခြဲနုိင္ေလေသာ ျဂိဳဟ္ျဖစ္ပါတယ္။

ဟုတ္ရဲ႕လား…….။  ဘာေၾကာင့္လဲ………………….။

ဒီကေန႔ ေဗဒင္ေဟာျပီး အသက္ေမြးေနတဲ့ ….ေဗဒင္ဆရာေတာ္ေတာ္မ်ား ကုိယ္တုိင္ ….ညီညြတ္ေရး ဆုိင္ရာျဂိဳဟ္ကုိ ျပပါဆုိရင္ ….စေနလုိ႔ ေျပာခ်င္ေျပာၾက ၊ တစ္ခ်ဳိ႕က တနလၤာလုိ႔ ေျပာၾက ၊ တစ္ခ်ဳိ႕ က  ၾကာသာပေတးလုိ႔ ဆုိခ်င္ဆုိ ….အမ်ဳိးမ်ဳိး ေယာင္၀ါး၀ါး ယူဆေနၾကဆဲပါပဲ။ ကၽြန္ေတာ္တုိ႔ေတြ ေဗဒင္စတင္ေလ့လာခါစ က်မ္းအမ်ဳိးမ်ဳိး ဖတ္ရႈမွတ္သားခဲ့ရတယ္။ တစ္ခ်ဳိ႕က်မ္းဆုိ စေန သည္ စည္းရုံးေရးျဂိဳဟ္ ၊ ညီညြတ္ေရးျဂိဳဟ္လုိ႔ အတိအလင္း ေဖာ္ျပထားတယ္။ လက္ေတြ႕မွာ တစ္ျခားဆီပါပဲ။

တစ္ကယ့္တစ္ကယ္က ျဂဟကာရက သဘာ၀မွာ အဂၤါျဂိဳဟ္ဟာ ညီညြတ္ေရးကုိ ကုိယ္စားျပဳပါတယ္။ လူတစ္ေယာက္နဲ႔တစ္ေယာက္ ျဖစ္ေစ၊ ဟုိဘက္ရပ္ကြက္နဲ႔ သည္ဘက္ရပ္ကြက္ျဖစ္ေစ၊ ဟုိနုိင္ငံနဲ႔ သည္နုိင္ငံပဲ ျဖစ္ေစ …..ညီညြတ္ဖုိ႔ အဂၤါျဂိဳဟ္ရဲ႕ အင္အား လုိအပ္ပါတယ္။

အဂၤါျဂိဳဟ္အင္အား ပ်က္ျပားခဲ့ရင္ …..လူတစ္ေယာက္နဲ႔တစ္ေယာက္ လည္း ထုိးက်ိတ္ သတ္ပုတ္ၾက ရပါတယ္။ ဟုိဘက္ရပ္ကြက္န႔ဲ သည္ဘက္ရပ္ကြက္လည္း ခ်ိန္းရုိက္ၾကရပါတယ္။ ဟုိဘက္နုိင္ငံနဲ႔ သည္ဘက္နုိင္ငံလည္း စစ္ေၾကျငာရစျမဲ။

အေၾကာင္းကေတာ့ အဂၤါျဂိဳဟ္ ဟာ ညီညြတ္ညီညာေစေသာ ျဂိဳဟ္ ျဖစ္လုိ႔ပါပဲ။ အဂၤါျဂိဳဟ္ဟာ .. တစ္ခုနဲ႔တစ္ခုၾကားမွာ ….သေဘာတူညီမႈ ၊ ရည္းစူးခ်က္ ဦးတည္ခ်က္ တူညီေစမႈ ေတြကုိ အဓိက ျဖစ္ပြားေစနုိင္ပါတယ္။ သာတူညီမွ် ၀ါဒနဲ႔ ကြန္ျမဴနစ္၀ါဒဆန္တဲ့ျဂိဳဟ္လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဒီကေန႔ ကမာၻေပၚမွာ … တရုတ္နုိင္ငံဟာ အဂၤါျဂိဳဟ္လႊမ္းမုိးထားေသာ နုိင္ငံအျဖစ္ ရပ္တည္ေနတာပါ။

စကားစပ္လုိ႔ ထပ္ေျပာရရင္ ….ေနာက္ဆုံးတစ္ေန႔ ကမာၻၾကီးကို က်ဴးေက်ာ္လႊမ္းမုိးျခယ္လွယ္ သြားမွာကလည္း  အဂၤါျဂိဳဟ္လႊမ္းမုိးေနတဲ့ တရုတ္ပါပဲ။ နကၡတ္ေဗဒင္ပညာရွင္ေတာ္ေတာ္မ်ားမ်ား …အဂၤါျဂိဳဟ္ အသြားအလာ ထူးျခားခ်က္ေတြကုိၾကည့္ျပီး ေဟာကိန္းမ်ဳိးစုံ ထုတ္ၾကေပမယ့္ …… အဂၤါျဂိဳဟ္ အသြားအလာ ထူးျခားတုိင္း တရုတ္နုိင္ငံကုိ သတိျပဳေစာင့္ၾကည့္မိဖုိ႔ လုိအပ္မွန္း မရိပ္မိၾကပါဘူး။ အဂၤါျဂိဳဟ္ဟာ စစ္မက္တုိ႔၏ အရွင္သခင္ ၊ က်ဴးေက်ာ္တတ္ေသာ ၊ စူးစမ္းရွာေဖြ စြန္႔စားတတ္ေသာ ျဂိဳဟ္ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း တရုတ္လူမ်ဳိးေတြဟာ ကမာၻေပၚမွာ ေနရာအနွံ႔ ေရာက္ရွိေနၾကတာ ျဖစ္မယ္လုိ႔ ကၽြန္ေတာ္ယူဆမိပါတယ္။

ထားပါေတာ့ …ေဆာင္းပါးက ခ်စ္မႈေရးရာ ..၊ ေရးမိတာက နုိင္ငံေရးရာ ျဖစ္လာပါတယ္။ အဓိက ေျပာခ်င္တာကေတာ့ …..အဂၤါျဂိဳဟ္ရဲ႕ ညီညြတ္ေစတတ္ေသာ သဘာ၀ကုိပါ။

အဂၤါျဂိဳဟ္ အင္အားပ်က္ျပားခဲ့ရင္ ဘာျဖစ္မလဲ။ မညီညြတ္ေတာ့ပါဘူး။ သေဘာခ်င္း မတူညီၾကေတာ့ဘူး။ ဆန္႔က်င္ဘက္ေတြ ျဖစ္တည္လာတယ္။ သူတစ္လူ ငါတစ္မင္းေတြ ဆူပူလာေစတယ္။ ရန္ပြဲေတြ၊ အဓိကရုံးေတြ ျဖစ္တည္လာေစတယ္။

ဒီေတာ့ သာမန္ ခ်စ္သူစုံတြဲ ၊ လင္မယားစုံတြဲ ေလးေတြေလာက္ကုိေတာ့ အဂၤါျဂိဳဟ္က လက္ဖ်ားေလးနဲ႕ေတာက္ျပီး ….သြားစမ္း ….သြားစမ္း ဆုိျပီး ခြဲပစ္လုိ႔ရတဲ့အထိ စြမ္းအားၾကီးပါတယ္။

ခ်စ္တဲ့သူ နဲ႔ ကုိယ္နဲ႔ ၾကား ….. သေဘာထားကြဲလြဲေစမႈေတြကုိ အဂၤါျဂိဳဟ္ အားနဲျခင္းက ျဖစ္ပြားလာေစနုိင္ပါတယ္။ တနည္းအားျဖင့္ေတာ့ …….ခုိင္ျမဲလွပါတယ္ဆုိတဲဲ့ တြဲလက္ေတြကုိ ျဖဳတ္ေစ၊ ျပဳတ္ေစနုိင္ေသာ သတၱိ အဂၤါျဂိဳဟ္မွာ ရွိပါေလရဲ႕။


ဆပြတ္ျဂိဳဟ္ …

ဆပြတ္ျဂိဳဟ္ ဆုိတာကေတာ့ ခ်စ္ခင္ျမတ္နုိး နွစ္သစ္မႈ ျဖစ္တည္ေစတတ္ေသာ သဘာ၀ရွိသည့္ျဂိဳဟ္ လု႔ိ ဆုိပါစုိ႕။ အထူးသျဖင့္ မိမိရဲ႕ ဖူးစာဖက္ …သုိ႔တည္းမဟုတ္ နွစ္သက္ျမတ္နုိးရသူ ၊ အိမ္ေထာင္ဖက္ ၊ ဘ၀ခရီးေဖာ္ …စသည္ျဖင့္တုိ႔ကုိ ရွာေဖြရာမွာ ….ဆပြတ္ျဂိဳဟ္ဟာ အေရးပါ အရာေရာက္တဲ့ ျဂိဳဟ္တစ္ခုျဖစ္ပါတယ္။

ဆုိင္ရာေန႔နံသားသမီး အလုိက္ ဆပြတ္ျဂိဳဟ္အမ်ဳိးအစား ကြဲျပားၾကမွာျဖစ္ပါတယ္။ ဥပမာအားျဖင့္ တနဂၤေႏြသားသမီးတစ္ဦးအတြက္ ဆပြတ္ျဂိဳဟ္ဟာ ေသာၾကာျဖစ္ေပမယ့္ …ေသာၾကာသားသမီး တစ္ေယာက္အတြက္ ေတာ့ ဆပြတ္ျဂိဳဟ္ဟာ ဗုဒၶဟူး ျဖစ္ပါတယ္။

အဲဒီ့လုိကြဲျပားျခားနားေသာ ဆပြတ္ျဂိဳဟ္ေတြရဲ႕ ဆုိင္ရာ မဟာဘုတ္ဇာတာခြင္မွာ … ရပ္တည္မႈ အေနအထားအရ  ခ်စ္မႈေရးရာ က႑ေတြမွာလည္း အက်ဳိးအျပစ္ကြာျခားမႈေတြ ျဖစ္ေပၚလာေစပါတယ္။
ေအာက္ပါ နမူနာဇာတာတစ္ေစာင္မွာ ေလ့လာၾကည့္ၾကပါစုိ႕ ။

၀ၾကြင္းဖြား…….ၾကာသပေတးသမီး ဇာတာ

အထက္ပါနမူနာဇာတာမွာ ဆုိ ….. ၾကာသာပေတးသားသမီးျဖစ္တဲ့အတြက္ သူရဲ႕ မူလဆပြတ္ျဂိဳဟ္ဟာ အဂၤါျဂိဳဟ္ျဖစ္ပါတယ္။  အဆုိပါအဂၤါျဂိဳဟ္ဟာ …. သူေမြးဖြားရာ မူလမဟာဘုတ္ဇာတာခြင္မွာ …မရဏမွာ ရပ္တည္ထားတာကုိ ေတြ႕ရပါမယ္။

အထက္ပါအေနအထားမ်ဳိးဟာ …. ဆုိင္ရာဇာတာရွင္အဖုိ႔ ….သူျဖတ္သန္းရာဘ၀ခရီးမွာ … ခ်စ္မႈေရးရာ ၊ သံေယာဇဥ္ေနွာင္တြယ္မႈ ေတြနဲ႔ပတ္သက္ျပီး ….ျပင္းျပင္းထန္ထန္ ျဖစ္ရပ္ေတြ ျဖစ္ပြားလာေစနုိင္တယ္ဆုိတာကုိ ရွင္းလင္းစြာ ေဖာ္ျပထားေသာ အေနအထား တစ္ရပ္ျဖစ္ပါတယ္။ ၾကာသာပေတးသားသမီး ရာဇဖြားမ်ား အေနနဲ႔ အဆုိပါကံမ်ဳိး ရင္ဆုိင္ၾကရပါမယ္။

ေနာက္ထပ္ ဥပမာ ဇာတာတစ္ေစာင္ကုိ ဆက္လက္ေလ့လာပါမယ္။

၀ၾကြင္းဖြား…….စေနသားသမီး  ဇာတာ

 အထက္ပါဇာတာမွာေတာ့……. စေနသားသမီးျဖစ္တဲ့အတြက္ ဆပြတ္ျဂိဳဟ္ဟာ ၾကာသာပေတးျဂိဳဟ္ျဖစ္လာျပီး မူလေမြးမဟာဘုတ္ ဇာတာခြင္ေပၚမွာ ရာဇဌာနမွာ ရပ္တည္ထား တာကုိေတြ႕ရပါမယ္။ … အဆုိပါအေနအထားကေတာ့…….ဆုိင္ရာ ဇာတာရွင္ဟာ သူျဖတ္သန္းရာ ဘ၀ခရီးမွာ ခ်စ္မႈေရးရာ နဲ႔ သံေယာဇဥ္ေနွာင္တြယ္မႈေတြကုိ အ ေလးထားတတ္ျခင္း နဲ႔ အမ်ားအားျဖင့္ …ကံေကာင္းေစျခင္းကုိ ျဖစ္ေပၚေစေသာ အေနအထား တစ္ရပ္ျဖစ္ပါတယ္။ ဒါ့အျပင္ …အဆင္းအသြင္၊ ပုိင္ဆုိ္င္မႈ ၊ ဂုဏ္ျဒပ္ အရျဖစ္ေစ ..ထင္ရွားေသာ …လူအမ်ားစု နွစ္သက္သေဘာက်တတ္ေသာ ဖူးစာဖက္မ်ဳိးကုိ ပုိင္ဆုိင္ရရွိေစတတ္ပါတယ္။

ဆုိေတာ့ …..မိမိ ရဲ႕ မူလဇာတာမွာ ပါလာသည့္ အခ်င္းအရာ အခ်က္အလက္မ်ားကလည္း …ခ်စ္မႈေရးရာ က႑ေတြမွာ လႊမ္းမုိးထားၾကမွာျဖစ္ပါတယ္။

ေမတၱာကံ

ေမတၱာကံနဲ႔ ပတ္သက္လုိ႔ကေတာ့…….တနလၤာျဂိဳဟ္ရဲ႕ အေနအထားက အဓိက ဆုံးျဖတ္ေပးပါလိမ့္မယ္။ အတြင္းမိတ္ျဂိဳဟ္လုိ႔ ေခၚတဲ့ ….ဥသာ ၊ စိန္ပန္း ၊ ဒါန္းလွ ၊ ကုိရွာ လကၤာအရ ….ဆုိင္ရာ ျဂိဳဟ္ေတြကေတာ့…….လူ႕အဖြဲ႕အစည္းအတြင္း ၊ မိသားစုအတြင္း …ရင္းနွီးခ်စ္ၾကည္ စည္းလုံးမႈ အတုိင္းအတာကို သာ အဓိက ေဖာ္ျပနုိင္တယ္လုိ႔ ယူဆရပါတယ္။

တနလၤာဟာ မူလမဟာဘုတ္ဇာတာမွာ ……….
ပုတိ ၊ သုိက္၊ ရာဇ ၊ အထြန္း ဌာနေတြမွာ ရပ္တည္ခဲ့ရင္ ….သင့္ေလ်ာ္ေသာ အေနအထား ျဖစ္တည္ေစနုိင္ျပီး ၊ အဓိပတိ၊ မရဏ နဲ႕ ဘဂၤ ဌာနေတြမွာ ရပ္တည္ခဲ့ရင္ေတာ့ … သင့္ေလ်ာ္မႈနဲပါးေစမယ္ လုိ႔ ဆုိနုိင္ပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ ….. ေမြးနံ ၊ နာမည္အရင္းစာလုံး သုိ႔မဟုတ္ နာမည္အဖ်ားစာလုံးေတြဟာ  တနလၤာနဲ႕ ပကၡမိထားခဲ့မယ္ဆုိရင္ ….ဘ၀မွာ ေမတၱာနဲ႔ပတ္သက္လုိ႔ …လုိအပ္ေတာင့္တ ေမွ်ာ္လင့္ရမႈေတြ မ်ားျပားေစနုိင္ပါတယ္။

ဖူးစာဖက္ နဲ႔   အိမ္ေထာင္ေရး

ေတာ္ေတာ္မ်ားမ်ားေသာ …..သူမ်ားအဖုိ႔ ကုိယ့္ဖူးစာဖက္ ဘယ္လုိဘယ္၀ါ ျဖစ္မယ္ဆုိတာကုိ သိလုိ ၾကေလ့ရွိပါတယ္။ အမ်ဳိးမ်ဳိးေသာ ပညာရပ္မ်ားကလည္း …အဆုိပါအခ်က္နဲ႕ပတ္သက္ျပီး …ေဖာ္ျပနုိင္ခဲ့ဲၾကပါတယ္။ မဟာဘုတ္ပညာအရ ေတာ့ …အထက္တြင္ေဖာ္ျပခဲ့ျပီးျဖစ္ေသာ ဆပြတ္ျဂိဳဟ္ ရဲ႕ ရပ္တည္မႈ အေနအထား ၊ ဆုိင္ရာဇာတာရွင္ရဲ႕ နာမည္ ၊ မူလမဟာဘုတ္ဇာတာရဲ႕ သဘာ၀ စတာေတြအေပၚမူတည္ျပီး … အဆင့္ဆင့္ ပုံေဖာ္သုံးသပ္ရပါတယ္။

နတ္ခတ္ဇာတာေတြမွာကေတာ့ ခုနွစ္တန္႔ဘာ၀ ၊ ခုနွစ္တန္႔ဘာ၀သခင္ျဂိဳဟ္၊ ဘာရိယာကာရကျဂိဳဟ္၊ ခုနွစ္တန္႔ဘာ၀သခင္ စီးနင္းေသာ န၀င္းသခင္ျဂိဳဟ္ ၊ ခုနွစ္တန္႔ဘာ၀ကုိ ျမင္ေသာ ၊ ညွပ္ေသာ ၊ စီးနင္းေသာ ျဂိဳဟ္မ်ား အလုိက္ ဖူးစာဖက္ကုိ ေဖာ္ထုတ္ၾကတာ ေတြ႕ရဖူးပါတယ္။ ဒါ့အျပင္ ေရရွည္လက္တြဲနုိင္မႈ အေနအထားကုိလည္း ဆယ့္တစ္တန္႔ဘာ၀ကေန တစ္ဆင့္ ေထာက္လွမ္း ခန္႔မွန္းၾကေလ့ရွိပါတယ္။

မဟာဘုတ္ဇာတာမွာေတာ့ ………….ဆပြတ္ျဂိဳဟ္ရပ္တည္မႈ အေနအထားကုိ စတင္ေလ့လာရပါတယ္။ အထြန္း ၊ သုိက္၊ ရာဇ ၊ အဓိပတိ ဌာနေတြမွာ ရပ္တည္ေနေသာ ဆပြတ္ျဂိဳဟ္ေတြဟာ …ဖူးစာဖက္ရဲ႕ အဆင့္အတန္းကုိ ျမင့္မားေစတယ္လုိ႔ ေယ်ဘုယ်မွ် သုံးသပ္နုိင္ျပီး ၊ ဘဂၤ ၊ ပုတိ၊ မရဏမွာ ရွိေသာ ဆပြတ္ျဂိဳဟ္ေတြကေတာ့ ….. ဖူးစာဖက္ရဲ႕ အဆင့္အတန္းကုိ ညိွးမွိန္ ေစတယ္ လုိ႔ … အေျခခံအားျဖင့္ သတ္မွတ္နုိင္ပါလိမ့္မယ္။

ဒါေပမယ့္ အထက္ပါ သတ္မွတ္ခ်က္ဟာ အလြန္အင္မတန္မွပဲ ေယ်ဘုယ်သေဘာ ဆန္ပါတယ္။ တစ္ကယ့္ တစ္ကယ္က ….ေကာင္းတာ ဆုိးတာထက္ …ဆပြတ္ျဂိဳဟ္(ဖူးစာဖက္ျဂိဳဟ္) ဘယ္ဌာနမွာ ရပ္တည္သလဲ ။ ဌာနပုိင္ရွင္ဘယ္သူလဲ ….ဆုိတာကသာ …ဖူးစာဖက္ရဲ႕ သဘာ၀ကုိ ပုံေဖာ္ရာမွာ အဓိကက်ပါတယ္။

ဥပမာအားျဖင့္ ….

ဆပြတ္ျဂိဳဟ္ဟာ  အဓိပတိဌာနမွာ ရပ္တည္ခဲ့ရင္ …. ၊ ထက္ျမက္သူ၊ ငယ္ရြယ္သူ၊ အရည္အေသြးရွိသူ၊ ရန္လုိသူ၊ စိတ္ဆတ္သူ၊ ေခါင္းေဆာင္နုိင္စြမ္းရွိသူ၊ စူးစမ္းရွာေဖြေနတတ္ေသာသူ၊ စစ္ဘက္ နွင့္ သုေတသနနယ္ပယ္ တြင္ ရပ္တည္ေနေသာသူ….စသည္ျဖင့္ အဓိပတိဌာနရဲ႕ ကသစ္ အိမ္ရွင္ျဂိဳဟ္ျဖစ္ေသာ အဂၤါျဂိဳဟ္ရဲ႕ စရုိက္လကၡဏာ မ်ား အနဲနဲ႔ အမ်ား လႊြမ္းမုိးေနေသာ ဖူးစာဖက္မ်ဳိးဆုိတာ ေသခ်ာပါတယ္။

ဆပြတ္ျဂိဳဟ္ဟာ ….မရဏဌာနမွာ ရပ္တည္ေနခဲ့ရင္ေတာ့……၊  အမ်ားက ဖယ္က်ဥ္ထားသူ၊ လူ႕ဂြစာ၊ လူထူးလူဆန္း၊ လူမ်ဳိးကြဲ၊ ဘာသာကြဲ၊ ဓေလ့ထုံးစံကြဲျပားသူ၊ အသက္မ်ားစြာၾကီးသူ၊ အျပစ္မကင္းသူ၊ စသျဖင့္ေသာ မရဏဌာနရဲ႕ အိမ္ရွင္ စေနျဂိဳဟ္ရဲ႕ စရုိက္လကၡဏာေတြ ပါ၀င္ေနေသာ ဖူးစာဖက္မ်ဳိး ျဖစ္လာမွာပါ။

…………

ေမြးနံ  ၊ နာမည္အရင္း/အဖ်ား စာလုံးမ်ားဟာ ဆပြတ္ျဂိဳဟ္နဲ႔ ပကၡ မိထားခဲ့မယ္ဆုိရင္ ဆုိင္ရာ ဇာတာရွင္ရဲ႕ ဘ၀မွာ …ခ်စ္မႈေရးရာ ျပႆနာ တစ္စုံတစ္ရာနဲ႔ ရင္ဆုိင္ၾကံဳေတြ႕ရေစ တတ္ပါတယ္။ မူလဇာတာအရသာလွ်င္မက …ေကာဇာ ဇာတာမွာပါ ..ယင္းသုိ႔ ပကၡမိထားခဲ့မယ္ ဆုိရင္….အဆုိပါကာလမ်ားမွာ ေသခ်ာစြာပဲ ျပႆနာ အခ်င္းအရာမ်ားနဲ႔ ၾကံဳဆုံရေစတတ္ပါတယ္။

ေနာက္တစ္ခုကေတာ့…….. ေကာဇာ ဇာတာအရ ….ေျပာင္းလဲျဖစ္တည္လာတဲ့ ဆပြတ္ျဂိဳဟ္ ရပ္တည္မႈ အေနအထားအလုိက္ ….. နဖူးစာကံ ရြာလည္တတ္ပုံကုိ သိရွိထားဖုိ႔လုိပါတယ္။

ေကာဇာမဟာဘုတ္ဇာတာမွာ ဆပြတ္ျဂိဳဟ္ ….သုိက္မွာ ရပ္တည္ေနခ်ိန္မ်ဳိးမွာ ….ေပ်ာ္ပြဲရႊင္ပြဲ ၊ ပြဲလမ္းသဘင္ မွာ ႏြဲေပ်ာ္ရင္း ခ်စ္မႈေရးရာက႑ မ်ား ၾကံဳၾကိဳက္ရတတ္ျပီး…၊ ဆပြတ္ျဂိဳဟ္ မရဏမွာ ရပ္တည္ေနခ်ိန္မ်ဳိးမွာေတာ့……. တစ္ခါမွမျမင္ဖူးတဲ့သူနဲ႔ ေမတၱာမွ်မိတာမ်ဳိး၊ အခ်ိန္လြန္လည္ပတ္မိရာက ….ခ်စ္မႈေရးရာ ၾကံဳရတာမ်ဳိး ..စသျဖင့္ ၾကံဳေတြ႕ၾကရတတ္ပါတယ္။

ပုတိမွာ ဆပြတ္ျဂိဳဟ္ရပ္တည္ခဲ့ရင္ေတာ့……. ခရီးသြားရင္းလာရင္း …ၾကံဳၾကိဳက္ရတတ္တဲ့
အခ်စ္ေရး က႑မ်ဳိး ေပၚေပါက္လာတတ္ျပီး၊ ဘဂၤမွာ ဆပြတ္ျဂိဳဟ္ရပ္တည္လာခဲ့ရင္ေတာ့…… ခ်စ္မႈေပြ ရတတ္ခ်ိန္လုိ႔ ဆုိရေလာက္ေအာင္ ..အေျပာင္းအလဲေတြ၊ ဟုိတစ္ေယာက္နဲ႔ တစ္စတစ္စ ေ၀းျပီး …သည္တစ္ေယာက္နဲ႔ တစ္စ တစ္စ နီးလာရတတ္တာမ်ဳိး ၾကံဳၾကိဳက္ရတတ္ပါတယ္။ ဆပြတ္ျဂိဳဟ္ အထြန္းမွာ ရပ္တည္ထားခဲ့ရင္ …. ကုိယ့္အေပၚျဖည့္ဆည္းနားလည္းေပးမယ့္ ခ်စ္သူမ်ဳိး ေပၚေပါက္ လာတတ္ျပီး ..ဆပြတ္ျဂိဳဟ္ အဓိပတိမွာ ရပ္တည္ေနခဲ့ခ်ိန္မွာေတာ့ ခ်စ္ေရးၾကိဳက္ရာ က႑မ်ားမွာ အျပိဳင္အဆုိင္ ရန္သူရန္ဘက္မကင္း ျဖစ္လာရတတ္ပါတယ္။

အထက္ပါ တင္ျပခ်က္ေတြကေတာ့….အၾကမ္းအားျဖင့္ …ဥပမာ တင္ျပထားတာေတြသာျဖစ္ပါတယ္။ တစ္ကယ့္တစ္ကယ္ အနုစိတ္ သဘာ၀ကို ျပည့္စုံေအာင္ ေဖာ္ျပရမယ္ ဆုိရင္ အလြန္အင္မတန္ က်ယ္ျပန္႔ျပီး မ်ားေျမာင္မယ္ ဆုိတာ သေဘာေပါက္ဖုိ႔ လုိပါတယ္။

အိမ္ေထာင္ေရး ………………………

သည္က႑ကေတာ့ အင္မတန္ စိတ္၀င္စားဖုိ႔ေကာင္းသလုိ ….၊ ခန္႔မွန္းရနက္ရိႈင္းတဲ့ အစိတ္အပုိင္းလည္း ျဖစ္ပါတယ္။ လိင္မတူညီၾကတဲ့ လူသားနွစ္ေယာက္ရဲ႕ ဘ၀ခရီးအတူသြားဖုိ႔ ၊ သုိ႔တည္းမဟုတ္ …….နွစ္ကုိယ္တူဘ၀တစ္ခု တည္ေဆာက္ဖုိ႔ အေျခအေနကုိ ….ဂဏန္းခုနွစ္လုံးထဲနဲ႔ တည္ေဆာက္ထားတဲ့ မဟာဘုတ္ဇာတာခြင္ေပၚမွာ အေျဖရွာဖုိ႔ ဆုိတာက ပုိမုိခက္ခဲပါလိမ့္မယ္။

စာေရးသူ ေလ့လာခဲ့သေလာက္ အေတြ႕အၾကံဳေတြကုိ ပဲ အဓိကအားျပဳ တင္ျပသြားပါရေစ။

အိမ္ေထာင္မႈ ေရးရာမွာ အေရးအၾကီးဆုံးကေတာ့ ……. တနဂၤေႏြျဂိဳဟ္လုိ႔ ဆုိနုိင္ပါတယ္။

ဘာေၾကာင့္လဲ………………….။
တနဂၤေႏြျဂိဳဟ္ဟာ ေနမိသားစုအဖြဲ႕အစည္းမွာ ကနဦးအစ ျဂိဳဟ္လည္း ျဖစ္ပါတယ္။ ဂဏန္းစဥ္မွာ ဆုိရင္လည္း ပထမဆုံးဂဏန္းျဖစ္တဲ့ တစ္ဂဏန္းအေပၚမွာ လႊြမ္းမုိးပါတယ္။ တစ္ခု တစ္ေကာင္ တစ္ေယာက္ … ၊ တစ္ဖြဲ႕ ၊ စသည္ျဖင့္  မိမိပုိင္ဆုိင္ေသာ တစ္ကုိယ္ရည္သီးျခား ပုိင္ဆုိင္မႈ ေတြ အေပၚမွာလည္း အစုိးရပါတယ္။ လူ႕အဖြဲ႕အစည္း အသုိက္အ၀န္းမွာ …. ဆုိရင္ မိမိပုိင္ မိမိနွင့္ အထူးသက္ဆုိင္ေသာ မိသားစု အဖြဲ႕အစည္းကုိ တနဂၤေႏြျဂိဳဟ္က ကုိယ္စားျပဳပါတယ္။

တစ္ကယ္ေတာ့ ဦးေဆာင္ကုိယ္စားျပဳတယ္လုိ႔ သုံးႏႈန္းရင္ ပုိမိုမွန္ကန္ပါလိမ့္မယ္။ မိသားစု ဖြဲ႕စည္းရာမွာ တနလၤာျဂဳိဟ္ဟာလည္း ေနာက္လုိက္ေနရာကေန ပါ၀င္ေနတာေၾကာင့္ ျဖစ္ပါတယ္။ တနဂၤေႏြျဂိဳဟ္ကေတာ့ ဦးေဆာင္ မတည္ တည္ေထာင္ေသာ အေရးအပါဆုံးျဂိဳဟ္ျဖစ္ပါတယ္။

ဆုိေတာ့………. အိမ္ေထာင္မႈေရးရာကုိ ဆုံးျဖတ္သုံးသပ္ရာမွာလည္း တနဂၤေႏြျဂိဳဟ္ကုိ အကဲျဖတ္ စစ္ေဆးၾကည့္ရႈျခင္းဟာ မမွားေသာ အခ်က္တစ္ရပ္ျဖစ္တယ္။

ေနာက္ေဆာင္းပါးမွာ …….တနဂၤေႏြျဂိဳဟ္ နဲ႔ မဟာဘုတ္ဇာတာခြင္အရ အက်ဳိးအျပစ္ သဘာ၀  ကြာျခားပုံကုိ ဆက္လက္ တင္ျပေပးသြားပါမယ္။

ခ်မ္းေျမ့သုခ ရရွိနုိင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကုိစိုးမုိးထြန္း(ေဗဒင္ပညာသုေတသီ)

# Unicode Version ျဖင့္ ဖတ္ပါ #
အချစ်ရေး …

လူပျိုဖော် အပျိုဖော် ဝင်စကနေ …. အချို့တွေလည်း သက်ရွယ်ကြီးရင့်ချိန်ထိ တိုင်အောင် …ရှောင်လွှဲမရ ကြုံကြိုက်ရတတ်တာတစ်ခုကတော့ အချစ်ရေးပါပဲ။ အချစ်ဆိုတာကို လူအမျိုးမျိုးက အသီးသီး မတူညီသော ဖွင့်ဆိုချက်များ ၊ တူညီသော ဖွင့်ဆိုချက်များ ထုတ်ခဲ့ကြပါတယ်။ အချစ်ဆိုတာ ဘယ်လိုပဲ အနက်သဘော ရှိသည်ဖြစ်စေ… ….လူတစ်ယောက်က အခြားလူတစ်ယောက်အပေါ် တွယ်ငြိ သက်ဝင်မိတဲ့ နှစ်လိုမှုအခြေအနေတစ်ရပ်  လို့တော့ ဆိုနိုင်ပါလိမ့််မယ်။


ဒါကြောင့်လည်း  ဗေဒင်ပညာမှာ နှစ်လိုမှု အခြေအနေကို ဖော်ပြတဲ့ တနင်္လာဂြိုဟ်ဟာ အချစ်နဲ့ နှီးနွယ် ပတ်သက်လာပါတယ်။ နုညံ့တဲ့ စိတ်ခံစားမှု ၊ တွယ်တာနှောင်ဖွဲ့မှု ၊ ငြိတွယ်မွေ့လျော်မှု အ၀၀ ဟာ တနင်္လာဂြိုဟ်ရဲ့ သင်္ကေတတွေပဲ ဖြစ်ပါတယ်။

ဆိုတော့ ……..  မူလ ဇာတာအရပ်ရပ်မှာ …တနင်္လာဂြိုဟ် အားနဲခြင်း / မကောင်းသော အနေအထား တစ်စုံတစ်ရာ ဖြင့် ရပ်တည်နေခြင်း မျိုး ပါလာခဲ့သူများဟာ အချစ်ရေးမှာ ကံခေမှု ကြုံကြရတတ်ပြီး …၊ အထူးသေချာတာကတော့…..သူဟာ သူဖြတ်သန်းသွားရာ ဘဝခရီးမှာ စိတ်နှလုံး မသာမယာ ဖြစ်စရာ ၊ နှစ်လွယ်ဖွယ်ရာမဲ့သော ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ ရနိုင်တာပဲ ဖြစ်ပါတယ်။

အသည်းကွဲခြင်း ……………

လူငယ်လူရွယ်ဘဝမှာ အထူးရေပန်းစားတဲ့ ချစ်မှုရေးရာကဏ္ဍမှာ  ….အသည်းကွဲခြင်း ဟာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေပါတယ်။ တစ်ယောက်က အခြားတစ်ယောက်ကို လက်တွဲဖြုတ်လိုက်လို့ …….၊ လှည့်စားသွားလို့ …..၊ သစ္စာဖောက်သွားလို့…၊ အခြေအနေမပေးတော့လို့……စသည်ဖြင့် …….အသည်းကွဲနိုင်သော အခြေအနေအရပ်ရပ်မှာ …. အဆိုပါ အဆင်မပြေ မှုတွေကို  ပေါက်ဖွားဖြစ်ပေါ်လာစေနိုင်တဲ့ အဓိက ဇာတ်ကောင် အချို့ ရှိပါတယ်။

အင်္ဂါဂြိုဟ်  …….
အင်္ဂါဂြိုဟ် ဆိုတာက ….သမီးရည်းစား စုံတွဲကိုပဲဖြစ်ဖြစ် …၊ ဇနီးမယားခင်ပွန်းလင်သား ….လင်မယား စုံတွဲကိုပဲဖြစ်ဖြစ် ….ဆိုးကျိုးပြုမယ့် အနေအထား ဖြစ်တည်လာပြီဆိုရင် ….လက်သံပြောင်ပြောင် …. ကွာစေကွဲစေ …ခွဲနိုင်လေသော ဂြိုဟ်ဖြစ်ပါတယ်။

ဟုတ်ရဲ့လား…….။  ဘာကြောင့်လဲ………………….။

ဒီကနေ့ ဗေဒင်ဟောပြီး အသက်မွေးနေတဲ့ ….ဗေဒင်ဆရာတော်တော်များ ကိုယ်တိုင် ….ညီညွတ်ရေး ဆိုင်ရာဂြိုဟ်ကို ပြပါဆိုရင် ….စနေလို့ ပြောချင်ပြောကြ ၊ တစ်ချို့က တနင်္လာလို့ ပြောကြ ၊ တစ်ချို့ က  ကြာသာပတေးလို့ ဆိုချင်ဆို ….အမျိုးမျိုး ယောင်ဝါးဝါး ယူဆနေကြဆဲပါပဲ။ ကျွန်တော်တို့တွေ ဗေဒင်စတင်လေ့လာခါစ ကျမ်းအမျိုးမျိုး ဖတ်ရှုမှတ်သားခဲ့ရတယ်။ တစ်ချို့ကျမ်းဆို စနေ သည် စည်းရုံးရေးဂြိုဟ် ၊ ညီညွတ်ရေးဂြိုဟ်လို့ အတိအလင်း ဖော်ပြထားတယ်။ လက်တွေ့မှာ တစ်ခြားဆီပါပဲ။

တစ်ကယ့်တစ်ကယ်က ဂြဟကာရက သဘာဝမှာ အင်္ဂါဂြိုဟ်ဟာ ညီညွတ်ရေးကို ကိုယ်စားပြုပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ဖြစ်စေ၊ ဟိုဘက်ရပ်ကွက်နဲ့ သည်ဘက်ရပ်ကွက်ဖြစ်စေ၊ ဟိုနိုင်ငံနဲ့ သည်နိုင်ငံပဲ ဖြစ်စေ …..ညီညွတ်ဖို့ အင်္ဂါဂြိုဟ်ရဲ့ အင်အား လိုအပ်ပါတယ်။

အင်္ဂါဂြိုဟ်အင်အား ပျက်ပြားခဲ့ရင် …..လူတစ်ယောက်နဲ့တစ်ယောက် လည်း ထိုးကျိတ် သတ်ပုတ်ကြ ရပါတယ်။ ဟိုဘက်ရပ်ကွက်နဲ့ သည်ဘက်ရပ်ကွက်လည်း ချိန်းရိုက်ကြရပါတယ်။ ဟိုဘက်နိုင်ငံနဲ့ သည်ဘက်နိုင်ငံလည်း စစ်ကြေငြာရစမြဲ။

အကြောင်းကတော့ အင်္ဂါဂြိုဟ် ဟာ ညီညွတ်ညီညာစေသော ဂြိုဟ် ဖြစ်လို့ပါပဲ။ အင်္ဂါဂြိုဟ်ဟာ .. တစ်ခုနဲ့တစ်ခုကြားမှာ ….သဘောတူညီမှု ၊ ရည်းစူးချက် ဦးတည်ချက် တူညီစေမှု တွေကို အဓိက ဖြစ်ပွားစေနိုင်ပါတယ်။ သာတူညီမျှ ဝါဒနဲ့ ကွန်မြူနစ်ဝါဒဆန်တဲ့ဂြိုဟ်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီကနေ့ ကမ္ဘာပေါ်မှာ … တရုတ်နိုင်ငံဟာ အင်္ဂါဂြိုဟ်လွှမ်းမိုးထားသော နိုင်ငံအဖြစ် ရပ်တည်နေတာပါ။

စကားစပ်လို့ ထပ်ပြောရရင် ….နောက်ဆုံးတစ်နေ့ ကမ္ဘာကြီးကို ကျူးကျော်လွှမ်းမိုးခြယ်လှယ် သွားမှာကလည်း  အင်္ဂါဂြိုဟ်လွှမ်းမိုးနေတဲ့ တရုတ်ပါပဲ။ နက္ခတ်ဗေဒင်ပညာရှင်တော်တော်များများ …အင်္ဂါဂြိုဟ် အသွားအလာ ထူးခြားချက်တွေကိုကြည့်ပြီး ဟောကိန်းမျိုးစုံ ထုတ်ကြပေမယ့် …… အင်္ဂါဂြိုဟ် အသွားအလာ ထူးခြားတိုင်း တရုတ်နိုင်ငံကို သတိပြုစောင့်ကြည့်မိဖို့ လိုအပ်မှန်း မရိပ်မိကြပါဘူး။ အင်္ဂါဂြိုဟ်ဟာ စစ်မက်တို့၏ အရှင်သခင် ၊ ကျူးကျော်တတ်သော ၊ စူးစမ်းရှာဖွေ စွန့်စားတတ်သော ဂြိုဟ် ဖြစ်ပါတယ်။ ဒါကြောင့်လည်း တရုတ်လူမျိုးတွေဟာ ကမ္ဘာပေါ်မှာ နေရာအနှံ့ ရောက်ရှိနေကြတာ ဖြစ်မယ်လို့ ကျွန်တော်ယူဆမိပါတယ်။

ထားပါတော့ …ဆောင်းပါးက ချစ်မှုရေးရာ ..၊ ရေးမိတာက နိုင်ငံရေးရာ ဖြစ်လာပါတယ်။ အဓိက ပြောချင်တာကတော့ …..အင်္ဂါဂြိုဟ်ရဲ့ ညီညွတ်စေတတ်သော သဘာဝကိုပါ။

အင်္ဂါဂြိုဟ် အင်အားပျက်ပြားခဲ့ရင် ဘာဖြစ်မလဲ။ မညီညွတ်တော့ပါဘူး။ သဘောချင်း မတူညီကြတော့ဘူး။ ဆန့်ကျင်ဘက်တွေ ဖြစ်တည်လာတယ်။ သူတစ်လူ ငါတစ်မင်းတွေ ဆူပူလာစေတယ်။ ရန်ပွဲတွေ၊ အဓိကရုံးတွေ ဖြစ်တည်လာစေတယ်။

ဒီတော့ သာမန် ချစ်သူစုံတွဲ ၊ လင်မယားစုံတွဲ လေးတွေလောက်ကိုတော့ အင်္ဂါဂြိုဟ်က လက်ဖျားလေးနဲ့တောက်ပြီး ….သွားစမ်း ….သွားစမ်း ဆိုပြီး ခွဲပစ်လို့ရတဲ့အထိ စွမ်းအားကြီးပါတယ်။

ချစ်တဲ့သူ နဲ့ ကိုယ်နဲ့ ကြား ….. သဘောထားကွဲလွဲစေမှုတွေကို အင်္ဂါဂြိုဟ် အားနဲခြင်းက ဖြစ်ပွားလာစေနိုင်ပါတယ်။ တနည်းအားဖြင့်တော့ …….ခိုင်မြဲလှပါတယ်ဆိုတဲ့ တွဲလက်တွေကို ဖြုတ်စေ၊ ပြုတ်စေနိုင်သော သတ္တိ အင်္ဂါဂြိုဟ်မှာ ရှိပါလေရဲ့။


ဆပွတ်ဂြိုဟ် …

ဆပွတ်ဂြိုဟ် ဆိုတာကတော့ ချစ်ခင်မြတ်နိုး နှစ်သစ်မှု ဖြစ်တည်စေတတ်သော သဘာဝရှိသည့်ဂြိုဟ် လု့ိ ဆိုပါစို့။ အထူးသဖြင့် မိမိရဲ့ ဖူးစာဖက် …သို့တည်းမဟုတ် နှစ်သက်မြတ်နိုးရသူ ၊ အိမ်ထောင်ဖက် ၊ ဘဝခရီးဖော် …စသည်ဖြင့်တို့ကို ရှာဖွေရာမှာ ….ဆပွတ်ဂြိုဟ်ဟာ အရေးပါ အရာရောက်တဲ့ ဂြိုဟ်တစ်ခုဖြစ်ပါတယ်။

ဆိုင်ရာနေ့နံသားသမီး အလိုက် ဆပွတ်ဂြိုဟ်အမျိုးအစား ကွဲပြားကြမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် တနင်္ဂနွေသားသမီးတစ်ဦးအတွက် ဆပွတ်ဂြိုဟ်ဟာ သောကြာဖြစ်ပေမယ့် …သောကြာသားသမီး တစ်ယောက်အတွက် တော့ ဆပွတ်ဂြိုဟ်ဟာ ဗုဒ္ဓဟူး ဖြစ်ပါတယ်။

အဲဒီ့လိုကွဲပြားခြားနားသော ဆပွတ်ဂြိုဟ်တွေရဲ့ ဆိုင်ရာ မဟာဘုတ်ဇာတာခွင်မှာ … ရပ်တည်မှု အနေအထားအရ  ချစ်မှုရေးရာ ကဏ္ဍတွေမှာလည်း အကျိုးအပြစ်ကွာခြားမှုတွေ ဖြစ်ပေါ်လာစေပါတယ်။
အောက်ပါ နမူနာဇာတာတစ်စောင်မှာ လေ့လာကြည့်ကြပါစို့ ။

ဝကြွင်းဖွား…….ကြာသပတေးသမီး ဇာတာ

အထက်ပါနမူနာဇာတာမှာ ဆို ….. ကြာသာပတေးသားသမီးဖြစ်တဲ့အတွက် သူရဲ့ မူလဆပွတ်ဂြိုဟ်ဟာ အင်္ဂါဂြိုဟ်ဖြစ်ပါတယ်။  အဆိုပါအင်္ဂါဂြိုဟ်ဟာ …. သူမွေးဖွားရာ မူလမဟာဘုတ်ဇာတာခွင်မှာ …မရဏမှာ ရပ်တည်ထားတာကို တွေ့ရပါမယ်။

အထက်ပါအနေအထားမျိုးဟာ …. ဆိုင်ရာဇာတာရှင်အဖို့ ….သူဖြတ်သန်းရာဘဝခရီးမှာ … ချစ်မှုရေးရာ ၊ သံယောဇဉ်နှောင်တွယ်မှု တွေနဲ့ပတ်သက်ပြီး ….ပြင်းပြင်းထန်ထန် ဖြစ်ရပ်တွေ ဖြစ်ပွားလာစေနိုင်တယ်ဆိုတာကို ရှင်းလင်းစွာ ဖော်ပြထားသော အနေအထား တစ်ရပ်ဖြစ်ပါတယ်။ ကြာသာပတေးသားသမီး ရာဇဖွားများ အနေနဲ့ အဆိုပါကံမျိုး ရင်ဆိုင်ကြရပါမယ်။

နောက်ထပ် ဥပမာ ဇာတာတစ်စောင်ကို ဆက်လက်လေ့လာပါမယ်။

ဝကြွင်းဖွား…….စနေသားသမီး  ဇာတာ

 အထက်ပါဇာတာမှာတော့……. စနေသားသမီးဖြစ်တဲ့အတွက် ဆပွတ်ဂြိုဟ်ဟာ ကြာသာပတေးဂြိုဟ်ဖြစ်လာပြီး မူလမွေးမဟာဘုတ် ဇာတာခွင်ပေါ်မှာ ရာဇဌာနမှာ ရပ်တည်ထား တာကိုတွေ့ရပါမယ်။ … အဆိုပါအနေအထားကတော့…….ဆိုင်ရာ ဇာတာရှင်ဟာ သူဖြတ်သန်းရာ ဘဝခရီးမှာ ချစ်မှုရေးရာ နဲ့ သံယောဇဉ်နှောင်တွယ်မှုတွေကို အ လေးထားတတ်ခြင်း နဲ့ အများအားဖြင့် …ကံကောင်းစေခြင်းကို ဖြစ်ပေါ်စေသော အနေအထား တစ်ရပ်ဖြစ်ပါတယ်။ ဒါ့အပြင် …အဆင်းအသွင်၊ ပိုင်ဆိုင်မှု ၊ ဂုဏ်ဒြပ် အရဖြစ်စေ ..ထင်ရှားသော …လူအများစု နှစ်သက်သဘောကျတတ်သော ဖူးစာဖက်မျိုးကို ပိုင်ဆိုင်ရရှိစေတတ်ပါတယ်။

ဆိုတော့ …..မိမိ ရဲ့ မူလဇာတာမှာ ပါလာသည့် အချင်းအရာ အချက်အလက်များကလည်း …ချစ်မှုရေးရာ ကဏ္ဍတွေမှာ လွှမ်းမိုးထားကြမှာဖြစ်ပါတယ်။

မေတ္တာကံ

မေတ္တာကံနဲ့ ပတ်သက်လို့ကတော့…….တနင်္လာဂြိုဟ်ရဲ့ အနေအထားက အဓိက ဆုံးဖြတ်ပေးပါလိမ့်မယ်။ အတွင်းမိတ်ဂြိုဟ်လို့ ခေါ်တဲ့ ….ဥသာ ၊ စိန်ပန်း ၊ ဒါန်းလှ ၊ ကိုရှာ လင်္ကာအရ ….ဆိုင်ရာ ဂြိုဟ်တွေကတော့…….လူ့အဖွဲ့အစည်းအတွင်း ၊ မိသားစုအတွင်း …ရင်းနှီးချစ်ကြည် စည်းလုံးမှု အတိုင်းအတာကို သာ အဓိက ဖော်ပြနိုင်တယ်လို့ ယူဆရပါတယ်။

တနင်္လာဟာ မူလမဟာဘုတ်ဇာတာမှာ ……….
ပုတိ ၊ သိုက်၊ ရာဇ ၊ အထွန်း ဌာနတွေမှာ ရပ်တည်ခဲ့ရင် ….သင့်လျော်သော အနေအထား ဖြစ်တည်စေနိုင်ပြီး ၊ အဓိပတိ၊ မရဏ နဲ့ ဘင်္ဂ ဌာနတွေမှာ ရပ်တည်ခဲ့ရင်တော့ … သင့်လျော်မှုနဲပါးစေမယ် လို့ ဆိုနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ ….. မွေးနံ ၊ နာမည်အရင်းစာလုံး သို့မဟုတ် နာမည်အဖျားစာလုံးတွေဟာ  တနင်္လာနဲ့ ပက္ခမိထားခဲ့မယ်ဆိုရင် ….ဘဝမှာ မေတ္တာနဲ့ပတ်သက်လို့ …လိုအပ်တောင့်တ မျှော်လင့်ရမှုတွေ များပြားစေနိုင်ပါတယ်။

ဖူးစာဖက် နဲ့   အိမ်ထောင်ရေး

တော်တော်များများသော …..သူများအဖို့ ကိုယ့်ဖူးစာဖက် ဘယ်လိုဘယ်ဝါ ဖြစ်မယ်ဆိုတာကို သိလို ကြလေ့ရှိပါတယ်။ အမျိုးမျိုးသော ပညာရပ်များကလည်း …အဆိုပါအချက်နဲ့ပတ်သက်ပြီး …ဖော်ပြနိုင်ခဲ့ဲကြပါတယ်။ မဟာဘုတ်ပညာအရ တော့ …အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သော ဆပွတ်ဂြိုဟ် ရဲ့ ရပ်တည်မှု အနေအထား ၊ ဆိုင်ရာဇာတာရှင်ရဲ့ နာမည် ၊ မူလမဟာဘုတ်ဇာတာရဲ့ သဘာ၀ စတာတွေအပေါ်မူတည်ပြီး … အဆင့်ဆင့် ပုံဖော်သုံးသပ်ရပါတယ်။

နတ်ခတ်ဇာတာတွေမှာကတော့ ခုနှစ်တန့်ဘာ၀ ၊ ခုနှစ်တန့်ဘာဝသခင်ဂြိုဟ်၊ ဘာရိယာကာရကဂြိုဟ်၊ ခုနှစ်တန့်ဘာဝသခင် စီးနင်းသော နဝင်းသခင်ဂြိုဟ် ၊ ခုနှစ်တန့်ဘာဝကို မြင်သော ၊ ညှပ်သော ၊ စီးနင်းသော ဂြိုဟ်များ အလိုက် ဖူးစာဖက်ကို ဖော်ထုတ်ကြတာ တွေ့ရဖူးပါတယ်။ ဒါ့အပြင် ရေရှည်လက်တွဲနိုင်မှု အနေအထားကိုလည်း ဆယ့်တစ်တန့်ဘာဝကနေ တစ်ဆင့် ထောက်လှမ်း ခန့်မှန်းကြလေ့ရှိပါတယ်။

မဟာဘုတ်ဇာတာမှာတော့ ………….ဆပွတ်ဂြိုဟ်ရပ်တည်မှု အနေအထားကို စတင်လေ့လာရပါတယ်။ အထွန်း ၊ သိုက်၊ ရာဇ ၊ အဓိပတိ ဌာနတွေမှာ ရပ်တည်နေသော ဆပွတ်ဂြိုဟ်တွေဟာ …ဖူးစာဖက်ရဲ့ အဆင့်အတန်းကို မြင့်မားစေတယ်လို့ ယျေဘုယျမျှ သုံးသပ်နိုင်ပြီး ၊ ဘင်္ဂ ၊ ပုတိ၊ မရဏမှာ ရှိသော ဆပွတ်ဂြိုဟ်တွေကတော့ ….. ဖူးစာဖက်ရဲ့ အဆင့်အတန်းကို ညှိးမှိန် စေတယ် လို့ … အခြေခံအားဖြင့် သတ်မှတ်နိုင်ပါလိမ့်မယ်။

ဒါပေမယ့် အထက်ပါ သတ်မှတ်ချက်ဟာ အလွန်အင်မတန်မှပဲ ယျေဘုယျသဘော ဆန်ပါတယ်။ တစ်ကယ့် တစ်ကယ်က ….ကောင်းတာ ဆိုးတာထက် …ဆပွတ်ဂြိုဟ်(ဖူးစာဖက်ဂြိုဟ်) ဘယ်ဌာနမှာ ရပ်တည်သလဲ ။ ဌာနပိုင်ရှင်ဘယ်သူလဲ ….ဆိုတာကသာ …ဖူးစာဖက်ရဲ့ သဘာဝကို ပုံဖော်ရာမှာ အဓိကကျပါတယ်။

ဥပမာအားဖြင့် ….

ဆပွတ်ဂြိုဟ်ဟာ  အဓိပတိဌာနမှာ ရပ်တည်ခဲ့ရင် …. ၊ ထက်မြက်သူ၊ ငယ်ရွယ်သူ၊ အရည်အသွေးရှိသူ၊ ရန်လိုသူ၊ စိတ်ဆတ်သူ၊ ခေါင်းဆောင်နိုင်စွမ်းရှိသူ၊ စူးစမ်းရှာဖွေနေတတ်သောသူ၊ စစ်ဘက် နှင့် သုတေသနနယ်ပယ် တွင် ရပ်တည်နေသောသူ….စသည်ဖြင့် အဓိပတိဌာနရဲ့ ကသစ် အိမ်ရှင်ဂြိုဟ်ဖြစ်သော အင်္ဂါဂြိုဟ်ရဲ့ စရိုက်လက္ခဏာ များ အနဲနဲ့ အများ လွှွမ်းမိုးနေသော ဖူးစာဖက်မျိုးဆိုတာ သေချာပါတယ်။

ဆပွတ်ဂြိုဟ်ဟာ ….မရဏဌာနမှာ ရပ်တည်နေခဲ့ရင်တော့……၊  အများက ဖယ်ကျဉ်ထားသူ၊ လူ့ဂွစာ၊ လူထူးလူဆန်း၊ လူမျိုးကွဲ၊ ဘာသာကွဲ၊ ဓလေ့ထုံးစံကွဲပြားသူ၊ အသက်များစွာကြီးသူ၊ အပြစ်မကင်းသူ၊ စသဖြင့်သော မရဏဌာနရဲ့ အိမ်ရှင် စနေဂြိုဟ်ရဲ့ စရိုက်လက္ခဏာတွေ ပါဝင်နေသော ဖူးစာဖက်မျိုး ဖြစ်လာမှာပါ။

…………

မွေးနံ  ၊ နာမည်အရင်း/အဖျား စာလုံးများဟာ ဆပွတ်ဂြိုဟ်နဲ့ ပက္ခ မိထားခဲ့မယ်ဆိုရင် ဆိုင်ရာ ဇာတာရှင်ရဲ့ ဘဝမှာ …ချစ်မှုရေးရာ ပြဿနာ တစ်စုံတစ်ရာနဲ့ ရင်ဆိုင်ကြုံတွေ့ရစေ တတ်ပါတယ်။ မူလဇာတာအရသာလျှင်မက …ကောဇာ ဇာတာမှာပါ ..ယင်းသို့ ပက္ခမိထားခဲ့မယ် ဆိုရင်….အဆိုပါကာလများမှာ သေချာစွာပဲ ပြဿနာ အချင်းအရာများနဲ့ ကြုံဆုံရစေတတ်ပါတယ်။

နောက်တစ်ခုကတော့…….. ကောဇာ ဇာတာအရ ….ပြောင်းလဲဖြစ်တည်လာတဲ့ ဆပွတ်ဂြိုဟ် ရပ်တည်မှု အနေအထားအလိုက် ….. နဖူးစာကံ ရွာလည်တတ်ပုံကို သိရှိထားဖို့လိုပါတယ်။

ကောဇာမဟာဘုတ်ဇာတာမှာ ဆပွတ်ဂြိုဟ် ….သိုက်မှာ ရပ်တည်နေချိန်မျိုးမှာ ….ပျော်ပွဲရွှင်ပွဲ ၊ ပွဲလမ်းသဘင် မှာ နွဲပျော်ရင်း ချစ်မှုရေးရာကဏ္ဍ များ ကြုံကြိုက်ရတတ်ပြီး…၊ ဆပွတ်ဂြိုဟ် မရဏမှာ ရပ်တည်နေချိန်မျိုးမှာတော့……. တစ်ခါမှမမြင်ဖူးတဲ့သူနဲ့ မေတ္တာမျှမိတာမျိုး၊ အချိန်လွန်လည်ပတ်မိရာက ….ချစ်မှုရေးရာ ကြုံရတာမျိုး ..စသဖြင့် ကြုံတွေ့ကြရတတ်ပါတယ်။

ပုတိမှာ ဆပွတ်ဂြိုဟ်ရပ်တည်ခဲ့ရင်တော့……. ခရီးသွားရင်းလာရင်း …ကြုံကြိုက်ရတတ်တဲ့
အချစ်ရေး ကဏ္ဍမျိုး ပေါ်ပေါက်လာတတ်ပြီး၊ ဘင်္ဂမှာ ဆပွတ်ဂြိုဟ်ရပ်တည်လာခဲ့ရင်တော့…… ချစ်မှုပွေ ရတတ်ချိန်လို့ ဆိုရလောက်အောင် ..အပြောင်းအလဲတွေ၊ ဟိုတစ်ယောက်နဲ့ တစ်စတစ်စ ဝေးပြီး …သည်တစ်ယောက်နဲ့ တစ်စ တစ်စ နီးလာရတတ်တာမျိုး ကြုံကြိုက်ရတတ်ပါတယ်။ ဆပွတ်ဂြိုဟ် အထွန်းမှာ ရပ်တည်ထားခဲ့ရင် …. ကိုယ့်အပေါ်ဖြည့်ဆည်းနားလည်းပေးမယ့် ချစ်သူမျိုး ပေါ်ပေါက် လာတတ်ပြီး ..ဆပွတ်ဂြိုဟ် အဓိပတိမှာ ရပ်တည်နေခဲ့ချိန်မှာတော့ ချစ်ရေးကြိုက်ရာ ကဏ္ဍများမှာ အပြိုင်အဆိုင် ရန်သူရန်ဘက်မကင်း ဖြစ်လာရတတ်ပါတယ်။

အထက်ပါ တင်ပြချက်တွေကတော့….အကြမ်းအားဖြင့် …ဥပမာ တင်ပြထားတာတွေသာဖြစ်ပါတယ်။ တစ်ကယ့်တစ်ကယ် အနုစိတ် သဘာဝကို ပြည့်စုံအောင် ဖော်ပြရမယ် ဆိုရင် အလွန်အင်မတန် ကျယ်ပြန့်ပြီး များမြောင်မယ် ဆိုတာ သဘောပေါက်ဖို့ လိုပါတယ်။

အိမ်ထောင်ရေး ………………………

သည်ကဏ္ဍကတော့ အင်မတန် စိတ်ဝင်စားဖို့ကောင်းသလို ….၊ ခန့်မှန်းရနက်ရှိုင်းတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ လိင်မတူညီကြတဲ့ လူသားနှစ်ယောက်ရဲ့ ဘဝခရီးအတူသွားဖို့ ၊ သို့တည်းမဟုတ် …….နှစ်ကိုယ်တူဘဝတစ်ခု တည်ဆောက်ဖို့ အခြေအနေကို ….ဂဏန်းခုနှစ်လုံးထဲနဲ့ တည်ဆောက်ထားတဲ့ မဟာဘုတ်ဇာတာခွင်ပေါ်မှာ အဖြေရှာဖို့ ဆိုတာက ပိုမိုခက်ခဲပါလိမ့်မယ်။

စာရေးသူ လေ့လာခဲ့သလောက် အတွေ့အကြုံတွေကို ပဲ အဓိကအားပြု တင်ပြသွားပါရစေ။

အိမ်ထောင်မှု ရေးရာမှာ အရေးအကြီးဆုံးကတော့ ……. တနင်္ဂနွေဂြိုဟ်လို့ ဆိုနိုင်ပါတယ်။

ဘာကြောင့်လဲ………………….။
တနင်္ဂနွေဂြိုဟ်ဟာ နေမိသားစုအဖွဲ့အစည်းမှာ ကနဦးအစ ဂြိုဟ်လည်း ဖြစ်ပါတယ်။ ဂဏန်းစဉ်မှာ ဆိုရင်လည်း ပထမဆုံးဂဏန်းဖြစ်တဲ့ တစ်ဂဏန်းအပေါ်မှာ လွှွမ်းမိုးပါတယ်။ တစ်ခု တစ်ကောင် တစ်ယောက် … ၊ တစ်ဖွဲ့ ၊ စသည်ဖြင့်  မိမိပိုင်ဆိုင်သော တစ်ကိုယ်ရည်သီးခြား ပိုင်ဆိုင်မှု တွေ အပေါ်မှာလည်း အစိုးရပါတယ်။ လူ့အဖွဲ့အစည်း အသိုက်အဝန်းမှာ …. ဆိုရင် မိမိပိုင် မိမိနှင့် အထူးသက်ဆိုင်သော မိသားစု အဖွဲ့အစည်းကို တနင်္ဂနွေဂြိုဟ်က ကိုယ်စားပြုပါတယ်။

တစ်ကယ်တော့ ဦးဆောင်ကိုယ်စားပြုတယ်လို့ သုံးနှုန်းရင် ပိုမိုမှန်ကန်ပါလိမ့်မယ်။ မိသားစု ဖွဲ့စည်းရာမှာ တနင်္လာဂြိုဟ်ဟာလည်း နောက်လိုက်နေရာကနေ ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။ တနင်္ဂနွေဂြိုဟ်ကတော့ ဦးဆောင် မတည် တည်ထောင်သော အရေးအပါဆုံးဂြိုဟ်ဖြစ်ပါတယ်။

ဆိုတော့………. အိမ်ထောင်မှုရေးရာကို ဆုံးဖြတ်သုံးသပ်ရာမှာလည်း တနင်္ဂနွေဂြိုဟ်ကို အကဲဖြတ် စစ်ဆေးကြည့်ရှုခြင်းဟာ မမှားသော အချက်တစ်ရပ်ဖြစ်တယ်။

နောက်ဆောင်းပါးမှာ …….တနင်္ဂနွေဂြိုဟ် နဲ့ မဟာဘုတ်ဇာတာခွင်အရ အကျိုးအပြစ် သဘာ၀  ကွာခြားပုံကို ဆက်လက် တင်ပြပေးသွားပါမယ်။

ချမ်းမြေ့သုခ ရရှိနိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top