Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အဂၤလန္ႏိုင္ငံသား ဆရာဝန္တစ္ေယာက္ကေတာ့ သူဟာ ဩစေၾတးလ် ႏိုင္ငံ ဆစ္ဒနီၿမိဳ႕ နားက Avoca ကမ္းေျခမွာ ေရလႊာေလွ်ာစီးရင္း ငါးမန္းနဲ႔ ေတြ႕ခဲ့တဲ့အခ်ိန္ ငါးမန္း ရဲ႕ မ်က္ႏွာနားကို လက္သီးနဲ႔ ထိုးၿပီး လြတ္ေျမာက္လာခဲ့တယ္ လို႔ဆိုပါတယ္။

အသက္ ၂၅ ႏွစ္ရွိသူ ဆရာဝန္ရဲ႕ နာမည္ဟာ ခ်ာလီ ဖ႐ိုင္ (Charlie Fry ) လို႔ေခၚၿပီး ၿပီးခဲ့တဲ့ တနလၤာေန႔က သူ႔ကမ္းေျခမွာ ေရလႊာေလွ်ာစီးေနတဲ့အခ်ိန္ ငါးမန္းကေပၚလာၿပီး သူ႔ရဲ႕ ညာဘက္ပုခုံးကို ကိုက္ခဲ့တယ္လို႔ ထြက္ဆိုထားပါတယ္။ အဲ့ဒီအခ်ိန္ ဖ႐ိုင္ဟာ ငါးမန္းရဲ႕ မ်က္ႏွာကို လက္သီးနဲ႔ တစ္ခ်က္ထိုးခဲ့ၿပီး ေရလႊာေလွ်ာစီး ဘုတ္ျပားနဲ႔ ကမ္းေျခကို ျပန္လာခဲ့တာ ျဖစ္တယ္ လို႔ဆိုပါတယ္။

ဖ႐ိုင္က သူဟာ အခုလို တည္တည္ၿငိမ္ၿငိမ္နဲ႔ ငါးမန္းကို တိုက္ခိုက္ႏိုင္ခဲ့တာဟာ ၂၀၁၅ ခုႏွစ္က ၿပိဳင္ပြဲတစ္ခုမွာ ငါးမန္းကို ျပန္တိုက္ခိုက္ႏိုင္ခဲ့တဲ့ ေရလႊာေလွ်ာစီးသမား မစ္ဖန္နင္း လုပ္တဲ့အတိုင္း အတုယူခဲ့လို႔ ျဖစ္တယ္လို႔ေျပာပါတယ္။

အခုလို ဖ႐ိုင္တစ္ေယာက္ ငါးမန္းကို ျပန္လည္ခုခံႏိုင္ခဲ့ေပမဲ့ ငါးမန္းသူရဲ႕ ညာဘက္ပုခုံးကို ကိုက္ခဲ့တဲ့အတြက္ ဒဏ္ရာအနည္းငယ္ရရွိခဲ့ၿပီး ရဲမ်ားကေတာ့ ဒီဒဏ္ရာမ်ားအရ ဖ႐ိုင္ကိုတိုက္ခိုက္ခဲ့တဲ့ ငါးမန္းဟာ ၂ မီတာ (၆.၅ ေပ) ရွည္တယ္ လို႔ဆိုပါတယ္။

ဖ႐ိုင္ကေတာ့ ဒီအျဖစ္အပ်က္ကို “ကြၽန္ေတာ္ ေရထဲက ငါးမန္းခုန္လိုက္တာ ျမင္ေတာ့ သူ႔ရဲ႕ ေခါင္းကိုေရွာင္ၿပီး ညာလက္နဲ႔ သူမ်က္ႏွာကို ထိုးခဲ့ပါတယ္။ အဲ့လို ကြၽန္ေတာ္လုပ္ခဲ့တာဟာ မစ္ ဖန္နင္း လုပ္သလိုကြၽန္ေတာ္လိုက္လုပ္ခဲ့တာပါ ။ ငါးမန္းကိုက္ခံရတုန္းက ကြၽန္ေတာ္ ညာလက္ကို အတုံးႀကီးတစ္ခု ဒုတ္ခနဲ က်လာသလိုပါပဲ”လို႔ ဖ႐ိုင္က ေဒသခံ Nine Network’s Today အစီအစဥ္ကို ၿပီးခဲ့တဲ့အဂၤါေန႔မွာေျပာဆိုခဲ့ပါတယ္။

ဖ႐ိုင္ဟာ ဒီအျဖစ္အပ်က္ၿပီးေနာက္ ေဆး႐ုံမွာ ကုသမႈခံယူခဲ့ၿပီး ရက္အနည္းငယ္အၾကာမွာ ေဆး႐ုံက ဆင္းသြားၿပီလို႔သိရပါတယ္။ ဖ႐ိုင္ကို ကယ္ဆယ္ေရး ရဟတ္ယာဥ္မွ ေဆး႐ုံကို ပို႔ေပးခဲ့တာ ျဖစ္ၿပီး ဖ႐ိုင္ဟာ လြန္ခဲ့တဲ့ ၂ လခန႔္က ဩစေၾတးလ်ႏိုင္ငံကိုေရာက္လာသူျဖစ္ကာ နယူးေဆာက္ေဝးလ္ျပည္နယ္က ေဆး႐ုံတစ္ခုမွာ အလုပ္လုပ္ေနသူတစ္ေယာက္ျဖစ္တယ္လို႔ ေဒသခံမီဒီယာမ်ားရဲ႕ အဆိုအရသိရပါတယ္။

ဖ႐ိုင္ ငါးမန္းတိုက္ခိုက္ခံရၿပီးေနာက္ပိုင္းမွာ ၿပီးခဲ့တဲ့ အဂၤါေန႔က Avoca ကမ္းေျခကို ေခတၱပိတ္ခဲ့ရၿပီး ဒီႏွစ္အတြင္း ဒီကမ္းေျခမွာတင္ ငါးမန္းတိုက္ခိုက္ခံရတဲ့အႀကိမ္ ၁၈ ႀကိမ္ခန႔္ရွိေနၿပီလို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: လူမို(ရိုးရာေလး)
#Unicode Version#


အင်္ဂလန်နိုင်ငံသား ဆရာဝန်တစ်ယောက်ကတော့ သူဟာ ဩစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့ နားက Avoca ကမ်းခြေမှာ ရေလွှာလျှောစီးရင်း ငါးမန်းနဲ့ တွေ့ခဲ့တဲ့အချိန် ငါးမန်း ရဲ့ မျက်နှာနားကို လက်သီးနဲ့ ထိုးပြီး လွတ်မြောက်လာခဲ့တယ် လို့ဆိုပါတယ်။

အသက် ၂၅ နှစ်ရှိသူ ဆရာဝန်ရဲ့ နာမည်ဟာ ချာလီ ဖရိုင် (Charlie Fry ) လို့ခေါ်ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က သူ့ကမ်းခြေမှာ ရေလွှာလျှောစီးနေတဲ့အချိန် ငါးမန်းကပေါ်လာပြီး သူ့ရဲ့ ညာဘက်ပုခုံးကို ကိုက်ခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။ အဲ့ဒီအချိန် ဖရိုင်ဟာ ငါးမန်းရဲ့ မျက်နှာကို လက်သီးနဲ့ တစ်ချက်ထိုးခဲ့ပြီး ရေလွှာလျှောစီး ဘုတ်ပြားနဲ့ ကမ်းခြေကို ပြန်လာခဲ့တာ ဖြစ်တယ် လို့ဆိုပါတယ်။

ဖရိုင်က သူဟာ အခုလို တည်တည်ငြိမ်ငြိမ်နဲ့ ငါးမန်းကို တိုက်ခိုက်နိုင်ခဲ့တာဟာ ၂၀၁၅ ခုနှစ်က ပြိုင်ပွဲတစ်ခုမှာ ငါးမန်းကို ပြန်တိုက်ခိုက်နိုင်ခဲ့တဲ့ ရေလွှာလျှောစီးသမား မစ်ဖန်နင်း လုပ်တဲ့အတိုင်း အတုယူခဲ့လို့ ဖြစ်တယ်လို့ပြောပါတယ်။

အခုလို ဖရိုင်တစ်ယောက် ငါးမန်းကို ပြန်လည်ခုခံနိုင်ခဲ့ပေမဲ့ ငါးမန်းသူရဲ့ ညာဘက်ပုခုံးကို ကိုက်ခဲ့တဲ့အတွက် ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ရဲများကတော့ ဒီဒဏ်ရာများအရ ဖရိုင်ကိုတိုက်ခိုက်ခဲ့တဲ့ ငါးမန်းဟာ ၂ မီတာ (၆.၅ ပေ) ရှည်တယ် လို့ဆိုပါတယ်။

ဖရိုင်ကတော့ ဒီအဖြစ်အပျက်ကို “ကျွန်တော် ရေထဲက ငါးမန်းခုန်လိုက်တာ မြင်တော့ သူ့ရဲ့ ခေါင်းကိုရှောင်ပြီး ညာလက်နဲ့ သူမျက်နှာကို ထိုးခဲ့ပါတယ်။ အဲ့လို ကျွန်တော်လုပ်ခဲ့တာဟာ မစ် ဖန်နင်း လုပ်သလိုကျွန်တော်လိုက်လုပ်ခဲ့တာပါ ။ ငါးမန်းကိုက်ခံရတုန်းက ကျွန်တော် ညာလက်ကို အတုံးကြီးတစ်ခု ဒုတ်ခနဲ ကျလာသလိုပါပဲ”လို့ ဖရိုင်က ဒေသခံ Nine Network’s Today အစီအစဉ်ကို ပြီးခဲ့တဲ့အင်္ဂါနေ့မှာပြောဆိုခဲ့ပါတယ်။

ဖရိုင်ဟာ ဒီအဖြစ်အပျက်ပြီးနောက် ဆေးရုံမှာ ကုသမှုခံယူခဲ့ပြီး ရက်အနည်းငယ်အကြာမှာ ဆေးရုံက ဆင်းသွားပြီလို့သိရပါတယ်။ ဖရိုင်ကို ကယ်ဆယ်ရေး ရဟတ်ယာဉ်မှ ဆေးရုံကို ပို့ပေးခဲ့တာ ဖြစ်ပြီး ဖရိုင်ဟာ လွန်ခဲ့တဲ့ ၂ လခန့်က ဩစတြေးလျနိုင်ငံကိုရောက်လာသူဖြစ်ကာ နယူးဆောက်ဝေးလ်ပြည်နယ်က ဆေးရုံတစ်ခုမှာ အလုပ်လုပ်နေသူတစ်ယောက်ဖြစ်တယ်လို့ ဒေသခံမီဒီယာများရဲ့ အဆိုအရသိရပါတယ်။

ဖရိုင် ငါးမန်းတိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က Avoca ကမ်းခြေကို ခေတ္တပိတ်ခဲ့ရပြီး ဒီနှစ်အတွင်း ဒီကမ်းခြေမှာတင် ငါးမန်းတိုက်ခိုက်ခံရတဲ့အကြိမ် ၁၈ ကြိမ်ခန့်ရှိနေပြီလို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: လူမို(ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top