Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မဂၤလာလက္မွတ္ထိုးၿပီး ေတြ႕ၾကံဳတဲ့ ဂယက္ေတြေၾကာင့္ နန္းျမတ္ၿဖိဳးသင္း တစ္ေယာက္ စိတ္မေကာင္းျဖစ္ေနတာပါ။ ပြဲတစ္ပြဲလုပ္ရင္ ဂယက္ထမယ္ဆိုတာ ၾကိဳေတြးထားၿပီးသားျဖစ္ေပမယ့္ မထင္ထားတဲ့ ဂယက္ေၾကာင့္ စိတ္မေကာင္းဘူးဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားထားတာ ျဖစ္ပါတယ္။

“ပြဲတစ္ပြဲလုပ္ရင္ဂယက္ထမယ္ဆိုတာႀကိဳေတြးထားပီးသားပါ။
ဒါေပမယ့္ ကိုယ္မထင္ထားတဲ့ဆီကထတဲ့ဂယက္ဆိုေတာ့စိတ္ေတာ့မေကာင္းဘူး ငိုခ်င္တယ္။
အားတင္းထားနန္းျမတ္ၿဖိဳးသင္းေရ ဒါေတာင္တစ္ပြဲပဲရွိေသးတယ္” ဆိုၿပီး ေျပာထားတာပါ။
အဲ့ဒီစာသားရဲ႕ ေအာက္မွာေတာ့ ပရိသတ္ေတြနဲ႕ သူမရဲ႕ အႏုပညာသူငယ္ခ်င္းေတြက အားေပးစကားေတြ ဆိုထားၾကပါေသးတယ္။

နန္းျမတ္ၿဖိဳးသင္းတို႕ စံုတြဲဟာ ႏိုဝင္ဘာ(၉)ရက္ေန႕က ေငြေဆာင္မွာ မဂၤလာေမာ္ကြန္းတင္ လက္မွတ္ေရးထိုးခဲ့တာ ျဖစ္ပါတယ္။
မဂၤလာေမာ္ကြန္းတင္ လက္မွတ္ေရးထိုးပြဲကို ထူးထူးျခားျခားေလးနဲ႕ ကမ္းေျခမွာ ျပဳလုပ္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။မဂၤလာေမာ္ကြန္းတင္ လက္မွတ္ေရးထိုးပြဲမွာေတာ့ သူငယ္ခ်င္းေတြျဖစ္ၾကတဲ့ လႊမ္းပိုင္၊ ဘန္နီၿဖိဳး၊ ေက်ာ္ထြဋ္ေဆြတို႕နဲ႕အတူ နန္းသူဇာ၊ Bobby Soxer တို႕က သတို႕သမီး အရံေတြ လုပ္ေပးခဲ့ၾကပါတယ္။

နန္းျမတ္ၿဖိဳးသင္းတို႕ စံုတြဲကေတာ့ ႏိုဝင္ဘာ(၂၆)ရက္ေန႕ ဆီဒိုးနားမွာ စုလ်ားရစ္ပတ္မဂၤလာျပဳလုပ္မွာ ျဖစ္ၿပီး (၂၇)ရက္ေန႕မွာေတာ့ အင္းလ်ားလိတ္ဟိုတယ္မွာ ဒင္နာျပဳလုပ္မယ္လို႕ သိရပါတယ္။
အခ်စ္ေရးနဲ႕ ပတ္သက္ၿပီး သိုသိုသိပ္သိပ္ေန ခဲ့တဲ့ နန္းျမတ္ၿဖိဳးသင္းဟာ ၿပီးခဲ့တဲ့ လပိုင္းေလာက္က သူမရဲ႕ အခ်စ္ေရးနဲ႕ ပတ္သက္ၿပီး ေျပာျပခဲ့တာျဖစ္သလို မဂၤလာေဆာင္မယ့္ သတင္းကိုပါ တစ္ခါတည္း ေၾကညာခဲ့တာလည္း ျဖစ္ပါတယ္။

နန္းျမတ္ၿဖိဳးသင္းကေတာ့ မဂၤလာပြဲကို ထူးထူးျခားျခားေလးနဲ႕ အားလံုးေပ်ာ္စရာေကာင္းေအာင္ စီစဥ္ထားတယ္လို႕လည္း သိရပါတယ္။
ခ်စ္သူသက္တမ္း သံုးႏွစ္ခြဲေလာက္ ရွိၿပီျဖစ္ပါတယ္။ ခ်စ္သူေကာင္ေလးက နန္းျမတ္ထက္ ေလးႏွစ္ႀကီးတယ္လို႕လည္း သိရပါတယ္။ လက္ရွိမွာေတာ့ အႏုပညာအလုပ္မ်ားကို အဆက္မျပတ္ေအာင္ လုပ္ကိုင္ေနသလို မဂၤလာပြဲအတြက္လည္း စီစဥ္ေတာ့မွာ ျဖစ္တယ္လို႕ သိရပါတယ္။
နန္းျမတ္ၿဖိဳးသင္းအေနနဲ႕ အိမ္ေထာင္ျပဳၿပီးေနာက္ပိုင္းမွာလည္း အႏုပညာအလုပ္မ်ားကို ဆက္လက္လုပ္ကိုင္သြားမယ္လို႕ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
မင်္ဂလာလက်မှတ်ထိုးပြီး တွေ့ကြုံတဲ့ ဂယက်တွေကြောင့် နန်းမြတ်ဖြိုးသင်း တစ်ယောက် စိတ်မကောင်းဖြစ်နေတာပါ။ ပွဲတစ်ပွဲလုပ်ရင် ဂယက်ထမယ်ဆိုတာ ကြိုတွေးထားပြီးသားဖြစ်ပေမယ့် မထင်ထားတဲ့ ဂယက်ကြောင့် စိတ်မကောင်းဘူးဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။

“ပွဲတစ်ပွဲလုပ်ရင်ဂယက်ထမယ်ဆိုတာကြိုတွေးထားပီးသားပါ။
ဒါပေမယ့် ကိုယ်မထင်ထားတဲ့ဆီကထတဲ့ဂယက်ဆိုတော့စိတ်တော့မကောင်းဘူး ငိုချင်တယ်။
အားတင်းထားနန်းမြတ်ဖြိုးသင်းရေ ဒါတောင်တစ်ပွဲပဲရှိသေးတယ်” ဆိုပြီး ပြောထားတာပါ။
အဲ့ဒီစာသားရဲ့ အောက်မှာတော့ ပရိသတ်တွေနဲ့ သူမရဲ့ အနုပညာသူငယ်ချင်းတွေက အားပေးစကားတွေ ဆိုထားကြပါသေးတယ်။

နန်းမြတ်ဖြိုးသင်းတို့ စုံတွဲဟာ နိုဝင်ဘာ(၉)ရက်နေ့က ငွေဆောင်မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကို ထူးထူးခြားခြားလေးနဲ့ ကမ်းခြေမှာ ပြုလုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲမှာတော့ သူငယ်ချင်းတွေဖြစ်ကြတဲ့ လွှမ်းပိုင်၊ ဘန်နီဖြိုး၊ ကျော်ထွဋ်ဆွေတို့နဲ့အတူ နန်းသူဇာ၊ Bobby Soxer တို့က သတို့သမီး အရံတွေ လုပ်ပေးခဲ့ကြပါတယ်။

နန်းမြတ်ဖြိုးသင်းတို့ စုံတွဲကတော့ နိုဝင်ဘာ(၂၆)ရက်နေ့ ဆီဒိုးနားမှာ စုလျားရစ်ပတ်မင်္ဂလာပြုလုပ်မှာ ဖြစ်ပြီး (၂၇)ရက်နေ့မှာတော့ အင်းလျားလိတ်ဟိုတယ်မှာ ဒင်နာပြုလုပ်မယ်လို့ သိရပါတယ်။
အချစ်ရေးနဲ့ ပတ်သက်ပြီး သိုသိုသိပ်သိပ်နေ ခဲ့တဲ့ နန်းမြတ်ဖြိုးသင်းဟာ ပြီးခဲ့တဲ့ လပိုင်းလောက်က သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပြောပြခဲ့တာဖြစ်သလို မင်္ဂလာဆောင်မယ့် သတင်းကိုပါ တစ်ခါတည်း ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ မင်္ဂလာပွဲကို ထူးထူးခြားခြားလေးနဲ့ အားလုံးပျော်စရာကောင်းအောင် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
ချစ်သူသက်တမ်း သုံးနှစ်ခွဲလောက် ရှိပြီဖြစ်ပါတယ်။ ချစ်သူကောင်လေးက နန်းမြတ်ထက် လေးနှစ်ကြီးတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်များကို အဆက်မပြတ်အောင် လုပ်ကိုင်နေသလို မင်္ဂလာပွဲအတွက်လည်း စီစဉ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
နန်းမြတ်ဖြိုးသင်းအနေနဲ့ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာလည်း အနုပညာအလုပ်များကို ဆက်လက်လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top