Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မေလးရွား ႏိုင္ငံတြင္ အသက္ ၁၀ ႏွစ္ႏွင့္ ၁၃ ႏွစ္အရြယ္သမီးမ်ားအား ျပည့္တန္ဆာျဖစ္ေစခဲ့သူ မိခင္အား နို၀င္ဘာ ၁၃ ရက္၌ ေထာင္ဒဏ္ ၇၅ ႏွစ္ခ်မွတ္လုိက္ေၾကာင္း ေဒသတြင္းမီဒီယာက ေဖာ္ျပခဲ့သည္။
ကူလာအီမွ အသက္ ၃၉ ႏွစ္အရြယ္ရွိ အမ်ဳိးသမီးသည္ ေအာက္တိုဘာက ဂ်ဳိဟိုဘာ႐ူရွိ လာကင္ပါဒနာမွ ဘတ္ဂ်က္ဟိုတယ္တြင္ သမီးႏွစ္ဦးအား ေယာက်္ားႏွစ္ဦးထံ ငါးရက္ၾကာျပည့္တန္ဆာအျဖစ္ ေရာင္းစားခဲ့ေၾကာင္း မေလးရွား The Star သတင္းစာက ေဖာ္ျပသည္။

ဘဂၤလားေဒ့ရွ္ႏုိင္ငံသားႏွစ္ဦးထံ ျပည့္တန္ဆာအလို႔ငွာ သမီးႏွစ္ဦးအား ဖိအားေပးေစခိုင္းခဲ့ေၾကာင္း သူက၀န္ခံခဲ့သည္။ သမီးတစ္ဦးစီအတြက္ အခေၾကးေငြ မေလးရွားရင္းဂစ္ ၅၀ (အေမရိကန္ေဒၚလာ ၁၁ ဒသမ ၉၃) က်စီရရွိၿပီး သူတို႔အား တစ္ႀကိမ္ၿပီးစီးတိုင္း တစ္ရင္းဂစ္မွ ၂၀ ရင္းဂစ္အတြင္းေပးခဲ့ေၾကာင္း မိခင္ျဖစ္သူက ဆိုသည္။
အဆိုပါ ဟာရီယန္မီတ႐ိုဆိုသူအမ်ဳိးသမီးက သူ႔တြင္ေကြၽးေမြးရန္ ေလးႏွစ္ႏွင့္ငါးႏွစ္အၾကား အျခားကေလးႏွစ္ဦးရွိေသးသျဖင့္ ဒဏ္ေငြသာလွ်င္ ခ်မွတ္ပါရန္ တရား႐ုံးသို႔အသနားခံခဲ့သည္။

ယခုျပစ္ဒဏ္မွာ က်ဴးလြန္သူတစ္ဦးတည္းအတြက္မွ်သာမကဘဲ လူ႔အဖြဲ႕အစည္းတစ္ခုလုံးမွ မိဘမ်ားအတြက္ သင္ခန္းစာျဖစ္ေစလိုေၾကာင္း ဆိုသည္။ တရားသူႀကီး ကာမာ႐ူဒင္ကမ္ဆြန္က စြဲခ်က္တိုင္းအတြက္ ေထာင္ဒဏ္ ၁၅ ႏွစ္ သီးျခားစီခ်မွတ္ခဲ့ေၾကာင္း၊ အခ်ဳိ႕ျပစ္ဒဏ္မွာ တစ္ေပါင္းတည္းက်ခံရမည္ျဖစ္၍ ေထာင္ဒဏ္စုစုေပါင္း ၇၅ ႏွစ္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Eleven Media Group
#Unicode Version#
မလေးရှား နိုင်ငံတွင် အသက် ၁၀ နှစ်နှင့် ၁၃ နှစ်အရွယ်သမီးများအား ပြည့်တန်ဆာဖြစ်စေခဲ့သူ မိခင်အား နိုဝင်ဘာ ၁၃ ရက်၌ ထောင်ဒဏ် ၇၅ နှစ်ချမှတ်လိုက်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။
ကူလာအီမှ အသက် ၃၉ နှစ်အရွယ်ရှိ အမျိုးသမီးသည် အောက်တိုဘာက ဂျိုဟိုဘာရူရှိ လာကင်ပါဒနာမှ ဘတ်ဂျက်ဟိုတယ်တွင် သမီးနှစ်ဦးအား ယောကျ်ားနှစ်ဦးထံ ငါးရက်ကြာပြည့်တန်ဆာအဖြစ် ရောင်းစားခဲ့ကြောင်း မလေးရှား The Star သတင်းစာက ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦးထံ ပြည့်တန်ဆာအလို့ငှာ သမီးနှစ်ဦးအား ဖိအားပေးစေခိုင်းခဲ့ကြောင်း သူကဝန်ခံခဲ့သည်။ သမီးတစ်ဦးစီအတွက် အခကြေးငွေ မလေးရှားရင်းဂစ် ၅၀ (အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၉၃) ကျစီရရှိပြီး သူတို့အား တစ်ကြိမ်ပြီးစီးတိုင်း တစ်ရင်းဂစ်မှ ၂၀ ရင်းဂစ်အတွင်းပေးခဲ့ကြောင်း မိခင်ဖြစ်သူက ဆိုသည်။
အဆိုပါ ဟာရီယန်မီတရိုဆိုသူအမျိုးသမီးက သူ့တွင်ကျွေးမွေးရန် လေးနှစ်နှင့်ငါးနှစ်အကြား အခြားကလေးနှစ်ဦးရှိသေးသဖြင့် ဒဏ်ငွေသာလျှင် ချမှတ်ပါရန် တရားရုံးသို့အသနားခံခဲ့သည်။

ယခုပြစ်ဒဏ်မှာ ကျူးလွန်သူတစ်ဦးတည်းအတွက်မျှသာမကဘဲ လူ့အဖွဲ့အစည်းတစ်ခုလုံးမှ မိဘများအတွက် သင်ခန်းစာဖြစ်စေလိုကြောင်း ဆိုသည်။ တရားသူကြီး ကာမာရူဒင်ကမ်ဆွန်က စွဲချက်တိုင်းအတွက် ထောင်ဒဏ် ၁၅ နှစ် သီးခြားစီချမှတ်ခဲ့ကြောင်း၊ အချို့ပြစ်ဒဏ်မှာ တစ်ပေါင်းတည်းကျခံရမည်ဖြစ်၍ ထောင်ဒဏ်စုစုပေါင်း ၇၅ နှစ်ဖြစ်ကြောင်း ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Eleven Media Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top