ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အေမႊးအမွ်င္ေတြ ရိတ္ဖို႔ လိုမလိုကို ဆရာဝန္နဲ႕ တိုင္ပင္စရာ မလိုပါဖူး။ ဒါဟာ သင္ကိုယ္တိုင္ဆုံးျဖတ္ရမဲ့ ကိစၥျဖစ္ပါတယ္။ ဒါေပမယ့္ လတ္တေလာ ေလ့လာခ်က္ေတြအရ အမ်ိဳးသားေတြအေနနဲ႔ အနည္းဆုံး ဂ်ိဳင္းေမႊးကိုေတာ့ ရိတ္သင့္တယ္ဆိုတာ ေတြ႔ရွိခဲ့ရပါတယ္။

•ၾကည့္လို႕ပိုေကာင္းေအာင္ ဒါမွမဟုတ္ အနံ႕အသက္ပိုေကာင္းေအာင္
ဂ်ိဳင္းေမႊးရွိတာဟာ ေယာက်္ားပိုပီသေစတယ္လို႕ အမ်ိဳးသားအမ်ားအျပားက ယူဆထားၾကပါတယ္။ဒါကမွားတယ္လို႕ေတာ့လည္း မေျပာသာပါဖူး။ဒါေပမယ့္ သင့္ဂ်ိဳင္းၾကားကို ေနာက္တေခါက္ထပ္ၾကည့္ ၾကည့္ပါ။တကယ္လို႕ သင့္ဂ်ိဳင္းၾကားမွာ ေတာထေနျပီဆိုရင္ေတာ့ သင့္အေနနဲ႕ ျပန္စဥ္းစားဖို႕လိုေနပါျပီ။စစ္တမ္းတခုမွာ ေဖာ္ျပထားတာက အမ်ိဳးသမီးအမ်ားအျပားဟာ ဂ်ိဳင္းေမႊးေတြကို မၾကိဳက္ၾကဖူးလို႕ ဆိုပါတယ္။ဒါ့အျပင္ ဘယ္လိုအေမႊးအမွ်င္ပဲျဖစ္ျဖစ္ ေခြၽးေတြေအာင္းႏိုင္လို႕ အနံ႕အသက္ကိုလည္း ဆိုးေစႏိုင္ပါတယ္။

•မလိုလားအပ္တာေတြကို ဖယ္ရွားပစ္ပါ။
ေခြၽးေတြကိုထုတ္ေပးတဲ့ apocrine ဂလင္းေတြဟာ ဂ်ိဳင္းၾကားမွာ အမ်ားအျပားရွိေနပါတယ္။အမ်ိဳးသားေတြရဲ့ေခြၽးမွာ စတီးရြိုက္ဓာတ္ေတြ၊အဆီဓာတ္ေတြ၊ပရိုတင္းဓာတ္ေတြ နဲ႕ တျခားဓာတ္ပစၥည္းေတြ ပါဝင္ျပီး ဒီပစၥည္းေတြ အားလုံးေပါင္းစပ္ထားတဲ့ ေခြၽးဟာ သတင္းအခ်က္အလက္တခ်ိဳ႕ကို ေပးႏိုင္တယ္လို႕ ယံုၾကည္ထားၾကပါတယ္။ဒါ့အျပင္ သိပၸံပညာရွင္ေတြရဲ့ အလိုအရ ဂ်ိဳင္းေမႊးက ကိုယ့္ရဲ့အေဖာ္ကို ဆြဲေဆာင္ႏိုင္တယ္ဆိုတာ ေက်ာက္ေခတ္မွာ က်န္ခဲ့ျပီျဖစ္ျပီး ဒီေခတ္မွာေတာ့ ဘာမွမဆိုင္ေတာ့ပါဖူးတဲ့။ဆိုေတာ့ကား ဂ်ိဳင္းေမႊးေတြကို ဘာလို႕မ်ား ဆက္ထားေနရဦးမွာလဲ။

•ဘယ္အခ်ိန္မွာ ဂ်ိဳင္းေမႊးရိတ္သင့္သလဲ။
ဂ်ိဳင္းေမႊးရွိတာ သင့္အျပစ္မဟုတ္ပါဖူး။ဒါေပမယ့္ အက်ီၤမပါတဲ့ အခ်ိန္မွာ သင့္ဂ်ိဳင္းေမႊးေတြကို တို႕လို႕တန္းလန္းျမင္ေနရရင္ေတာ့ သင့္အျပစ္ျဖစ္သြားပါျပီ။သင္ဟာ ဆံပင္ရွည္ထားသူဆိုရင္ လက္ေျမႇာက္လိုက္ရင္ ဆံပင္နဲ႕ ဂ်ိဳင္းေမႊးေရာျပီး ျခံုပုတ္ၾကီးျဖစ္ေနရင္ အေတာ္အၾကည့္ရဆိုးပါလိမ့္မယ္။ဂ်ိဳင္းေမႊးကို ငုတ္စိေလးေတြထက္ ပိုျပီးရွည္ေအာင္ မထားသင့္ပါဖူး။အေရးၾကီးဆုံးက သင့္ဂ်ိဳင္းၾကားဟာ ေခြၽးနံ႕နံ မေနသင့္ပါဖူး။အေပၚမွာ ေျပာခဲ့တဲ့ အခ်က္ေတြတခုခုနဲ႕ ျငိေနျပီဆိုရင္ေတာ့ သင့္အေနနဲ႕ ဂ်ိဳင္းေမႊးရိတ္သင့္ပါျပီ။

•ေကာင္းျပီ။ ဂ်ိဳင္းေမႊးရိတ္မယ္ဆိုရင္ေရာ ဘယ္လိုရိတ္ရမလဲ။

•ညွပ္ပါ။

ရိတ္ရမွာ ေၾကာက္ေနတယ္ဆိုရင္ အရင္ညွပ္ၾကည့္ပါ။ကပ္ေၾကးေသးေသးေလးေတြကို သုံးျပီး ညွပ္ႏိုင္ပါတယ္။ဆႏၵရွိရင္ ခပ္တိုတိုေလးေတြ ခ်န္ထားႏိုင္ပါတယ္။ဂ်ိဳင္းေမႊးတိုသြားေလေလ ေခြၽးထြက္တာ၊အနံ့အသက္မေကာင္းတာ နည္းေလပါပဲ။

•ရိတ္ပါ။
တကယ္လို႕ ညွပ္႐ံုေလာက္နဲ႕ အဆင္မေျပဖူးလို႕ ထင္ရင္ ဂ်ိဳင္းေမႊးရိတ္ၾကည့္ႏိုင္ပါတယ္။ဂ်ိဳင္းေမႊးက နည္းနည္းရွည္တယ္ဆိုရင္ တိုသြားေအာင္ အရင္ညွပ္ပါ။ျပီးရင္ သင္မုတ္ဆိတ္ရိတ္တဲ့အခါ သုံးတဲ့ shaving cream နဲ႕ ဓားကို သုံးျပီး ဂ်ိဳင္းေမႊးရိတ္ႏိုင္ပါတယ္။သိရမွာက ဒီလိုရိတ္တဲ့အခါ အေပၚေအာက္ပဲ ရိတ္ပါ။ေဘးတိုက္ရိတ္ရင္ အနာတရျဖစ္ႏိုင္သလို ingrown hair လို႕ေခၚတဲ့ ဂ်ိဳင္းေမႊးထပ္ေပါက္လာတဲ့ အခါ အေရျပားအျပင္ကို ထြက္မလာဘဲ အထဲကို ေျပာင္းျပန္ေပါက္တာမ်ိဳးေတြ ျဖစ္ႏိုင္လို႕ပါ။တေနရာတည္းကို ၾကိမ္ဖန္မ်ားစြာ ရိတ္ေနတာမ်ိဳးလည္း မလုပ္သင့္ပါဖူး။ဒီလိုလုပ္ရင္လည္း ingrown hair ေတြ ျဖစ္လာႏိုင္လို႕ပါ။ေရခ်ိဳးျပီးခါစမွာ ဂ်ိဳင္းေမႊးေတြဟာ ပံုမွန္ထက္ႏူးညံ့ေနေလ့ရွိတာမို့ ဒီအခ်ိန္မွာ ရိတ္မယ္ဆိုရင္ ပိုျပီး အဆင္ေျပႏိုင္ပါေၾကာင္း။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
အမွှေးအမျှင်တွေ ရိတ်ဖို့ လိုမလိုကို ဆရာဝန်နဲ့ တိုင်ပင်စရာ မလိုပါဖူး။ ဒါဟာ သင်ကိုယ်တိုင်ဆုံးဖြတ်ရမဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလော လေ့လာချက်တွေအရ အမျိုးသားတွေအနေနဲ့ အနည်းဆုံး ဂျိုင်းမွှေးကိုတော့ ရိတ်သင့်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။

•ကြည့်လို့ပိုကောင်းအောင် ဒါမှမဟုတ် အနံ့အသက်ပိုကောင်းအောင်
ဂျိုင်းမွှေးရှိတာဟာ ယောကျ်ားပိုပီသစေတယ်လို့ အမျိုးသားအများအပြားက ယူဆထားကြပါတယ်။ဒါကမှားတယ်လို့တော့လည်း မပြောသာပါဖူး။ဒါပေမယ့် သင့်ဂျိုင်းကြားကို နောက်တခေါက်ထပ်ကြည့် ကြည့်ပါ။တကယ်လို့ သင့်ဂျိုင်းကြားမှာ တောထနေပြီဆိုရင်တော့ သင့်အနေနဲ့ ပြန်စဉ်းစားဖို့လိုနေပါပြီ။စစ်တမ်းတခုမှာ ဖော်ပြထားတာက အမျိုးသမီးအများအပြားဟာ ဂျိုင်းမွှေးတွေကို မကြိုက်ကြဖူးလို့ ဆိုပါတယ်။ဒါ့အပြင် ဘယ်လိုအမွှေးအမျှင်ပဲဖြစ်ဖြစ် ချွေးတွေအောင်းနိုင်လို့ အနံ့အသက်ကိုလည်း ဆိုးစေနိုင်ပါတယ်။

•မလိုလားအပ်တာတွေကို ဖယ်ရှားပစ်ပါ။
ချွေးတွေကိုထုတ်ပေးတဲ့ apocrine ဂလင်းတွေဟာ ဂျိုင်းကြားမှာ အများအပြားရှိနေပါတယ်။အမျိုးသားတွေရဲ့ချွေးမှာ စတီးရွိုက်ဓာတ်တွေ၊အဆီဓာတ်တွေ၊ပရိုတင်းဓာတ်တွေ နဲ့ တခြားဓာတ်ပစ္စည်းတွေ ပါဝင်ပြီး ဒီပစ္စည်းတွေ အားလုံးပေါင်းစပ်ထားတဲ့ ချွေးဟာ သတင်းအချက်အလက်တချို့ကို ပေးနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ဒါ့အပြင် သိပ္ပံပညာရှင်တွေရဲ့ အလိုအရ ဂျိုင်းမွှေးက ကိုယ့်ရဲ့အဖော်ကို ဆွဲဆောင်နိုင်တယ်ဆိုတာ ကျောက်ခေတ်မှာ ကျန်ခဲ့ပြီဖြစ်ပြီး ဒီခေတ်မှာတော့ ဘာမှမဆိုင်တော့ပါဖူးတဲ့။ဆိုတော့ကား ဂျိုင်းမွှေးတွေကို ဘာလို့များ ဆက်ထားနေရဦးမှာလဲ။

•ဘယ်အချိန်မှာ ဂျိုင်းမွှေးရိတ်သင့်သလဲ။
ဂျိုင်းမွှေးရှိတာ သင့်အပြစ်မဟုတ်ပါဖူး။ဒါပေမယ့် အကျီၤမပါတဲ့ အချိန်မှာ သင့်ဂျိုင်းမွှေးတွေကို တို့လို့တန်းလန်းမြင်နေရရင်တော့ သင့်အပြစ်ဖြစ်သွားပါပြီ။သင်ဟာ ဆံပင်ရှည်ထားသူဆိုရင် လက်မြှောက်လိုက်ရင် ဆံပင်နဲ့ ဂျိုင်းမွှေးရောပြီး ခြုံပုတ်ကြီးဖြစ်နေရင် အတော်အကြည့်ရဆိုးပါလိမ့်မယ်။ဂျိုင်းမွှေးကို ငုတ်စိလေးတွေထက် ပိုပြီးရှည်အောင် မထားသင့်ပါဖူး။အရေးကြီးဆုံးက သင့်ဂျိုင်းကြားဟာ ချွေးနံ့နံ မနေသင့်ပါဖူး။အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေတခုခုနဲ့ ငြိနေပြီဆိုရင်တော့ သင့်အနေနဲ့ ဂျိုင်းမွှေးရိတ်သင့်ပါပြီ။

•ကောင်းပြီ။ ဂျိုင်းမွှေးရိတ်မယ်ဆိုရင်ရော ဘယ်လိုရိတ်ရမလဲ။

•ညှပ်ပါ။

ရိတ်ရမှာ ကြောက်နေတယ်ဆိုရင် အရင်ညှပ်ကြည့်ပါ။ကပ်ကြေးသေးသေးလေးတွေကို သုံးပြီး ညှပ်နိုင်ပါတယ်။ဆန္ဒရှိရင် ခပ်တိုတိုလေးတွေ ချန်ထားနိုင်ပါတယ်။ဂျိုင်းမွှေးတိုသွားလေလေ ချွေးထွက်တာ၊အနံ့အသက်မကောင်းတာ နည်းလေပါပဲ။

•ရိတ်ပါ။
တကယ်လို့ ညှပ်ရုံလောက်နဲ့ အဆင်မပြေဖူးလို့ ထင်ရင် ဂျိုင်းမွှေးရိတ်ကြည့်နိုင်ပါတယ်။ဂျိုင်းမွှေးက နည်းနည်းရှည်တယ်ဆိုရင် တိုသွားအောင် အရင်ညှပ်ပါ။ပြီးရင် သင်မုတ်ဆိတ်ရိတ်တဲ့အခါ သုံးတဲ့ shaving cream နဲ့ ဓားကို သုံးပြီး ဂျိုင်းမွှေးရိတ်နိုင်ပါတယ်။သိရမှာက ဒီလိုရိတ်တဲ့အခါ အပေါ်အောက်ပဲ ရိတ်ပါ။ဘေးတိုက်ရိတ်ရင် အနာတရဖြစ်နိုင်သလို ingrown hair လို့ခေါ်တဲ့ ဂျိုင်းမွှေးထပ်ပေါက်လာတဲ့ အခါ အရေပြားအပြင်ကို ထွက်မလာဘဲ အထဲကို ပြောင်းပြန်ပေါက်တာမျိုးတွေ ဖြစ်နိုင်လို့ပါ။တနေရာတည်းကို ကြိမ်ဖန်များစွာ ရိတ်နေတာမျိုးလည်း မလုပ်သင့်ပါဖူး။ဒီလိုလုပ်ရင်လည်း ingrown hair တွေ ဖြစ်လာနိုင်လို့ပါ။ရေချိုးပြီးခါစမှာ ဂျိုင်းမွှေးတွေဟာ ပုံမှန်ထက်နူးညံ့နေလေ့ရှိတာမို့ ဒီအချိန်မှာ ရိတ်မယ်ဆိုရင် ပိုပြီး အဆင်ပြေနိုင်ပါကြောင်း။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top