ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေမာင္ေတာၿမိဳ႕နယ္ ေရတြင္းကြၽန္းေက်းရြာရွိ မီး ေလာင္ကြၽမ္းထားသည့္ ေနအိမ္ တစ္လံုး ေျမေနရာတြင္ ေကာ္ဘူး ႏွစ္ဘူးျဖင့္ ထည့္ထားေသာ က်ည္ဆန္အေတာင့္ ၃၂၀ ကိုနယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္မ်ားကေတြ႕ရွိ၍ သိမ္းဆည္းခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

အဆိုပါ က်ည္ဆန္မ်ားကို ႏိုဝင္ဘာ ၁ ရက္က ေတြ႕ရွိၿပီး ေတြ႕ရွိသည့္ မီးေလာင္ေနရာအိမ္ပိုင္ရွင္၏ အိမ္ေထာင္စုစာရင္းျဖင့္ တိုက္ဆိုင္ စစ္ေဆးကာ ဥပေဒအရအေရး ယူေဆာင္ရြက္ရန္ စီစဥ္ေနေၾကာင္း ငါးခူရနယ္ျခားေစာင့္ ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘မီးေလာင္ျပင္ေတြကို မီး သတ္တပ္ဖြဲ႕ဝင္ေတြက လိုက္ရွင္း ေနသလို မသကၤာဖြယ္ျဖစ္ေနတဲ့ ေနရာ၊ ေျမႀကီးေတြကို ရဲတပ္ဖြဲ႕ ဝင္ေတြက စစ္ေဆးမႈေတြ ျပဳလုပ္ ေနတာပါ’’ဟု အထက္ပါ ရဲအရာ ရွိက ဆိုသည္။

ေရတြင္းကြၽန္းေက်းရြာသည္ ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာႏွင့္ ႏိုဝင္ဘာတြင္ အၾကမ္းဖက္သမား မ်ားႏွင့္ လံုၿခံဳေရးတပ္ဖြဲ႕ဝင္မ်ား အၾကား ျပင္းျပင္းထန္ထန္ တိုက္ ပြဲျဖစ္ပြားခဲ့သည့္ ေက်းရြာျဖစ္ သည္။

ေအာက္တိုဘာ ၃၁ ရက္က လည္း ေမာင္ေတာၿမိဳ႕နယ္ ျမင္း လႊတ္ရြာသစ္ရွိ လူမေနေသာ ဘဂၤါလီတစ္ဦး၏ ေနအိမ္အေနာက္ဘက္ရွိ ေျမႀကီးထဲမွ ဘီေအ-၉၄ လက္နက္တစ္လက္၊ က်ည္အိမ္တစ္ခုႏွင့္ ေျခာက္လံုးျပဴးေသနတ္တစ္လက္ကိုေတြ႕၍ သိမ္းဆည္းခဲ့ သည္။

ယင္းလက္နက္မ်ားသည္ ၾသဂုတ္ ၂၅ ရက္က ျမင္းလႊတ္ နယ္ျခားေစာင့္ရဲစခန္းကိုအၾကမ္းဖက္သမားမ်ား တိုက္ခိုက္စဥ္က လုယူခဲ့သည့္ လက္နက္မ်ားျဖစ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 မောင်တောမြို့နယ် ရေတွင်းကျွန်းကျေးရွာရှိ မီး လောင်ကျွမ်းထားသည့် နေအိမ် တစ်လုံး မြေနေရာတွင် ကော်ဘူး နှစ်ဘူးဖြင့် ထည့်ထားသော ကျည်ဆန်အတောင့် ၃၂၀ ကိုနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကတွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ ကျည်ဆန်များကို နိုဝင်ဘာ ၁ ရက်က တွေ့ရှိပြီး တွေ့ရှိသည့် မီးလောင်နေရာအိမ်ပိုင်ရှင်၏ အိမ်ထောင်စုစာရင်းဖြင့် တိုက်ဆိုင် စစ်ဆေးကာ ဥပဒေအရအရေး ယူဆောင်ရွက်ရန် စီစဉ်နေကြောင်း ငါးခူရနယ်ခြားစောင့် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘မီးလောင်ပြင်တွေကို မီး သတ်တပ်ဖွဲ့ဝင်တွေက လိုက်ရှင်း နေသလို မသင်္ကာဖွယ်ဖြစ်နေတဲ့ နေရာ၊ မြေကြီးတွေကို ရဲတပ်ဖွဲ့ ဝင်တွေက စစ်ဆေးမှုတွေ ပြုလုပ် နေတာပါ’’ဟု အထက်ပါ ရဲအရာ ရှိက ဆိုသည်။

ရေတွင်းကျွန်းကျေးရွာသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အကြမ်းဖက်သမား များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြား ပြင်းပြင်းထန်ထန် တိုက် ပွဲဖြစ်ပွားခဲ့သည့် ကျေးရွာဖြစ် သည်။

အောက်တိုဘာ ၃၁ ရက်က လည်း မောင်တောမြို့နယ် မြင်း လွှတ်ရွာသစ်ရှိ လူမနေသော ဘင်္ဂါလီတစ်ဦး၏ နေအိမ်အနောက်ဘက်ရှိ မြေကြီးထဲမှ ဘီအေ-၉၄ လက်နက်တစ်လက်၊ ကျည်အိမ်တစ်ခုနှင့် ခြောက်လုံးပြူးသေနတ်တစ်လက်ကိုတွေ့၍ သိမ်းဆည်းခဲ့ သည်။

ယင်းလက်နက်များသည် သြဂုတ် ၂၅ ရက်က မြင်းလွှတ် နယ်ခြားစောင့်ရဲစခန်းကိုအကြမ်းဖက်သမားများ တိုက်ခိုက်စဉ်က လုယူခဲ့သည့် လက်နက်များဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top