Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ခႏၶာကိုယ္အလွပအတြက္ရာ က်န္းမာေရးအတြက္ေရာ ကိုယ္လက္ေလ့က်င့္ခန္းလုပ္ရာမွာ လူတိုင္းလူတိုင္း ခံယူခ်က္ကိုယ္စီရွိၾကမယ္ထင္ပါတယ္။ အဲဒီလိုခံယူခ်က္အမွားေတြကို မွ်ေဝေပးသြားမွာျဖစ္ပါတယ္။

၁။ တစ္ေန႔တာလံုးမွာ ေလ့က်င့္ခန္းလုပ္ဖို႔ အေကာင္းဆံုးအခ်ိန္

အမ်ားအားျဖင့္ေတာ့ ေလ့က်င့္ခန္းလုပ္ဖို႔ အေကာင္းဆံုးအခ်ိန္ဟာ မနက္ပိုင္း (သို႔) ညေနပိုင္းလို႔ခံယူထားၾကပါတယ္။ တကယ္ေတာ့ ေန႔စဥ္ပံုမွန္ ကိုယ္လက္ေလ့က်င့္ခန္းလုပ္ေပးဖို႔န႔ဲ မည္သည့္အခ်ိန္မဆို လုပ္ေပးႏိုင္ပါတယ္။ ေလ့က်င့္ခန္းလုပ္ရင္လည္း မိနစ္ ၂၀ (သို႔) ၃၀ ခန္႔အနည္းဆံုးလုပ္ေပးသင့္ပါတယ္။

၂။ ေလ့က်င့္ခန္း အၾကာႀကီးလုပ္ရင္ ပိုေကာင္းတယ္

တခါတေလမွာ ေလ့က်င့္ခန္းလုပ္ပံုမမွန္ရင္လည္း သင့္ကို ဘာမွမထိခိုက္ဘူးလို႔ခံယူထားၾကပါတယ္။ ဒါေပမယ့္ ေလ့က်င့္ခန္းအလြန္အကၽြံလုပ္ေပးတာဟာလည္း သင့္ကို နာက်င္ခိုက္ခဲေစပါတယ္။ ဒီေန႔မွာ နာရီဝက္လုပ္ၿပီး ေနာက္ေန႔ကို ရုတ္တရက္ ၁နာရီ တိုးလုပ္လိုက္မယ့္အစား ဒီေန႔နာရီဝက္၊ ေနာက္ေန႔ ၄၅ မိနစ္ဆိုၿပီး နည္းနည္းဆီတိုးသြားသင့္ပါတယ္။

၃။ ဝမ္းဗိုက္ခ်ပ္ဖို႔ဆို အိပ္ထမတင္ပဲလုပ္ေပးရမယ္

ဝမ္းဗိုက္ခ်ပ္ဖို႔လို႔ေျပာလိုက္ရင္ အိပ္ထမတင္တစ္ခုတည္းနဲ႔ လံုေလာက္မယ္လို႔ ထင္ေနၾကပါတယ္။ အဲဒီလို အိပ္ထမတင္တစ္ခုတည္းလုပ္တာဟာ သင့္ဝမ္းဗိုက္ခ်ပ္ေစဖို႔အတြက္မလံုေလာက္ပါဘူး။ အဲဒီအစား အစားအစာကိုလည္း ဂရုတစိုက္စားေပးဖို႔လိုအပ္ၿပီး တျခားဝမ္းဗိုက္ခ်ပ္ေစတဲ့ ေလ့က်င့္ခန္းေတြကို စုေပါင္းလုပ္ေပးသင့္ပါတယ္။

၄။ ေခၽြးမ်ားမ်ားထြက္ေလ ဝိတ္မ်ားမ်ားက်ေလ

လူေတြအမ်ားအားျဖင့္ ေခၽြးမ်ားမ်ားထြက္ရင္ အဆီမ်ားမ်ားက်မယ္လို႔ ထင္ၾကပါတယ္။ ဒါေပမယ့္ အဲဒီလိုမဟုတ္ပါဘူး။ ေခၽြးထြက္တာဟာ ကိုယ္လက္လႈပ္ရွားမႈေၾကာင့္ ထြက္လာတာျဖစ္ၿပီး ခႏၶာကိုယ္အတြင္း အပူခ်ိန္ပံုမွန္ထိန္းထားႏိုင္ဖို႔ ျဖစ္ပါတယ္။

၅။ အေလးမတာဟာ အမ်ိဳးသမီးေတြကို ၾကြက္သားထြက္ေစတယ္

အဲဒါဟာမဟုတ္ပါဘူး။ ဝိတ္မတာဟာ ၾကြက္သားအတြက္ေကာင္းမြန္သလို ခႏၶာကိုယ္အေပၚပိုင္းအတြက္ေကာင္းမြန္ပါတယ္။ လက္ေမာင္းကအဆီေတြကိုက်ေစၿပီး ေနာက္ေက်ာကိုလည္း ပိုၿပီး လွပေစပါတယ္။ ဒါေပမယ့္ ၾကြက္သားေတြ အဖုလိုက္ အထစ္လိုက္ ထြက္လာေစမွာမဟုတ္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:MyStyle
#Unicode Version#
ခန္ဓာကိုယ်အလှပအတွက်ရာ ကျန်းမာရေးအတွက်ရော ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရာမှာ လူတိုင်းလူတိုင်း ခံယူချက်ကိုယ်စီရှိကြမယ်ထင်ပါတယ်။ အဲဒီလိုခံယူချက်အမှားတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ တစ်နေ့တာလုံးမှာ လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးအချိန်

အများအားဖြင့်တော့ လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးအချိန်ဟာ မနက်ပိုင်း (သို့) ညနေပိုင်းလို့ခံယူထားကြပါတယ်။ တကယ်တော့ နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးဖို့နဲ့ မည်သည့်အချိန်မဆို လုပ်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်လည်း မိနစ် ၂၀ (သို့) ၃၀ ခန့်အနည်းဆုံးလုပ်ပေးသင့်ပါတယ်။

၂။ လေ့ကျင့်ခန်း အကြာကြီးလုပ်ရင် ပိုကောင်းတယ်

တခါတလေမှာ လေ့ကျင့်ခန်းလုပ်ပုံမမှန်ရင်လည်း သင့်ကို ဘာမှမထိခိုက်ဘူးလို့ခံယူထားကြပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းအလွန်အကျွံလုပ်ပေးတာဟာလည်း သင့်ကို နာကျင်ခိုက်ခဲစေပါတယ်။ ဒီနေ့မှာ နာရီဝက်လုပ်ပြီး နောက်နေ့ကို ရုတ်တရက် ၁နာရီ တိုးလုပ်လိုက်မယ့်အစား ဒီနေ့နာရီဝက်၊ နောက်နေ့ ၄၅ မိနစ်ဆိုပြီး နည်းနည်းဆီတိုးသွားသင့်ပါတယ်။

၃။ ဝမ်းဗိုက်ချပ်ဖို့ဆို အိပ်ထမတင်ပဲလုပ်ပေးရမယ်

ဝမ်းဗိုက်ချပ်ဖို့လို့ပြောလိုက်ရင် အိပ်ထမတင်တစ်ခုတည်းနဲ့ လုံလောက်မယ်လို့ ထင်နေကြပါတယ်။ အဲဒီလို အိပ်ထမတင်တစ်ခုတည်းလုပ်တာဟာ သင့်ဝမ်းဗိုက်ချပ်စေဖို့အတွက်မလုံလောက်ပါဘူး။ အဲဒီအစား အစားအစာကိုလည်း ဂရုတစိုက်စားပေးဖို့လိုအပ်ပြီး တခြားဝမ်းဗိုက်ချပ်စေတဲ့ လေ့ကျင့်ခန်းတွေကို စုပေါင်းလုပ်ပေးသင့်ပါတယ်။

၄။ ချွေးများများထွက်လေ ဝိတ်များများကျလေ

လူတွေအများအားဖြင့် ချွေးများများထွက်ရင် အဆီများများကျမယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် အဲဒီလိုမဟုတ်ပါဘူး။ ချွေးထွက်တာဟာ ကိုယ်လက်လှုပ်ရှားမှုကြောင့် ထွက်လာတာဖြစ်ပြီး ခန္ဓာကိုယ်အတွင်း အပူချိန်ပုံမှန်ထိန်းထားနိုင်ဖို့ ဖြစ်ပါတယ်။

၅။ အလေးမတာဟာ အမျိုးသမီးတွေကို ကြွက်သားထွက်စေတယ်

အဲဒါဟာမဟုတ်ပါဘူး။ ဝိတ်မတာဟာ ကြွက်သားအတွက်ကောင်းမွန်သလို ခန္ဓာကိုယ်အပေါ်ပိုင်းအတွက်ကောင်းမွန်ပါတယ်။ လက်မောင်းကအဆီတွေကိုကျစေပြီး နောက်ကျောကိုလည်း ပိုပြီး လှပစေပါတယ်။ ဒါပေမယ့် ကြွက်သားတွေ အဖုလိုက် အထစ်လိုက် ထွက်လာစေမှာမဟုတ်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit:MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top