×





Credit: Duwun
#Unicode Version#
မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ၊ သာသနာညှိုးနွမ်းစေမှုတို့ဖြင့် တောင်ငူအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရတဲ့ သရုပ်ဆောင်ရဲတိုက် ယနေ့ နံနက်မှာ ပြစ်ဒဏ်မှလွတ်မြောက်လာပြီ ဖြစ်ပါတယ်။

ရဲတိုက်ဟာ ရန်ကုန်ကို မွန်းလွဲပိုင်းမှာ ရောက်ရှိမယ်လို့ သိရပါတယ်။ အကျဉ်းထောင်မှ လွတ်မြောက်အပြီး သတင်းထောက်တွေနဲ့ တွေဆုံရာမှာ ပရဟိတအလုပ်၊ အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ်လို့ ရဲတိုက်က ပြောပါတယ်။

နိုင်ငံရေးနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ လိုအပ်တဲ့အချိန်မှာ လုပ်ခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ရဲတိုက်က ပရိသတ်တွေကြား ဂျင်းကောင်ဆိုတဲ့ စကားလုံး ရေပန်းစား ပြောစမှတ်ဖြစ်စေခဲ့အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မြင်မြတ်ကို ချီးကျုးစကားပြောသွားခဲ့ပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top