Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 ေပါင္ၿမိဳ႕နယ္ က်ဳံ ေဟာ္ေက်းရြာတြင္ တရားမ၀င္ ၾကက္၀ိုင္းကိုဖမ္းဆီးရာ အိမ္ရွင္ အပါအ၀င္ ေလာင္းကစားလုပ္သူ ကိုးဦးႏွင့္ ဆုိင္ကယ္အစီး ၆၀ ခန္႔ သိမ္းဆည္းရမိခဲ့ေၾကာင္း သထံုမႈ ခင္းႏွိမ္နင္းေရးဌာနမွ ရဲအုပ္ ေအာင္သူက ေျပာသည္။

ႏို၀င္ဘာ ၁၃ ရက္ ညေနက သတင္းအရ က်ဳံေဟာ္ရြာရွိ ဦး အုန္းသြင္၏ ေနအိမ္ေနာက္ၿခံ၀င္း အတြင္း ေျမကြက္လပ္တြင္ လူ ၁၀၀ ခန္႔ ၾကက္တိုက္ေလာင္း ကစားေနသည္ကို ေတြ႕ရွိသျဖင့္ ဖမ္းဆီးရာ ကိုးဦး ဖမ္းဆီးရမိၿပီး က်န္္လူမ်ား ထြက္ေျပးသျဖင့္ ဆိုင္ကယ္ ၅၈ စီး၊ စက္ဘီး ႏွစ္စီးႏွင့္ တိုက္ၾကက္ ငါးေကာင္သိမ္းဆည္းရမိခဲ့ေၾကာင္း ရဲမွတ္တမ္း၌ ေရးထားသည္။

‘‘ဒီကိစၥကို ကြၽန္ေတာ္က တရားလိုလုပ္ၿပီး အမႈဖြင့္ထား တယ္။ သတင္းရလို႔ ရဲအင္အား ၁၅ ဦးေလာက္နဲ႔ သြားဖမ္းတယ္။  သိမ္းဆည္းထားတဲ့ ဆိုင္ကယ္ပိုင္ ရွင္ေတြကိုေတာ့ ျပန္ေဖာ္ၿပီး ဖမ္း ဆီးဖို႔ ခက္ခဲတယ္။ အရင္က ဖမ္း မိတဲ့ ကိစၥေတြမွာလည္း ပစၥည္းပိုင္ရွင္ေတြကို ျပန္ေဖာ္လို႔ မရဘူး။ အခုသိမ္းဆည္းထားတဲ့ ဆိုင္ကယ္ေတြကို ျပည္သူပိုင္အျဖစ္ ႏုိင္ငံ ေတာ္က သိမ္းသြားမယ္’’ဟု ရဲအုပ္ေအာင္သူက ေျပာသည္။

ယင္းကိစၥႏွင့္ ပတ္သက္၍ ေလာင္းကစားလုပ္သူ ကိုးဦးကို ေလာင္းကစားဥပေဒပုဒ္မ ၁၃ (က)၊ ၁၄ (က)တို႔ျဖင့္ ေပါင္ၿမိဳ႕မ ရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း ရဲအုပ္ေအာင္သူက ဆိုသည္။

ၾကက္၀ိုင္းသို႔ လာၾကည့္ရင္း ဆိုင္ကယ္သိမ္းဆည္းခံရသူတစ္ ဦးက ‘‘မေန႔က အမ်ဳိးသားေန႔ဆို ေတာ့ အထိမ္းအမွတ္အေနနဲ႔ ရြာ မွာ ၾကက္၀ိုင္းရွိတယ္။ ေန႔တိုင္း ေတာ့ မရွိဘူး။ ဒီလိုဖမ္းတာ တစ္ခါမွ မရွိဘူး။ ဖမ္းရင္လည္း ေျပးတာ မ်ားတယ္။ မေန႔ကေတာ့ လာဖမ္း တဲ့အခ်ိန္ ဆိုင္ကယ္ယူဖို႔ေတာင္ မမီဘူး။ ကြၽန္ေတာ္က ေလာင္း ကစားလာလုပ္တဲ့သူမဟုတ္ဘူး။ ၾကက္ပြဲလာၾကည့္တာ ကြၽန္ေတာ့္ဆိုင္ကယ္ေတာ့ ပါသြားတယ္။ ေလာင္းကစားလာလုပ္တာ မ ဟုတ္ဘူး ၾကက္၀ိုင္းလာၾကည့္တာ ပဲဆိုေတာ့ ကိုယ့္ဆိုင္ကယ္ေတာ့ ျပန္လိုခ်င္တယ္’’ဟု ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ပေါင်မြို့နယ် ကျုံ ဟော်ကျေးရွာတွင် တရားမဝင် ကြက်ဝိုင်းကိုဖမ်းဆီးရာ အိမ်ရှင် အပါအဝင် လောင်းကစားလုပ်သူ ကိုးဦးနှင့် ဆိုင်ကယ်အစီး ၆၀ ခန့် သိမ်းဆည်းရမိခဲ့ကြောင်း သထုံမှု ခင်းနှိမ်နင်းရေးဌာနမှ ရဲအုပ် အောင်သူက ပြောသည်။

နိုဝင်ဘာ ၁၃ ရက် ညနေက သတင်းအရ ကျုံဟော်ရွာရှိ ဦး အုန်းသွင်၏ နေအိမ်နောက်ခြံဝင်း အတွင်း မြေကွက်လပ်တွင် လူ ၁၀၀ ခန့် ကြက်တိုက်လောင်း ကစားနေသည်ကို တွေ့ရှိသဖြင့် ဖမ်းဆီးရာ ကိုးဦး ဖမ်းဆီးရမိပြီး ကျန်လူများ ထွက်ပြေးသဖြင့် ဆိုင်ကယ် ၅၈ စီး၊ စက်ဘီး နှစ်စီးနှင့် တိုက်ကြက် ငါးကောင်သိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်း၌ ရေးထားသည်။


‘‘ဒီကိစ္စကို ကျွန်တော်က တရားလိုလုပ်ပြီး အမှုဖွင့်ထား တယ်။ သတင်းရလို့ ရဲအင်အား ၁၅ ဦးလောက်နဲ့ သွားဖမ်းတယ်။  သိမ်းဆည်းထားတဲ့ ဆိုင်ကယ်ပိုင် ရှင်တွေကိုတော့ ပြန်ဖော်ပြီး ဖမ်း ဆီးဖို့ ခက်ခဲတယ်။ အရင်က ဖမ်း မိတဲ့ ကိစ္စတွေမှာလည်း ပစ္စည်းပိုင်ရှင်တွေကို ပြန်ဖော်လို့ မရဘူး။ အခုသိမ်းဆည်းထားတဲ့ ဆိုင်ကယ်တွေကို ပြည်သူပိုင်အဖြစ် နိုင်ငံ တော်က သိမ်းသွားမယ်’’ဟု ရဲအုပ်အောင်သူက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လောင်းကစားလုပ်သူ ကိုးဦးကို လောင်းကစားဥပဒေပုဒ်မ ၁၃ (က)၊ ၁၄ (က)တို့ဖြင့် ပေါင်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရဲအုပ်အောင်သူက ဆိုသည်။

ကြက်ဝိုင်းသို့ လာကြည့်ရင်း ဆိုင်ကယ်သိမ်းဆည်းခံရသူတစ် ဦးက ‘‘မနေ့က အမျိုးသားနေ့ဆို တော့ အထိမ်းအမှတ်အနေနဲ့ ရွာ မှာ ကြက်ဝိုင်းရှိတယ်။ နေ့တိုင်း တော့ မရှိဘူး။ ဒီလိုဖမ်းတာ တစ်ခါမှ မရှိဘူး။ ဖမ်းရင်လည်း ပြေးတာ များတယ်။ မနေ့ကတော့ လာဖမ်း တဲ့အချိန် ဆိုင်ကယ်ယူဖို့တောင် မမီဘူး။ ကျွန်တော်က လောင်း ကစားလာလုပ်တဲ့သူမဟုတ်ဘူး။ ကြက်ပွဲလာကြည့်တာ ကျွန်တော့်ဆိုင်ကယ်တော့ ပါသွားတယ်။ လောင်းကစားလာလုပ်တာ မ ဟုတ်ဘူး ကြက်ဝိုင်းလာကြည့်တာ ပဲဆိုတော့ ကိုယ့်ဆိုင်ကယ်တော့ ပြန်လိုချင်တယ်’’ဟု ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top