Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မိသားစုလိုပါပဲ၊ သူငယ္ခ်င္းဘ၀ဆုိတာလည္း လူတုိင္းကဆုတစ္ဆုအေနနဲ႕ ရထားတဲ့ အင္မတန္ေပ်ာ္စရာေကာင္းတဲ့ ခံစားမႈတစ္ခုပါပဲ။ သူငယ္ခ်င္းတစ္ေယာက္ဟာ ရုတ္တရက္ ကုိယ့္နားက ေပ်ာက္ကြယ္သြားတာမ်ိဳး မရွိႏုိ္င္ဘဲခ်စ္စရာေကာင္းတဲ့ သူငယ္ခ်င္းဘ၀ဆုိတာ ပူးေပါင္းေဆာင္ရြက္မႈေတြ ရွိဖုိ႔လိုပါတယ္။ စိတ္ပညာရွင္မ်ားကေတာ့ လူတစ္ေယာက္ခ်င္းစီမွာအနည္းဆံုးေတာ့ ယံုၾကည္စိတ္ခ်ရၿပီး စိတ္ဓါတ္ေရးရာ တည္ၾကည္မႈရွိတဲ့ သူငယ္ခ်င္းအရင္း(၃)ေယာက္ေလာက္ ရွိေနသင့္ပါတယ္လို႔ ဆုိပါတယ္။ ဒါေပမယ့္လည္း အဲဒီလိုယံုၾကည္စိတ္ခ်ရတဲ့ သူငယ္ခ်င္းမ်ိဳးရဖို႕က တစ္ခ်ိဳ႕အတြက္ေတာ့ ရုိးရွင္းေပမယ့္ တစ္ခ်ိဳ႕အတြက္ေတာ့ ခက္ပါတယ္။ ေအာက္မွာေၿပာၿပထားတဲ့အခ်က္ေတြကေတာ့ အၿပန္အလွန္ေလးစားၿပီးယံုၾကည္ရတဲ့ သူငယ္ခ်င္းမ်ိဳးရေစႏုိင္ဖုိ႕ ကူညီေပးႏုိင္ပါလိမ့္မယ္။

အခ်ိန္ေပးၿပီးဂရုစို္က္ပါ
သူလုပ္တဲ့ကိစၥေတြမွာ အားေပးၿခင္းၿဖင့္ ကုိယ့္ရဲ႕ ဂရုစိုက္မႈကို ၿပသဖို႔ လိုပါတယ္။ သူနဲ႕ အတူတူတစ္ပတ္ကုိသံုးခါေလာက္ အားကစားလုပ္တာတုိ႕၊ ပိတ္ရက္ေတြမွာေကာ္ဖီဆုိင္အတူတူထုိင္တာတုိ႕၊ ကုိယ့္ရဲ႕အိမ္ကိုဖိတ္ၿပီးအင္တာနက္မွာေတြ႕တဲ့ ဟင္းခ်က္နည္းေတြနဲ႕ ဟင္းအတူတူခ်က္စားၾကတာတုိ႕ လုပ္ဖို႔ လိုအပ္ပါတယ္။ ကုိယ္ေတြရဲ႕ ရင္းႏွီးမႈပိုၿပီးခုိင္မာေအာင္ ရက္တုိခရီးထြက္တာမ်ိဳးေတြလည္းလုပ္ႏုိင္ပါတယ္။ အဲဒီနည္းနဲ႕ သူငယ္ခ်င္းေတြဟာကုိယ့္ဘ၀ရဲ႕ အေရးၾကီးတဲ့ အစိတ္အပုိင္းေတြ ၿဖစ္လာပါလိမ့္မယ္။ ဒါေပမယ့္လည္း သူငယ္ခ်င္းဆက္ဆံေရးမွာ တစ္ဖက္သတ္ေတာ့ မဆန္သင့္ပါဘူး။ ဥပမာရုပ္ရွင္အတူသြားၾကည္႕ရင္ သူၾကည္႕ခ်င္တဲ့ကားနဲ႕ ကုိယ္ၾကည္႕ခ်င္တဲ့ကားညွိႏိႈင္းၾကတာမ်ိဳးလုပ္သင့္ပါတယ္။ ဒါမွသာသူ႕အေနနဲ႕ ကုိယ္နဲ႕ေပါင္းသင္းရတာလႊမ္းမိုးခံေနရသလိုမ်ိဳးမခံစားမိေတာ့မွာ ၿဖစ္ပါတယ္။

ဆက္သြယ္ေၿပာဆုိပါ
ကုိယ့္ရဲ႕အေတြးအၿမင္ေတြ၊ ရင္တြင္းခံစားခ်က္ေတြကုိ မွ်ေ၀ဖို႔ ရွက္မေနပါနဲ႕။ တခ်ိဳ႕လူေတြအတြက္ေတာ့ ခက္ခဲေကာင္းခက္ခဲပါလိမ့္မယ္။ ဒါေပမယ့္ အဲဒီလိုလုပ္ၿခင္းကသူငယ္ခ်င္းေတြၾကားရင္းႏွီးမႈကိုခုိင္ၿမဲေစပါတယ္။ အထူးသၿဖင့္ မိန္းကေလးေတြၾကားထဲမွာဆုိရင္ေပါ့။ ကုိယ့္ကုိယ္ကုိယ္ ရုိးသားစြာနဲ႔ အၿမဲတမ္းထုတ္ေဖာ္ၿပသသြားမယ္ဆုိရင္ ကုိယ့္ရဲ႕ ရင္တြင္းခံစားခ်က္ေတြကလည္းအၿမဲလတ္ဆတ္ေနေတာ့မွာပါ။
အဲဒီအၿပင္ သူငယ္ခ်င္းေတြ ရင္ဖြင့္တာကိုနားေထာင္ေပးဖုိ႔လည္းလုိပါတယ္။ သူတို႕ရဲ႕ မ်က္လံုးကုိေသခ်ာၾကည္႕ၿပိးသူတို႕ေၿပာသမွ်ကိုရုိးသားစြာနဲ႕ နားေထာင္ေပးပါ။ တကယ္လို႔ ႏွစ္သိမ့္တာမ်ိဳးမလုပ္တတ္ဘူးဆုိေတာင္ တိတ္ဆိတ္စြာပဲကုိယ့္ရဲ႕ ၾကင္နာသနားမႈကို ၿပသလို႔ရပါတယ္။ မယဥ္ေက်းတဲ့ အၿပဳအမူမ်ိဳးေတြကုိေရွာင္ပါ။ ကုိယ့္အေၾကာင္းစကားေရာက္သြားေအာင္ လမ္းေၾကာင္းေၿပာင္းၾကည္႕ပါ။ ေနာက္ဆံုးအေနနဲ႕ လုပ္ဖုိ႔လိုအပ္တာကေတာ့ခ်စ္သူရည္းစားပတ္သက္မႈလိုမ်ိဳးကုိယ့္ရဲ႕ ခံစားခ်က္နဲ႕ ေလးစားမႈေတြကိုအေကာင္းဆံုးရွင္းရွင္းလင္းလင္းၿပသလိုက္ဖို႔ပါပဲ။ ဥပမာ ငါ မင္းကိုသတိရတယ္၊ မင္းနဲ႕အတူရွိရတဲ့အခ်ိန္ေတြကသိပ္ေပ်ာ္စရာေကာင္းတယ္၊ ငါ့ေဘးမွာအၿမဲရွိေနတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆုိတာမ်ိဳးဆုိၿပီးမက္ေဆ့ပို႔ေပးပါ။ နည္းနည္းေတာ့ ရွက္စရာေကာင္းသလိုရွိေပမယ့္ သူငယ္ခ်င္းကေတာ့ စိတ္ထဲခံစားရမွာအမွန္ပါပဲ။

သူငယ္ခ်င္းကိုေဖးမပါ။ သစၥာရွိပါ။
သူငယ္ခ်င္းကကုိယ့္အကူအညီလိုတုိင္းကူညီေပးပါ။ သူငယ္ခ်င္းရဲ႕ ေအာင္ၿမင္မႈကိုဂုဏ္ၿပဳေပးတာကလည္းသူတို႕ကုိပိုၿပီးေပ်ာ္ရႊင္ေစပါတယ္။ သူငယ္ခ်င္းရဲ႕ ေအာင္ၿမင္မႈအေပၚ ကိုယ္ကေၾကာက္လန္႕ မိတာမ်ိဳး ၿဖစ္တတ္ပါတယ္။ မနာလိုၿဖစ္ေနမယ့္အစားသူငယ္ခ်င္းရဲ႕ ေအာင္ၿမင္မႈကို မွ်ေ၀ခံစားႏုိင္ဖုိ႔ အေကာင္းဆံုး ၾကိဳးစားအားထုတ္လိုက္ပါ။ ေနာက္တစ္ခုအေရးၾကီးတာကေတာ့ သူငယ္ခ်င္းကိုသူမ်ားေတြရဲ႕ေရွ႕မွာအၿမဲတမ္းကာကြယ္ေပးဖုိ႔ပါ။ သူငယ္ခ်င္းကိုယ္တုိင္ကရွိမေနတဲ့အခ်ိန္မွာေတာင္မွ သုူ႕အေၾကာင္းေတြ လွ်ိဳ႕၀ွက္ထားေပးတာ၊ ေနာက္ကြယ္မွာမေကာင္းမေၿပာတာ၊ ခ်စ္ေၾကာင္းခင္ေၾကာင္းေၿပာေနတာမ်ိဳးေတြ လုပ္ေပးဖုိ႔ လိုပါတယ္။

တင္းတင္းၾကပ္ၾကပ္ ဖက္ေပးပါ
ဒီလိုၿပဳလုပ္ဖုိ႕ နာမည္ေက်ာ္ မဂၢဇင္းေတြ၊ ၀က္ဘ္ဆုိက္ေတြကေတာ့ တက္ၾကြစြာပဲတုိက္တြန္းထားပါတယ္။ အဲဒီလိုဖက္ၿခင္းကကုိယ့္ကုိေပ်ာ္ရႊင္ေစတယ္၊ က်န္းမာေစတယ္၊ တစ္ေယာက္နဲ႕တစ္ေယာက္ ရင္းႏွီးေစတယ္လို႔ ဆုိပါတယ္။ ရိုးသားခင္မင္စြာဖက္ၿခင္းနဲ႕ ပတ္သက္တဲ့ ေကာင္းက်ိဳးေတြကိုသုေတသနလုပ္ထားတာရွိပါတယ္။ ပထမလူအုပ္စု ၄ပတ္အတြင္း တစ္ေန႕ကုိ ၅ၾကိမ္အနည္းဆံုး ဖက္တာၿဖစ္ၿဖစ္ အဖက္ခံတာၿဖစ္ၿဖစ္ လုပ္ရပါတယ္၊ ၿပီးတဲ့အခါ အဲဒါေတြကုိအေသးစိတ္မွတ္တမ္းတင္ထားရပါတယ္။ သူငယ္ခ်င္း၊ မိသားစု၀င္ေတြနဲ႕ပဲ ဖက္ရမွာၿဖစ္ၿပီးခ်စ္သူေတြ၊ သူစိမ္းေတြနဲ႕ တရင္းတႏွီးဖက္လို႔မရပါဘူး။ အခ်ိန္၊ တင္းၾကပ္မႈနဲ႕ လက္အေနအထားတုိ႕ကအေရးၾကီးပါတယ္။ ဒုတိယလူအုပ္စုကေတာ့ ဒီ၄ပတ္အတြင္း စာဖတ္တဲ့အခ်ိန္ေတြကုိသာမွတ္တမ္းတင္ထားရမွာ ၿဖစ္ပါတယ္။

ရလဒ္ကေတာ့ ဖက္တာ၊ ဒါမွမဟုတ္ အဖက္ခံထားရတဲ့ လူအုပ္စု ၄၉ၾကိမ္ဖက္ၿခင္းနဲ႕ ၾကံဳေတြ႕ၿပီးတဲ့ေနာက္မွာပိုၿပီးေပ်ာ္ရြင္လာၾကတာကိုေတြ႕ရၿပီးဒုတိယလူအုပ္စုကေတာ့ ဘာမွထူးၿခားမေနတာကိုေတြ႕ရပါတယ္။
အႏွစ္ခ်ဳပ္အေနနဲ႕ ဖက္ၿခင္းဟာကုိယ္နဲ႕ ကုိယ့္ပတ္၀န္းက်င္က လူေတြကိုပိုၿပီးရင္းႏွီးေစတဲ့ အၿပဳအမူတစ္ခု ၿဖစ္ပါတယ္။ စမ္းသပ္မႈစစခ်င္းမွာတခ်ိဳ႕ေသာေက်ာင္းသားေတြဟာဖက္ရတာကိုစိတ္မသက္မသာ ၿဖစ္ေနၾကပါတယ္။ ဒါေပမယ့္ ေနာက္ဆံုးမွာေတာ့ စိတ္လက္ေပါ့ပါးစြာ ၿပဳလုပ္လာႏုိင္ၾကပါတယ္။ ဒါေၾကာင့္ ကုိယ့္သူငယ္ခ်င္း၊ ဒါမွမဟုတ္ ကုိယ္ သူငယ္ခ်င္း ၿဖစ္ခ်င္တဲ့သူကို ၾကိဳးစားၿပိးဖက္ၾကည္႕ပါ။ အဲဒီလိုဖက္ၿခင္းဟာစိတ္ဖိစီးမႈေတြကိုေလ်ာ့ေစရံုသာမကသူတုိ႕နဲ႕လည္းပိုၿပီးရင္းႏီွးလာေစမွာ ၿဖစ္ပါတယ္။

မွန္မွန္ေနထုိင္ပါ။ ကြဲၿပားစြာေတြးေတာပါ။ ပုိၿပီးခ်စ္ပါ။ ေနာက္ၿပီးလူေတြကုိစိတ္ရင္းနဲ႕ဆက္ဆံပါ။ ဒါေတြကေတာ့ သူငယ္ခ်င္းေကာင္းေတြ ရေစၿပီးသူတို႕နဲ႕အတူကုိယ့္ဘ၀ရဲ႕ ေပ်ာ္ရႊင္မႈ၊ ၀မ္းနည္းမႈေတြကို အတူေ၀မွ်သြားႏုိင္မယ့္ နည္းလမ္းေကာင္းေတြပဲ ၿဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
မိသားစုလိုပါပဲ၊ သူငယ်ချင်းဘဝဆိုတာလည်း လူတိုင်းကဆုတစ်ဆုအနေနဲ့ ရထားတဲ့ အင်မတန်ပျော်စရာကောင်းတဲ့ ခံစားမှုတစ်ခုပါပဲ။ သူငယ်ချင်းတစ်ယောက်ဟာ ရုတ်တရက် ကိုယ့်နားက ပျောက်ကွယ်သွားတာမျိုး မရှိနိုင်ဘဲချစ်စရာကောင်းတဲ့ သူငယ်ချင်းဘဝဆိုတာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိဖို့လိုပါတယ်။ စိတ်ပညာရှင်များကတော့ လူတစ်ယောက်ချင်းစီမှာအနည်းဆုံးတော့ ယုံကြည်စိတ်ချရပြီး စိတ်ဓါတ်ရေးရာ တည်ကြည်မှုရှိတဲ့ သူငယ်ချင်းအရင်း(၃)ယောက်လောက် ရှိနေသင့်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အဲဒီလိုယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းမျိုးရဖို့က တစ်ချို့အတွက်တော့ ရိုးရှင်းပေမယ့် တစ်ချို့အတွက်တော့ ခက်ပါတယ်။ အောက်မှာပြောပြထားတဲ့အချက်တွေကတော့ အပြန်အလှန်လေးစားပြီးယုံကြည်ရတဲ့ သူငယ်ချင်းမျိုးရစေနိုင်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။

အချိန်ပေးပြီးဂရုစိုက်ပါ
သူလုပ်တဲ့ကိစ္စတွေမှာ အားပေးခြင်းဖြင့် ကိုယ့်ရဲ့ ဂရုစိုက်မှုကို ပြသဖို့ လိုပါတယ်။ သူနဲ့ အတူတူတစ်ပတ်ကိုသုံးခါလောက် အားကစားလုပ်တာတို့၊ ပိတ်ရက်တွေမှာကော်ဖီဆိုင်အတူတူထိုင်တာတို့၊ ကိုယ့်ရဲ့အိမ်ကိုဖိတ်ပြီးအင်တာနက်မှာတွေ့တဲ့ ဟင်းချက်နည်းတွေနဲ့ ဟင်းအတူတူချက်စားကြတာတို့ လုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ်တွေရဲ့ ရင်းနှီးမှုပိုပြီးခိုင်မာအောင် ရက်တိုခရီးထွက်တာမျိုးတွေလည်းလုပ်နိုင်ပါတယ်။ အဲဒီနည်းနဲ့ သူငယ်ချင်းတွေဟာကိုယ့်ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့်လည်း သူငယ်ချင်းဆက်ဆံရေးမှာ တစ်ဖက်သတ်တော့ မဆန်သင့်ပါဘူး။ ဥပမာရုပ်ရှင်အတူသွားကြည့်ရင် သူကြည့်ချင်တဲ့ကားနဲ့ ကိုယ်ကြည့်ချင်တဲ့ကားညှိနှိုင်းကြတာမျိုးလုပ်သင့်ပါတယ်။ ဒါမှသာသူ့အနေနဲ့ ကိုယ်နဲ့ပေါင်းသင်းရတာလွှမ်းမိုးခံနေရသလိုမျိုးမခံစားမိတော့မှာ ဖြစ်ပါတယ်။

ဆက်သွယ်ပြောဆိုပါ
ကိုယ့်ရဲ့အတွေးအမြင်တွေ၊ ရင်တွင်းခံစားချက်တွေကို မျှဝေဖို့ ရှက်မနေပါနဲ့။ တချို့လူတွေအတွက်တော့ ခက်ခဲကောင်းခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလိုလုပ်ခြင်းကသူငယ်ချင်းတွေကြားရင်းနှီးမှုကိုခိုင်မြဲစေပါတယ်။ အထူးသဖြင့် မိန်းကလေးတွေကြားထဲမှာဆိုရင်ပေါ့။ ကိုယ့်ကိုယ်ကိုယ် ရိုးသားစွာနဲ့ အမြဲတမ်းထုတ်ဖော်ပြသသွားမယ်ဆိုရင် ကိုယ့်ရဲ့ ရင်တွင်းခံစားချက်တွေကလည်းအမြဲလတ်ဆတ်နေတော့မှာပါ။
အဲဒီအပြင် သူငယ်ချင်းတွေ ရင်ဖွင့်တာကိုနားထောင်ပေးဖို့လည်းလိုပါတယ်။ သူတို့ရဲ့ မျက်လုံးကိုသေချာကြည့်ပြိးသူတို့ပြောသမျှကိုရိုးသားစွာနဲ့ နားထောင်ပေးပါ။ တကယ်လို့ နှစ်သိမ့်တာမျိုးမလုပ်တတ်ဘူးဆိုတောင် တိတ်ဆိတ်စွာပဲကိုယ့်ရဲ့ ကြင်နာသနားမှုကို ပြသလို့ရပါတယ်။ မယဉ်ကျေးတဲ့ အပြုအမူမျိုးတွေကိုရှောင်ပါ။ ကိုယ့်အကြောင်းစကားရောက်သွားအောင် လမ်းကြောင်းပြောင်းကြည့်ပါ။ နောက်ဆုံးအနေနဲ့ လုပ်ဖို့လိုအပ်တာကတော့ချစ်သူရည်းစားပတ်သက်မှုလိုမျိုးကိုယ့်ရဲ့ ခံစားချက်နဲ့ လေးစားမှုတွေကိုအကောင်းဆုံးရှင်းရှင်းလင်းလင်းပြသလိုက်ဖို့ပါပဲ။ ဥပမာ ငါ မင်းကိုသတိရတယ်၊ မင်းနဲ့အတူရှိရတဲ့အချိန်တွေကသိပ်ပျော်စရာကောင်းတယ်၊ ငါ့ဘေးမှာအမြဲရှိနေတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆိုတာမျိုးဆိုပြီးမက်ဆေ့ပို့ပေးပါ။ နည်းနည်းတော့ ရှက်စရာကောင်းသလိုရှိပေမယ့် သူငယ်ချင်းကတော့ စိတ်ထဲခံစားရမှာအမှန်ပါပဲ။

သူငယ်ချင်းကိုဖေးမပါ။ သစ္စာရှိပါ။
သူငယ်ချင်းကကိုယ့်အကူအညီလိုတိုင်းကူညီပေးပါ။ သူငယ်ချင်းရဲ့ အောင်မြင်မှုကိုဂုဏ်ပြုပေးတာကလည်းသူတို့ကိုပိုပြီးပျော်ရွှင်စေပါတယ်။ သူငယ်ချင်းရဲ့ အောင်မြင်မှုအပေါ် ကိုယ်ကကြောက်လန့် မိတာမျိုး ဖြစ်တတ်ပါတယ်။ မနာလိုဖြစ်နေမယ့်အစားသူငယ်ချင်းရဲ့ အောင်မြင်မှုကို မျှဝေခံစားနိုင်ဖို့ အကောင်းဆုံး ကြိုးစားအားထုတ်လိုက်ပါ။ နောက်တစ်ခုအရေးကြီးတာကတော့ သူငယ်ချင်းကိုသူများတွေရဲ့ရှေ့မှာအမြဲတမ်းကာကွယ်ပေးဖို့ပါ။ သူငယ်ချင်းကိုယ်တိုင်ကရှိမနေတဲ့အချိန်မှာတောင်မှ သုူ့အကြောင်းတွေ လျှို့ဝှက်ထားပေးတာ၊ နောက်ကွယ်မှာမကောင်းမပြောတာ၊ ချစ်ကြောင်းခင်ကြောင်းပြောနေတာမျိုးတွေ လုပ်ပေးဖို့ လိုပါတယ်။

တင်းတင်းကြပ်ကြပ် ဖက်ပေးပါ
ဒီလိုပြုလုပ်ဖို့ နာမည်ကျော် မဂ္ဂဇင်းတွေ၊ ဝက်ဘ်ဆိုက်တွေကတော့ တက်ကြွစွာပဲတိုက်တွန်းထားပါတယ်။ အဲဒီလိုဖက်ခြင်းကကိုယ့်ကိုပျော်ရွှင်စေတယ်၊ ကျန်းမာစေတယ်၊ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးစေတယ်လို့ ဆိုပါတယ်။ ရိုးသားခင်မင်စွာဖက်ခြင်းနဲ့ ပတ်သက်တဲ့ ကောင်းကျိုးတွေကိုသုတေသနလုပ်ထားတာရှိပါတယ်။ ပထမလူအုပ်စု ၄ပတ်အတွင်း တစ်နေ့ကို ၅ကြိမ်အနည်းဆုံး ဖက်တာဖြစ်ဖြစ် အဖက်ခံတာဖြစ်ဖြစ် လုပ်ရပါတယ်၊ ပြီးတဲ့အခါ အဲဒါတွေကိုအသေးစိတ်မှတ်တမ်းတင်ထားရပါတယ်။ သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ပဲ ဖက်ရမှာဖြစ်ပြီးချစ်သူတွေ၊ သူစိမ်းတွေနဲ့ တရင်းတနှီးဖက်လို့မရပါဘူး။ အချိန်၊ တင်းကြပ်မှုနဲ့ လက်အနေအထားတို့ကအရေးကြီးပါတယ်။ ဒုတိယလူအုပ်စုကတော့ ဒီ၄ပတ်အတွင်း စာဖတ်တဲ့အချိန်တွေကိုသာမှတ်တမ်းတင်ထားရမှာ ဖြစ်ပါတယ်။

ရလဒ်ကတော့ ဖက်တာ၊ ဒါမှမဟုတ် အဖက်ခံထားရတဲ့ လူအုပ်စု ၄၉ကြိမ်ဖက်ခြင်းနဲ့ ကြုံတွေ့ပြီးတဲ့နောက်မှာပိုပြီးပျော်ရွင်လာကြတာကိုတွေ့ရပြီးဒုတိယလူအုပ်စုကတော့ ဘာမှထူးခြားမနေတာကိုတွေ့ရပါတယ်။
အနှစ်ချုပ်အနေနဲ့ ဖက်ခြင်းဟာကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုပိုပြီးရင်းနှီးစေတဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ်။ စမ်းသပ်မှုစစချင်းမှာတချို့သောကျောင်းသားတွေဟာဖက်ရတာကိုစိတ်မသက်မသာ ဖြစ်နေကြပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ စိတ်လက်ပေါ့ပါးစွာ ပြုလုပ်လာနိုင်ကြပါတယ်။ ဒါကြောင့် ကိုယ့်သူငယ်ချင်း၊ ဒါမှမဟုတ် ကိုယ် သူငယ်ချင်း ဖြစ်ချင်တဲ့သူကို ကြိုးစားပြိးဖက်ကြည့်ပါ။ အဲဒီလိုဖက်ခြင်းဟာစိတ်ဖိစီးမှုတွေကိုလျော့စေရုံသာမကသူတို့နဲ့လည်းပိုပြီးရင်းနှီးလာစေမှာ ဖြစ်ပါတယ်။

မှန်မှန်နေထိုင်ပါ။ ကွဲပြားစွာတွေးတောပါ။ ပိုပြီးချစ်ပါ။ နောက်ပြီးလူတွေကိုစိတ်ရင်းနဲ့ဆက်ဆံပါ။ ဒါတွေကတော့ သူငယ်ချင်းကောင်းတွေ ရစေပြီးသူတို့နဲ့အတူကိုယ့်ဘဝရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို အတူဝေမျှသွားနိုင်မယ့် နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top