ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ပုဂံေဒသ ေရႊစည္းခံု ေစတီရိွ ဘုရင့္ေနာင္မင္းတရား ႀကီး၏ ေခါင္းေလာင္းစာကုိ ယူ နက္စကုိက ကမၻာ့မွတ္တမ္းအေမြ အႏွစ္ (Memory of the World) အျဖစ္ အတည္ျပဳသတ္မွတ္ ေၾကာင္း သာသနာေရးႏွင့္ ယဥ္ ေက်းမႈဝန္ႀကီးဌာနက ေအာက္တို ဘာ ၃၁ ရက္တြင္ သတင္းထုတ္ ျပန္သည္။

‘‘ဒါက ဘုရင့္ေနာင္မင္းတ ရားႀကီးရဲ႕ အတၳဳပၸတိၱလို႔လည္း  ေျပာလုိ႔ရတယ္။ သူက ျမန္မာႏုိင္ငံကုိ ဒုတိယအႀကိမ္ ျပန္လည္ တည္ေထာင္ခဲ့တဲ့ မင္းတစ္ပါး လည္းျဖစ္တယ္။ သူ႕ရဲ႕ လုပ္ ေဆာင္ခ်က္ကုိ ေခါင္းေလာင္းႀကီး မွာ မွတ္တမ္းတင္ထားတဲ့အ တြက္ ကုိယ့္ႏုိင္ငံရဲ႕ အမ်ိဳးသား ယဥ္ေက်းမႈကုိ ကမၻာ့မွတ္တမ္း အေမြအႏွစ္အထိ အသိအမွတ္ျပဳ ခံရတာျဖစ္ပါတယ္’’ဟု ေရွး ေဟာင္း သုေတသနႏွင့္ အမ်ိဳးသားျပတုိက္ဦးစီးဌာန  ဒုတိယၫႊန္ ၾကားေရးမွဴးခ်ဳပ္ ဦးသိန္းလြင္ကေျပာသည္။

ေရႊစည္းခံုေစတီရင္ျပင္ ေတာ္ရိွ ဘုရင့္ေနာင္ေခါင္း ေလာင္းႀကီးမွာ ျမန္မာသကၠရာဇ္ ၉၁၇ (ေအဒီ ၁၅၅၇) တြင္ ဆင္ျဖဴရွင္ဘုရင့္ေနာင္မင္းတရားႀကီးက သြန္းလုပ္၍ ခ်ိတ္ဆဲြလွဴဒါန္းခဲ့ ၿပီး ေခါင္းေလာင္းေပၚတြင္ မြန္၊ ျမန္မာ၊ ပါဠိ သံုးဘာသာျဖင့္ ေရးထုိးထားကာ ဘုရင့္ေနာင္၏ တုိက္ခိုက္ေအာင္ျမင္ရာ ေဒသႏွင့္ သာသနာျပဳပံုမ်ားကုိ ရက္စဲြမ်ား ျဖင့္ အတိအက်ေဖာ္ျပမွတ္တမ္း တင္ထားသည္။

ေအာက္တိုဘာ ၂၄ ရက္မွ ၂၇ ရက္အထိ က်င္းပေသာ ကမၻာ့မွတ္တမ္းအေမြအႏွစ္မ်ား အတြက္ အျပည္ျပည္ဆုိင္ရာ အ ႀကံေပးေကာ္မတီအစည္းအေဝး တြင္ ကမၻာ့ႏုိင္ငံအသီးသီးမွ မွတ္

တမ္းအေမြအႏွစ္ ၁၃၀ ကုိ အဆုိျပဳတင္သြင္းရာတြင္ ျမန္မာႏုိင္ငံမွ ေရႊစည္းခံုေစတီရိွ အေလာင္း မင္းတရားႀကီး  ေခါင္းေလာင္းစာ အပါအဝင္ မွတ္တမ္း အေမြအႏွစ္၇၈ ခုကုိ ကမၻာ့မွတ္တမ္းအေမြအ ႏွစ္အျဖစ္ သတ္မွတ္ခဲ့သည္။

ျမန္မာႏုိင္ငံသည္ မႏၲေလး ရိွ မဟာေလာကမာရဇိန္ကုသုိလ္ေတာ္ဘုရားေက်ာက္စာမ်ားအား ၂၀၁၂ မတ္လက ပထမဆံုးအ ႀကိမ္ ကမၻာ့မွတ္တမ္းအေမြအႏွစ္ အျဖစ္ တင္သြင္းရာ ၂၀၁၃ ဇြန္လတြင္ ယူနက္စကုိ (ကုလသမဂၢ ပညာေရး၊ သိပၸံႏွင့္ ယဥ္ေက်းမႈအ ဖြဲ႕ -UNESCO)က ကမၻာ့မွတ္ တမ္းအေမြအႏွစ္အျဖစ္ သတ္မွတ္ခဲ့သည္။

ဆက္လက္၍ ၂၀၁၄ မတ္ လတြင္ ပုဂံရိွ ျမေစတီ (ရာဇကု မာရ္)ေက်ာက္စာအား တင္သြင္း ခဲ့ရာ ၂၀၁၅ ဇြန္လတြင္ ရာဇကု မာရ္ေက်ာက္စာအျပင္  ဂ်ာမနီ ႏုိင္ငံမွ ျမန္မာႏုိင္ငံႏွင့္ ပူးတဲြတင္ သြင္းေသာ အေလာင္းဘုရားက ၿဗိတိန္ဘုရင္ေဂ်ာ့-၂ ထံေပးပို႔ခဲ့ သည့္ ေရႊျပားေပၚတြင္ ေရးသား ထားေသာ ေရႊေပလႊာတုိ႔ကုိလည္း ကမၻာ့မွတ္တမ္းအေမြအႏွစ္အ ျဖစ္ သတ္မွတ္ေၾကာင္း ေၾကညာ ခဲ့သည္။

ကမၻာ့မွတ္တမ္း အေမြအ ႏွစ္ (Memory of the World)  ဆို သည္မွာ  ျပတိုက္ႏွင့္ ေမာ္ကြန္း တုိက္ဆုိင္ရာ စုေဆာင္းမႈမ်ားျဖစ္ ေသာ ေက်ာက္စာ၊ လက္ေရးစာ မ်ား၊ တန္ဖိုးမျဖတ္ႏုိင္ေသာ စာ အုပ္မ်ား၊ သတင္းစာမ်ား၊ ဓာတ္ ပံုႏွင့္ ပန္းခ်ီကားမ်ား၊ ဖလင္မ်ား၊ အသံႏွင့္ ဗီဒီယိုေခြမ်ား၊ စီဒီ၊ အ သံမွတ္တမ္းမ်ား၊ စာရြက္စာတမ္း အေထာက္အထားမ်ား စသည္တို႔ ကို သတ္မွတ္ျခင္းျဖစ္ၿပီး ကမၻာ့ အေမြအႏွစ္ (World Heritage) အဆင့္မ်ဳိးမဟုတ္ဘဲ မွတ္တမ္း မ်ားကိုသာ အဓိကထားသတ္ မွတ္ျခင္းျဖစ္သည္။

ယူနက္စကုိသည္ ကမၻာ့ ႏုိင္ငံအသီးသီးရိွ မွတ္တမ္းအေမြ အႏွစ္မ်ားအား ကမၻာ့မွတ္တမ္း အေမြအႏွစ္မ်ား စာရင္းအျဖစ္ သတ္မွတ္ႏုိင္ရန္ ၁၉၉၂ တြင္ စတင္အေကာင္အထည္ေဖာ္ခဲ့ၿပီး ၁၉၉၇ မွစ၍ ၂ ႏွစ္တစ္ႀကိမ္ ေရြးခ်ယ္ခဲ့ရာ ယခု ၂၀၁၇ အထိ ကမၻာတစ္ဝန္းမွ မွတ္တမ္းအေမြအႏွစ္ ေပါင္း ၄၂၆ ခုအထိ သတ္မွတ္ခဲ့ ၿပီးျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ပုဂံဒေသ ရွှေစည်းခုံ စေတီရှိ ဘုရင့်နောင်မင်းတရား ကြီး၏ ခေါင်းလောင်းစာကို ယူ နက်စကိုက ကမ္ဘာ့မှတ်တမ်းအမွေ အနှစ် (Memory of the World) အဖြစ် အတည်ပြုသတ်မှတ် ကြောင်း သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာနက အောက်တို ဘာ ၃၁ ရက်တွင် သတင်းထုတ် ပြန်သည်။

‘‘ဒါက ဘုရင့်နောင်မင်းတ ရားကြီးရဲ့ အတ္ထုပ္ပတ္တိလို့လည်း  ပြောလို့ရတယ်။ သူက မြန်မာနိုင်ငံကို ဒုတိယအကြိမ် ပြန်လည် တည်ထောင်ခဲ့တဲ့ မင်းတစ်ပါး လည်းဖြစ်တယ်။ သူ့ရဲ့ လုပ် ဆောင်ချက်ကို ခေါင်းလောင်းကြီး မှာ မှတ်တမ်းတင်ထားတဲ့အ တွက် ကိုယ့်နိုင်ငံရဲ့ အမျိုးသား ယဉ်ကျေးမှုကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အထိ အသိအမှတ်ပြု ခံရတာဖြစ်ပါတယ်’’ဟု ရှေး ဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန  ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးသိန်းလွင်ကပြောသည်။

ရွှေစည်းခုံစေတီရင်ပြင် တော်ရှိ ဘုရင့်နောင်ခေါင်း လောင်းကြီးမှာ မြန်မာသက္ကရာဇ် ၉၁၇ (အေဒီ ၁၅၅၇) တွင် ဆင်ဖြူရှင်ဘုရင့်နောင်မင်းတရားကြီးက သွန်းလုပ်၍ ချိတ်ဆွဲလှူဒါန်းခဲ့ ပြီး ခေါင်းလောင်းပေါ်တွင် မွန်၊ မြန်မာ၊ ပါဠိ သုံးဘာသာဖြင့် ရေးထိုးထားကာ ဘုရင့်နောင်၏ တိုက်ခိုက်အောင်မြင်ရာ ဒေသနှင့် သာသနာပြုပုံများကို ရက်စွဲများ ဖြင့် အတိအကျဖော်ပြမှတ်တမ်း တင်ထားသည်။

အောက်တိုဘာ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပသော ကမ္ဘာ့မှတ်တမ်းအမွေအနှစ်များ အတွက် အပြည်ပြည်ဆိုင်ရာ အ ကြံပေးကော်မတီအစည်းအဝေး တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ မှတ်

တမ်းအမွေအနှစ် ၁၃၀ ကို အဆိုပြုတင်သွင်းရာတွင် မြန်မာနိုင်ငံမှ ရွှေစည်းခုံစေတီရှိ အလောင်း မင်းတရားကြီး  ခေါင်းလောင်းစာ အပါအဝင် မှတ်တမ်း အမွေအနှစ်၇၈ ခုကို ကမ္ဘာ့မှတ်တမ်းအမွေအ နှစ်အဖြစ် သတ်မှတ်ခဲ့သည်။

မြန်မာနိုင်ငံသည် မန္တလေး ရှိ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားကျောက်စာများအား ၂၀၁၂ မတ်လက ပထမဆုံးအ ကြိမ် ကမ္ဘာ့မှတ်တမ်းအမွေအနှစ် အဖြစ် တင်သွင်းရာ ၂၀၁၃ ဇွန်လတွင် ယူနက်စကို (ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအ ဖွဲ့ -UNESCO)က ကမ္ဘာ့မှတ် တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့သည်။

ဆက်လက်၍ ၂၀၁၄ မတ် လတွင် ပုဂံရှိ မြစေတီ (ရာဇကု မာရ်)ကျောက်စာအား တင်သွင်း ခဲ့ရာ ၂၀၁၅ ဇွန်လတွင် ရာဇကု မာရ်ကျောက်စာအပြင်  ဂျာမနီ နိုင်ငံမှ မြန်မာနိုင်ငံနှင့် ပူးတွဲတင် သွင်းသော အလောင်းဘုရားက ဗြိတိန်ဘုရင်ဂျော့-၂ ထံပေးပို့ခဲ့ သည့် ရွှေပြားပေါ်တွင် ရေးသား ထားသော ရွှေပေလွှာတို့ကိုလည်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အ ဖြစ် သတ်မှတ်ကြောင်း ကြေညာ ခဲ့သည်။

ကမ္ဘာ့မှတ်တမ်း အမွေအ နှစ် (Memory of the World)  ဆို သည်မှာ  ပြတိုက်နှင့် မော်ကွန်း တိုက်ဆိုင်ရာ စုဆောင်းမှုများဖြစ် သော ကျောက်စာ၊ လက်ရေးစာ များ၊ တန်ဖိုးမဖြတ်နိုင်သော စာ အုပ်များ၊ သတင်းစာများ၊ ဓာတ် ပုံနှင့် ပန်းချီကားများ၊ ဖလင်များ၊ အသံနှင့် ဗီဒီယိုခွေများ၊ စီဒီ၊ အ သံမှတ်တမ်းများ၊ စာရွက်စာတမ်း အထောက်အထားများ စသည်တို့ ကို သတ်မှတ်ခြင်းဖြစ်ပြီး ကမ္ဘာ့ အမွေအနှစ် (World Heritage) အဆင့်မျိုးမဟုတ်ဘဲ မှတ်တမ်း များကိုသာ အဓိကထားသတ် မှတ်ခြင်းဖြစ်သည်။

ယူနက်စကိုသည် ကမ္ဘာ့ နိုင်ငံအသီးသီးရှိ မှတ်တမ်းအမွေ အနှစ်များအား ကမ္ဘာ့မှတ်တမ်း အမွေအနှစ်များ စာရင်းအဖြစ် သတ်မှတ်နိုင်ရန် ၁၉၉၂ တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ၁၉၉၇ မှစ၍ ၂ နှစ်တစ်ကြိမ် ရွေးချယ်ခဲ့ရာ ယခု ၂၀၁၇ အထိ ကမ္ဘာတစ်ဝန်းမှ မှတ်တမ်းအမွေအနှစ် ပေါင်း ၄၂၆ ခုအထိ သတ်မှတ်ခဲ့ ပြီးဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top