Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လွဴတယ္ဆိုတာ အျပန္အလွန္မ်ဳိးမျဖစ္ေစရဘူး။ ပူေဇာ္တယ္။ ခ်ီးေျမွာက္တယ္လို႔ႏွစ္မ်ဳိးရွိတယ္။ ပူေဇာ္တယ္ဆိုတာ ကိုယ့္ထက္ ျမင့္ျမတ္တဲ့ ပုဂၢဳိလ္၊ သီလ သမာဓိနဲ ႔ျပည့္စံုတဲ့ပုဂၢဳိလ္ေတြကို ေက်ာင္း ေဆာက္ၿပီးေတာ့ ပူေဇာ္တယ္ သို႔မဟုတ္ သကၤန္း နဲ႔ ပူေဇာ္တယ္။ သူ႔ရဲ႕သီလဂုဏ္ သမာဓိဂုဏ္ ပညာ ဂုဏ္ေတြကိုပူေဇာ္တယ္။ဒါပူေဇာ္တာ။ေအး၊လိုအပ္ ေနတဲ့ ပုဂၢဳိလ္ကိုက်ေတာ့ခ်ီးေျမွာက္တယ္။ ဘာနဲ႔ခ်ီး ေျမွာက္လဲ၊ ေအး၊သူစားစရာမရွိဘူး။စားစရာ ေပး လိုက္တယ္။ ေနစရာမရွိဘူးေနစရာေပးလိုက္တယ္။ ၀တ္စရာမရွိဘူး။ အ၀တ္ကေလးေပးလိုက္တယ္။ ဒါခ်ီးေျမွာက္တာ။ အဲဒီ ခ်ီးေျမွာက္မႈေတြဟာလွဴသူ အတြက္မျဖစ္ေစရဘူး။ ယူသူအတြက္ ျဖစ္ေစရမယ္။

အလွဴခံပုဂၢဳိလ္မွာရရွိတဲ့ အတိုင္းအတာကိုၾကည့္ၿပီး အလွဴဒါနရဲ႕ေကာင္းျမတ္မႈကိုဆံုးျဖတ္ရတယ္။ ျမတ္စြာဘုရားက သဗၺဒါနံဓမၼဒါနံ ဇိနာတိ လို႔ေဟာ ထားတာရွိတယ္။ ဓမၼဒါနကဘာျဖစ္လို႔ ဒါနထဲမွာ အျမတ္ဆံုးျဖစ္ေနရတာလဲ။ ဒါကိုအေလးအနက္စဥ္း စားၾကည့္။

ဥပမာ ပစၥည္းတစ္ခုလွဴလိုက္လို႔ ထုိပစၥည္း၀တၳဳရ လိုက္တဲ့ပုဂၢဳိလ္အတြက္ အဲဒီပစၥည္းက ဘယ္ေလာက္ အက်ဳိးျပဳသလဲဆိုတာကိုမူတည္ၿပီး ျမတ္ မျမတ္ဆံုး ျဖတ္ရတာျဖစ္တယ္။ ဆိုပါစို႔၊ဒီဓမၼဒါနကျမတ္တယ ္ဆို တာဓမၼကိုလွဴလိုက္သျဖင့္ အဲဒီဓမၼကို လက္ခံရရွိလိုက္ တဲ့ပုဂၢဳိလ္မွာဘယ္ေလာက္အက်ဳိးမ်ားသြားသလဲဆို တဲ့အေပၚမွာ မူတည္ၿပီးဆံုးျဖတ္ရမယ္။ လွဴတဲ့ပုဂၢဳိလ္ နဲ႔ မဟုတ္ဘူး။ ရတဲ့ပုဂၢဳိလ္နဲ႔ ဆံုးျဖတ္ရမယ္။

ဥပမာ၊ ဆြမ္းလွဴတယ္။ ဆြမ္းဆိုတာ အားလံုးသိတဲ့ အတိုင္းတစ္မနက္စားၿပီးရင္ ေန႔လည္စားဖို႔လိုအပ္ေန ေသးတယ္။ ျမန္မာေတြကေတာ့ထမင္းအသက္ခုႏွစ္ ရက္လို႔ ေျပာၾကတယ္။ တစ္ထပ္တည္းနဲ႔ဘယ္သူမွ မ၀ဘူးေနာ္။ အနည္းဆံုးႏွစ္ထပ္ေတာ့စားၾကတာပဲ။ အဲဒီေတာ့ ထမင္းရဲ႕ ေစာင့္ေရွာက္မႈဟာေန႔တစ္၀က္ ပဲခံတယ္ ေျပာရမွာေပါ့။ ထမင္းကတစ္ခါ စားၿပီးရင္ လူကိုေန႔တစ္၀က္ပဲအက်ဳိးျပဳတယ္။ ဒီလိုအက်ဳိးျပဳ တဲ့အတိုင္းအတာက အင္မတန္နည္းတယ္။

ေနာက္တစ္ခါ အ၀တ္လွဴတယ္။ အ၀တ္ရဲ႕အက်ဳိး ျပဳမႈက ထမင္းထက္ေတာ ့ပိုတယ္။ သို႔ေသာ္သိပ္ၿပီး ေတာ့ေရရွည္အက်ဳိးမျပဳဘူး။ တစ္လ၊ ႏွစ္လ၊ သံုးလ ေပါ့ေနာ္။ ေက်ာင္းအေဆာက္အဦးလွဴတဲ့အခါက်ေတာ့ ႏွစ္ေပါင္းမ်ားစြာအက်ဳိးျပဳတယ္။ ဒါေၾကာင့္ေက်ာင္း အလွဴကိုျမတ္တယ္ေျပာတာ။ ဘာျဖစ္လို႔တုန္းဆိုေတာ့ အလွဴခံပုဂၢဳိလ္ေတြအေပၚမွာအက်ဳိးျပဳတဲ့အတိုင္းအတာ ႀကီးထြားလို႔ျမတ္တယ္ေျပာတာ။

ဓမၼတရားအလွဴက အလွဴခံပုဂၢဳိလ္ကိုဘယ္ေလာက္ အက်ဳိးျပဳသလဲၾကည့္။ ရွင္အႆဇိက ရွင္သာရိပုတၱရာ မေထရ္ျမတ္ကို ( ရွင္သာရိပုတၱိရာကအဲဒီတုန္းက ဥပ တိႆပရဗုိဇ္ေပါ့။)တရားဓမၼနဲ႔ရွင္းျပတယ္။ တရားဓမၼ နဲ႔ ရွင္းျပတယ္။ ဓမၼဒါနဲ႔ ရွင္းျပတယ္။ ဓမၼဒါနျပဳ လိုက္ တယ္။

ေယ ဓမၼာ ေဟတုပၸဘ၀ါ၊ေတသံ ေဟတံုတထာ ဂေတာ အာဟ ။ အေၾကာင္းေၾကာင့္ျဖစ္တဲ႔ တရားေတြ၊ အက်ဳိးတရားေတြရဲ႕အေၾကာင္းတရားေတြကိုျမတ္စြာ ဘုရားက ေဟာပါတယ္လို႔ ရွင္းေျပာလိုက္တာ။ တရား နာလိုက္ရတဲ့ဥပတိႆပရဗိုဇ္( ရွင္သာရိပုတၱရာ ) ဟာဘယ္ေလာက္ အက်ဳိးရသြားတုန္ဆိုရင္ ေသာတာ ပန္ျဖစ္သြားတယ္ေလ။ ရွင္အႆဇိက ဓမၼဒါနတရား အလွဴလွဴလိုက္တဲ့ပုဂၢဳိလ္၊။ သူ႔မွာဘယ္ေလာက္အက်ဳိး ျပဳမွာတုန္း။ ရဟႏၱာျဖစ္သြားၿပီေလ။ သို႔ေသာ္ အဲဒီတရား ကိုနာယူလိုက္ရတဲ့ဥပတိႆပရဗိုဇ္ကေသာတာပန္ျဖစ္ သြားတယ္ဆိုေတာ့နည္းတဲ့အက်ဴိးလား။ အဲဒီေတာ့လွဴ တဲ့ပုဂၢဳိလ္အတြက္ရရွိတဲ့ အက်ဳိးထက္ယူတဲ့ပုဂၢဳိလ္ အ တြက္ရရွိတဲ့အက်ဳိးက ပိုမ်ားတာျဖစ္လို႔ပိုၿပီးျမတ္တယ္ လို႔ဒီလိုသတ္မွတ္ပါ။ဒါေၾကာင့္သဗၺဒါနံဓမၼဒါနံ ဇိနာတိ လို႔ေဟာတာျဖစ္တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာ အရွင္နႏၵမာလာဘိ၀ံသ ၏ မဟာဒါနမွ
#Unicode Version#
 လှူတယ်ဆိုတာ အပြန်အလှန်မျိုးမဖြစ်စေရဘူး။ ပူဇော်တယ်။ ချီးမြှောက်တယ်လို့နှစ်မျိုးရှိတယ်။ ပူဇော်တယ်ဆိုတာ ကိုယ့်ထက် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်၊ သီလ သမာဓိနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကို ကျောင်း ဆောက်ပြီးတော့ ပူဇော်တယ် သို့မဟုတ် သင်္ကန်း နဲ့ ပူဇော်တယ်။ သူ့ရဲ့သီလဂုဏ် သမာဓိဂုဏ် ပညာ ဂုဏ်တွေကိုပူဇော်တယ်။ဒါပူဇော်တာ။အေး၊လိုအပ် နေတဲ့ ပုဂ္ဂိုလ်ကိုကျတော့ချီးမြှောက်တယ်။ ဘာနဲ့ချီး မြှောက်လဲ၊ အေး၊သူစားစရာမရှိဘူး။စားစရာ ပေး လိုက်တယ်။ နေစရာမရှိဘူးနေစရာပေးလိုက်တယ်။ ဝတ်စရာမရှိဘူး။ အဝတ်ကလေးပေးလိုက်တယ်။ ဒါချီးမြှောက်တာ။ အဲဒီ ချီးမြှောက်မှုတွေဟာလှူသူ အတွက်မဖြစ်စေရဘူး။ ယူသူအတွက် ဖြစ်စေရမယ်။

အလှူခံပုဂ္ဂိုလ်မှာရရှိတဲ့ အတိုင်းအတာကိုကြည့်ပြီး အလှူဒါနရဲ့ကောင်းမြတ်မှုကိုဆုံးဖြတ်ရတယ်။ မြတ်စွာဘုရားက သဗ္ဗဒါနံဓမ္မဒါနံ ဇိနာတိ လို့ဟော ထားတာရှိတယ်။ ဓမ္မဒါနကဘာဖြစ်လို့ ဒါနထဲမှာ အမြတ်ဆုံးဖြစ်နေရတာလဲ။ ဒါကိုအလေးအနက်စဉ်း စားကြည့်။

ဥပမာ ပစ္စည်းတစ်ခုလှူလိုက်လို့ ထိုပစ္စည်းဝတ္ထုရ လိုက်တဲ့ပုဂ္ဂိုလ်အတွက် အဲဒီပစ္စည်းက ဘယ်လောက် အကျိုးပြုသလဲဆိုတာကိုမူတည်ပြီး မြတ် မမြတ်ဆုံး ဖြတ်ရတာဖြစ်တယ်။ ဆိုပါစို့၊ဒီဓမ္မဒါနကမြတ်တယ ်ဆို တာဓမ္မကိုလှူလိုက်သဖြင့် အဲဒီဓမ္မကို လက်ခံရရှိလိုက် တဲ့ပုဂ္ဂိုလ်မှာဘယ်လောက်အကျိုးများသွားသလဲဆို တဲ့အပေါ်မှာ မူတည်ပြီးဆုံးဖြတ်ရမယ်။ လှူတဲ့ပုဂ္ဂိုလ် နဲ့ မဟုတ်ဘူး။ ရတဲ့ပုဂ္ဂိုလ်နဲ့ ဆုံးဖြတ်ရမယ်။

ဥပမာ၊ ဆွမ်းလှူတယ်။ ဆွမ်းဆိုတာ အားလုံးသိတဲ့ အတိုင်းတစ်မနက်စားပြီးရင် နေ့လည်စားဖို့လိုအပ်နေ သေးတယ်။ မြန်မာတွေကတော့ထမင်းအသက်ခုနှစ် ရက်လို့ ပြောကြတယ်။ တစ်ထပ်တည်းနဲ့ဘယ်သူမှ မဝဘူးနော်။ အနည်းဆုံးနှစ်ထပ်တော့စားကြတာပဲ။ အဲဒီတော့ ထမင်းရဲ့ စောင့်ရှောက်မှုဟာနေ့တစ်ဝက် ပဲခံတယ် ပြောရမှာပေါ့။ ထမင်းကတစ်ခါ စားပြီးရင် လူကိုနေ့တစ်ဝက်ပဲအကျိုးပြုတယ်။ ဒီလိုအကျိုးပြု တဲ့အတိုင်းအတာက အင်မတန်နည်းတယ်။

နောက်တစ်ခါ အဝတ်လှူတယ်။ အဝတ်ရဲ့အကျိုး ပြုမှုက ထမင်းထက်တော့ပိုတယ်။ သို့သော်သိပ်ပြီး တော့ရေရှည်အကျိုးမပြုဘူး။ တစ်လ၊ နှစ်လ၊ သုံးလ ပေါ့နော်။ ကျောင်းအဆောက်အဦးလှူတဲ့အခါကျတော့ နှစ်ပေါင်းများစွာအကျိုးပြုတယ်။ ဒါကြောင့်ကျောင်း အလှူကိုမြတ်တယ်ပြောတာ။ ဘာဖြစ်လို့တုန်းဆိုတော့ အလှူခံပုဂ္ဂိုလ်တွေအပေါ်မှာအကျိုးပြုတဲ့အတိုင်းအတာ ကြီးထွားလို့မြတ်တယ်ပြောတာ။

ဓမ္မတရားအလှူက အလှူခံပုဂ္ဂိုလ်ကိုဘယ်လောက် အကျိုးပြုသလဲကြည့်။ ရှင်အဿဇိက ရှင်သာရိပုတ္တရာ မထေရ်မြတ်ကို ( ရှင်သာရိပုတ္တိရာကအဲဒီတုန်းက ဥပ တိဿပရဗိုဇ်ပေါ့။)တရားဓမ္မနဲ့ရှင်းပြတယ်။ တရားဓမ္မ နဲ့ ရှင်းပြတယ်။ ဓမ္မဒါနဲ့ ရှင်းပြတယ်။ ဓမ္မဒါနပြု လိုက် တယ်။

ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊တေသံ ဟေတုံတထာ ဂတော အာဟ ။ အကြောင်းကြောင့်ဖြစ်တဲ့ တရားတွေ၊ အကျိုးတရားတွေရဲ့အကြောင်းတရားတွေကိုမြတ်စွာ ဘုရားက ဟောပါတယ်လို့ ရှင်းပြောလိုက်တာ။ တရား နာလိုက်ရတဲ့ဥပတိဿပရဗိုဇ်( ရှင်သာရိပုတ္တရာ ) ဟာဘယ်လောက် အကျိုးရသွားတုန်ဆိုရင် သောတာ ပန်ဖြစ်သွားတယ်လေ။ ရှင်အဿဇိက ဓမ္မဒါနတရား အလှူလှူလိုက်တဲ့ပုဂ္ဂိုလ်၊။ သူ့မှာဘယ်လောက်အကျိုး ပြုမှာတုန်း။ ရဟန္တာဖြစ်သွားပြီလေ။ သို့သော် အဲဒီတရား ကိုနာယူလိုက်ရတဲ့ဥပတိဿပရဗိုဇ်ကသောတာပန်ဖြစ် သွားတယ်ဆိုတော့နည်းတဲ့အကျိူးလား။ အဲဒီတော့လှူ တဲ့ပုဂ္ဂိုလ်အတွက်ရရှိတဲ့ အကျိုးထက်ယူတဲ့ပုဂ္ဂိုလ် အ တွက်ရရှိတဲ့အကျိုးက ပိုများတာဖြစ်လို့ပိုပြီးမြတ်တယ် လို့ဒီလိုသတ်မှတ်ပါ။ဒါကြောင့်သဗ္ဗဒါနံဓမ္မဒါနံ ဇိနာတိ လို့ဟောတာဖြစ်တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ၏ မဟာဒါနမှ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top