ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မေကြးၿမိဳ႕ နတ္ေမာက္ လမ္းေပၚရွိ ကြမ္းယာဆုိင္ကုိ ကားတစ္စီး၀င္တိုက္မိ၍ လူႏွစ္ဦး ပြဲခ်င္းၿပီးေသဆုံးသည့္ျဖစ္စဥ္ ႏုိ၀င္ဘာ ၁၈ ရက္ နံနက္က ျဖစ္ ပြားခဲ့သည္။

နတ္ေမာက္လမ္းအတိုင္း ေဂါက္ကြင္းဘက္သုိ႔ေမာင္းႏွင္ လာသည့္ ယာဥ္သည္အရွိန္မထိန္း ႏုိင္ဘဲ ဆန္႔က်င္ဘက္ယာဥ္ေၾကာ လမ္းေဘးတြင္ ဖြင့္လွစ္ထားသည့္ ကြမ္းယာဆုိင္ကုိ ၀င္တိုက္မိ ျခင္းေၾကာင့္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦး ပဲြခ်င္းၿပီးေသ ဆုံးခဲ့ေၾကာင္း မေကြးၿမိဳ႕မရဲစခန္း မွ ရဲအရာရွိက ေျပာသည္။

‘‘ကားက ကြမ္းယာဆုိုင္ကုိ အရင္တိုက္ၿပီး ေဂါက္ကြင္းအုတ္ နံရံကုိ ၀င္တိုက္တာ အုတ္နံရံကုိ ေပါက္ထြက္သြားတယ္။ အနီး ကပ္ေတာ့ သြားမၾကည့္ရဲခဲ့ဘူး’’ ဟု အခင္းျဖစ္စဥ္ကုိ ျမင္ေတြ႕ခဲ့ သည့္ ေဒၚၾကည္ၾကည္ၿပံဳးက ေျပာၾကားသည္။

ယာဥ္တိုက္မႈေၾကာင့္ ကြမ္း ယာဆုိင္ရွိ ကုိတူးတူးႏုိုင္ႏွင့္မအိ အိေခ်ာတို႔ေသဆုံးၿပီး ယာဥ္ေမာင္းအာကာေက်ာ္သည္ နဖူး ေပါက္ၿပဲဒဏ္ရာရရွိေၾကာင္း  မေကြးၿမိဳ႕မရဲစခန္းမွ ရဲအရာရွိက ေျပာသည္။

‘‘ကံဆုိးတယ္ေျပာရမလား၊ ကံေကာင္းတယ္ေျပာရမလား ေတာင္မသိေတာ့ဘူး။ အဲဒီဆိုင္ က မနက္ အဲဒီအခ်ိန္ဆုိေကာ္ဖီ ေသာက္တဲ့သူေတြရွိေနၿပီ။ ဒီေန႔မွ မရွိတာ။ မဟုတ္ရင္မလြယ္ဘူး’’ ဟု ေဒသခံမခင္ေစာျမက ေျပာ သည္။

အာကာေက်ာ္ကုိ လူေသ ဆုံးမႈႏွင့္အျခားသူ အသက္ကုိ ေဘးျဖစ္ေစေအာင္ျပဳျခင္းျဖင့္ နာ က်င္ေစမႈ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၇ ျဖင့္ အမႈဖြင့္ထား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


မကွေးမြို့ နတ်မောက် လမ်းပေါ်ရှိ ကွမ်းယာဆိုင်ကို ကားတစ်စီးဝင်တိုက်မိ၍ လူနှစ်ဦး ပွဲချင်းပြီးသေဆုံးသည့်ဖြစ်စဉ် နိုဝင်ဘာ ၁၈ ရက် နံနက်က ဖြစ် ပွားခဲ့သည်။

နတ်မောက်လမ်းအတိုင်း ဂေါက်ကွင်းဘက်သို့မောင်းနှင် လာသည့် ယာဉ်သည်အရှိန်မထိန်း နိုင်ဘဲ ဆန့်ကျင်ဘက်ယာဉ်ကြော လမ်းဘေးတွင် ဖွင့်လှစ်ထားသည့် ကွမ်းယာဆိုင်ကို ဝင်တိုက်မိ ခြင်းကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေ ဆုံးခဲ့ကြောင်း မကွေးမြို့မရဲစခန်း မှ ရဲအရာရှိက ပြောသည်။

‘‘ကားက ကွမ်းယာဆိုင်ကို အရင်တိုက်ပြီး ဂေါက်ကွင်းအုတ် နံရံကို ဝင်တိုက်တာ အုတ်နံရံကို ပေါက်ထွက်သွားတယ်။ အနီး ကပ်တော့ သွားမကြည့်ရဲခဲ့ဘူး’’ ဟု အခင်းဖြစ်စဉ်ကို မြင်တွေ့ခဲ့ သည့် ဒေါ်ကြည်ကြည်ပြုံးက ပြောကြားသည်။

ယာဉ်တိုက်မှုကြောင့် ကွမ်း ယာဆိုင်ရှိ ကိုတူးတူးနိုင်နှင့်မအိ အိချောတို့သေဆုံးပြီး ယာဉ်မောင်းအာကာကျော်သည် နဖူး ပေါက်ပြဲဒဏ်ရာရရှိကြောင်း  မကွေးမြို့မရဲစခန်းမှ ရဲအရာရှိက ပြောသည်။

‘‘ကံဆိုးတယ်ပြောရမလား၊ ကံကောင်းတယ်ပြောရမလား တောင်မသိတော့ဘူး။ အဲဒီဆိုင် က မနက် အဲဒီအချိန်ဆိုကော်ဖီ သောက်တဲ့သူတွေရှိနေပြီ။ ဒီနေ့မှ မရှိတာ။ မဟုတ်ရင်မလွယ်ဘူး’’ ဟု ဒေသခံမခင်စောမြက ပြော သည်။

အာကာကျော်ကို လူသေ ဆုံးမှုနှင့်အခြားသူ အသက်ကို ဘေးဖြစ်စေအောင်ပြုခြင်းဖြင့် နာ ကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်ထား သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top