ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဧရာဝတီတိုင္း၊ က်ဳံေပ်ာ္ ၿမိဳ႕နယ္၊ ဇင္ႁပြန္းကုန္းေက်း႐ြာက ႐ြာလယ္လမ္းမႀကီးကို အယူသီးေဒသခံတခ်ိဳ႕က အေလာင္းျဖတ္သယ္ၿပီး အသုဘခ်ခြင့္မေပးတဲ့အတြက္ ႐ြာလမ္းမႀကီးမွာပဲ အေလာင္းခ်ၿပီး အသုဘေျမခ်ခြင့္ရဖို႔ ညႇိႏႈိင္းေနရပါတယ္။

ဇင္ႁပြန္းကုန္းေက်း႐ြာအေရွ႕ပိုင္းမွ ကြယ္လြန္သူ ေဒၚသန္းသန္းႏြယ္၊ အသက္(၄၉) ႏွွစ္ရဲ႕ ႐ုပ္အေလာင္းကို ႏိုဝင္ဘာ ၁၆ ရက္က ႐ြာလယ္လမ္းမကေန သုႆာန္ကိုပို႔ေဆာင္ဖို႔ သယ္ေဆာင္လာတာမွာ ႐ြာအေနာက္ျခမ္းက ေဒသခံတခ်ိဳ႕နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြ ပူးေပါင္းတားဆီးခဲ့တာပါ။

႐ြာအေနာက္ျခမ္းက ေဒသခံေတြကေတာ့ အစဥ္အလာဓေလ့အရ ႐ြာလယ္လမ္းကသယ္ဖို႔ ခြင့္မျပဳဘဲ ေရွးလူႀကီးေတြ အသုံးျပဳခဲ့တဲ့အတိုင္း ႐ြာရဲ႕ကြၽဲလမ္းကိုသာအသုံးျပဳဖို႔ ပိတ္ဆို႔တားဆီးခဲ့တာပါ။

အသုဘရွင္ေတြကေတာ့ ႐ြာကြၽဲလမ္းဟာ အိမ္သာႀကိဳ အိမ္သာၾကားကေန သြားေနရတာနဲ႔ ႐ြာအေနာက္ျခမ္းက အသုဘျဖစ္ရင္ေတာ့ ႐ြာလယ္လမ္းမႀကီးကို သုံးခြင့္ရတာဟာ တစ္႐ြာထဲသားခ်င္း ခြဲျခားတာျဖစ္တယ္ဆိုၿပီး အေလာင္းစင္ကို ႐ြာလယ္လမ္းမႀကီးမွာပဲ ခ်ထားတာျဖစ္တယ္လို႔ အသုဘရွင္ေတြက ေျပာပါတယ္။

ကြယ္လြန္သူရဲ႕ ခင္ပြန္းျဖစ္သူ ဦးေအးစိုးက “အမ်ားျပည္သူပိုင္လမ္းျဖစ္တဲ့ ႐ြာလယ္လမ္းမက ခ်မရဘူးေျပာတယ္။ ရဲတပ္ဖြဲ႕နဲ႔ အသုဘခ်မရေအာင္ တားထားတယ္။ သူတို႔ခ်ခိုင္းတဲ့လမ္းက အိမ္သာႀကိဳ၊ အိမ္သာၾကား လူမေျပာနဲ႔ ေခြးေတာင္မသြားတဲ့လမ္းမို႔ က်ေနာ့္ မိန္းမကို အဲဒီလမ္းကေန မပို႔ႏိုင္ဘူး။ မရရင္ ႐ြာလယ္လမ္းမွာပဲ အေလာင္းကို ဒီတိုင္းခ်ထားမယ္” လို႔ ေျပာပါတယ္။

အဲဒီလို အသုဘခ်ဖို႔ အခက္အခဲျဖစ္ေနတဲ့ အေျခအေနေၾကာင့္ ေက်း႐ြာမွတာဝန္ရွိသူေတြ နဲ႔ ဘာသာေရး ေခါင္းေဆာင္ေတြညႇိႏႈိင္းေနၿပီး အသုဘခ်ရာလမ္းကိုအေၾကာင္းျပဳၿပီး ႐ြာမွာ အုပ္စုႏွစ္စုအၾကား မလိုလားအပ္တဲ့ ပဋိပကၡေတြ မျဖစ္ပြားေစဖို႔ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ ၿမိဳ႕နယ္တာဝန္ရွိသူေတြ လာေရာက္ေစာင့္ၾကပ္ လုံၿခဳံေရးယူထားရပါတယ္။

လတ္တေလာ ရဲတပ္ဖြဲ႕ဝင္ ၅၀ ေလာက္က ႐ြာအလယ္က တားဆီးထားတာေၾကာင့္ အသုဘအေလာင္းကို ႏိုဝင္ဘာ ၁၆ ရက္ ညေနပိုင္းကလည္း လမ္းမႀကီးအလယ္မွာပဲ ညအိပ္ခ်ထားခဲ့ရတယ္ လို႔ ေဒသခံေတြက ေျပာပါတယ္။

ဇင္ႁပြန္းကုန္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေအးေအးေထြးက “ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက က်င့္သုံးလာတဲ့ ရပ္႐ြာဓေလ့စည္းကမ္းျဖစ္ေနေတာ့ ႐ြာလယ္လမ္းမကေတာ့ ခ်မရဘူး။ ႐ြာရဲ႕ဓေလ့အရ တားတာ။ ေဘးနားကကြၽဲလမ္းကလည္း ေကာင္းေနၿပီ။ အဲဒီက ခ်လို႔ရပါတယ္။ ႐ြာမွာ အခုလိုျဖစ္ေနတဲ့ကိစၥေတြ အဆင္ေျပဖို႔က ႐ြာအေရွ႕ပိုင္းမွာ သုႆာန္တစ္ခုေဆာက္မွ အဆင္ေျပႏိုင္မယ္။ သုႆန္ေဆာက္ဖို႔ကို တင္လည္းတင္ျပထားပါတယ္” လို႔ ေျပာပါတယ္။

ဇင္ႁပြန္းကုန္း႐ြာမွာ လြန္ခဲ့တဲ့ ေအာက္တိုဘာ ၂၇ ရက္ကလည္း အသုဘတခုကို ႐ြာေနာက္ပိုင္းေနေဒသခံတခ်ိဳ႕က ႐ြာလယ္လမ္းမႀကီးကို အေလာင္းျဖတ္သယ္ၿပီး အသုဘခ်ခြင့္ မေပးတာေၾကာင့္ ရဲအင္အားလုံၿခဳံေရးတင္းၾကပ္ၿပီး အသုဘခ်ခဲ့ရပါတယ္။

အမ်ားျပည္သူပိုင္တဲ့ လမ္းကို အသုံးျပဳခြင့္မေပးတာဟာ လူ႔အခြင့္အေရး ပိတ္ပင္တာျဖစ္တယ္ ျပည္သူေတြကဒါကို လက္မခံလို႔ အခုလိုေပါက္ကြဲထြက္လာၿပီး ႐ြာလည္လမ္းကို အသုဘခ်ဘို႔ႀကိဳးစားတာျဖစ္တယ္လို႔ နာေရးခ်ဖို႔ႀကိဳးစားေနတဲ့ ႐ြာအေရွ႕ပိုင္းက ဦးျမင့္ေဆြကေျပာပါတယ္။

အရင္ကေတာ့ အခုလိုျပႆနာမ်ိဳးသုံးႀကိမ္ေလာက္ျဖစ္ပြားခဲ့ၿပီး အုပ္ခ်ဳပ္ေရးက အစဥ္အဆက္ အသုံးျပဳေနတဲ့လမ္းကိုသာ အသုံးျပဳဖို႔ ဆုံးျဖတ္ခဲ့ၾကတယ္လို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေအးေအးေထြးကေျပာပါတယ္။

မူလအသုံးျပဳေနတဲ့ လမ္းေဟာင္းဟာ မိုးတြင္းမွာ လမ္းမေကာင္းတာေၾကာင့္ လို႔ဆိုတာေၾကာင့္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚသီတာဇင္က လမ္းေကာင္းေအာင္ ဆာင္႐ြက္ေပးဖို႔ လာေရာက္ညႇိႏိုင္းေပးခဲ့ေပမယ့္ နာေရးခ်မယ့္ အဖြဲ႕က ႐ြာလည္း လမ္းမႀကီးအတိုင္းသာ ေဆာင္႐ြက္မယ္ဆိုတာေၾကာင့္ ဆက္လက္ ညႇိႏႈိင္းေနဆဲျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
#Unicode Version#


ဧရာဝတီတိုင်း၊ ကျုံပျော် မြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရွာက ရွာလယ်လမ်းမကြီးကို အယူသီးဒေသခံတချို့က အလောင်းဖြတ်သယ်ပြီး အသုဘချခွင့်မပေးတဲ့အတွက် ရွာလမ်းမကြီးမှာပဲ အလောင်းချပြီး အသုဘမြေချခွင့်ရဖို့ ညှိနှိုင်းနေရပါတယ်။

ဇင်ပြွန်းကုန်းကျေးရွာအရှေ့ပိုင်းမှ ကွယ်လွန်သူ ဒေါ်သန်းသန်းနွယ်၊ အသက်(၄၉) နှှစ်ရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၁၆ ရက်က ရွာလယ်လမ်းမကနေ သုဿာန်ကိုပို့ဆောင်ဖို့ သယ်ဆောင်လာတာမှာ ရွာအနောက်ခြမ်းက ဒေသခံတချို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းတားဆီးခဲ့တာပါ။

ရွာအနောက်ခြမ်းက ဒေသခံတွေကတော့ အစဉ်အလာဓလေ့အရ ရွာလယ်လမ်းကသယ်ဖို့ ခွင့်မပြုဘဲ ရှေးလူကြီးတွေ အသုံးပြုခဲ့တဲ့အတိုင်း ရွာရဲ့ကျွဲလမ်းကိုသာအသုံးပြုဖို့ ပိတ်ဆို့တားဆီးခဲ့တာပါ။

အသုဘရှင်တွေကတော့ ရွာကျွဲလမ်းဟာ အိမ်သာကြို အိမ်သာကြားကနေ သွားနေရတာနဲ့ ရွာအနောက်ခြမ်းက အသုဘဖြစ်ရင်တော့ ရွာလယ်လမ်းမကြီးကို သုံးခွင့်ရတာဟာ တစ်ရွာထဲသားချင်း ခွဲခြားတာဖြစ်တယ်ဆိုပြီး အလောင်းစင်ကို ရွာလယ်လမ်းမကြီးမှာပဲ ချထားတာဖြစ်တယ်လို့ အသုဘရှင်တွေက ပြောပါတယ်။

ကွယ်လွန်သူရဲ့ ခင်ပွန်းဖြစ်သူ ဦးအေးစိုးက “အများပြည်သူပိုင်လမ်းဖြစ်တဲ့ ရွာလယ်လမ်းမက ချမရဘူးပြောတယ်။ ရဲတပ်ဖွဲ့နဲ့ အသုဘချမရအောင် တားထားတယ်။ သူတို့ချခိုင်းတဲ့လမ်းက အိမ်သာကြို၊ အိမ်သာကြား လူမပြောနဲ့ ခွေးတောင်မသွားတဲ့လမ်းမို့ ကျနော့် မိန်းမကို အဲဒီလမ်းကနေ မပို့နိုင်ဘူး။ မရရင် ရွာလယ်လမ်းမှာပဲ အလောင်းကို ဒီတိုင်းချထားမယ်” လို့ ပြောပါတယ်။

အဲဒီလို အသုဘချဖို့ အခက်အခဲဖြစ်နေတဲ့ အခြေအနေကြောင့် ကျေးရွာမှတာဝန်ရှိသူတွေ နဲ့ ဘာသာရေး ခေါင်းဆောင်တွေညှိနှိုင်းနေပြီး အသုဘချရာလမ်းကိုအကြောင်းပြုပြီး ရွာမှာ အုပ်စုနှစ်စုအကြား မလိုလားအပ်တဲ့ ပဋိပက္ခတွေ မဖြစ်ပွားစေဖို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ်တာဝန်ရှိသူတွေ လာရောက်စောင့်ကြပ် လုံခြုံရေးယူထားရပါတယ်။

လတ်တလော ရဲတပ်ဖွဲ့ဝင် ၅၀ လောက်က ရွာအလယ်က တားဆီးထားတာကြောင့် အသုဘအလောင်းကို နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းကလည်း လမ်းမကြီးအလယ်မှာပဲ ညအိပ်ချထားခဲ့ရတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ဇင်ပြွန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးအေးထွေးက “ရှေးနှစ်ပေါင်းများစွာကတည်းက ကျင့်သုံးလာတဲ့ ရပ်ရွာဓလေ့စည်းကမ်းဖြစ်နေတော့ ရွာလယ်လမ်းမကတော့ ချမရဘူး။ ရွာရဲ့ဓလေ့အရ တားတာ။ ဘေးနားကကျွဲလမ်းကလည်း ကောင်းနေပြီ။ အဲဒီက ချလို့ရပါတယ်။ ရွာမှာ အခုလိုဖြစ်နေတဲ့ကိစ္စတွေ အဆင်ပြေဖို့က ရွာအရှေ့ပိုင်းမှာ သုဿာန်တစ်ခုဆောက်မှ အဆင်ပြေနိုင်မယ်။ သုဿန်ဆောက်ဖို့ကို တင်လည်းတင်ပြထားပါတယ်” လို့ ပြောပါတယ်။

ဇင်ပြွန်းကုန်းရွာမှာ လွန်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကလည်း အသုဘတခုကို ရွာနောက်ပိုင်းနေဒေသခံတချို့က ရွာလယ်လမ်းမကြီးကို အလောင်းဖြတ်သယ်ပြီး အသုဘချခွင့် မပေးတာကြောင့် ရဲအင်အားလုံခြုံရေးတင်းကြပ်ပြီး အသုဘချခဲ့ရပါတယ်။

အများပြည်သူပိုင်တဲ့ လမ်းကို အသုံးပြုခွင့်မပေးတာဟာ လူ့အခွင့်အရေး ပိတ်ပင်တာဖြစ်တယ် ပြည်သူတွေကဒါကို လက်မခံလို့ အခုလိုပေါက်ကွဲထွက်လာပြီး ရွာလည်လမ်းကို အသုဘချဘို့ကြိုးစားတာဖြစ်တယ်လို့ နာရေးချဖို့ကြိုးစားနေတဲ့ ရွာအရှေ့ပိုင်းက ဦးမြင့်ဆွေကပြောပါတယ်။

အရင်ကတော့ အခုလိုပြဿနာမျိုးသုံးကြိမ်လောက်ဖြစ်ပွားခဲ့ပြီး အုပ်ချုပ်ရေးက အစဉ်အဆက် အသုံးပြုနေတဲ့လမ်းကိုသာ အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးအေးထွေးကပြောပါတယ်။

မူလအသုံးပြုနေတဲ့ လမ်းဟောင်းဟာ မိုးတွင်းမှာ လမ်းမကောင်းတာကြောင့် လို့ဆိုတာကြောင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာဇင်က လမ်းကောင်းအောင် ဆာင်ရွက်ပေးဖို့ လာရောက်ညှိနိုင်းပေးခဲ့ပေမယ့် နာရေးချမယ့် အဖွဲ့က ရွာလည်း လမ်းမကြီးအတိုင်းသာ ဆောင်ရွက်မယ်ဆိုတာကြောင့် ဆက်လက် ညှိနှိုင်းနေဆဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top