ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေနာ္ေဝးႏုိင္ငံရဲ႕ အခ်မ္းသာဆံုးအမ်ိဳးသမီး အရက္မူးၿပီး ကားေမာင္းလုိ႔ ဒဏ္ေငြ ေပါင္ ၃ ဒသမ ၇ သန္း ေဆာင္ရမယ့္ အေျခအေနနဲ႔ ရင္ဆုိင္ခဲ့ရတယ္လို႔ သိရပါတယ္။

ေနာ္ေဝးေက်ာင္းသူ ႏုိင္ငံရဲ႕ အခ်မ္းသာဆံုး အမ်ိဳးသမီးလည္းျဖစ္တဲ့ အသက္ ၂၂ ႏွစ္အရြယ္ ကက္သရီနာအန္ဒေရဆန္က အရက္မူးၿပီး ကားေမာင္းခဲ့လို႔ ေပါင္ ၂ ေသာင္း ၃ ေထာင္ ဒဏ္ေငြေဆာင္ရမယ္ဆုိေပမယ့္ ေနာ္ေဝးႏုိင္ငံရဲ႕ ဝင္ေငြဥပေဒအရ ဒီထက္ပုိမုိဆိုးရြားႏုိင္ၿပီး ဒဏ္ေငြ ေပါင္ ၃ ဒသမ ၇ သန္း (အေမရိကန္ေဒၚလာ ၄ ဒသမ ၉ သန္း) ေဆာင္ရႏုိင္ေျခရွိခဲ့တယ္လို႔ ဆုိပါတယ္။

သူမ က်ဴးလြန္ခဲ့တဲ့ျပစ္မႈအတြက္ သူမကုိ ဒီအပတ္ထဲမွာ ျပစ္ဒဏ္ခ်မွတ္ခဲ့တာလုိ႔လည္း သိရပါတယ္။

သူမက ဖုိးဘီးစ္မဂၢဇင္းမွာ ခန္႔မွန္းေျခခ်မ္းသာႂကြယ္ဝမႈ အေမရိကန္ေဒၚလာ ၁ ဒသမ ၂၃ ဘီလ်ံနဲ႔ ေနာ္ေဝးႏုိင္ငံရဲ႕ အခ်မ္းသာဆံုး အမ်ိဳးသမီး ျဖစ္ေနၿပီး ၂၀၀၇ ခုႏွစ္မွာ သူမရဲ႕ ဖခင္က မိသားစုပုိင္ ကုမၸဏီရဲ႕ ၄၂ ရာခိုင္ႏႈန္းေသာ ပိုင္ဆုိင္မႈေတြကို လႊဲေျပာင္းေပးအပ္ၿပီးေနာက္ ကမာၻ႔ဒုတိယအငယ္ဆံုး ဘီလ်ံနာအျဖစ္ ဖိုးဘီးစ္မဂၢဇင္းက ထည့္သြင္းေၾကညာခဲ့တာပါ။

ေနာ္ေဝးႏိုင္ငံမွာ အရက္မူးၿပီး ကားေမာင္းမႈက ေမာင္းသူရဲ႕ဝင္ေငြအေပၚ မူတည္ၿပီး ျပစ္ဒဏ္ခ်မွတ္တယ္လုိ႔ ဆုိပါတယ္။

ဒါေၾကာင့္ ေအာ္စလုိၿမိဳ႕တရား႐ံုးရဲ႕ တရားသူႀကီးေတြက သူမအေနနဲ႔ ေဒၚလာ ၄ ဒသမ ၉ သန္းပမာဏေလာက္ရွိမယ့္ ဒဏ္ေငြ ေဆာင္ရႏုိင္ေျခရွိတယ္လို႔ သူမကုိ ေျပာခဲ့တာပါ။

ဒါေပမယ့္ မစၥအန္ဒေရဆန္မွာ တည္ၿငိမ္တဲ့ဝင္ေငြ မရွိလုိ႔ တရား႐ံုးက ဒဏ္ေငြ ေပါင္ ၂ ေသာင္း ၃ ေထာင္ေပးဖုိ႔ ဆံုးျဖတ္ခဲ့ရၿပီး သူမကို ကားေမာင္းခြင့္ ၁၃ လလည္း ပိတ္ခဲ့တယ္လို႔ သိရပါတယ္။

“ေနာက္ထပ္ သတ္မွတ္ထားတာထက္ ပုိၿပီးမေမာင္းဖုိ႔ လိုအပ္တဲ့ အခ်ိန္အတုိင္းအတာကို ေစာင့္ၿပီးၿပီလို႔ က်မ ထင္ပါတယ္” လုိ႔ သူမက ဘ႑ာေရးသတင္းစာ တေစာင္ျဖစ္တဲ့ ဖီနန္ဆာဗီဆန္ သတင္းစာကို ေျပာလုိက္ပါတယ္။

တရား႐ံုးမွာေတာ့ သူမ ကားမေမာင္းခင္ ဘယ္လုိမ်ိဳး ဝုိင္ ၁၁ ခြက္ ေသာက္ခဲ့တယ္ဆုိတာ ၾကားနာခဲ့ၿပီး ၁၀၀ မီတာေလာက္ရွိတဲ့ ခရီးကို ကားေမာင္းစဥ္ သူမက ရပ္ထားတဲ့ ကား ၃ စီးကိုလည္း တုိက္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားတယ္လို႔ သည္ဆန္းသတင္းမွာ ႏုိဝင္ဘာလ ၁၈ ရက္ေန႔က ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
#Unicode Version#
နော်ဝေးနိုင်ငံရဲ့ အချမ်းသာဆုံးအမျိုးသမီး အရက်မူးပြီး ကားမောင်းလို့ ဒဏ်ငွေ ပေါင် ၃ ဒသမ ၇ သန်း ဆောင်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။

နော်ဝေးကျောင်းသူ နိုင်ငံရဲ့ အချမ်းသာဆုံး အမျိုးသမီးလည်းဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် ကက်သရီနာအန်ဒရေဆန်က အရက်မူးပြီး ကားမောင်းခဲ့လို့ ပေါင် ၂ သောင်း ၃ ထောင် ဒဏ်ငွေဆောင်ရမယ်ဆိုပေမယ့် နော်ဝေးနိုင်ငံရဲ့ ဝင်ငွေဥပဒေအရ ဒီထက်ပိုမိုဆိုးရွားနိုင်ပြီး ဒဏ်ငွေ ပေါင် ၃ ဒသမ ၇ သန်း (အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ သန်း) ဆောင်ရနိုင်ခြေရှိခဲ့တယ်လို့ ဆိုပါတယ်။

သူမ ကျူးလွန်ခဲ့တဲ့ပြစ်မှုအတွက် သူမကို ဒီအပတ်ထဲမှာ ပြစ်ဒဏ်ချမှတ်ခဲ့တာလို့လည်း သိရပါတယ်။

သူမက ဖိုးဘီးစ်မဂ္ဂဇင်းမှာ ခန့်မှန်းခြေချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၃ ဘီလျံနဲ့ နော်ဝေးနိုင်ငံရဲ့ အချမ်းသာဆုံး အမျိုးသမီး ဖြစ်နေပြီး ၂၀၀၇ ခုနှစ်မှာ သူမရဲ့ ဖခင်က မိသားစုပိုင် ကုမ္ပဏီရဲ့ ၄၂ ရာခိုင်နှုန်းသော ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းပေးအပ်ပြီးနောက် ကမ္ဘာ့ဒုတိယအငယ်ဆုံး ဘီလျံနာအဖြစ် ဖိုးဘီးစ်မဂ္ဂဇင်းက ထည့်သွင်းကြေညာခဲ့တာပါ။

နော်ဝေးနိုင်ငံမှာ အရက်မူးပြီး ကားမောင်းမှုက မောင်းသူရဲ့ဝင်ငွေအပေါ် မူတည်ပြီး ပြစ်ဒဏ်ချမှတ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အော်စလိုမြို့တရားရုံးရဲ့ တရားသူကြီးတွေက သူမအနေနဲ့ ဒေါ်လာ ၄ ဒသမ ၉ သန်းပမာဏလောက်ရှိမယ့် ဒဏ်ငွေ ဆောင်ရနိုင်ခြေရှိတယ်လို့ သူမကို ပြောခဲ့တာပါ။

ဒါပေမယ့် မစ္စအန်ဒရေဆန်မှာ တည်ငြိမ်တဲ့ဝင်ငွေ မရှိလို့ တရားရုံးက ဒဏ်ငွေ ပေါင် ၂ သောင်း ၃ ထောင်ပေးဖို့ ဆုံးဖြတ်ခဲ့ရပြီး သူမကို ကားမောင်းခွင့် ၁၃ လလည်း ပိတ်ခဲ့တယ်လို့ သိရပါတယ်။

“နောက်ထပ် သတ်မှတ်ထားတာထက် ပိုပြီးမမောင်းဖို့ လိုအပ်တဲ့ အချိန်အတိုင်းအတာကို စောင့်ပြီးပြီလို့ ကျမ ထင်ပါတယ်” လို့ သူမက ဘဏ္ဍာရေးသတင်းစာ တစောင်ဖြစ်တဲ့ ဖီနန်ဆာဗီဆန် သတင်းစာကို ပြောလိုက်ပါတယ်။

တရားရုံးမှာတော့ သူမ ကားမမောင်းခင် ဘယ်လိုမျိုး ဝိုင် ၁၁ ခွက် သောက်ခဲ့တယ်ဆိုတာ ကြားနာခဲ့ပြီး ၁၀၀ မီတာလောက်ရှိတဲ့ ခရီးကို ကားမောင်းစဉ် သူမက ရပ်ထားတဲ့ ကား ၃ စီးကိုလည်း တိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားတယ်လို့ သည်ဆန်းသတင်းမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top