Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

စိတ္ဆင္းရဲရလြန္းလို႔ ကေလးႏွစ္ေယာက္ကိုေခၚၿပီး ထြက္ေျပးလိုက္ခ်င္ေတာ့တယ္....

အသက္ ၈ ႏွစ္အ႐ြယ္တည္းက တျဖည္းျဖည္း ႀကီးထြားလာတဲ့ ရင္သားေတြဟာ သူမရဲ႕ဘဝကို သံုးစားမရေလာက္ေအာင္ ဖ်က္ဆီးပစ္ခဲ့တယ္လို႔ ကေလးႏွစ္ေယာက္မိခင္တစ္ဦးက ရင္ဖြင့္လာပါတယ္။ သူမရဲ႕ ရင္သားေတြဟာ ဆိုဒ္အေတာ္ကို ႀကီးမားတဲ့ K-cup အ႐ြယ္အစားေတာင္ ႐ွိေနပါၿပီ။ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ရင္သားေတြက အရမ္းႀကီးေနေတာ့ လူေတြက သူမကို မညႇာမတာ ေဝဖန္မွတ္ခ်က္ေပးတာလည္း ခံခဲ့ရသလို လူၾကားထဲေရာက္တုိင္း လူေတြဝိုင္းၾကည့္တာ ခံရလို႔ စိတ္မသက္မသာ ျဖစ္ေနရပါတယ္။ "သူတုိ႔ဘာသာသူတို႔ ႀကီးထြားလာေနတာ ကၽြန္မရဲ႕အမွားမွမဟုတ္ဘဲ၊ ကၽြန္မရဲ႕ခႏၶာကိုယ္က လုပ္ေနတာ"

ၾသစေၾတးလ်ႏိုင္ငံ ဗစ္တိုးရီးယားျပည္နယ္Trafalgar ၿမိဳ႕က Sheridan Larkman အမည္ရတဲ့ အမ်ိဳးသမီးက ဒီလိုစကားေတြကို ေျပာခဲ့တာပါ။ သူမရဲ႕ရင္သားေတြဟာ ဆယ္ေက်ာ္သက္ႏွစ္ကာလ တစ္ေလွ်ာက္လံုး အဆက္မျပတ္ ႀကီးထြားလာေနခဲ့တယ္လို႔ ဆိုပါတယ္။ သာမာန္ထက္ႀကီးလြန္းေနတဲ့ ရင္သားေတြေၾကာင့္ ႏိုင္ငံျခားကေန အထူးဘရာေတြမွာၿပီး ဝတ္ခဲ့ရတယ္။ သူမကေတာ့ ဒီလိုမ်ိဳး ရင္သားေတြ ႐ွိေနတာကို အေတာ္ေလး စိတ္ပ်က္ေနခဲ့႐ွာပါတယ္။

မခံမရပ္ႏိုင္ေလာက္ေအာင္ နာက်င္ေနရတဲ့ ရင္သားေတြကို ေသးသြားေအာင္ ခြဲစိတ္ဖုိ႔ အၿမဲတမ္း ဆႏၵ႐ွိခဲ့တယ္။ သူမရဲ႕အသက္က ၁၆ ႏွစ္ကတည္းက ရင္သားခြဲစိတ္ဖုိ႔ကို ေစာင့္ေမွ်ာ္ေနခဲ့ရွာသူပါ။ ခုဆုိ သူမအသက္က ၂၃ ႏွစ္ေတာင္ ေရာက္လာပါၿပီ။ ရင္သားေတြက ဆက္ႀကီးလာေနတုန္းပါပဲ။ ခြဲစိတ္ဓားရဲ႕ေအာက္ကိုသာ မေရာက္ႏိုင္ရင္ (ခြဲစိတ္မႈမျပဳလုပ္ဘူးဆိုရင္) ဒီ့ထက္မက ပိုဆိုးလာေတာ့မွာပဲလို႔ ႐ွာရီဒန္က ညည္းတြားေလရဲ႕။

႐ွာရီဒန္ အသက္ ၁၀ ႏွစ္အရြယ္မွာ သူမရဲ႕ ရင္သားေတြက DD ဆိုဒ္ကို ျဖစ္လာခဲ့တယ္။ အထက္တန္းေက်ာင္းသူဘဝမွာ ပိုႀကီးလာၿပီး ဆုိဒ္က G-cup အထိ ျဖစ္လာကာ အဆက္မျပတ္ ႀကီးထြားလာေနၾကတုန္းပါပဲ။ ရင္သားေတြႀကီးလြန္းလို႔ စိတ္ဆင္းရဲေနရေပမဲ့ ခြဲစိတ္ဖို႔ ကုန္က်စရိတ္က အေမရိကန္ေဒၚလာ ၁၄၀၀၀ ေလာက္ ကုန္မွာဆုိေတာ့ မတတ္ႏိုင္ေသးပါဘူး။ စိတ္ဆင္းရဲရလြန္းလို႔ ကေလးႏွစ္ေယာက္ကိုေခၚၿပီး ထြက္ေျပးလိုက္ခ်င္ေတာ့တယ္လို႔လည္း ႐ွာရီဒန္က သူမရဲ႕ေသာကကို ဖြင့္ဟတယ္။

သူမရဲ႕ ရင္သားေတြဟာ သူမရဲ႕က်န္းမာေရးကိုပါ ယိုယြင္းပ်က္စီးေနေစတဲ့အျပင္ လူေတြက သူမကို မကဲ့ရဲ႕ဖုိ႔ရာ ရင္သားေတြကို ဖံုးအုပ္ဝတ္ဆင္ရတာလည္း ပင္ပန္းလြန္းလွပါၿပီတဲ့ေလ။ ဒီရင္သားေတြကို ေသးသြားေအာင္ ခြဲစိတ္ဖုိ႔အတြက္ သူမကို ကူညီပါလို႔လည္း ႐ွာရီဒန္က GoFundMe စာမ်က္ႏွာကတစ္ဆင့္ ေမတၱာရပ္ခံထားပါတယ္။ ခြဲစိတ္ၿပီးသြားတဲ့အခါ သူမရဲ႕ဘဝက ပိုေကာင္းလာမွာပါလို႔လည္း ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ေျပာခဲ့႐ွာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#


စိတ်ဆင်းရဲရလွန်းလို့ ကလေးနှစ်ယောက်ကိုခေါ်ပြီး ထွက်ပြေးလိုက်ချင်တော့တယ်....

အသက် ၈ နှစ်အရွယ်တည်းက တဖြည်းဖြည်း ကြီးထွားလာတဲ့ ရင်သားတွေဟာ သူမရဲ့ဘဝကို သုံးစားမရလောက်အောင် ဖျက်ဆီးပစ်ခဲ့တယ်လို့ ကလေးနှစ်ယောက်မိခင်တစ်ဦးက ရင်ဖွင့်လာပါတယ်။ သူမရဲ့ ရင်သားတွေဟာ ဆိုဒ်အတော်ကို ကြီးမားတဲ့ K-cup အရွယ်အစားတောင် ရှိနေပါပြီ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ရင်သားတွေက အရမ်းကြီးနေတော့ လူတွေက သူမကို မညှာမတာ ဝေဖန်မှတ်ချက်ပေးတာလည်း ခံခဲ့ရသလို လူကြားထဲရောက်တိုင်း လူတွေဝိုင်းကြည့်တာ ခံရလို့ စိတ်မသက်မသာ ဖြစ်နေရပါတယ်။ "သူတို့ဘာသာသူတို့ ကြီးထွားလာနေတာ ကျွန်မရဲ့အမှားမှမဟုတ်ဘဲ၊ ကျွန်မရဲ့ခန္ဓာကိုယ်က လုပ်နေတာ"

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်Trafalgar မြို့က Sheridan Larkman အမည်ရတဲ့ အမျိုးသမီးက ဒီလိုစကားတွေကို ပြောခဲ့တာပါ။ သူမရဲ့ရင်သားတွေဟာ ဆယ်ကျော်သက်နှစ်ကာလ တစ်လျှောက်လုံး အဆက်မပြတ် ကြီးထွားလာနေခဲ့တယ်လို့ ဆိုပါတယ်။ သာမာန်ထက်ကြီးလွန်းနေတဲ့ ရင်သားတွေကြောင့် နိုင်ငံခြားကနေ အထူးဘရာတွေမှာပြီး ဝတ်ခဲ့ရတယ်။ သူမကတော့ ဒီလိုမျိုး ရင်သားတွေ ရှိနေတာကို အတော်လေး စိတ်ပျက်နေခဲ့ရှာပါတယ်။

မခံမရပ်နိုင်လောက်အောင် နာကျင်နေရတဲ့ ရင်သားတွေကို သေးသွားအောင် ခွဲစိတ်ဖို့ အမြဲတမ်း ဆန္ဒရှိခဲ့တယ်။ သူမရဲ့အသက်က ၁၆ နှစ်ကတည်းက ရင်သားခွဲစိတ်ဖို့ကို စောင့်မျှော်နေခဲ့ရှာသူပါ။ ခုဆို သူမအသက်က ၂၃ နှစ်တောင် ရောက်လာပါပြီ။ ရင်သားတွေက ဆက်ကြီးလာနေတုန်းပါပဲ။ ခွဲစိတ်ဓားရဲ့အောက်ကိုသာ မရောက်နိုင်ရင် (ခွဲစိတ်မှုမပြုလုပ်ဘူးဆိုရင်) ဒီ့ထက်မက ပိုဆိုးလာတော့မှာပဲလို့ ရှာရီဒန်က ညည်းတွားလေရဲ့။

ရှာရီဒန် အသက် ၁၀ နှစ်အရွယ်မှာ သူမရဲ့ ရင်သားတွေက DD ဆိုဒ်ကို ဖြစ်လာခဲ့တယ်။ အထက်တန်းကျောင်းသူဘဝမှာ ပိုကြီးလာပြီး ဆိုဒ်က G-cup အထိ ဖြစ်လာကာ အဆက်မပြတ် ကြီးထွားလာနေကြတုန်းပါပဲ။ ရင်သားတွေကြီးလွန်းလို့ စိတ်ဆင်းရဲနေရပေမဲ့ ခွဲစိတ်ဖို့ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁၄၀၀၀ လောက် ကုန်မှာဆိုတော့ မတတ်နိုင်သေးပါဘူး။ စိတ်ဆင်းရဲရလွန်းလို့ ကလေးနှစ်ယောက်ကိုခေါ်ပြီး ထွက်ပြေးလိုက်ချင်တော့တယ်လို့လည်း ရှာရီဒန်က သူမရဲ့သောကကို ဖွင့်ဟတယ်။

သူမရဲ့ ရင်သားတွေဟာ သူမရဲ့ကျန်းမာရေးကိုပါ ယိုယွင်းပျက်စီးနေစေတဲ့အပြင် လူတွေက သူမကို မကဲ့ရဲ့ဖို့ရာ ရင်သားတွေကို ဖုံးအုပ်ဝတ်ဆင်ရတာလည်း ပင်ပန်းလွန်းလှပါပြီတဲ့လေ။ ဒီရင်သားတွေကို သေးသွားအောင် ခွဲစိတ်ဖို့အတွက် သူမကို ကူညီပါလို့လည်း ရှာရီဒန်က GoFundMe စာမျက်နှာကတစ်ဆင့် မေတ္တာရပ်ခံထားပါတယ်။ ခွဲစိတ်ပြီးသွားတဲ့အခါ သူမရဲ့ဘဝက ပိုကောင်းလာမှာပါလို့လည်း မျှော်လင့်ချက်တွေနဲ့ ပြောခဲ့ရှာပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top