Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 ေနျပည္ေတာ္တြင္ ပထမဆံုးအႀကိမ္ ဗိုလ္ခ်ဳပ္ျမင္းစီးေၾကး ႐ုပ္တုကို ေနျပည္ေတာ္၏ အခ်က္အျခာေနရာျဖစ္ေသာသေျပကုန္း အဝိုင္းတြင္ ထားရွိမည္ျဖစ္ ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအ ဖြဲ႕ခ်ဳပ္ ေနျပည္ေတာ္ခ႐ိုင္ဥကၠ႒ ဦးမင္းသူက ေျပာသည္။


ေနျပည္ေတာ္ ျပည္ေထာင္ စုနယ္ေျမတြင္ ဗိုလ္ခ်ဳပ္ေအာင္ ဆန္း႐ုပ္တုထားရွိရန္ ဦးမင္းသူ အပါအဝင္ ျပည္ေထာင္စုနယ္ေျမ အတြင္း ပါဝင္သည့္ ရွစ္ၿမိဳ႕နယ္မွ ဒီ ခ်ဳပ္ကိုယ္စားလွယ္မ်ားႏွင့္ ခ႐ိုင္ ပါတီ အလုပ္အမႈေဆာင္မ်ား၊ စည္ပင္ေကာ္မတီဝင္မ်ား ႏိုဝင္ ဘာ ၁၃ ရက္က အစည္းအေဝး ျပဳလုပ္၍ ဆံုးျဖတ္ခဲ့သည္။

သေျပကုန္းအ၀ိုင္းမွာ ၀န္ ႀကီးဌာနမ်ား၊ လႊတ္ေတာ္မ်ားသို႔  သြားသည့္ ရာဇသဂၤဟလမ္းမႀကီး ႏွင့္ ပ်ဥ္းမနားေတာင္ညိဳလမ္းမ ႀကီးဆံုရာတြင္ တည္ရွိသည့္ အ ခ်က္အျခာေနရာျဖစ္သည္။

‘‘ေနျပည္ေတာ္ တည္ ေဆာက္ၿပီးမွ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ မတည္ေဆာက္ႏုိင္ေသးတဲ့အ တြက္ ဗိုလ္ခ်ဳပ္ရဲ႕ သေဘာသဘာ ဝနဲ႔ ကိုက္ညီမယ့္ ျမင္းစီးေၾကး႐ုပ္ အေနနဲ႔ ထုလုပ္ဖို႔ ပံုသဏၭာန္အရ အတည္ျပဳထားတယ္။ ဒီဇိုင္းပိုင္း ကေတာ့ ပညာရွင္ေတြရဲ႕ အႀကံ ဉာဏ္ေတြရယူၿပီးမွ အတည္ျပဳ မယ္’’ဟု ဦးမင္းသူက ေျပာသည္။

အဆုိပါ ေၾကး႐ုပ္တုကို အ မ်ားျပည္သူ ထည့္ဝင္လွဴဒါန္းေငြ ျဖင့္ ထုလုပ္ထားရွိမည္ျဖစ္ၿပီး အျမင့္ ၁၈ ေပ အနည္းဆံုးထားရွိရန္ ေၾကး႐ုပ္ျဖစ္ေျမာက္ ေရးေကာ္မ တီက ဆံုးျဖတ္ထားသည္။ ႐ုပ္တုဒီဇိုင္းပိုင္းႏွင့္ တည္ေဆာက္ေရး လုပ္ငန္းမ်ားအတြက္ ရန္ကုန္ ပန္းခ်ီ-ပန္းပု ေက်ာင္းအုပ္ေဟာင္း ဦးျမင့္စံႏွင့္ တုိင္ပင္ေဆာင္ရြက္ မည္ျဖစ္ေၾကာင္း ဦးမင္းသူကေျပာသည္။ ဇမၺဴသီရိၿမိဳ႕နယ္ သေျပကုန္းအ၀ိုင္းတြင္ထားရွိမည့္ ေၾကး႐ုပ္တည္ေဆာက္ရန္ အခ်ိန္ကာလႏွင့္ ဘတ္ဂ်က္သံုးစြဲမႈကိုိ လတ္တေလာအတည္မျပဳႏုိင္ေသးေပ။

‘‘၁၈ ေပအျမင့္ဆုိရင္ ေၾကး ပိႆာခ်ိန္ ႏွစ္ေထာင္ေလာက္ ကုန္မယ္။ အဲဒါဆုိရင္ သိန္းရွစ္ရာ၊ ကိုးရာဝန္းက်င္ေလာက္ ကုန္က် မယ္’’ဟု ၎ကေျပာသည္။

ပ်ဥ္းမနားၿမိဳ႕နယ္ရွိ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္မွာ ေနျပည္ေတာ္မတည္ေဆာက္မီကတည္းက ရွိခဲ့ျခင္း ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
နေပြည်တော်တွင် ပထမဆုံးအကြိမ် ဗိုလ်ချုပ်မြင်းစီးကြေး ရုပ်တုကို နေပြည်တော်၏ အချက်အခြာနေရာဖြစ်သောသပြေကုန်း အဝိုင်းတွင် ထားရှိမည်ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် နေပြည်တော်ခရိုင်ဥက္ကဋ္ဌ ဦးမင်းသူက ပြောသည်။

နေပြည်တော် ပြည်ထောင် စုနယ်မြေတွင် ဗိုလ်ချုပ်အောင် ဆန်းရုပ်တုထားရှိရန် ဦးမင်းသူ အပါအဝင် ပြည်ထောင်စုနယ်မြေ အတွင်း ပါဝင်သည့် ရှစ်မြို့နယ်မှ ဒီ ချုပ်ကိုယ်စားလှယ်များနှင့် ခရိုင် ပါတီ အလုပ်အမှုဆောင်များ၊ စည်ပင်ကော်မတီဝင်များ နိုဝင် ဘာ ၁၃ ရက်က အစည်းအဝေး ပြုလုပ်၍ ဆုံးဖြတ်ခဲ့သည်။

သပြေကုန်းအဝိုင်းမှာ ဝန် ကြီးဌာနများ၊ လွှတ်တော်များသို့  သွားသည့် ရာဇသင်္ဂဟလမ်းမကြီး နှင့် ပျဉ်းမနားတောင်ညိုလမ်းမ ကြီးဆုံရာတွင် တည်ရှိသည့် အ ချက်အခြာနေရာဖြစ်သည်။

‘‘နေပြည်တော် တည် ဆောက်ပြီးမှ ဗိုလ်ချုပ်ကြေးရုပ် မတည်ဆောက်နိုင်သေးတဲ့အ တွက် ဗိုလ်ချုပ်ရဲ့ သဘောသဘာ ဝနဲ့ ကိုက်ညီမယ့် မြင်းစီးကြေးရုပ် အနေနဲ့ ထုလုပ်ဖို့ ပုံသဏ္ဌာန်အရ အတည်ပြုထားတယ်။ ဒီဇိုင်းပိုင်း ကတော့ ပညာရှင်တွေရဲ့ အကြံ ဉာဏ်တွေရယူပြီးမှ အတည်ပြု မယ်’’ဟု ဦးမင်းသူက ပြောသည်။

အဆိုပါ ကြေးရုပ်တုကို အ များပြည်သူ ထည့်ဝင်လှူဒါန်းငွေ ဖြင့် ထုလုပ်ထားရှိမည်ဖြစ်ပြီး အမြင့် ၁၈ ပေ အနည်းဆုံးထားရှိရန် ကြေးရုပ်ဖြစ်မြောက် ရေးကော်မ တီက ဆုံးဖြတ်ထားသည်။ ရုပ်တုဒီဇိုင်းပိုင်းနှင့် တည်ဆောက်ရေး လုပ်ငန်းများအတွက် ရန်ကုန် ပန်းချီ-ပန်းပု ကျောင်းအုပ်ဟောင်း ဦးမြင့်စံနှင့် တိုင်ပင်ဆောင်ရွက် မည်ဖြစ်ကြောင်း ဦးမင်းသူကပြောသည်။ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းအဝိုင်းတွင်ထားရှိမည့် ကြေးရုပ်တည်ဆောက်ရန် အချိန်ကာလနှင့် ဘတ်ဂျက်သုံးစွဲမှုကို လတ်တလောအတည်မပြုနိုင်သေးပေ။

‘‘၁၈ ပေအမြင့်ဆိုရင် ကြေး ပိဿာချိန် နှစ်ထောင်လောက် ကုန်မယ်။ အဲဒါဆိုရင် သိန်းရှစ်ရာ၊ ကိုးရာဝန်းကျင်လောက် ကုန်ကျ မယ်’’ဟု ၎င်းကပြောသည်။
ပျဉ်းမနားမြို့နယ်ရှိ ဗိုလ်ချုပ်ကြေးရုပ်မှာ နေပြည်တော်မတည်ဆောက်မီကတည်းက ရှိခဲ့ခြင်း ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top