ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

လင္းလင္းနဲ႔ ခ်စ္သုေဝ တို႔ရဲ႕ အႁမႊာသမီးေလး ႏွစ္ေယာက္ကေတာ့ (၁၀)လျပည့္ၿပီလို႔ သိရပါတယ္။ ခ်စ္စရာေကာင္းလြန္းလွတဲ့ သမီးေလး ႏွစ္ေယာက္ဟာ ပရိသတ္ေတြရဲ႕ အသည္းေက်ာ္ေလးေတြလည္း ျဖစ္ပါတယ္။
သမီးေလးႏွစ္ေယာက္(၁၀)လျပည့္တဲ့ေန႔မွာ ခ်စ္သုေဝက သမီးေလးႏွစ္ေယာက္ရဲ႕ အက်င့္ေလးေတြနဲ႔ စိတ္ထားေလးေတြကို သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေျပာျပထားခဲ့ပါတယ္။

သမီးအႀကီးေလး ျဖစ္တဲ့ ေမျမန္ေခတ္အတြက္ ေမေမခ်စ္သုေဝ ေျပာထားတဲ့ စကားေလးကေတာ့ “ေခတ္’ ေမ့သမီးႀကီး,,
အေမကိုသိလြန္းတြယ္လြန္း,လူလည္လုပ္တတ္လြန္း, ဘယ္လိုေနေနခ်စ္ဖို႔ေကာင္းတဲ့ ဟန္ပန္ေတြနဲ႔ တစ္အိမ္လုံးကို ဆြဲေဆာင္တတ္လြန္းေသာ အစားအအိပ္မက္လြန္းေသာ(ဘီသူနဲ႔တူပါလိမ့္ ),,,အႀကီးလား အငယ္လားမသဲကြဲေသာ,,
“တုတ္ပလုတ္တုတ္ ဖက္တီးဘုတ္ေလး” ေရ…
မတ္တပ္ရာက လမ္းေလွ်ာက္ပါေတာ့ေနာ္…ၿပီးေတာ့ သြားေလးေပါက္ဖို႔အစီအစဥ္ရွိမရွိ? (ဒီအေမက မ်ိဳးစုံလုပ္ၿပီးေကြၽးခ်င္ေနၿပီရယ္)” ဆိုၿပီး ေျပာထားတာ ျဖစ္ပါတယ္။

သမီးငယ္ေလး ေမျမန္မာသစ္အတြက္ ခ်စ္သုေဝက “သစ္’ ေမ့သည္းငယ္ေလး,,,,အစ္မကိုညႇာလြန္း အေမကိုနားလည္လြန္းသိတတ္လြန္း အရာအားလုံးကို စိတ္ဝင္တစားစူးစမ္းတတ္လြန္း ၇လအ႐ြယ္ကတည္းက rhythmn ကိုခ်က္က်က် သိေနတဲ့ ေဖေဖ့ေသြးေတြ ပါလာမယ့္ကေလးေလး ေအးေဆးေလးေနတတ္ၿပီး စိတ္ႀကီးၿပီဆို ေခ်ာ့မရတဲ့,,(ဘယ္သူနဲ႔တူလဲ ဆိုေတာ့ကား,, ),,ဂ်ီဂ်စ္ေလးး,,,အသီးကို မနည္းေကြၽးရသူေလး တည္ေခ်ေလး,,အငယ္ျဖစ္ေပမယ့္ အ႐ြယ္နဲ႔မလိုက္ေအာင္သိတတ္နားလည္တဲ့,,,,,
“အီမယ္ဂ်ီမယ္သည္းသစ္ငယ္ေလး” ေရ….
သြားေလး၂ေခ်ာင္းေပါက္ၿပီး ေနာက္ထပ္အစီအစဥ္ ,ေမေမလို႔ ပီပီသသေခၚဖို႔ စိုင္းျပင္းေနရာက jellyေတြစားေနရတဲ့ေဖေဖကို ေဖေဖလို႔ေခၚေပးဖို႔ အစီအစဥ္ရွိမရွိ???ဟိဟိ,,,,
ခ်စ္တဲ့ေမေမ
ေဩာ္ စကားမစပ္…အာဘြားေပးတတ္ေနၿပီေနာ္ ၂ေယာက္လုံး” ဆိုၿပီးေတာ့ သမီးေလးေတြရဲ႕ အက်င့္ေလးေတြနဲ႔ စိတ္ေနသေဘာထားေလး ေတြကို ထည့္ၿပီး ေျပာျပသြားတာ ေတြ႕ရပါတယ္။

ေမျမန္မာသစ္နဲ႔ ေမျမန္မာေခတ္လို႔ နာမည္ေပးထားတဲ့ အႁမႊာေလးေတြကို ဇန္နဝါရီ(၁၉)ရက္ေန႔ နံနက္(၇)နာရီ (၄၄)မိနစ္အခ်ိန္မွာ ပန္းလႈိင္ေဆး႐ုံမွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။
ယခုဆိုရင္ (၁၀)လ ျပည့္ၿပီ ျဖစ္တဲ့ အႁမႊာေလးႏွစ္ေယာက္ဟာ ပရိသတ္ေတြရဲ႕ အခ်စ္ကို ခံရဆုံး ကေလးႏွစ္ဦးလည္း ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#


လင်းလင်းနဲ့ ချစ်သုဝေ တို့ရဲ့ အမြွှာသမီးလေး နှစ်ယောက်ကတော့ (၁၀)လပြည့်ပြီလို့ သိရပါတယ်။ ချစ်စရာကောင်းလွန်းလှတဲ့ သမီးလေး နှစ်ယောက်ဟာ ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေလည်း ဖြစ်ပါတယ်။
သမီးလေးနှစ်ယောက်(၁၀)လပြည့်တဲ့နေ့မှာ ချစ်သုဝေက သမီးလေးနှစ်ယောက်ရဲ့ အကျင့်လေးတွေနဲ့ စိတ်ထားလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြထားခဲ့ပါတယ်။

သမီးအကြီးလေး ဖြစ်တဲ့ မေမြန်ခေတ်အတွက် မေမေချစ်သုဝေ ပြောထားတဲ့ စကားလေးကတော့ “ခေတ်’ မေ့သမီးကြီး,,
အမေကိုသိလွန်းတွယ်လွန်း,လူလည်လုပ်တတ်လွန်း, ဘယ်လိုနေနေချစ်ဖို့ကောင်းတဲ့ ဟန်ပန်တွေနဲ့ တစ်အိမ်လုံးကို ဆွဲဆောင်တတ်လွန်းသော အစားအအိပ်မက်လွန်းသော(ဘီသူနဲ့တူပါလိမ့် ),,,အကြီးလား အငယ်လားမသဲကွဲသော,,
“တုတ်ပလုတ်တုတ် ဖက်တီးဘုတ်လေး” ရေ…
မတ်တပ်ရာက လမ်းလျှောက်ပါတော့နော်…ပြီးတော့ သွားလေးပေါက်ဖို့အစီအစဉ်ရှိမရှိ? (ဒီအမေက မျိုးစုံလုပ်ပြီးကျွေးချင်နေပြီရယ်)” ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။

သမီးငယ်လေး မေမြန်မာသစ်အတွက် ချစ်သုဝေက “သစ်’ မေ့သည်းငယ်လေး,,,,အစ်မကိုညှာလွန်း အမေကိုနားလည်လွန်းသိတတ်လွန်း အရာအားလုံးကို စိတ်ဝင်တစားစူးစမ်းတတ်လွန်း ၇လအရွယ်ကတည်းက rhythmn ကိုချက်ကျကျ သိနေတဲ့ ဖေဖေ့သွေးတွေ ပါလာမယ့်ကလေးလေး အေးဆေးလေးနေတတ်ပြီး စိတ်ကြီးပြီဆို ချော့မရတဲ့,,(ဘယ်သူနဲ့တူလဲ ဆိုတော့ကား,, ),,ဂျီဂျစ်လေးး,,,အသီးကို မနည်းကျွေးရသူလေး တည်ချေလေး,,အငယ်ဖြစ်ပေမယ့် အရွယ်နဲ့မလိုက်အောင်သိတတ်နားလည်တဲ့,,,,,
“အီမယ်ဂျီမယ်သည်းသစ်ငယ်လေး” ရေ….
သွားလေး၂ချောင်းပေါက်ပြီး နောက်ထပ်အစီအစဉ် ,မေမေလို့ ပီပီသသခေါ်ဖို့ စိုင်းပြင်းနေရာက jellyတွေစားနေရတဲ့ဖေဖေကို ဖေဖေလို့ခေါ်ပေးဖို့ အစီအစဉ်ရှိမရှိ???ဟိဟိ,,,,
ချစ်တဲ့မေမေ
ေဩာ် စကားမစပ်…အာဘွားပေးတတ်နေပြီနော် ၂ယောက်လုံး” ဆိုပြီးတော့ သမီးလေးတွေရဲ့ အကျင့်လေးတွေနဲ့ စိတ်နေသဘောထားလေး တွေကို ထည့်ပြီး ပြောပြသွားတာ တွေ့ရပါတယ်။

မေမြန်မာသစ်နဲ့ မေမြန်မာခေတ်လို့ နာမည်ပေးထားတဲ့ အမြွှာလေးတွေကို ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
ယခုဆိုရင် (၁၀)လ ပြည့်ပြီ ဖြစ်တဲ့ အမြွှာလေးနှစ်ယောက်ဟာ ပရိသတ်တွေရဲ့ အချစ်ကို ခံရဆုံး ကလေးနှစ်ဦးလည်း ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top