လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

အိႏၵိယႏိုင္ငံမွ ပဲတင္ သြင္းမႈကန္႔သတ္ၿပီး    ႏွစ္လ ေက်ာ္ၾကာျမင့္ခ်ိန္တြင္ စီးပြားေရး ႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ ႀကီးဌာနက ဦးေဆာင္၍ ျမန္မာႏိုင္ ငံ၏စီးပြားေရးၿမိဳ႕ေတာ္ ရန္ကုန္၌ပဲစားပြဲေတာ္စတင္က်င္းပသည္။

ပဲစားသံုးမႈျမႇင့္တင္ပြဲအခမ္း အနားကို စီးပြားကူးသန္းဝန္ႀကီး ဌာန၊ လူမႈဝန္ထမ္း၊ ကယ္ဆယ္ ေရးႏွင့္ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနတို႔ႏွင့္အတူ ျမန္မာႏိုင္ ငံပဲမ်ိဳးစံုႏွင့္ ႏွမ္းကုန္သည္မ်ားအ သင္းႏွင့္ ဘုရင့္ေနာင္ ကုန္စည္ဒိုင္တို႔ ပူးေပါင္းျပဳလုပ္သည္။

ကမၻာေအးဘုရားလမ္းေပၚရွိ သက္ႀကီးရြယ္အိုေစာင့္ေရွာက္ ေရးေဂဟာတြင္ ႏုိဝင္ဘာ ၁၆ ရက္က ျပဳလုပ္ေသာ ပဲစားပြဲေတာ္မွ ရန္ကုန္တုိင္းအပါအဝင္ တစ္ႏုိင္ငံ လံုး ပဲစားသံုးမႈျမင့္တက္လာရန္ ရည္ရြယ္သည္ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီး ဌာန ဒုတိယဝန္ႀကီး ဦးေအာင္ထူး က ေျပာသည္။

လူမႈဝန္ထမ္းဦးစီးဌာန ေအာက္ရွိ မူႀကိဳကေလးမ်ားႏွင့္ သက္ႀကီးရြယ္အို ၈၄ ဦးကို မတ္ပဲ၊ ပဲစင္းငံုႏွင့္ ပဲတီစိမ္းတို႔ကို အသံုးျပဳ၍ ခ်က္ျပဳတ္ထားေသာ ပဲထ မင္း၊   ပဲဟင္းမ်ား ဧည့္ခံေကြၽး ေမြးၿပီး အျပန္တြင္ ပဲလက္ေဆာင္ အိတ္မ်ား ေပးအပ္သည္။

ပဲစားသံုးမႈေၾကာင့္ ျမန္မာ လူမ်ိဳးမ်ားႀကံဳေတြ႕ေနရသည့္ အာဟာရခ်ိဳ႕တဲ့မႈကို မည္သို႔ကာကြယ္ ႏိုင္ေၾကာင္းႏွင့္ပတ္သက္၍ အဆိုပါပြဲေတာ္တြင္ ဒုတိယဝန္ႀကီးက ရွင္းျပသည္။

ျမန္္မာလူမ်ိဳးအမ်ားစုက ေစ်းႀကီးျခင္း၊ ခ်က္ျပဳတ္ရန္ အခ်ိန္ၾကာျမင့္ျခင္းတို႔ေၾကာင့္ ပဲမ်ိဳးစံု စားသံုးမႈ အေလ့အထနည္းေန ျခင္းကို တြန္းလွန္ရန္ ႏုိင္ငံတကာ တြင္ ပဲစားသံုးမႈ ဥပမာမ်ားကို ဒုတိယဝန္ႀကီးက ရွင္းျပသည္။

အေမရိကႏွင့္ ဥေရာပႏိုင္ငံ မ်ားတြင္ နံနက္စာမ်ား၌ ပဲအခ်ိဳ႕ ထည့္သြင္းစားေသာက္ျခင္း၊ အ သီးအရြက္သုပ္မ်ားတြင္ ထည့္ သြင္းစားေသာက္ျခင္းတို႔အပါအ ဝင္ အီတလီေခါက္ဆြဲ (ပါစတာ) တြင္ ထည့္သြင္းစားေသာက္ျခင္း တို႔  ျပဳလုပ္ေၾကာင္း ပြဲေတာ္သို႔ တက္ေရာက္လာသူမ်ား    သိရွိ ႏိုင္ရန္ အဖြင့္မိန္႔ခြန္းတြင္ ထည့္ သြင္းေျပာၾကားသည္။

ထို႔အျပင္ ပဲစားသံုးသူမ်ား အတြက္ စိတ္ပိုင္းဆိုင္ရာ ခံစားမႈ ေျပာင္းလဲႏုိင္မည့္ ‘ဆင္းရဲသားမွ ပဲစားတာမဟုတ္ဘူး’ ဆိုသည့္ယူ ဆခ်က္ကို ေျပာင္းလဲရန္ ဒုတိယ ဝန္ႀကီးက မိန္႔ခြန္းတြင္ ထည့္သြင္း ေျပာၾကားသည္။

ထုိ႔အျပင္ ျပည္ပသို႔ ပဲမ်ိဳးစံု ေရာင္းခ်ရန္ ေစ်းကြက္ေပ်ာက္ဆံုး ခ်ိန္တြင္ ျပည္တြင္းစားသံုးရန္ တြန္းအားေပးသည္ဟု အမ်ားျပည္သူ ထင္မွတ္မည္ စိုးသျဖင့္ ‘‘ပဲမ ေရာင္းရလို႔ အတင္းထိုးေကြၽးေန တာမဟုတ္ပါဘူး’’ဟု ဒုတိယဝန္ ႀကီးက ရွင္းျပသည္။

ျမန္မာႏုိင္ငံတြင္ စိုက္ပ်ိဳး ထြက္ရွိသည့္ ပဲမ်ားအနက္ တစ္ႏွစ္ လွ်င္ တန္ခ်ိန္တစ္သန္းခြဲခန္႔ ျပည္ပေစ်းကြက္သို႔ တင္ပို႔ေနသည္ဟု လည္း ၎က ဆိုသည္။

ျပည္ပတင္ပို႔မႈတန္ခ်ိန္ တစ္ သန္းခြဲရွိသည္ဟု ဒုတိယဝန္ႀကီး က ေျပာေသာ္လည္း ျပည္တြင္းသို႔ ပဲေရာင္းခ်မႈပမာဏတိုးျမႇင့္လာ ေစရန္ အစိုးရက ပဲစားပြဲေတာ္မ်ား က်င္းပျခင္း၊ ေစ်းႏႈန္းသတ္မွတ္ ဝယ္ယူျခင္း၊ ပဲစိုက္ပ်ိဳးခ်ိန္တြင္ အျခားသီးႏွံမ်ား ေျပာင္းလဲစိုက္ပ်ိဳးရန္ တုိက္တြန္းျခင္း  စသည္တို႔ ေဆာင္ရြက္ေနသည္။

ျပည္တြင္း၌ မတ္ပဲလက္ က်န္တန္ခ်ိန္ တစ္သိန္းေက်ာ္ရွိၿပီး ေရွ႕လာမည့္ လမ်ားတြင္ မိုးရာသီ ၌ စိုက္ပ်ိဳးသည့္ ပဲစင္းငံုအသစ္ တန္ခ်ိန္ ႏွစ္သိန္းခန္႔ ထြက္ေပၚ လာရန္ ရွိေနသည္။ ထိုအခ်ိန္ တြင္ စီးပြားကူးသန္းဝန္ႀကီးဌာနက အသစ္ထြက္မည့္ ပဲစင္းငံုမ်ားကို ေစ်းႏႈန္းသတ္မွတ္ဝယ္ယူရန္ စီမံဘ႑ာဝန္ႀကီးဌာနက က်ပ္ ၁၅ ဘီလီယံခ်ထားေပးသည္ဟု စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္ ဝင္းက ဒုတိယသမၼတႏွင့္ စီးပြား ေရးလုပ္ငန္းရွင္မ်ား ေတြ႕ဆံုပြဲ တြင္ ေျပာၾကားသည္။

‘‘တစ္တန္ကို ေငြဘယ္ ေလာက္နဲ႔ ဝယ္မယ္ဆိုတာ မဆံုး ျဖတ္ရေသးဘူး။ ဆံုးျဖတ္ၿပီးရင္ တရားဝင္အသိေပးထုတ္ျပန္ေပး သြားပါ့မယ္’’ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး ဌာန အၿမဲတမ္းအတြင္းဝန္ ဦးတိုး ေအာင္ျမင့္က ဆိုသည္။

အိႏၵိယႏိုင္ငံမွ ပဲတင္သြင္းမႈ ကန္႔သတ္ၿပီးေနာက္ ျမန္မာႏိုင္ငံ ပဲမ်ိဳးစံုႏွင့္ ႏွမ္းကုန္သည္အသင္း ကလည္း ဘုရင့္ေနာင္ ပဲကုန္စည္ ဒိုင္မွ ကုန္သည္မ်ား ပူးေပါင္းထည့္ဝင္သည့္ က်ပ္ဘီလီယံငါးဆယ္ ျဖင့္ မတ္ပဲတစ္တန္လွ်င္ က်ပ္ ငါးသိန္း၊ ပဲစင္းငံုတစ္တန္လွ်င္ က်ပ္ေလးသိန္း အာမခံေစ်းႏႈန္း ျဖင့္ မတ္ပဲႏွင့္ ပဲစင္းငံုတန္ခ်ိန္ တခ်ိဳ႕ စတင္ဝယ္ယူခဲ့သည္။

ႏုိင္ငံအတြင္း ပဲပိုမိုစားသံုး လာေစေရးႏွင့္ အာဟာရျမင့္မား ေစေရး ပဲစားပြဲေတာ္မ်ား ျပဳလုပ္ ရန္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က တိုက္တြန္းၫႊန္ၾကားထား ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ ေထာင္စုဝန္ႀကီး ေဒါက္တာ သန္း ျမင့္က စက္တင္ဘာ ၂၂ ရက္က ေျပာၾကားၿပီး ပဲစားပြဲေတာ္ကုိ လည္း အဆုိပါ၀န္ႀကီးဌာနတြင္ ပင္ ျပဳလုပ္ခဲ့သည္။

ေနျပည္ေတာ္တြင္ ျပဳလုပ္ သည့္ ျပည္တြင္းပဲစားသံုးမႈတိုး တက္လာေစေရး ညႇိႏိႈင္းအစည္း အေဝး၌ ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာၾကားျခင္း ျဖစ္ သည္။

‘‘အခု ေလာေလာဆယ္ ပဲနဲ႔ ပတ္သက္ၿပီး အတိုင္ပင္ခံပုဂၢိဳလ္ က ေျပာပါတယ္။ ျပည္တြင္းမွာပဲ  စားသံုးမႈက ေလ်ာ့နည္းေနတယ္ ေလ။ ပဲစားသံုးမႈနဲ႔ ပတ္သက္ၿပီး ပဲစားပြဲေတာ္ေလး ကမ္ပိန္းအေန နဲ႔ တတ္ႏိုင္သမွ် လုပ္ၾကဖို႔ တိုက္ တြန္းထားတာပါ’’ဟု ၎က ေျပာ သည္။ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ အႀကံျပဳတုိက္တြန္းခ်က္ ျဖင့္ ျပဳလုပ္မည့္ ပဲစားပြဲေတာ္မ်ား ကို ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး မ်ားတြင္ ျပဳလုပ္ရန္ စီစဥ္ေဆာင္ ရြက္ေနေၾကာင္း ျပည္ေထာင္စုဝန္ ႀကီးက ဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


အိန္ဒိယနိုင်ငံမှ ပဲတင် သွင်းမှုကန့်သတ်ပြီး    နှစ်လ ကျော်ကြာမြင့်ချိန်တွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနက ဦးဆောင်၍ မြန်မာနိုင် ငံ၏စီးပွားရေးမြို့တော် ရန်ကုန်၌ပဲစားပွဲတော်စတင်ကျင်းပသည်။

ပဲစားသုံးမှုမြှင့်တင်ပွဲအခမ်း အနားကို စီးပွားကူးသန်းဝန်ကြီး ဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့နှင့်အတူ မြန်မာနိုင် ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအ သင်းနှင့် ဘုရင့်နောင် ကုန်စည်ဒိုင်တို့ ပူးပေါင်းပြုလုပ်သည်။

ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ သက်ကြီးရွယ်အိုစောင့်ရှောက် ရေးဂေဟာတွင် နိုဝင်ဘာ ၁၆ ရက်က ပြုလုပ်သော ပဲစားပွဲတော်မှ ရန်ကုန်တိုင်းအပါအဝင် တစ်နိုင်ငံ လုံး ပဲစားသုံးမှုမြင့်တက်လာရန် ရည်ရွယ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က ပြောသည်။

လူမှုဝန်ထမ်းဦးစီးဌာန အောက်ရှိ မူကြိုကလေးများနှင့် သက်ကြီးရွယ်အို ၈၄ ဦးကို မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းတို့ကို အသုံးပြု၍ ချက်ပြုတ်ထားသော ပဲထ မင်း၊   ပဲဟင်းများ ဧည့်ခံကျွေး မွေးပြီး အပြန်တွင် ပဲလက်ဆောင် အိတ်များ ပေးအပ်သည်။

ပဲစားသုံးမှုကြောင့် မြန်မာ လူမျိုးများကြုံတွေ့နေရသည့် အာဟာရချို့တဲ့မှုကို မည်သို့ကာကွယ် နိုင်ကြောင်းနှင့်ပတ်သက်၍ အဆိုပါပွဲတော်တွင် ဒုတိယဝန်ကြီးက ရှင်းပြသည်။

မြန်မာလူမျိုးအများစုက ဈေးကြီးခြင်း၊ ချက်ပြုတ်ရန် အချိန်ကြာမြင့်ခြင်းတို့ကြောင့် ပဲမျိုးစုံ စားသုံးမှု အလေ့အထနည်းနေ ခြင်းကို တွန်းလှန်ရန် နိုင်ငံတကာ တွင် ပဲစားသုံးမှု ဥပမာများကို ဒုတိယဝန်ကြီးက ရှင်းပြသည်။

အမေရိကနှင့် ဥရောပနိုင်ငံ များတွင် နံနက်စာများ၌ ပဲအချို့ ထည့်သွင်းစားသောက်ခြင်း၊ အ သီးအရွက်သုပ်များတွင် ထည့် သွင်းစားသောက်ခြင်းတို့အပါအ ဝင် အီတလီခေါက်ဆွဲ (ပါစတာ) တွင် ထည့်သွင်းစားသောက်ခြင်း တို့  ပြုလုပ်ကြောင်း ပွဲတော်သို့ တက်ရောက်လာသူများ    သိရှိ နိုင်ရန် အဖွင့်မိန့်ခွန်းတွင် ထည့် သွင်းပြောကြားသည်။

ထို့အပြင် ပဲစားသုံးသူများ အတွက် စိတ်ပိုင်းဆိုင်ရာ ခံစားမှု ပြောင်းလဲနိုင်မည့် ‘ဆင်းရဲသားမှ ပဲစားတာမဟုတ်ဘူး’ ဆိုသည့်ယူ ဆချက်ကို ပြောင်းလဲရန် ဒုတိယ ဝန်ကြီးက မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

ထို့အပြင် ပြည်ပသို့ ပဲမျိုးစုံ ရောင်းချရန် ဈေးကွက်ပျောက်ဆုံး ချိန်တွင် ပြည်တွင်းစားသုံးရန် တွန်းအားပေးသည်ဟု အများပြည်သူ ထင်မှတ်မည် စိုးသဖြင့် ‘‘ပဲမ ရောင်းရလို့ အတင်းထိုးကျွေးနေ တာမဟုတ်ပါဘူး’’ဟု ဒုတိယဝန် ကြီးက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုး ထွက်ရှိသည့် ပဲများအနက် တစ်နှစ် လျှင် တန်ချိန်တစ်သန်းခွဲခန့် ပြည်ပဈေးကွက်သို့ တင်ပို့နေသည်ဟု လည်း ၎င်းက ဆိုသည်။

ပြည်ပတင်ပို့မှုတန်ချိန် တစ် သန်းခွဲရှိသည်ဟု ဒုတိယဝန်ကြီး က ပြောသော်လည်း ပြည်တွင်းသို့ ပဲရောင်းချမှုပမာဏတိုးမြှင့်လာ စေရန် အစိုးရက ပဲစားပွဲတော်များ ကျင်းပခြင်း၊ ဈေးနှုန်းသတ်မှတ် ဝယ်ယူခြင်း၊ ပဲစိုက်ပျိုးချိန်တွင် အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးရန် တိုက်တွန်းခြင်း  စသည်တို့ ဆောင်ရွက်နေသည်။

ပြည်တွင်း၌ မတ်ပဲလက် ကျန်တန်ချိန် တစ်သိန်းကျော်ရှိပြီး ရှေ့လာမည့် လများတွင် မိုးရာသီ ၌ စိုက်ပျိုးသည့် ပဲစင်းငုံအသစ် တန်ချိန် နှစ်သိန်းခန့် ထွက်ပေါ် လာရန် ရှိနေသည်။ ထိုအချိန် တွင် စီးပွားကူးသန်းဝန်ကြီးဌာနက အသစ်ထွက်မည့် ပဲစင်းငုံများကို ဈေးနှုန်းသတ်မှတ်ဝယ်ယူရန် စီမံဘဏ္ဍာဝန်ကြီးဌာနက ကျပ် ၁၅ ဘီလီယံချထားပေးသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် ဝင်းက ဒုတိယသမ္မတနှင့် စီးပွား ရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ တွင် ပြောကြားသည်။

‘‘တစ်တန်ကို ငွေဘယ် လောက်နဲ့ ဝယ်မယ်ဆိုတာ မဆုံး ဖြတ်ရသေးဘူး။ ဆုံးဖြတ်ပြီးရင် တရားဝင်အသိပေးထုတ်ပြန်ပေး သွားပါ့မယ်’’ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးတိုး အောင်မြင့်က ဆိုသည်။

အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းမှု ကန့်သတ်ပြီးနောက် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း ကလည်း ဘုရင့်နောင် ပဲကုန်စည် ဒိုင်မှ ကုန်သည်များ ပူးပေါင်းထည့်ဝင်သည့် ကျပ်ဘီလီယံငါးဆယ် ဖြင့် မတ်ပဲတစ်တန်လျှင် ကျပ် ငါးသိန်း၊ ပဲစင်းငုံတစ်တန်လျှင် ကျပ်လေးသိန်း အာမခံဈေးနှုန်း ဖြင့် မတ်ပဲနှင့် ပဲစင်းငုံတန်ချိန် တချို့ စတင်ဝယ်ယူခဲ့သည်။

နိုင်ငံအတွင်း ပဲပိုမိုစားသုံး လာစေရေးနှင့် အာဟာရမြင့်မား စေရေး ပဲစားပွဲတော်များ ပြုလုပ် ရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းညွှန်ကြားထား ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ သန်း မြင့်က စက်တင်ဘာ ၂၂ ရက်က ပြောကြားပြီး ပဲစားပွဲတော်ကို လည်း အဆိုပါဝန်ကြီးဌာနတွင် ပင် ပြုလုပ်ခဲ့သည်။

နေပြည်တော်တွင် ပြုလုပ် သည့် ပြည်တွင်းပဲစားသုံးမှုတိုး တက်လာစေရေး ညှိနှိုင်းအစည်း အဝေး၌ ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခြင်း ဖြစ် သည်။

‘‘အခု လောလောဆယ် ပဲနဲ့ ပတ်သက်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် က ပြောပါတယ်။ ပြည်တွင်းမှာပဲ  စားသုံးမှုက လျော့နည်းနေတယ် လေ။ ပဲစားသုံးမှုနဲ့ ပတ်သက်ပြီး ပဲစားပွဲတော်လေး ကမ်ပိန်းအနေ နဲ့ တတ်နိုင်သမျှ လုပ်ကြဖို့ တိုက် တွန်းထားတာပါ’’ဟု ၎င်းက ပြော သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အကြံပြုတိုက်တွန်းချက် ဖြင့် ပြုလုပ်မည့် ပဲစားပွဲတော်များ ကို ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် ပြုလုပ်ရန် စီစဉ်ဆောင် ရွက်နေကြောင်း ပြည်ထောင်စုဝန် ကြီးက ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top