Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×




Credit: lwinpyin
#Unicode Version#
ဒီလို ခေါင်းစဉ်တပ်ပြီး တင်စားရလောက်တဲ့အထိ သူရဲ့ဝန်ထမ်းတွေအပေါ် စေတနာကောင်းလွန်းတဲ့ သူဌေးဆိုသူကတော့ အိန္ဒိယလူမျိုး စိန်သူဌေးကြီး Savji Dholakia ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၇၀ခန့်ကို စိန်တွေတင်ပို့နေတဲ့ စိန်သူဌေးကြီး Savji Dholakia ဟာ သူရဲ့ဝန်ထမ်းအားလုံးအတွက် ကားအစီးရေ ၁၂၆၀စီးနဲ့ တိုက်ခန်းအလုံး ၄၀၀ကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဒီလို ကြီးမားတဲ့လက်ဆောင်တွေ ပေးခဲ့မှုနဲ့ပတ်သတ်ပြီး Savji Dholakia က ” ကျွန်တော်ရဲ့ရည်ရွှယ်ချက်ကတော့ ကျွန်တော့်ဝန်ထမ်းတွေအနေနဲ့ ငါးနှစ်တာအတွင်းမှာ နေစရာတိုက်ခန်းတစ်ခန်းနဲ့ စီးစရာကားတစ်စီး ပိုင်ဆိုင်ရမယ်ဆိုတာပါပဲ။

ဒါကြောင့်မို့ အခုလို ဝန်ထမ်းတိုင်းကို လက်ဆောင်ပေးဖို့ ဆုံးဖြတ်လိုက်ရတာပါ ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် အခုလို လက်ဆောင်ပေးခံရတဲ့ ဝန်ထမ်းတွေထဲကမှ နောက်ငါးနှစ်တာအတွင်းမှာ အထူးချွန်ဆုံးဖြစ်လာမယ့် ဝန်ထမ်းများကိုလည်း မက်လောက်စရာကောင်းတဲ့ ဆုလက်ဆောင်များ ထပ်ပေးဦးမယ်လို့ Savji Dholakia က ကတိပေးခဲ့ပါသေးတယ်ခင်ဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top