Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
#Unicode Version#
မသွားမဖြစ်တဲ့ဒီခရီးထွက်ခဲ့မိတော့တစ်ယောက်ထဲ စီးတော်ယဉ်လေးထုတ်လို့ထွက်လာမိတာပေါက်လိုက်တဲ့ဘီးကျလိုက်တဲ့ချိန်းအိမ်ကထွက်လာတာညနေ#3#နာရီခုတော့မှောင်နေပီပြန်လှည့်ဖို့ဆိုတာလမ်း၃ပုံနှစ်ပုံရောက်နေပီမထူးပါဘူးရောက်နေမှတော့နောက်နာရီဝက်ပေါ့။
ခုကျတော်သွားနေတာမိုးကုတ်မန်းလေးကားလမ်းပေါ်မှာပါအမေ့ရဲ့အမသူ့နေတဲ့ယောင်္ကျားနောက်လိုက်နေတာလေဒီနေရာကအရင်ရွှေထွက်တယ်သူ့ယောင်္ကျားရဲ့ဇာတိပေါ့ခုတော့ရွှေမထွက်တော့ပါဘူးရွှေမထွက်တော့ရွာခံတွေလောက်ပဲကျန်တာသူတို့ကလဲမိဘလယ်ယာလေးတွေကြောင့်ကျန်ရစ်ကျတာလေရွာလဲကြာတော့အရင်လိုမစည်တော့ပါဘူးဒီမှာကျတော့အဒေါ်ယောင်္ကျားဇာတိဆိုတော့သူ့မိဘအမွေလယ်လေးမှာကြံစိုက်တောင်သူဖြစ်သွားတာပေါ့အရင်ရွှေထွက်ချိန်ကတော့သူတို့အိမ်ကရွာထဲမှာရွာအတွင်းမကျဘူးမိုးကုတ်ကားလမ်းကားပေါ်ကဆင်းတာနဲ့သူ့အိမ်တန်းရောက်လမ်းဘေးတင်ပေါ့ရွာနာမည်ကနွယ်ရုံ။
ရွှေထွက်ချိန်တုန်းကတော့သူ့သားတွေကရွှေတူးကျတာအဒေါ်နဲ့သူ့ယောင်္ကျားကတော့ကြံလေးစိုက်လိုက်ကွမ်းလေးစိုက်လိုက်ပေါ့ခုတော့သူ့သား၃ယောက်ကအိမ်ထောင်တွေကျတော့မိန်းမနောက်ကိုလိုက်သွားတဲ့သူနဲ့ရွှေထွက်ရာအရပ်ကိုလိုက်ရှာဖွေစားသောက်တဲ့သူနဲ့ဆိုတော့သူတို့ဘေးမှာကျန်နေတာကကျတော်နဲ့အရွယ်တူညီအကိုတစ်ဝမ်းကွဲကျော်ထင်။
သူ့အားလေးရှိနေလို့ပါအဒေါ်တို့ကအသက်ကြီးကုန်ပီလေကျော်ထင်ပဲကြံခင်းကိုဦးစီးနေတာသူတို့ကြံခင်းကိုသွားမယ်ဆိုတောထဲလဲမရောက်ဖူးသူတို့အိမ်နဲ့တော့အတော်လှမ်းတယ်လူစောင့်မရှိလို့မရဘူးလူမစောင့်လို့ကတော့ခိုးမယ့်သူရှိတယ်ရွှေထွက်ထားတဲ့နေရာဆိုတော့ဇရိုက်စုံတာပေါ့ခုကကြံပေါ်တော့မှာဆိုတော့ကျတော်ထင်ထားသလိုမိသားစု၃ယောက်လုံးကြံခင်းစောင့်အိပ်ရင်အခက်ဘာလို့ဆိုတော့သူတို့ကြံခင်းထိပ်အဝင်ပေါက်နေရာပေါ့ခရေပင်အကြီးကြီးတစ်ပင်ရှိတယ်လုကြီး၃ယောက်ဖက်စာအတော်ကြီးသလိုအတော်လဲခြောက်တယ်ကျတော့အဒေါ်တို့ကတော့ကြောက်ကျဖူးသူတို့ကတော့ညလဲပြန်လာတာပဲဒီအပင်အောက်ကဖြတ်မှလဲသူတို့ယာစောင့်တဲကိုရောက်တာ။
ယာစောင့်တဲဆိုပေမယ့်အတော်ခိုင်ပါတယ်ဘာလ်ု့လဲဆိုတော့ဒီလိုကြံပေါ်ချိန်ဆိုရင်သားအဖ၃ယောက်လုံးဒီတဲမှာအိပ်ပီးတော့မိုးလင်းကမိုးချုပ်ကြံခုတ်တာလေလူအငှားမခေါ်ဘူးလားဆိုတော့ခေါ်ပါတယ်သူတို့ကိုကအအားမနေတာဒါ့ကြောင့်ဝင်ခုတ်တာပေါ့ကျတော်အလည်သွားတုန်းကြုံရင်တော့ဝင်ခုတ်ပေးဖူးတယ်ယားလိုက်တာလက်လန်တယ်။
ခုလဲမန်းလေးကကျတော်တို့အဘဆုံးသွားလို့အဒေါ့်ကိုလာခေါ်တာပါဒီခေတ်တုန်းကဖုန်းဆိုတာသူများနိုင်ငံတွေအလကားပေးနေချိန်ဒီနိုင်ငံမှာတော့လူလတ်တန်းစားတစ်ရပ်ပဲသုံးနိုင်တဲ့အချိန်ဆိုတော့စာထည့်မနေတော့ဘူးကိုယ်တိုင်သွားခေါ်ဆိုလို့အမိန်အရထွက်လာခဲ့တာပါ။
လာသာလာရတယ်ကျတော်တွေးထားသလိုရွာထဲကအိမ်မှာမရှိရင်တော့သေဘီနာရီကြည့်မိတော့ရှစ်နာရီခွဲ။ ကျတော်ရွာထိပ်ကိုရောက်ရင်ပဲအမှောင်ထုကကြီးစိုးမင်းမူနေပါပီတစ်ခါတစ်ခါဘေးကဖြတ်သွားတဲ့#မိုးကုတ်မန်း#ကားတစ်ချို့ရဲ့အလင်းရောင်ကလွဲရင်အရာခပ်သိမ်းတိတ်လို့ဆိုင်ကယ်ကိုလီဗာရှော့လို့အဒေါ်တို့အိမ်ရှေ့ကိုရောက်တော့တစ်အိမ်လုံးတိတ်ဆိတ်အိမ်ပေါ်ကိုတတ်ကြည့်တော့သော့ခလောက်ကဆီးကြိုလူမရှိဘူးဆိုတဲ့သဘော။ကျတော်အတော်လေသွားဘီဒီအိမ်မှာထိုင်စောင့်နေမယ်ဆိုလဲချမ်းတောထဲလိုက်သွားမယ်ဆိုလဲအင်းးးးးးးး။ ထူးပါဘူးလေရသမျှဘုရားစာလေးရွတ်လို့ယာခင်းရှိရာကိုထွက်ခဲ့တော့တစ်လမ်းလုံးကိုယ်တစ်ယောက်ထဲ။လမ်းဘေးဝဲယာသူများအခင်းတွေစီကမွေးထားတဲ့ခွေးတွေကကျတော့်ဆိုင်ကယ်မြင်တော့အတင်းထိုးဟောင်လို့တိတ်ဆိတ်တဲ့ညမှာအားတင်းပီးမောင်းလာခဲ့တာလူကနုူန်းနေပီအဒေါ်ကြံခင်းရောက်ဖို့အလိုဆီးကြိုနေတာ#ခရေ#ပင်ကြီးတစ်ပင်ထဲထည်းတည်းရပ်တည်နေပုံကိုကကျက်သီးထချင်စရာ ဒီအချိန်ကျတော့ဘေးကနေလူတစ်ယောက်ဖြတ်ပြေးသွားသလိုလေတိုးသွားတာလေတိုက်တာမဟုတ်တာတော့အသေချုပါ။မကြောက်တတ်တဲ့ကျတော်စိတ်ထဲတစ်မျိုး။
ဖြေးဖြေးမောင်းလာရင်းဆိုင်ကယ်မီးရောင်ထိုးတော့ရိပ်ခနဲမြင်လိုက်တာဖြူဖြူအရာဘာဆိုတာတော့အတိကျပြောဖို့ခက်တယ်။အပင်နဲ့နီးလာလေကျတော်နဲ့ဆိုပေ*20*အကွာစိတ်ထဲဆိုင်ကယ်ကိုလီဗာကုန်မောင်းချင်ပေမယ့်လှည်းလမ်းဆိုတော့မမောင်းရဲဘူး။
ဒီချိန်လေမတိုက်ပါပဲအပင်ကလှုပ်နေတာထက်လူဆင်းလာသလို#ရှဲရှဲ#နဲ့ကျတော်ဆက်သွားဖို့အားကကုန်ချင်သလိုပတ်ဝန်းကျင်ဟာတိတ်ဆိတ်လို့ဖြစ်ချင်ရာဖြစ်ဆိုပီးဆိုင်ကယ်လီဗာကုန်တင်အပင်အောက်တည့်တည့်ကိုရောက်တော့သစ်ကိုင်းကျိုးကျသလို??ဝရော??ဝရောနဲ့နောက်ပီးလူညီးသံ##ဟီးးးဟီးးး#အသံကျတော်အားကုန်အော်ပီး!!!!အမေ့းးးးး!!!!! ဆိုပီးဆိုင်ကယ်ကိုထိမ်းမောင်းဖို့သတိမရှိတော့သလိုဆိုင်ကယ်တစ်ခြားလူတစ်ခြားဆိုင်ကယ်ပစ်ချပီးခုတ်ပီးခါစကြံခင်းအပိုင်းတွေကြားထဲကဖြတ်ပြေးတာအဒေါ်တို့တဲရောက်တော့လူကိုတုန်နေတာ။
အဒေါ်တို့လဲဆူညံသံကြောင့်လန့်နိုးလာပီးကျတော့ကိုမြင်တော့သူတို့ရုတ်တရက်မမှတ်မိဘူးကျတော်လဲပါးစပ်ကခုထိအကြောက်မပြေသေးတော့လျှာတွေလုံးလို့ဗလုံးဗထွေးပြောနေတာဦးလေးကတော့သူသောက်နေကျသူတို့ကြံကထွက်တဲ့မီးတောက်အရက်ကျတော့်ပါးစပ်ထဲလောင်းထည့်လိုက်မှပူထူပီးစိတ်တောငြိမ်သွားတာဒီတော့မှဖြစ်ကြောင်းကုန်စင်ဇာတ်စုံခင်းတော့ပြုံးစိစိနဲ့တစ်ကယ်စိတ်တိုတာဒီမှာတော့ကြောက်လိုက်ရတာသူတို့ကတော့အေးဆေးကျော်ထင်က"မင်းဆိုင်ကယ်ကော"မေးတော့ကျန်ခဲ့တဲ့အကြောင်းပြောတော့တစ်ယောက်ထဲဗျာအေးဆေးသွားယူတာကျတော်ကတော့သူ့အတွက်စိတ်ပူရတာ။
ကျတော်ဆိုင်ကယ်ကျန်ခဲ့တဲ့နေရာကဒီနေရာနဲ့ဆိုတစ်ခေါ်စာတော့ဝေးတယ်။မောင်မင်းကြီးသားပြန်လာတော့လဲအေးဆေးပဲဗျာကျတော်က"မင်းမခြောက်လိုက်ဖူးလားမေးတော့"ဘာပြောမှတ်တုန်း"မင်းလိုအခြောက်သာသူခြောက်တိုင်းကြောက်နေတာငါကဘာလို့ကြောက်မလဲသူ့ဘာသာခြောက်ခြောက်မောရပ်သွားလိမ့်မယ်ငါတို့ကတော့ရိုးနေပီ"တစ်ကယ်ဗျာအေးပေါ့လေသူတို့ဒီတောဒီတောင်မကရွှေထွက်တဲ့ကြမ်းပေ့ဆိုတဲ့နေရာတွေမှာတောင်တစ်ယောက်ထဲလျှောက်သွားနေတာဆိုတော့ဘယ်မှူ့မလဲဒီကမြို့သားနုနုထွဠ်ထွဠ်းလေးဟာတူဘူးလေ ။
ကြုံခဲ့ဘူးတဲ့ဒီအဖြစ်လေးကကျတော့အဖို့ဆုံးတဲ့အချိန်ကပါခုဆို*10*နှစ်ကျော်ပါပီဒီနေရာဒီအပင်ကြီးကတော့ခုချိန်ထိရှိပါသေးတယ်နေရာကတော့မိုးကုတ်မန်းလေးကားလမ်းဘေးက#နွယ်ရုံ#ဆိုတဲ့ရွာပါခုချိန်တော့ရွာကခြောက်ကပ်လို့မရောက်ဖြစ်တာ၅နှစ်လောက်ရှိပီဖြစ်တဲ့#သရဲကြီး#ရဲ့အဒေါ်နေတဲ့ရွာလေးပါ&&&&&&&&&&&&&&&&&&**&&&&&&&&&&&&&&နှစ်ဟောင်းကအညစ်ကြေးတွေသန့်စင်ဖို့အသင့်လား
ဖိုးသူတော် (www.phothutaw.com)
Credit:သရဲအကြောင်းများ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top